News @ M-Media
Author: YinYin
  • အောက်တိုဘာ ၇၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၇၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၇၊ ၂၀၁၃
    M-Media
    ဆန်းဒါးလန်းနှင့်ပွဲတွင် ခြေစွမ်းပြခဲ့သော လူငယ်ကစားသမား အဒ်နန်အား မန်ယူအသင်း လစာတိုးပေးတော့မည်
    စနေနေ့က ဆန်းဒါးလန်းအသင်း၏ အလင်းရောင်ကွင်းတွင် အိမ်ရှင်အသင်းအား နှစ်ဂိုး ၁-ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲ၌ အသင်းအတွက် အရေးပါသည့် ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည့် အသက် ၁၈-နှစ်အရွယ် လူငယ်ကစားသမား အဒ်နန် ဂျန်နုဇ်အဂ်ျအား မန်ယူအသင်းက လစာတိုးပေးတော့မည်ဟု သိရသည်။
    ဘယ်ဂျီယံ လူငယ်ကစားသမားဖြစ်သည့် အဒ်နန်မှာ ဘယ်ဂျီယံလူငယ်ဘောလုံးလောက၏  အဖိုးတန် ကစားသမားတစ်ယောက်ဖြစ်သည်။ မန်ယူအသင်းနှင့် သက်တမ်း ၈-လသာကျန်ရှိတော့ပြီး သူ၏ခြေစွမ်းအား ကြိုက်နှစ်သက်သော အခြားကလပ်အသင်းများက ခေါ်ယူရန် ကြိုးပမ်းနေသောကြောင့် မန်ယူအသင်းအနေဖြင့် တစ်ပါတ်လုပ်ခ ပေါင် ၆-သောင်းအထိပေးကာ စာချုပ်သစ်ချုပ်ဆို၍ အသင်းတွင် ထိန်းသိမ်းထားရန် စီစဉ်နေသည်။ အဒ်နန်မှာ မန်ယူအသင်းဖော် ရူနီအား လေးစားအားကျသူ တစ်ယောက်လည်းဖြစ်သည်။
    “သူဟာ သူ့ကိုယ်သူယုံကြည်မှုရှိပါတယ်။ များသောအားဖြင့် လူငယ်ကစားသမားတော်တော်များများဟာ တွန့်ဆုတ်ပြီး၊ ရှက်တတ်ကြပါတယ်။ ဒါပေမယ့် သူ့မှာတော့ လိုအပ်နေတဲ့ စွမ်းရည်တွေရှိနေပြီး ကြည့်ရတာ သက်တောင့်သက်တာဖြစ်စေပါတယ်” ဟု ရူနီက သူ့အားလေးစားအားကျသည့် အဒ်နန်နှင့်ပက်သက်ပြီး
    မှတ်ချက်ပေး ပြောကြားခဲ့သည်။
    dailymail
    ____________________________
    ချယ်ဆီးအသင်းမှာ ဘိုင်ယန်ကဲ့သို့ ဖြစ်ရန် ကြိုးစားနေခြင်းမရှိဟု မော်ရင်ဟိုဆို
    နော်ဝစ်ခ်ျအသင်းအား တနင်္ဂနွေနေ့က ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ၎င်း၏ အသင်းမှာ အခြားအသင်းများကို ပုံတူကူးချက်ခြင်းထက် ကိုယ်ပိုင်အစွမ်းအစဖြင့် ကစားနေခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။
    မော်ရင်ဟိုက ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအား ပုံတူကူးရန်ကြိုးစားနေသည်ဆိုသော စွတ်စွဲမှုများအား ငြင်းဆိုလိုက်ပြီး “တကယ်လို့ ခင်ဗျားမှာ အခြားအသင်းတွေလို လူမရှိဘဲနဲ့၊ အခြားအသင်းတွေလို လိုက်ကစားမယ်ဆိုရင် ခင်ဗျားဟာတော်တော်ကြောင်တဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် လာလီဂါမှာ
    အမှတ် ၁၀၀ နဲ့ ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အသင်းဟာ ဘာစီလိုနာအသင်း ကစားသလိုမကစားခဲ့ပါဘူး။  တကယ်လို့ တခြားအသင်းတွေ ကစားသလို လိုက်ကစားမယ်ဆိုရင် အဲဒီအသင်းတွေ ရောက်ခဲ့တဲ့ ဆင့်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး” ဟု မော်ရင်ဟိုက ဆန်းဒါးလန်းအသင်းနှင့် ကစားခဲ့သောပွဲအပြီး
    သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    goal
