News @ M-Media

Author: Ko Lay

  • ခရစ်ယာန်များကို ကာကွယ်ပေးရန် နိုက်ဂျီးရီးယားမွတ်စလင်အဖွဲ့တစ်ခုက နိုင်ငံအတွင်းရှိ မွတ်စလင်များကို တိုက်တွန်း

    ခရစ်ယာန်များကို ကာကွယ်ပေးရန် နိုက်ဂျီးရီးယားမွတ်စလင်အဖွဲ့တစ်ခုက နိုင်ငံအတွင်းရှိ မွတ်စလင်များကို တိုက်တွန်း

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    nigeria 3

    – ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ခံထားရတဲ့ ခရစ်ယာန်တွေကို နိုင်ငံအတွင်းက မွတ်စလင်တွေအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးကြဖို့ နိုက်ဂျီးရေးယားက ထိပ်တန်း မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mulim Rights Concern (MURIC) က တိုက်တွန်းဆော်သြလိုက်ပါတယ်။

    မကြာသေးမီကမှ ဘိုကိုဟရမ်ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာတဲ့ အလ်-ဘာရ်နာဝီက သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ သူတို့ အဖွဲ့ဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို တိုက်ခိုက်ကာ၊ ခရစ်ယာန်တွေကို သတ်ဖြတ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

    MURIC က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘိုကိုဟရမ်ရဲ့ ဒီလိုခြိမ်းခြောက်မှုဟာ စက်ဆုပ်ဖွယ်ကောင်းပြီး၊ အင်မတန် ယုတ်မာတဲ့ စိတ်ထားမျိုးက ထွက်ပေါ်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ကာ မွတ်စလင်တွေအနေနဲ့ ခရစ်ယာန်တွေကို ကာကွယ်စောင့်ရှောက်သွားပြီး နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပြသသွားရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    “အစ္စလာမ်သာသနာက ချစ်ခြင်းမေတ္တာကို သွန်သင်တာပါ။ အမုန်းတရားကို မဟုတ်ပါဘူး။ အစ္စလာမ်က ရှင်သင်ခြင်းကို ပေးတာပါ။ သေခြင်းတရားကို မဟုတ်ပါဘူး။ အစ္စလာမ်က တည်ဆောက်ပေးတာပါ။ ဖျက်ဆီးတာမဟုတ်ပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ်က မွတ်စလင်တွေ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် တရားမဲ့သတ်ဖြတ်တာမျိုးကိုတော့ ပိတ်ပင်ထားပါတယ်။ အပြစ်မဲ့သူတစ်ဦးကို သတ်ဖြတ်တာ လူသားအားလုံးကို သတ်ဖြတ်တာဖြစ်တယ်လို့လည်း သွန်သင်ထားပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    နောက်ပြီး ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို ပုံဖျက်တာသာဖြစ်တယ်လို့လည်း MURIC က ပြောကြားခဲ့ပါတယ်။

    “သာသနာမှာ အတင်းအဓမ္မစနစ် မရှိစေရလို့ ကုရ်အာန်က ပြဌာန်းထားပါတယ်”

    နောက်ဆုံးမှာတော့ MURIC က မိမိတို့ မွတ်စလင်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကနေ ခရစ်ယာန်တွေကို ကာကွယ်သွားဖို့၊ ပြည်သူတွေအားလုံး စည်းစည်းလုံးလုံးရှိကြဖို့ ဆော်သြခဲ့ပါတယ်။

    “ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ ခွင့်မပြုဘဲ ခရစ်ယာန်တွေနဲ့အတူ ရှိနေတယ်ဆိုတာကို နိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်တွေက ပြသဖို့ မိမိတို့အဖွဲ့က တိုက်တွန်းပါတယ်။ ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ မိမိတို့ မွတ်စလင်တွေအနေနဲ့ ခရစ်ယာန်အိမ်နီးချင်းတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီနည်းလမ်းနဲ့ပဲ နိုက်ဂျီးရီးယားကို စုစည်းစေမှာဖြစ်ပါတယ်”

