Author: Ko Lay
-
တနင်္လာနေ့ ဘောလုံးသတင်းများ
အောက်တိုဘာ ၅၊ ၂၀၂၀
M-Mediaမှားယွင်းသည့်သမိုင်းကို ရေးခဲ့မိပြီဟု ကလော့ပ်ပြော
လီဗာပူးလ်ဟာ မှားယွင်းတဲ့ သမိုင်းမှတ်တိုင်တစ်ခုကို ရေးထိုးလိုက်မိပြီလို့ နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။
ချန်ပီယံဖြစ်ခဲ့တဲ့ မနှစ်က ဖေဖော်ဝါရီလရောက်မှ ရှုံးပွဲတွေ့ခဲ့တဲ့ လီဗာပူးလ်ဟာ ရာသီသစ်ရဲ့ ၄ ပွဲမြောက်ဖြစ်တဲ့ မနေ့မှာ အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ကလော့ပ်ကတော့ ဦးဆောင်ဂိုး ပေးလိုက်ရပြီးကတည်းက အသင်းဟာ အခြေပျက်သွားပြီး နောက်ပိုင်းမှာ အမှားတွေ ဆက်တိုက်လုပ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဆိုးလ်ရှားကို စာနာနေတဲ့ မော်ရင်ဟို
Soccer Football – Premier League – Manchester United v Tottenham Hotspur – Old Trafford, Manchester, Britain – October 4, 2020 Manchester United manager Ole Gunnar Solskjær with Tottenham Hotspur manager Jose Mourinho after the match Pool via REUTERS/Carl Recine EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details. မနေ့ကပွဲမှာ အသင်းရဲ့ ကစားပုံဟာ အင်မတန်ချီးကျူးစရာကောင်းခဲ့ပြီး ညဘက် အိပ်ပျော်မှာမဟုတ်တဲ့ ပြိုင်ဘက်အသင်း နည်းပြ ဆိုးလ်ရှားရဲ့အခြေအနေကို စာနာသနားမိတယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
စပါးဟာ မနေ့က မန်ယူကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ၂၈ မိနစ်မှာ မန်ယူက တစ်ယောက်လျော့သွားပေမယ့် ဒီအရင်ကတည်းက မိမိတို့ဟာ ကစားပုံအသာနဲ့ အနိုင်ရခဲ့တာလို့ မော်ရင်ဟိုက ဆိုပါတယ်။
မနေ့ကပွဲဟာ အသင်း၊ အသင်းသားတွေနဲ့ သူ့အတွက် သမိုင်းဝင်နိုင်ပွဲဖြစ်ပြီး အိုးထရက်ဖို့မှာ ချယ်ဆီး၊ ရီးယဲလ်မက်ဒရစ် အသင်းတွေနဲ့လည်း မန်ယူကို အနိုင်ယူဖူးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မနေ့က စပါးနဲ့ပွဲဟာ မိမိသက်တမ်းမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှု ဖြစ်တယ်လို့ ဆိုးလ်ရှားက ဖွင့်ဟပါတယ်။
ကိုဗစ်ကြောင့် နာပိုလီအသင်း ၃ ဂိုးပြတ်အရှုံးပေးရဖွယ်ရှိနေ
ကစားသမား ၂ ဦး ကိုဗစ်ကူးစက်နေတဲ့ နာပိုလီအသင်း ရောက်မလာတာကြောင့် မနေ့ကစားမယ့် ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ရဲ့ စီးရီးအေပွဲစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။
ဒေသရဲ့ ကျန်းမာရေးအာဏာပိုင်က နာပိုလီတစ်သင်းလုံး ခရီးမသွားဖို့ အမိန့်ထုတ်လိုက်တာပါ။ အီတလီ ကျန်းမာရေးဝန်ကြီးဌာနဲ့ ဘောလုံးအဖွဲ့ချုပ်တွေ သဘောတူညီချက်အရ ပိုးမရှိတဲ့ ကစားသမား အနည်းဆုံး ၁၃ ဦးရှိရင် ကစားပေးရမှာဖြစ်ပြီး၊ ကစားသမား ၁၀ ဦး ပိုးရှိနေပြီဆိုရင်တော့ ပွဲကို ပြန်ကစားခွင့် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
စီးရီးအေစည်းကမ်းအရ မနေ့ကအဖြစ်အပျက်မှာ ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ပေးရမှာ ဖြစ်ပါတယ်။ အားကစားရေးရာ တရားသူကြီးရဲ့ မနက်ဖြန်ထုတ်ပြန်ချက်ကို ကြည့်ပြီး လိုအပ်သလို တုန့်ပြန်သွားမယ်လို့ ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ပါတယ်။
