News @ M-Media

Author: Ko Lay

  • ရေတွင်းထဲပြုတ်ကျသည့် ၅ နှစ်အရွယ် အာဖဂန်ကလေးငယ် သေဆုံး

    ရေတွင်းထဲပြုတ်ကျသည့် ၅ နှစ်အရွယ် အာဖဂန်ကလေးငယ် သေဆုံး

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံမှာ ရေတွင်းထဲပြုတ်ကျသွားတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ဖို့ ၃ ရက်တာ ကြိုးပမ်းခဲ့ပေမယ့် ကလေးငယ်ဟာ အသက်မရှင်ဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

    နိုင်ငံတောင်ပိုင်း မိုးခေါင်ရေရှားတဲ့ ဇာဘူလ်ပြည်နယ် ရှိုကတ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၅ နှစ်အရွယ် ကလေးငယ် ဟိုက်ဒါဟာ အင်္ဂါနေ့က ရေတွင်းတူးနေတဲ့ လူကြီးတွေကို ကူညီနေရင်းရေတွင်းအဟောင်းထဲကို ချော်ကျခဲ့တာ ဖြစ်ပါတယ်။ မြေအောက် ပေ ၈၀ လောက်အထိ ရောက်သွားခဲ့ပေမယ့် ကြိုးနဲ့ ဆွဲတင်ခဲ့ရာ ပေ ၃၀ လောက်အရောက်မှာ ညပ်သွားခဲ့တာ ဖြစ်ပါတယ်။

    ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက မြေတူးကာ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟိုက်ဒါလေး အသက်ရှင်နေသေးတယ်လို့ သောကြာနေ့မနက်ပိုင်းမှာ တာလီဘန် တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

    ကယ်ဆယ်ဖို့ မြေတူးတဲ့အချိန်မှာ ကျောက်တုံးကျောက်ခဲတွေကြောင့် အခက်အခဲတွေရှိခဲ့ပြီး မြေမှုန့်တွေ ရေတွင်းထဲကျတာကြောင့် ဟိုက်ဒါလေး အသက်ရှုရခက်ကာ အသက်ဆုံးရှုံးနိုင်ချေရှိတယ်လို့ ဇာဘူလ်ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂ ပတ်အရင်က မော်ရိုကိုနိုင်ငံမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် ရိုင်ယန်ဟာ ရေတွင်းထဲပြုတ်ကျခဲ့ပြီး သက်ဆိုင်ရာက တစ်ပတ်ကြာ ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မကယ်နိုင်ခင်မှာပဲ ရိုက်ယန်တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်ခဲ့ကြပါတယ်။

    Ref : Aljazeera

  • မလေးရှားနှင့် ဂျပန်စွမ်းအင်လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်တော့မည်

    မလေးရှားနှင့် ဂျပန်စွမ်းအင်လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်တော့မည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရဲတံခွန် သဘာ၀ဓာတ်ငွေ့စီမံကိန်းကနေ ထွက်ခွာတော့မယ်လို့ မလေးရှား စွမ်းအင်လုပ်ငန်း Petronas နဲ့ ဂျပန်စွမ်းအင်လုပ်ငန်း Mitsubishi တို့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    Mitsubishi ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ သုံးသပ်မှုအရ မြန်မာနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲလာတဲ့အတွက် ဒီလိုထွက်ခွာရခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်က ရဲတံခွန်သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှာ Mitsubishi က ရှယ်ယာ ၁.၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။

    မလေးရှား စွမ်းအင်လုပ်ငန်း Petronas က ရဲတံခွန်စီမံကိန်းကို လုပ်ကိုင်နေတဲ့ သူတို့ရဲ့ လုပ်ငန်းခွဲ PC Myanmar (Hong Kong) ဟာ ရှယ်ယာတွေကိုရောင်းချဖို့ ဇူလိုင်လမှာ သဘောတူညီချက် ရခဲ့တယ်လို့ ဆိုပါတယ်။ ရောင်းချမှု အပြီးသတ်ဖို့အတွက် စောင့်နေတာဖြစ်ပြီး ဝယ်သူက ဘယ်သူလဲဆိုတာ မပြောခဲ့ပါဘူး။

