News @ M-Media

Author: Ko Lay

  • ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်သိမ်းရန် အမေရိကန်များ ဆန္ဒပြတောင်းဆို

    ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်သိမ်းရန် အမေရိကန်များ ဆန္ဒပြတောင်းဆို

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    us

    – နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဂွတာနာမိုအကျဉ်းစခန်း ပိတ်သိမ်းရန်အတွက် အမေရိကန်များမှာ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက်တွင် ယမန်နေ့က စုဝေးဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အကျဉ်းစခန်းဖွင့်ခြင်း ၁၄ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြုလုပ်ခဲ့သည့် ထိုဆန္ဒပြမှုမှာ သမ္မတသက်တမ်းမကုန်ခင် အကျဉ်းစခန်းပိတ်ပစ်မည်ဟု အိုဘားမားက ထပ်မံကတိပြုပြောဆိုပြီး တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ဆန္ဒပြသူများတွင် အကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ညှင်းပမ်းနှိပ်စက် ခံခဲ့ရသူများနှင့် ရှေ့နေများလည်း ပါဝင်ခဲ့သည်။ လက်ရှိအချိန်တွင် ဂွာတာနာမိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားသူ ၁၀၃ ယောက်ခန့်ရှိနေဆဲဖြစ်ပြီး အကျဉ်းထောင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၂ ဇန်န၀ါရီလတည်းမှစ၍ အကျဉ်းသား ၉ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

    အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြသူများက လိမ္မော်ရောင်အကျဉ်းထောင်ဝတ်စုံရှည်နှင့် ပလတ်စတစ်လက်ထိပ်များကို ၀တ်ဆင်ခဲ့ကြသည်။ အချို့ကလည်း အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ရှာကာရ် အေမာရ်ကို ကိုယ်စားပြုသည့် လေမှုတ်သွင်းအရုပ်ကြီးတစ်ရုပ်ဖြင့် ဆန္ဒပြခဲ့ကြသည်။ အေမာရ်မှာ အမေရိကန်အာဏာပိုင်များက အလ်ကိုင်ဒါးနှင့် ဆက်သွယ်သည်ဟု သံသယရှိသဖြင့် အကျဉ်းချခံရသူဖြစ်ပြီး တကယ်တမ်းတွင် မည်သည့်ပြစ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိချေ။

    အေမာရ် ကို ၁၃ နှစ်ကြာ ထိန်းသိမ်းပြီးနောက် အောက်တိုဘာတွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်း၏ဇနီးသည်ရှိသော ဗြိတိန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အိုဘားမားမှာ ၂၀၀၈ သမ္မတမဲဆွယ်စည်းရုံးမှုတွင် ကွာတာနာမိုအကျဉ်းစခန်းအား ပိတ်ပစ်မည်ဟု ကတိပြုခဲ့သည်။

    သမ္မတအနေဖြင့် ကျန်ရှိသည့် သက်တမ်း ၁၁ လအတွင်း ထိုအကျဉ်းထောင်ကို ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည်ဟု အိုဘားမား၏ အကြံပေးအကြီးအကဲ ဒန်းနစ် မက်ဒေါက်က က Fox News သို့ ပြောကြားခဲ့သည်။

    အထောက်အထားအပြည့်အစုံမရှိဘဲ သံသယရှိသူများကိုသာ ထိန်းသိမ်းစစ်ကြောသည့် အဆိုပါ အကျဉ်းစခန်းတွင် နှိပ်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန် သတင်းထွက်ပေါ်ခဲ့သည်။

    Ref: Al-jazeera

  • ဂိုးလွယ်လွယ်ပေးရသည့် အသင်းနောက်တန်းအား ရူနီအပြစ်တင်

    ဂိုးလွယ်လွယ်ပေးရသည့် အသင်းနောက်တန်းအား ရူနီအပြစ်တင်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    rooney

    – ယနေ့မနက်က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် မပေးသင့်သောဂိုးများကို ပေးလိုက်ရသည့်အတွက် အသင်း၏နောက်တန်းအား စိတ်ပျက်ရသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ဝေဖန်ပြောကြားလိုက်သည်။