    ____________________________
    စတားရစ်ခ်ျနှင့် ဆွာရက်ဇ်တို့မှာ ပိုမိုကောင်းမွန်လာနိုင်မည်ဟု ရော်ဂျာဆို
    စနေနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းအား ၃-ဂိုး ၁-ဂိုး ဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် နှစ်ဦးပေါင်း ၂-ဂိုး သွင်းယူပေးခဲ့သည့် စတားရစ်ခ်ျနှင့် ဆွာရက်ဇ်တို့အတွဲမှာ ပိုမိုကောင်းမွန်လာနိုင်သည်ဟု လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည် ဇန်န၀ါရီလက အင်္ဂလန်လက်ရွေးစင်ကစားသမား စတားရစ်ခ်ျ အသင်းသို့ရောက်ရှိလာခဲ့ပြီးနောက် ဆွာရက်ဇ်နှင့် ၁၄ ပွဲသာ တွဲကစားခွင့်ရခဲ့သော်လည်း အချင်းချင်း လျင်မြန်စွာနားလည်မှုရှိလာပြီး ဆွာရက်ဇ် ပွဲပယ်ပြစ်ဒဏ်စေ့ပြီးနောက် ကစားခဲ့သည့် နှစ်ပွဲတွင် နှစ်ဦပေါင်း ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။
    “လူးဝစ်(ဆွာရက်ဇ်)နဲ့ ဒန်နီယယ်(စတားရစ်ခ်ျ)တို့ အတွဲဟာ ပိုကောင်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ သူတို့နှစ်ဦး အတွဲမိတာကို တွေ့နိုင်ပါတယ်။ တစ်ယောက်က နောက်တစ်ယောက် ဘယ်ကိုပြေးမလဲဆိုတာ တန်းသိပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    ____________________________
    China Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲပြီး အမျိုးသမီး ပွဲစဉ်တွင် ဆရီနာ ဗိုလ်စွဲနိုင်ခဲ့
    တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် China Open တင်းနစ်ပြိုင်ပွဲတွင် ဆားဘီယားတင်းနစ်သမား နိုဗက် ဂျိုကိုဗစ် ဗိုလ်စွဲခဲ့သည်ဟုသိရသည်။
    ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သော အဆိုပါဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်မှာ ကမ္ဘာ့အဆင့်-၂ စပိန်တင်းနစ်သမား ရာဖေးလ် နာဒယ်လ်အား ၆-၃၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအရှုံးမှာ ကွင်းမာအမျိုးအစား တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ်၏ ယခုနှစ်အတွင်း ပထမဦးဆုံးရှုံးပွဲဖြစ်ခဲ့သည်။
    ယခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် တင်းနစ်ပြိုင်ပွဲများတွင် ဂျိုကိုဗစ်မှာ Roland Garros တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင်တစ်ကြိမ်၊ ကနေဒါ မာစတာပြိုင်ပွဲတွင်တစ်ကြိမ်၊ ပြီးခဲ့သည့်လက ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် နာဒယ်လ်အား ရှုံးနိမ့်ထားခဲ့ပြီး ယခုပွဲတွင် ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် China Open တွင် ငါးနှစ်အတွင်း လေးကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    skysports
    ____________________________
    အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံက ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နောက်ဆုံးဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၁ ရ ဆရီနာမှာ ကမ္ဘာ့နံပါတ်တစ် ဆားဘီးယားတင်းနစ်မယ်ဟောင်း ဂျလီနာ ဂျန်ကိုဗစ်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ၆-၂၊ ၆-၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွင်း သူမ၏ ၁၀-ခုမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
    “ကျွန်မ သိပ်ကိုစိတ်လှုပ်ရှားပါတယ်။ ကျွန်မစပြိုင်တုန်းက ဒီလိုဗိုလ်စွဲလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒီနေရာမှာ ဆုဖလားကို ကိုင်မြှောက်ရတဲ့အတွက် ကျွန်မ သိပ်ပျော်ပါတယ်” ဟု သူမ၏ ကစားသမားဘ၀ သက်တမ်းလျှောက် ၅၆-ခုမြောက် WTA ဖလားအား ကိုင်မြှောက်ခွင့်ရခဲ့သည့် ဆရီနာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    http://www1.skysports.com/tennis/news/12110/8960477/wta-china-open-serena-williams-powers-
    to-victory-against-jelena-jankovic
    ____________________________
    ချယ်ဆီးအနိုင်ရ အာဆင်နယ်သရေကျပြီး စပါးရှုံးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ဆူပါဆန်းဒေးပွဲစဉ်များ
    ပရီးမီးယားလိဂ် ပွဲစဉ်-၇ ကို စနေနေ့က ၆-ပွဲကစားခဲ့ပြီး လက်ကျန် ၄-ပွဲကို ယမန်နေ့က ကစားခဲ့ရာ ချယ်ဆီး၊ ဆောက်သက်တမ်တို့အနိုင်ရရှိခဲ့ပြီး စပါးအသင်းမှာ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ကာ အာဆင်နယ်အသင်းမှာ ၀က်စ်ဘရွန်းအသင်းနှင့် သရေကျခဲ့သည်။
    နော်ဝစ်ခ်ျ ၁-၃ ချယ်ဆီး
    နော်ဝစ်ခ်ျအသင်း၏ အိမ်ကွင်း ကားရိုးရုဒ်တွင်ကစားခဲ့ကြသည့် နော်ဝစ်ခ်ျနှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် ချယ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲနိုင်ပွဲမှာ မော်ရင်ဟို၏ ယခုနှစ်ပရီးမီးယားလိဂ် အဝေးကွင်းပထမဆုံးနိုင်ပွဲလည်းဖြစ်သည်။ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့်
    ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ အသက် ၂၈ နှစ်အရွယ် ဒမ်ဘာ ဘားမှာ ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည်။ ဘား၏ ချယ်ဆီးအသင်းအတွက် ဒုတိယမြောက် ပွဲထွက်ခွင့်ရခြင်းလည်းဖြစ်သည်။
    ဦးဆောင်ဂိုးကို ချယ်ဆီးအသင်းက ပွဲအစ ၄ မိနစ်တွင်ပင်ရရှိခဲ့ပြီး အော်စကာက သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းမှာ အိမ်ရှင်အသင်းအပေါ် အသားစီးဖြင့် ကစား နိုင်ခဲ့ပြီး ပွဲကိုစိုးမိုးထားနိုင်ခဲ့သည်။ ထိုကြောင့် နော်ဝစ်ခ်ျအသင်းမှာ ချေပဂိုးရရန်ခက်ခဲ့နေခဲ့ပြီး ၆၈ မိနစ်တွင်မှ ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ချေပဂိုးကို အန်ထော်နီ ပီလ်ကင်တန်က သွင်းယူပေးခဲ့သည်။ သိုသော်လည်း ၈၅ မိနစ်နှင့် ၈၆ မိနစ်တို့တွင် အေဒင် ဟဇာဒ်နှင့် ၀ီလီယံတို့က ချယ်ဆီးအသင်းအတွက် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့ပြီး အနိုင်သုံးမှတ်ကို
    သေချာစေခဲ့သည်။
    …………………………………….