    PC Myanmar (Hong Kong) ဟာ ရှယ်ယာ ၄၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်တာဖြစ်ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ၂၀.၅ ရာခိုင်နှုန်း ပိုင်ဆိုင်တာပါ။ ဂျပန်အစိုးရနဲ့ JX Nippon Oil & Gas Exploration တို့ ဦးဆောင်တဲ့ ဂျပန်စီးပွားရေးလုပ်ငန်းစုက ၁၉.၃ ရာခိုင်နှုန်း၊ ကျန်ရှိတဲ့ ရှယ်ယာတွေကို ထိုင်းစွမ်းအင်လုပ်ငန်း PTTEP တို့က အသီးသီး ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။

    JX Nippon Oil & Gas Exploration ကို ပိုင်ဆိုင်တဲ့ Eneos Holdings က ရဲတံခွန် စီမံကိန်းမှာ ဆက်လက်လုပ်ကိုင်မှာလား၊ ထွက်ခွာမလားဆိုတာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေအားလုံးကို စဉ်းစားသုံးသပ်နေတယ်လို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    ရေနံနဲ့ သသာ၀ဓာတ်ငွေ့လုပ်ငန်းဟာ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် သတ်ဖြတ်ကာ၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ် အဓိကဝင်ငွေရတဲ့လုပ်ငန်းတွေဖြစ်ပြီး ဒီကနေ ထွက်ခွာဖို့ နိုင်ငံခြားလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းထားပါတယ်။

    ပြင်သစ်နဲ့ အမေရိကန် စွမ်းအင်လုပ်ငန်းတွေဖြစ်တဲ့ TotalEnergies နဲ့ Chevron တို့က ရတနာ သဘာ၀ဓာတ်ငွေ့ စီမံကိန်းကနေ နှုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters

  • ပု၀ါမဆောင်းရအမိန့်ကြောင့် တင်းမာမှုမြင့်နေသည့် အိန္ဒိယပြည်နယ်တစ်ခုတွင် ကျောင်းများပြန်ဖွင့်

    ပု၀ါမဆောင်းရအမိန့်ကြောင့် တင်းမာမှုမြင့်နေသည့် အိန္ဒိယပြည်နယ်တစ်ခုတွင် ကျောင်းများပြန်ဖွင့်

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၂
    M-Media

    -မွတ်စလင်ကျောင်းသူတွေ ပု၀ါမဆောင်းရဆိုတဲ့ အမိန့်ထုတ်ပြန်မှုကြောင့် တင်းမာမှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနာတာကာပြည်နယ်မှာ လုံခြုံရေးတွေထားပြီး ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။

    ပု၀ါဆောင်းတဲ့ မွတ်စလင်ကျောင်းသူတွေကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ (BJP) ကို ထောက်ခံသူတွေက လိုက်လံနှောက်ယှက်စော်ကားတာ၊ ဒီအမိန့်ဟာ ဖွဲ့စည်းပုံ

    အခြေခံဥပဒေက ပေးထားတဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ထိပါးတယ်ဆိုပြီး မွတ်စလင်လူငယ်တွေက ဆန္ဒပြတာတွေကြောင့် ပြည်နယ်အတွင်း စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့တစ်ပတ်ကစလို့ ပိတ်ထားတာ ဖြစ်ပါတယ်။

    မနေ့ကစတင်ပြီး ကျောင်းပြန်ဖွင့်ရာမှာ မွတ်စလင်ကျောင်းသူတွေ နှောက်ယှက်ခံရတဲ့သတင်း ထွက်မလာတော့ပါဘူး။ ကျောင်းတာ၀န်ရှိသူတွေက ပု၀ါချွတ်ခိုင်းတဲ့အခါ မွတ်စလင်ကျောင်းသူတွေက မချွတ်ဘဲ ကျောင်းမတက်တာ၊ စာမေးပွဲ မဖြေတာတွေ ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    “ကျွန်မတို့ ငယ်ငယ်လေးကတည်းက ပု၀ါဆောင်းလာတာ။ ဒါကို မစွန့်လွှတ်နိုင်ဘူး။ စာမေးပွဲ ဖြေလို့မရဘူးဆိုလည်း မဖြေဘူး။ အိမ်ပြန်မယ်” လို့ မွတ်စလင်ကျောင်းသူတစ်ဦးက News Minute ကို ပြောကြားခဲ့ပါတယ်။