    ထိုပွဲတွင် မန်ယူမှာ စောစောပိုင်းတွင် ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် ၃ ဂိုးစီ သရေကျခဲ့သည်။ ရူနီကမူ ထိုပွဲအတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့ကာ ကျန်တစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော်လည်း ၎င်း၏ အားထုတ်မှုများ အရာမထင်ခဲ့သည့်အတွက် နောက်တန်းကို အပြစ်တင်ခဲ့သည်။

    “၂ ဂိုးပြတ်နေတဲ့အချိန်မှာ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို ပြန်လာခွင့် ကျွန်တော်တို့ ပေးခဲ့ရပါတယ်။ တတိယဂိုးရပြီး ချေပဂိုးပြန်ပေးလိုက်ရတာက ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ဂိုးတွေက တလွဲဂိုးတွေဖြစ်ပြီး မပေးသင့်တဲ့ ဂိုးတွေပါပဲ။ အဲဒီဂိုးတွေကြောင့် ကျွန်တော်တို့ ၂ မှတ် ပေးဆပ်လိုက်ရပြီး စိတ်ပျက်ဖို့ကောင်းပါတယ်” ဟု ရူနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ စိတ်ပျက်ဖွယ်ရာ ဂိုးသွင်းနှုန်းအတွက် ခက်ခက်ခဲခဲ ကြိုးစားနေရသည်ဟုလည်း ရူနီက ၀န်ခံခဲ့သည်။

    Ref: Goal

  • မြန်မာက ပထမဆုံးဝယ်ယူခဲ့သည့် ပါကစ္စတန်တိုက်လေယာဉ်ကို အခြားနိုင်ငံများက စိတ်ဝင်စား

    မြန်မာက ပထမဆုံးဝယ်ယူခဲ့သည့် ပါကစ္စတန်တိုက်လေယာဉ်ကို အခြားနိုင်ငံများက စိတ်ဝင်စား

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    jet

    – မြန်မာနိုင်ငံက ပထမဆုံး ၀ယ်ယူလိုက်တဲ့ ပါကစ္စတန်လုပ် JF-17 တိုက်လေယာဉ်တွေကို အခြားနိုင်ငံတွေကလည်း ၀ယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပါကစ္စတန်မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

    စိတ်ဝင်စားနေတဲ့ နိုင်ငံတွေကတော့ သီရိလင်္ကာ၊ အဇာဘိုင်ဂျန်နဲ့ မလေးရှားတို့ဖြစ်ပြီး၊ ပါကစ္စတန်သမ္မတ နာဝက်ဇ်ရှရစ်ဖ် မကြာသေးမီက ကိုလံဘိုကို သွားရောက်လည်ပတ်ပြီးတဲ့နောက်ပိုင်းမှာ သီရိလင်္ကာက ဒီလေယာဉ်တွေကို ၀ယ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။

    အိန္ဒိယက ဆန့်ကျင်မှုတွေရှိနေပေမယ့် သန်း ၄၀၀ ဖိုးလောက်ရှိမယ့် လေယာဉ်ဝယ်ယူရေးသဘောတူညီချက်ကို သီရိလင်္ကာက လက်မှတ်ထိုးဖို့ရှိနေပါတယ်။ သီရိလင်္ကာလေတပ် SLAF က အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ အစ္စရေးထုတ် Kfirs နဲ့ MiG-27 တိုက်လေယာဉ်တွေကို ပါကစ္စတန်ထုတ်လေယာဉ်တွေနဲ့ အစားထိုးချင်နေတာပါ။ ပါကစ္စတန်ကတော့ ၁၀ စီး ဒါမှမဟုတ် ၁၂ စီးလောက် ရောင်းချင်နေပါတယ်။