    စပါး ၀-၃ ၀က်စ်ဟမ်း
    ယခုနှစ်ရာသီအစတွင်ပုံစံကောင်းရရှိနေသည့် စပါးအသင်းမှာ ယခုပွဲတွင် အိမ်ကွင်းဝှိုက်ဟတ်လိန်း၌ မထင်မှတ်ဘဲ ၀က်စ်ဟမ်းအသင်းအား အရှုံးပေးခဲ့ရသည်။ ပထမပိုင်းတွင် အိမ်ရှင်စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ၀က်စ်ဟမ်းအသင်းက ကောင်းမွန်စွာ ပြန်လည်တုံ့ပြန် ကစားနိုင်ခဲ့သောကြောင့် စပါးအသင်းမှာ ဂိုးသွင်းခွင့်မရခဲ့ပေ။
    ဒုတိယပိုင်းတွင် စပါးအသင်းက ဂိုးရရန်တင်ကစားခဲ့သော်လည်း ၀က်စ်ဟမ်းအသင်းက ဂိုးစရခဲ့သည်။ ဦးဆောင်ဂိုးကို ၆၆ မိနစ်တွင် ၀င်စတန် ရိဒ်က ဒေါင်းနင်း၏ ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၇၂ မိနစ်တွင် ၀က်စ်ဟမ်းအသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ရီကာဒို ဗက်ဇ်တီက သွင်းယူပေးခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ၇၉ မိနစ်တွင် တတိယဂိုးရရှိခဲ့ပြီး ရာဗယ်လ် မော်ရစ်ဆင်က တစ်ကိုယ်တော်အစွမ်းဖြင့်သွင်းယူခဲ့သည်။ ၀က်စ်ဟမ်းအသင်း၏နိုင်ပွဲမှာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်သည်။
    ……………………………….
    ဆောက်သက်တမ် ၂-၀ ဆွမ်ဆီး
    စိန့်မေရီကွင်းတွက်ကစားခဲ့ကြသည့် ဆောက်သက်တမ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့ပွဲစဉ်တွင် ဆောက်သက်တမ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပထမပိုင်းပွဲစစချင်းတွင် အိမ်ရှင်ဆောက်သက်တမ်အသင်းက ဖိကစားနိုင်ခဲ့ပြီး ၁၉ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို အဒမ် လာလ်လာနာက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီေးနာက် ဆွမ်ဆီးအသင်းမှာ ပွဲကို စိုးမိုးထားနိုင်ခဲ့သော်လည်း ချေပဂိုးရရှိရန် စွမ်ေးဆာင်နိုင်ခြင်းမရှိခဲ့ဘဲ ပွဲပြီးကာနီးတွင် ဆောက်သက်တမ်အသင်း၏  ဒုတိယဂိုးကို ခွင့်ပြုခဲ့ရသည်။ ဂျေး ရော်ဒရီဂတ်ဇ်က ၈၃ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ဆောက်သက်တမ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ၇ ပွဲကစား ၁၄ မှတ်ဖြင့် အဆင့်လေးနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
    ……………………………………
    အမှတ်ပေးဇယားကိုဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ယခင်တစ်ပါတ်က အိုးထရက်ဖို့တွင် မန်ယူအသင်းအား အနိုင်ကစားနိုင်ခဲ့သည့် ၀က်စ်ဘရွန်းတို့ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၁-ဂိုး စီသရေကျခဲ့သည်။ ၀က်စ်ဘရွန်းအသင်းမှာ မန်ယူအသင်းအား အနိုင်ရရှိခဲ့သည့် လူစာရင်းကို နှစ်နေရာအပြောင်းအလဲလုပ်ကာ
    အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀က်စ်ဘရွန်းအသင်းကပင် အရင်ရရှိခဲ့ပြီး ၄၂-မိနစ်တွင် ကလောဒီယို ယာကော့က ခေါင်းတိုက် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ချေပဂိုးကို အာဆင်နယ်အသင်းက ၆၃-မိနစ်တွင်ရရှိခဲ့ပြီး ဂျီရော့ဒ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အင်္ဂလန်လူငယ်ကစားသမား ၀ီလ်ရှိုင်းယားက အဝေးမှ လှပစွာ ကန်သွင်းယူခဲ့သည်။ ထိုဂိုးမှာ သုံးနှစ်အတွင်း ၀ီလ်ရှိုင်းယား၏ ပရီးမီးယားလိဂ် ပထမဆုံး ဂိုးလည်းဖြစ်သည်။