    Ref : IINA

  • နာမည်ကြီး Pokemon Go မိုဘိုင်းဂိမ်း မြန်မာနိုင်ငံတွင် ကစားနိုင်သည့်အခြေအနေ ရှိနေ

    နာမည်ကြီး Pokemon Go မိုဘိုင်းဂိမ်း မြန်မာနိုင်ငံတွင် ကစားနိုင်သည့်အခြေအနေ ရှိနေ

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    poke 3

    – ကမ္ဘာတစ်ဝှမ်းတွင် လတ်တလော လူကြိုက်များနေသည့် Pokemon Go မိုဘိုင်းဂိမ်းမှာ မြန်မာနိုင်ငံတွင် သြဂုတ်လ ၆ ရက်နေ့မနက်မှစ၍ ကစားနိုင်သည့် အခြေအနေ ရှိနေသည်ဟု ကစားသူအချို့၏ ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ထားမှုအရ သိရသည်။

    ဂျပန်မိုဘိုင်းဂိpokeမ်းတစ်ခုဖြစ်သော အဆိုပါ Pokemon Go ၏ တရားဝင်ကစားနိုင်သည့် စာရင်း၌ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများ ပါဝင်သော်လည်း မြန်မာနိုင်ငံမှာ ပါဝင်ခြင်းမရှိပေ။ ထို့ပြင် ဂိမ်းဈေးကွက်ကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိတို့လည်း စာရင်းတွင် မပါရှိပေ။

     

     

    မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်မူ ထိုဂိမ်းကို ကစား၍ ရနိုင်ပြီဟု အချို့သော ဆိုရှယ်မီဒီယာအသုံးပြုသူများက ယနေ့တွင် လွှင့်တင်ထားကြသည်။

    သို့သော်လည်း ကျယ်ကျုယ်ပြန့်ပြန့်ကစားနိုင်ခြင်း ရှိ၊ မရှိကိုမူ စောင့်ကြည့်ရအုံးမည်ဖြစ်ပြီး တရားဝင်ကစားခွင့်ပေးခြင်းလား သို့မဟုတ် မတော်တဆ ကစားနိုင်ခြင်းလား ဆိုသည်ကိုလည်း ဆန်းစစ်ရမည်ဖြစ်သည်။

    poke 2

    Ref : yangon.coconuts

  • ဆီးရီးယားတွင် ဆေးရုံတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံး

    ဆီးရီးယားတွင် ဆေးရုံတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံး

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    syria 3

    – ဆီးရီးယားနိုင်ငံ၌ သူပုန်များ ထိန်းချုပ်ထားသည့် အစ်ဒ်လစ်ဘ်ပြည်နယ် အစ်ဒ်လစ်ဘ်မြို့မှ ဆေးရုံတစ်ရုံကို လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသွားသူများတွင် ကလေးငယ် ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ပါဝင်ကာ လူအများအပြားမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ပျက်ဆီးယိုယွင်းမှုလည်း အလွန်ကြီးမားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်နေကြသည်။

    ရုရှားနှင့် ဆီးရီးယးအစိုးရတပ်များက သူပုန်များကို ဗုံးကြဲမှုများ ပြုလုပ်နေသည့် ဆီးရီးယားတွင် ဆေးဘက်ဆိုင်ရာ အဆောက်အဦးများမှာ မကြာခဏ တိုက်ခိုက်ခံနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များကမူ ထိုကဲ့သို့ တိုက်ခိုက်မှုများကို ရပ်တန့်ရန် တိုက်တွန်းနေကြသည်။

    အတိုက်အခံများကမူ ရုရှားနှင့် ဆီးရီးယားတပ်များမှာ ထိုကဲ့သို့ တမင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဇူလိုင်လအတွင်းမှာပင် ဆီးရီးယား၌ ဆေးဘက်ဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခံရမှုမှာ ၄၃ ကြိမ် ရှိခဲ့သည်။