Ref: BBC, Goal
-
တနင်္ဂနွေနေ့ ဘောလုံးသတင်းများ
အောက်တိုဘာ ၄၊ ၂၀၂၀
M-Mediaဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို မန်ယူက ခေါ်ယူမည်
မန်ယူအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီကို ခေါ်ယူဖို့အတွက် အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်လာပါတယ်။
အသက် ၃၃ နှစ်အရွယ် ကဗာနီဟာ ပြီးခဲ့တဲ့ ဇွန်လက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့တာပါ။ လက်ရှိ မန်ယူနဲ့ ကာဗာနီတို့ ဆွေးနွေးနေပြီး ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။
ကာဗာနီဟာ ဒီကနေ့မှာ အင်္ဂလန်ကိုလာရောက်ပြီး အပြောင်းအရွှေ့ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က နာပိုလီကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီမှာ ၃၀၁ ပွဲကစား ဂိုး ၂၀၀ သွင်းခဲ့ပြီး၊ ကလပ်အသင်းပွဲအားလုံးမှာ ၅၅၆ ဂိုး သွင်းထားပါတယ်။
နိုင်ငံပွဲတွေမှာတော့ ၁၁၆ ပွဲကစား ဂိုး ၅၀ သွင်းထားပါတယ်။
ချန်ပီယံဘွဲ့အတွက် ဝေဖန်မှုများကို ဂွါဒီယိုလာ တုန့်ပြန်
၃ ပွဲလောက်ကစားပြီးတာနဲ့ ချန်ပီယံလမ်းကြောင်းကနေ သွေဖီသွားပြီဆိုတဲ့ ပြောကြားချက်တွေဟာ သိပ်ကို စောလွန်းနေတယ်လို့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက တုန့်ပြန်လိုက်ပါတယ်။
မနေ့က လိဒ်နဲ့ပွဲမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ရာသီအစ ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် လက်စတာနဲ့ပွဲမှာလည်း ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မနေ့ကပွဲအပြီး မန်စီးတီးရဲ့ ချန်ပီယံဘွဲ့ စိန်ခေါ်နိုင်စွမ်းကို ဘောလုံးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဂွါဒီယိုလာက မိမိတို့အခြေအနေကို သိပြီး အသင်းရဲ့ ကစားပုံကို ကျေနပ်ကြောင်း၊ ဒါပေမယ့် အကောင်းဆုံးအနေအထားကို မရောက်သေးကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စပါးနည်းပြဟောင်းက မော်ရင်ဟိုကို ဝေဖန်
ချယ်ဆီးကို ကိုင်တွယ်စဉ်က ဆာလာဟ်နှင့် ဒီဘရိုင်းတို့ကို လက်လွှတ်လိုက်ရတဲ့အမှားမျိုး စပါးမှာလည်း မော်ရင်ဟိုက ထပ်မှားတော့မယ်လို့ စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က သတိပေးလိုက်ပါတယ်။
အသက် ၂၄ နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ဒယ်လီအလီကို မော်ရင်ဟိုက ရောင်းထုတ်တော့မယ်လို့ သတင်းတွေထွက်နေတာပါ။
မော်ရင်ဟိုဟာ ချယ်ဆီးမှာတုန်းကလည်း ဆာလာဟ်နဲ့ ဒီဘရိုင်းတို့ကို ကောင်းကောင်းမသုံးကြည့်ဘဲ ရောင်းထုတ်လိုက်ပြီး ဒီကစားသမားနှစ်ယောက်စလုံးဟာ နောက်ပိုင်းမှာ နာမည်ကျော်တွေ ဖြစ်လာပါတယ်။
တင်ရှားဝုဒ်က လိဂ်ဝမ်းကနေ ပေါင်း ၅ သန်းနဲ့ရောက်လာတဲ့ အလီဟာ တစ်နှစ်အတွင်းမှာပဲ ၂၅ သန်းတန်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း၊ နေရာမှန်သာ ကစားရမယ်ဆိုရင် ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: BBC, Goal