    တရုတ်နိုင်ငံရဲ့ နည်းပညာအကူအညီနဲ့ ပါကစ္စတန်မှာထုတ်လုပ်တဲ့ အဲဒီ JF-17 လေယာဉ်တွေဟာ တစ်စီးကို ကန်ဒေါ်လာ ၃၅ သန်းလောက် ကျသင့်မှာဖြစ်ပါတယ်။

    ပါကစ္စတန်က ဒီလေယာဉ်တွေကို ပထမဆုံးဝယ်ယူခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်ကတော့ မြန်မာနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ၁၆ စင်း မှာယူခဲ့တာဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ သန်း ၅၀၀ ဖိုးလောက်ရှိပါတယ်။

    ပါကစ္စတန်သမ္မတ မမ်နွန် ဟူစိန်က အဇာဘိုင်ဂျန်နဲ့ နိုက်ဂျီးရီးယားတို့ဟာ သူတို့ရဲ့လေယာဉ်ကို ၀ယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မကြာသေးမီက ပြောကြားထားပါတယ်။ နောက်ပြီး အီဂျစ်နဲ့ မလေးရှားတို့ကိုလည်း ရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်နေကာ မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆရီ ဟီရှာမွဒ်ဒင်က တွန် ဟူစိန်က ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

    Ref: Defense-update

  • အလုပ်အကိုင်အခြေအနေများကို မကျေနပ်၍ အင်္ဂလိပ်ဆရာဝန်များ သပိတ်မှောက်

    အလုပ်အကိုင်အခြေအနေများကို မကျေနပ်၍ အင်္ဂလိပ်ဆရာဝန်များ သပိတ်မှောက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    – အလုပ်ချိန်မဟုတ်သော အချိန်များ၌ အလုပ်လုပ်ရာတွင် လစာနှင့်ခံစားခွင့်များကို ပြုပြင်ပြောင်းလဲရန် အစိုးရ၏ အစီအစဉ်ကို မကျေနပ်သဖြင့် အင်္ဂလန်ရှိ ဆရာဝန်များမှာ အနှစ်လေးဆယ်အတွင်း ပထမအဆုံးအကြိမ်အဖြစ် ယမန်နေ့တွင် သပိတ်မှောက်ခဲ့ကြသည်။

    အစိုးရထောက်ပံ့သော အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) ဌာနရှိ ဆရာဝန်အရေအတွက်၏ ထက်ဝက်ခန့်ရှိသော အလုပ်သင်ဆရာဝန်များ၊ ဆရာဝန်ငယ်များက ၎င်းတို့မှာ ၂၄ နာရီ သပိတ်မှောက်သွားမည်ဖြစ်ပြီး ထိုကာလအတွင်း အရေးပေါ်လူနာများမှလွဲ၍ အခြားမည်သူ့ကိုမှ ကြည့်ရှုကုသပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ၁၉၇၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်လာခဲ့သည့် ဆရာဝန်များ၏ အဆိုပါသပိမှောက်မှုအတွင်း အရေးပေါ်မဟုတ်သော ခွဲစိတ်မှု ၄၀၀၀ ခန့်ကို ဖျက်သိမ်းရဖွယ်ရှိသည်ဟု အစိုးရဘက်က ခန့်မှန်းခဲ့သည်။ ကျန်းမာရေးအကြီးအကဲကမူ ထိုလုပ်ရပ်မှာ လူနာများအား အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်စေမည်ဟု သတိပေးခဲ့သည်။

    ဆရာဝန်များမှာ ယခုလကုန်ပိုင်းတွင် ၄၈ နာရီကြာ သပိတ်မှောက်ရန် စီစဉ်နေပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အရေးပေါ်ကုသမှုအပါအ၀င် ကုသမှုအားလုံးကို ၉ နာရီကြာ ရပ်ဆိုင်းရန် အစီအစဉ်ရှိနေသည်။

    “အခုလိုသပိတ်မှောက်တာဟာ အပိုအလုပ်တွေပါ၊ အန္တာရာယ်ဖြစ်စေတာပဲ အဖတ်တင်ပါမယ်” လို့ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက တနင်္လာနေ့တွင် ဝေဖန်ပြောဆိုခဲ့သည်။