    ကျောင်းသားမိဘတစ်ယောက်ကလည်း “ဟိန္ဒူတွေ ပူတူးတပ်တယ်။ ခရစ်ယာန်တွေ လက်၀ါးကပ်တိုင်ဆွဲတယ်။ ကျွန်မတို့ကလေးတွေ ပု၀ါဆောင်းတာကို သူတို့က ဘာဖြစ်နေတာလဲ” လို့ NDTV ကို ပြောကြားခဲ့ပါတယ်။

    စာသင်ကျောင်းတွေမှာ ဘာသာရေးနဲ့နွယ်တဲ့ အမှတ်သညာတွေ ၀တ်မလာရဆိုတဲ့ အမိန့်တစ်ရပ်ကို ကာနာတာကာ ပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြည်နယ်အတွင်းက

    ကျောင်းတွေမှာ အနည်းဆုံး မွတ်စလင်ကျောင်းသူ ၄ ဦး ပု၀ါ၀တ်ထားတဲ့အတွက် အတန်းထဲကနေ မောင်းထုတ်ခံခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း ပု၀ါ၀တ်ထားတဲ့ မွတ်စလင်ကျောင်းသူ နှောက်ယှက်ခံရမှုတွေ မြင့်တက်လာပါတယ်။ ဆန္ဒပြမှုတွေကို ထိန်းသိမ်းဖို့အတွက် ကာနာတာကာပြည်နယ်အစိုးရက လူ ၄ ယောက်ထက် ပိုမစုရအမိန့် ထုတ်ပြန်ထားပါတယ်။

    Ref: CNA

  • Untitled post 89083

    ယူကရိန်းနယ်စပ်မှ ရုရှားတပ်များ ဆုတ်ခွာ၊ အမေရိကန်က သံသယရှိနေဆဲ

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၂
    M-Media

    – ယူကရိန်းနယ်စပ်မှာ ချထားတဲ့ တပ်တစ်ချို့ ဆုတ်ခွာသွားပြီလို့ ရုရှားက ထုတ်ပြန်ထားပေမယ် အမေရိကန်က ဒီပြောကြားချက်ကို သက်သေပြနိုင်မယ့် အထောက်အထားလိုအပ်နေသေးပြီး ရုရှားက ကျူးကျော်မယ့်အန္တရာယ် ရှိနေဆဲလို့ တုန့်ပြန်ထားပါတယ်။

    နယ်စပ်မှာ ရုရှားက စစ်လက်နက်အပြည့်အစုံနဲ့ တပ်သားတစ်သိန်းကျော်လောက် ချထားတာပါ။ ယူကရိန်းကို ၀င်သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ မြင့်တက်နေချိန်မှာပဲ ရုရှားက ရှေ့တန်းက သူတို့တပ်ဖွဲ့၀င်တစ်ချို့ကို မိခင် တပ်ရင်းတွေဆီ ပြန်ခိုင်းလိုက်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အစောဆုံး ဗုဒ္ဓဟူးနေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ တပ်အချို့ ဆုတ်ခွာတယ်လို့ သတင်းထွက်လာပြီးနောက်ပိုင်း ယူကရိန်းသမ္မတက ဗုဒ္ဓဟူးနေ့ကို ‘နိုင်ငံတော်ညီညွတ်ရေး’ နေ့အဖြစ် ကြေငြာခဲ့ပြီး ယူကရိန်းနိုင်ငံသားတွေကလည်း အလံတွေ့၀ှေ့ယမ်းကာ လမ်းမတွေပါ်မှာ လှည့်လည်ခဲ့ကြပါတယ်။

    ရုရှားက တပ်တွေဆုတ်တယ်ဆိုသတင်းကို မိမိတို့ အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီး အချက်အလက်တွေအရ ရုရှားရဲ့ခြိမ်းခြောက်မှု ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

    နေတိုးအဖွဲ့ကလည်း ရုရှားတဲ့တပ်တွေ လှုပ်ရှားမှုဟာ ဆုတ်ခွာတယ်လို မယူဆနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်း ကာကွယ်ရေး၀န်ကြီးဌာန ၀ဘ်ဆိုက်နဲ့ ဘဏ်နှစ်ခု တို့ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီး ယူကရိန်းက ဒါဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ရုရှားဖက်ကတော့ ငြင်းထားပါတယ်။
    Ref : Aljazeera