mmFootballNews
-
စစ်ဘေးရှောင် ရခိုင်ပြည်သူများအတွက် ရိုဟင်ဂျာဒုက္ခသည်များက ငွေကြေးလှူဒါန်း
အောက်တိုဘာ ၃၊ ၂၀၂၀
M-Mediaမြောက်ဦးမြို့ ရှစ်သောင်း စစ်ရှောင်စခန်းရှိ ရခိုင်တိုင်းရင်းသားများကို ဩဂုတ်လအတွင်းက တွေ့ရစဉ် -လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ဘင်္ဂလာေးဒ့ရှ် ဖက်က ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာလူငယ်တွေက ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့ ၂၀၁၈ ခုနှစ်နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ရခိုင်ပြည်သူရေအတွက်ဟာ ၂ သိန်းနီးပါး ရှိလာတာပါ။
“ကျွန်တော်တို့အားလုံးက လူသားတွေပဲဗျ။ လူမျိုးမတူကြပေမယ့် ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ကျွန်တော်တို့ဟာ တစ်မြေတည်း၊ တစ်ရေတည်းမှာ မွေးဖွားကြီးပြင်းလာခဲ့ကြသူတွေပါ။ ၂၀၁၇ ခုနှစ် (စစ်တပ်ရဲ့) သတ်ဖြတ်မှုတွေမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ကျွန်တော်တို့နဲ့အတူ မျှဝေခံစားပြီး၊ ကျွန်တော်တို့ကိုလည်း အကူအညီပေးခဲ့ပါတယ်။ အခု သူတို့ အကူအညီလိုအပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတာပါ” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာလူငယ် မိုဟာမက် ကမားလ် ဟိုစိန်က ပြောကြားခဲ့ပါတယ်။
ကူတာပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်တွေ စုပေါင်းထည့်ဝင်တဲ့ ၅ သိန်းကျပ်ကို အခုတစ်ပတ်အစောပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် လှူဒါန်းခဲ့ပါတယ်။
“ရခိုင်သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ အမြဲတမ်း အဆက်အသွယ်ရှိတယ်။ ဘာသာမတူ၊ လူမျိုးကွဲပေမယ့် ရခိုင်သားအချင်းချင်း သူတို့ဖက်က အမြဲတမ်း ရပ်တည်သွားမှာပါ”
ဇူလိုင်လအစောပိုင်းတုန်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာကျောင်းသားတွေဟာ စစ်ကြောင့် ထွက်ပြေးနေရတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် မြန်မာကျပ်ငွေ ၃ သိန်း လှူဒါန်းခဲ့ပါတယ်။
“ကျွန်တော်တို့ ဆိုးဆိုးရွားရွား နာကျင်ခံစားနေရတဲ့အချိန်မှာ အိမ်နီးချင်း ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ကျွန်တော်တို့ကို အိမ်မှာခေါ်ထားပြီး ကူညီစောင့်ရှောက်ပေးခဲ့ကြပါတယ်။ အခု သူတို့ နေအိမ်တွေကနေ မောင်းထုတ်ခံနေရပြီး၊ သူတို့ကို ကိုယ်ချင်းလည်း စာပါတယ်” လို့ ရိုဟင်ဂျာ လူငယ်အစည်းအရုံးကို တည်ထောင်သူ ခင်မောင်က ပြောကြားခဲ့ပါတယ်။
ရခိုင်က လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်ရင်ကြားစေ့ရေး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုကူညီကြဖို့လည်း ခင်မောင်က တိုက်တွန်းဆော်ဩခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်မှာ ရာစုနှစ်နဲ့ချီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာပါ။ အိမ်ကိုပြန်ပြီး အရင်လို ငြိမ်းချမ်းမှု၊ ညီညွတ်မှုမျိုး ပြန်လည်ဖော်ဆောင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်”