    အင်္ဂလန်ရှိ အလုပ်သင်ဆရာဝန် ၃၇၀၀၀ ကျော်၏ ၉၈ ရာခိုင်နှုန်းကျော်မှာ ကျန်းမာရေးဝန်ကြီး ဂျယ်ရီမီတင်သွင်းခဲ့သည့် အလုပ်အကိုင်ဥပဒေအသစ်ကို ဆန္ဒပြသပိတ်မှောက်ရန် ထောက်ခံခဲ့ကြသည်။ အခြားကျန်ရှိသော ဆရာဝန်များကမူ ပါဝင်ခြင်းမရှိကြချေ။

    Ref: Channelnewsasia

     

  • မွတ်စလင်လူငယ်သိပ္ပံပညာရှင်ကို ဂုဏ်ပြုသည့်အနေဖြင့် နာဆာက ဂြိုဟ်တစ်လုံးကို ၎င်း၏အမည် မှည့်ခေါ်

    မွတ်စလင်လူငယ်သိပ္ပံပညာရှင်ကို ဂုဏ်ပြုသည့်အနေဖြင့် နာဆာက ဂြိုဟ်တစ်လုံးကို ၎င်း၏အမည် မှည့်ခေါ်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    saudi student

    – သိပ္ပံပညာရပ်တွင် လေးစားလောက်သည့် စွမ်းဆောင်မှုများကို ပြသခဲ့သော ဆော်ဒီ ကျောင်းသား အလ်ဒူလ် ဂျာဘာရ် အလ်-ဟာမွဒ်အား ဂုဏ်ပြုသောအားဖြင့် မကြာသေးမီက တွေ့ရှိခဲ့သည့် ဂြိုဟ်တစ်လုံးကို “ဟာမွဒ်” ဟု အမည်ပေးခဲ့သည်ဟု သိရသည်။

    အလ်-ဟာမွဒ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး တက္ကသိုလ်အကြို သိပ္ပံဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်သည့် ၂၀၁၅ ခုနှစ် နိုင်ငံတာသိပ္ပံနှင့် အင်ဂျင်နီယာပွဲတော် ISEF တွင် ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ဆုကြေးငွေ ကန်ဒေါ်လာ ၅ သန်း ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ နိုင်ငံပေါင်း ၇၀ မှ ကျောင်းသားပေါင်း ၁၇၀၀ ကျော်ဝင်ရောက်ကာ ၎င်းတို့၏ သုတေသနနှင့် သိပ္ပံပညာ အစွမ်းအစကို ပြသခဲ့ကြသည်။

    နာဆာကမူ အလွန်ခက်ခဲသည့် ISEF ပြိုင်ပွဲတွင် ဇီဝ-ရုက္ခဗေဒနှင့် ပတ်သက်၍ သိပ္ပံဆိုင်ရာ တော်လှန်ရေးကို ချပြကာ ချန်ပီယံဖြစ်ခဲ့သည့် ဟာမွဒ်၏ စွမ်းဆောင်ရေကို အသိအမှတ်ပြုသည့်အနေဖြင့် အသစ်တွေ့ရှိသည့် ဂြိုဟ်တစ်လုံးအား ထိုကဲ့သို့ အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ်ရှိ အလ်-ဟာမွဒ်မှာ ထိုကဲ့သို့ အောင်မြင်မှုအပြင် ဆွီဒင်၌ ကျင်းပပြုလုပ်မည့် နိုဘယ်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

    အလ်-ဟာမွဒ်မှာ မျိုးရိုးအင်ဂျင်နီယာနယ်ပယ်တွင် TRV ဗိုင်းရပ်စ်ကို အသုံးပြုကာ စမ်းသပ်စစ်ဆေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်း၏ တွေ့ရှိမှုကို အပင်ပေါင်း ၄၅၀ နှင့် ခရမ်းချဉ်သီးအပင်ပေါင်း ၅၀ တို့တွင် အသုံးပြုနေပြီဖြစ်သည်။

    Ref : IINA News