    နိုင်ငံသားတွေကလည်း အလံတွေ့၀ှေ့ယမ်းကာ လမ်းမတွေပါ်မှာ လှည့်လည်ခဲ့ကြပါတယ်။
    ရုရှားက တပ်တွေဆုတ်တယ်ဆိုသတင်းကို မိမိတို့ အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီး အချက်အလက်တွေအရ ရုရှားရဲ့ခြိမ်းခြောက်မှု ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

    နေတိုးအဖွဲ့ကလည်း ရုရှားတဲ့တပ်တွေ လှုပ်ရှားမှုဟာ ဆုတ်ခွာတယ်လို မယူဆနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်း ကာကွယ်ရေး၀န်ကြီးဌာန ၀ဘ်ဆိုက်နဲ့ ဘဏ်နှစ်ခု တို့ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီး ယူကရိန်းက ဒါဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ရုရှားဖက်ကတော့ ငြင်းထားပါတယ်။

    Ref : Aljazeera

  • အာဏာသိမ်းစစ်ကောင်စီကို စိတ်ပျက်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် ထုတ်ပြော

    အာဏာသိမ်းစစ်ကောင်စီကို စိတ်ပျက်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် ထုတ်ပြော

    ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံကပြဿနာ ဖြေရှင်းရေးမှာ အာဏာသိမ်းစစ်ကောင်စီက ကတိပေးထားတာတွေကို ဖော်ဆောင်မှု မရှိတဲ့အတွက် စိတ်ပျက်မိပြီး၊ သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ​ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဟွန်ဆန်က စိတ်အားထက်သန်ခဲ့တာပါ။ ဇန်နဝါရီလ နေပြည်တော်ကို ဟွန်ဆန်ကိုယ်တိုင်လာရောက်ကာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ အာဆီယံအစည်းအဝေးတွေမှာလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

    မနေ့က တံတားသစ်ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရာမှာတော့ ဟွန်ဆန်က စစ်တပ်ဟာ ပြဿနာပြေလည်ရေးအတွက် ဘာမှလုပ်ဆောင်တာမရှိကြောင်း ပြောကြားခဲ့သလို၊ ကမ္ဘောဒီးယား အာဆီယံဥက္ကဌအဖြစ် တာဝန်ယူတဲ့ အခုနှစ်အတွင်း ဖြေရှင်းနိုင်ဖွယ် မရှိတော့ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

    “ကျွန်တော့်အခြေအနေက လုပ်တော့လည်း ဝေဖန်ခံရ၊ မလုပ်တော့လည်း ဝေဖန်ခံရတဲ့ အနေအထားပါ။ အဲဒီတော့လည်း ကမ္မသကာပေါ့ဗျာ။ သူတို့မှမလုပ်ချင်တာ ကျွန်တော်တို့လည်း မပူတော့ဘူး။ နွားက ပေတေရပ်နေတော့ လှည်းက အရှေ့ဘယ်ရောက်တော့မလဲ”

    မြန်မာနိုင်ငံက ပြဿနာ​ကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အချိန်တစ်လကျော်လောက်မှာပဲ ဟွန်ဆန်က ဒီလိုစိတ်ပျက်ကြောင်း ပြောကြားလာတာ ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားရဲ့ အာဆီယံဥက္ကဌသက်တမ်းဟာ ၁၀ လကျော်သာ ကျန်တော့ပြီး လာမယ့်နှစ် ဥက္ကဌတာဝန်ယူမယ့် နိုင်ငံက ဒီပြဿနာကို ဆက်လက်ဖြေရှင်းဖို့ ဟွန်ဆန်က အကြံပြုခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လက်ခံခဲ့တဲ့ အဲဒီသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ကာ သက်ဆိုင်သူတွေအကြား ကြားဝင်ညှိနှိုင်းပေးရေး စတာတွေ ပါဝင်ပါတယ်။

    ဒါပေမယ့် အဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီဖက်က အကောင်အထည်ဖော်ခြင်းမရှိပါဘူး။

    Ref: RFA