Ref: Anadolu Agency
-
အစ္စလာမ်ဘာသာတွင် ပြဿနာများ ရင်ဆိုင်နေရသည်ဟု ပြင်သစ်သမ္မတ မာခရွန် ဖွင့်ဟ
အောက်တိုဘာ ၃၊ ၂၀၂၀
M-Mediaပြင်သစ်သမ္မတ မာခရွန် -အစ္စလာမ်သာသနာဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဒါတွေကို ဖြေရှင်းဖို့ကြိုးသွားမှာဖြစ်သလို၊ နိုင်ငံအတွင်း အသိအဉာဏ်ဖွင့်ပေးတဲ့ အစ္စလာမ်သာသနာမျိုး ထွန်းကားစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။
ပြင်သစ်က အစ္စလာမ်ဘာသာ၀င် လူ့အဖွဲ့အစည်းတွင်း အစွန်းရောက်အတွေးအခေါ်တွေ တိုက်ဖျက်ရေး မူ၀ါဒတစ်ခုကို မာခရွန်က မနေ့မှာ ချပြခဲ့ပြီး ဘာသာရေးမစွက်တဲ့ တိုင်းပြည်မူ၀ါဒကို ဆက်လက်ထိန်းသွားမယ်လို့ ဆိုပါတယ်။
ခရစ်ယာန်ကက်သလစ်အသင်းတော်နဲ့ ဘုန်းကြီးတွေရဲ့ အာဏာကြီးစိုးမှုကို အပြင်းအထန် တွန်းလှန်ခဲ့ရပြီးတဲ့နောက် ပြင်သစ်ဟာ ၁၉၀၅ ခုနှစ်မှာ လုံး၀ ဘာသာရေးမစွက်တဲ့ နိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး ဒီမူကို ခိုင်ခိုင်မာမာ ဆက်လက်ထိန်းသိမ်းလာခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး။ ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာဟာ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်” လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။
ပြင်သစ်က လူ့အဖွဲ့အစည်းတွေအတွင်း ဘာသာရေးအစွန်းရောက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းတစ်ခုကို မာခရွန်က လာမယ့်နှစ်အစောပိုင််းကျရင် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။
အဲဒီဥပေဒထဲမှာ အစိုးရကျောင်းက သင်ရိုးနဲ့သွေဖည်ပြီး ကလေးငယ်တွေကို ဘာသာရေးအစွန်းရောက်ဝါဒ သွတ်သွင်းတဲ့ နေအိမ်သင်တန်းတွေကို ကန့်သတ်တာ၊ ကျောင်းတွေ၊ ရုံးတွေမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဝတ်စုံတွေကို ပိတ်ပင်တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဟီဂျဘ်ခေါင်းပေါင်းကို ပြင်သစ်က စာသင်ကျောင်းတွေ၊ အစိုးရရုံးတွေမှာ အရင်ကတည်းက ပိတ်ပင်ထားတာပါ။
နိုင်ငံအတွင်း အာရဘီဘာသာစကား သင်ကြားမှုကို အားကောင်းဆောင်ရွက်ဖို့၊ အစ္စလာမ့်အင်စတီကျူတစ်ခု တည်ထောင်ပေးဖို့၊ ဗလီရှေ့ဆောင်အီမာမ်တွေကို ပြည်တွင်းမှာပဲ လေ့ကျင့်သင်ကြာပေးဖို့ စတဲ့ အစီအမံတွေလည်း ဒီဥပဒေသစ်ထဲမှာ ပါဝင်ပါတယ်။
အစ္စလာမ်ဘာသာနဲ့ အစွန်းရောက်ဝါဒဟာ တစ်ခြားစီဖြစ်ပြီး နိုင်ငံအတွင်း လူတွေကို အသိဉာဏ်ဖွင့်ပေးတဲ့ အစ္စလာမ်ဘာသာမျိုးကိုသာ လိုချင်ကြောင်း၊ လာမယ့်ဥပဒေသစ်ဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ကန့်သတ်ဖို့မဟုတ်ကြောင်း ပြင်သစ်သမ္မတ မာခရွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံက မွတ်စလင်ခေါင်းဆောင်တွေက မာခရွန်ရဲ့ပြောကြားမှုဟာ အစွန်းရောက်ဝါဒအန္တရာယ်ကို ထောက်ပြချင်တာမျိုးဖြစ်ပြီး၊ တစ်ချို့ စကားလုံးအသုံးအနှုန်းတွေက အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Reuters, Aljazeera