    ချေပဂိုးရပြီးနောက် အာဆင်နယ်အသင်းမှာ တရစပ်တိုက်စစ်ဆင်ခဲ့သော်လည်း အိမ်ရှင် ၀က်စ်ဘရွန်းအသင်းက ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး သရေတစ်မှတ်ကို အရယူခဲ့သည်။ ယခုပွဲတွင် နှစ်ဖက်အသင်းကစားသမားများ၏ ကစားပုံမှာ အနည်းငယ်ကြမ်းတမ်းခဲ့ပြီး နှစ်သင်းစလုံး ပင်နယ်တီရရှိရန်အခွင့်အရေးများရခဲ့သော်လည်း
    ဒိုင်လူကြီးက သတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့ပေ။ ယခုပွဲသရေကြောင့် အာဆင်နယ်အသင်းမှာ ရမှတ် ၁၆-မှတ်ဖြင့် လီဗာပူးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ရှိနေသည်။
    ____________________________
  • အောက်တိုဘာ ၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၇၊ ၂၀၁၃
    M-Media
    နိုင်ငံခြားသား ပညာရှင်များနှင့် ၀န်ထမ်းများ ကာလရှည်ဗီဇာ စီးပွားကူးသန်းမှ ထောက်ခံပေးမည်
    ကုန်သွယ် စီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံအတွင်း လာရောက် လုပ်ကိုင်လျက် ရှိသော နိုင်ငံခြားသား ပညာရှင်များနှင့် မိသားစုများ၊ ၀န်ထမ်းများအတွက် လုပ်ငန်း လုပ်ကိုင်ခွင့် ဗီဇာများကို အလွယ်တကူနှင့် လျင်မြန်စွာ ရရှိနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထောက်ခံချက် ပေးလျက် ရှိကြောင်း သိရပါတယ်။
    ______________________
    သီတဂူဆရာတော် သံတွဲမှာ ငြိမ်းချမ်းရေး ဟောပြော
    လွန်ခဲ့တဲ့ ရက်ပိုင်းများက ဖြစ်ပွားခဲ့တဲ့ သံတွဲ အကြမ်းဖက်မှု များကြောင့် သံတွဲမြို့ကို ရောက်ရှိနေသီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရဟာ ဒီကနေ့ သံတွဲ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဟောပြောခဲ့ပြီး အစ္စလာဓမ္မဗိမာန်မှ ဦးအေးလွင်က ဘာသာတရားသည် ငြိမ်းချမ်းရေးကို ဦးတည်ကြောင်း၊ ပြစ်မှုတစ်ခုဟာ ကျူးလွန်သူရဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဘာသာတရားကို စွဲမထည့်သင့်ကြောင်း RFA ကို ပြောပြခဲ့ပါတယ်။
    _______________________
    အပစ်ခတ်ရပ်စဲရေးတွင် KIO ပါဝင်နိုင်မှု အခန်းကဏ္ဍအား အဓိက ထားမည့် အစိုးရနှင့် KIO ဆွေးနွေးမှု
    KIO ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရတို့အကြား ဆွေးနွေးမည့် ၃-ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အပစ်ခတ်ရပ်စဲရေးတွင် KIO ပါဝင်နိုင်မှု အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားသည်။
    _________________________
    ပီရူးတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ပြုတ်ကျ လူအများအပြားသေဆုံး
    ပီရူးနိုင်ငံတောင်ဘက် ဝေးလံခေါင်သီသောဒေသတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။