    အစ်ဒလစ်ဘ်တွင်ဖြစ်ခဲ့သည့် ယမန်နေ့ တိုက်ခိုက်မှုကိုမူ မည်သူက ပြုလုပ်ကြောင်း အတိအကျ မသိရှိရသေးပေ။

    Ref: Aljazeera

  • ဒီမိုကရေစီမဆန်သည့် အခြေခံဥပဒေကို ထိုင်းအတည်ပြု

    ဒီမိုကရေစီမဆန်သည့် အခြေခံဥပဒေကို ထိုင်းအတည်ပြု

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    thaii

    – စစ်တပ်က ကျောထောက်နောက်ခံပြု ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုင်းနိုင်ငံ၌ ယနေ့တွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရာ ထောက်ခံမဲအသာရ၍ အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

    မဲပေးမှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ခဲ့ရာတွင် ထောက်ခံမဲက ၆၂ ရာခိုင်နှုန်း ရှိနေပြီး ကန့်ကွက်မဲက ၃၇.၉ ရာခိုင်နှုန်းရှိခဲ့သည်။ ယခုအတည်ပြုလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့် ၂၀၁၇ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲမှ တက်လာသော အစိုးရမှာ စစ်တပ်က သတ်မှတ်ထားသော စည်းကမ်းများဖြင့် တိုင်းပြည်အား အုပ်ချုပ်ရမည်ဖြစ်သည်။

    မဲပေးမှုတွင် အလွန်အမင်း ကန့်သတ်မှုများကြောင့် ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီများမှ အပါအ၀င် ဝေဖန်ရေးသမားများကမူ ယခုအတည်ပြုလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီမဆန်ဟု စောစောပိုင်းက ပြောကြားထားသည်။

    Ref : Aljazeera

  • တရုတ်ရှိ ဟာလာလ်စီးပွားရေးလုပ်ငန်းတစ်ခုက ချို့တဲ့သည့် မိသားစု ၁၀၀၀၀ ကို အလုပ်ပေးမည်

    တရုတ်ရှိ ဟာလာလ်စီးပွားရေးလုပ်ငန်းတစ်ခုက ချို့တဲ့သည့် မိသားစု ၁၀၀၀၀ ကို အလုပ်ပေးမည်

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    china halal

    – တရုတ်နိုင်ငံရှိ အကြီးဆုံး ဟာလာလ်အသားထုတ်လုပ်သော လုပ်ငန်းမှာ နိုင်ငံအတွင်းရှိ အဆင်းရဲဆုံးဒေသတွင် စိုက်ပျိုးမွေးမြူရေးဇုန်တစ်ခု တည်ထောင်ရန် ဆောင်ရွက်လျက်ရှိနေပြီး အဆိုပါလုပ်ငန်းက ဒေသတွင်းရှိ မိသားစုပေါင်း ၁၀၀၀၀ ခန့်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

    Henan Dayong Bangjie Food လုပ်ငန်းဖြစ်ပြီး Guangxi ပြည်နယ် Xincheng ဒေသအစိုးရနှင့် ယွမ်သန်းပေါင်း ၂၅၀ (ကန်ဒေါ်လာ ၃၇ သန်း) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် သဘောတူညီချက်လည်း ရရှိပြီးဖြစ်သည်။ ၎င်းတို့တည်ထောင်မည့် စိုက်ပျိုး  မွေးမြူရေးဇုန်တွင် ကျွဲနွားမွေးမြူလုင်ငန်းနှင့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတို့ ပါဝင်မည်ဖြစ်သည်။

    အဆိုပါလုပ်ငန်းမှာ အသင့်ထုတ်ပိုးပြီးသား အသားများတင်ပို့မှုတွင် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များကိုပါ ထိုးဖောက်ရန် ရည်ရွယ်ထားသည်။

    Guangxi ပြည်နယ်သည် မဖွံ့ဖြိုးသေးသော ကျေးလက်ဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆင်းရဲဆုံးသော ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော်လည်း မကြာသေးမီကာလအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ မျက်စိကျရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

    Ref;IINA