အောက်တိုဘာ ၁၄၊ ၂၀၁၅
M-Media
– အာဖဂန်မြို့တော် ကဘူးလ်တောင်ဘက်ရှိ အဓိက အဝေးပြေးလမ်းမကြီးကို တာလီဘန်များက ယမန်နေ့တွင် ပိတ်ဆို့ခဲ့သောကြာင့် ကဘူလ်းနှင့် ကန်ဒါဟာမြို့များတွင် ကားများ ရာနှင့်ချီ၍ သောင်တင်နေကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တာလီဘန်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
တာလီဘန်များမှာ အဝေးပြေးလမ်းမအား ပိတ်ကာ ဇဘူးလ်ပြည်နယ် နော်ရက်ဒေသကိုလည်း သိမ်းပိုက်ရန် ကြိုးစားနေကြပြီး၊ အဝေးပြေးလမ်းတွင်ရှိနေသည့် တာလီဘန်တပ်မှူး တစ်ဦးကမူ မိမိတို့ခေါင်းဆောင် မွလ္လာ အက်ခ်တာရ် မန်ဆူရ်က ဆုတ်ခွာရန် အမိန့်မပေးမချင်း မိမိတို့က ဖယ်ရှားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
မန်ဆူအား ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီး ၂ လအကြာတွင်ပင် တာလီဘန်အဖွဲ့မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းများတွင် ဒေသအချို့ကို သိမ်းပိုက်ခဲ့ကြသည်။ ယခုအဖြစ်အပျက်တွင် သေဆုံးဒဏ်ရာရသူ မရှိသေးဘဲ ပြည်သူများကို အခြားလမ်းကြောင်းမှသွားနိုင်ရန် ကူညီနေသည်ဟု တာလီဘန်က ပြောကြားခဲ့သည်။
Ref: Aljazeera