    နိုင်ငံတောင်ဘက် Huancavelica ဒေသ Acoria ခရိုင်တွင်ရှိသည့် Andes တောင်တန်းများပေါ်တွင် မောင်းနှင်နေစဉ် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းက လျှိုမြောင် တစ်ခုထဲသို့ မီတာ-၈၀ အမြင့်မှ ထိုးကျခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါဝင် လူ ၁၉-ဦးသေဆုံးခဲ့ကာ အခြား ၁၈-ဦးမှာ ဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲမှူး ဂျူလီယို ပရာဒိုက ပြောကြားခဲ့သည်။
    Antezana ကုမ္ပဏီပိုင် အဆိုပါဘတ်စ်ကားမှာ Andes တောင်တန်းများရှိ လျှိုမြောက်ချိုင့်ဝှမ်းပေါများသော ဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားလည်းဖြစ်သည်။ ထိုဘတ်စ်ကားအားမောင်းနှင်သူမှာ လေထန်၍ ကျဉ်းမြောင်းသော တောင်ကြားလမ်းတွင် အရှိန်ပြင်းစွာမှောင်းနှင်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့တစ်ဦးမှ ပြောကြားခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ရဲမှူး ပရာဒိုက ထည့်သွင်း ပြောကြားခဲ့သည်။ ပီရူးနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုများမှာ အားနည်းပြီး ခရီးသည်တင် ဘတ်စ်ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။
    Ref : aljazeera
    _______________________
    လတ်စ်ဗီးဂတ်စ်သို့ သွားရောက်သည့်လေယာဉ်တွင် လက်မှတ်မပါသည့် ၉-နှစ်အရွယ် ကလေးငယ်တစ်ဦး လိုက်ပါခဲ့ကြောင်း တွေ့ရှိ
    မင်နီယာပိုလစ်မှ လောင်းကစားမြို့တော်ဟု နာမည်ကျော်သည့် လတ်စ်ဗီးဂတ်စ်ပျံသန်းခဲ့သော လေယာဉ်တွင် အသက် ၉-နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လက်မှတ်မပါဘဲ လိုက်ပါစီးနင်းခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။
    ထိုကလေးငယ်မှာ အခြားသော ခရီးသည်များနည်းတူ လုံးခြုံရေးစစ်ဆေးမှုများကို ကျော်ဖြတ်ကာ လေယာဉ်ပေါ်သို့ တက်ရောက်သွားခြင်းဖြစ်သည်ဟု လုံခြုံရေး စီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့ပြီး မည်ကဲ့သို့ကျော်ဖြတ်ကာ မည်ကဲ့သို့ လေယာဉ်ပေါ်သို့ တက်ရောက်သွားသည်ကို သိရှိရန်ကြိုစားနေသည်ဟု ထည့်သွင်းပြောကြား ခဲ့သည်။
    မင်နီယာပိုလစ်မှ လတ်စ်ဗီးဂတ်စ်သို့ သွားရောက်မည့် လေယေဉ်အမှတ် ၁၆၅၁ ၏ ခရီးစဉ်အတွင်း ထိုကလေးငယ်၏ သံသယဖြစ်ဖွယ် အပြုအမှုများအား လေယာဉ်အမှုထမ်းများက တွေ့ရှိခဲ့သောကြောင့် လတ်စ်ဗီးဂတ်စ်သို့ ရောက်သောအခါ တာဝန်ရှိသူများကို အသိပေးခဲ့သည်။ ထို့နောက် လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်လိုက်သည်ဟု မင်နီယာ ပိုလစ်ရှိ စိန့်ပေါလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဟိုဂန်က ပြောကြားခဲ့သည်။
    Ref : cnn
    _______________________
    ရည်းစားဟောင်းများ၏ မဖွယ်မရာပုံတင်သူအား ထောင်ဒဏ် ၆-လ ချမှတ်နိုင်မည့် ဥပဒေတစ်ခု ကယ်လီဖိုးနီးယားတွင်အတည်ပြု
    ရည်းစားဟောင်းများ၏ မဖွယ်မရာပုံများကို အင်တာနက်ပေါ်တွင် လွှင့်တင်သူများအား ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်မည့် “revenge porn” ဟုခေါ်သည့် ဥပေဒတစ်ခုအား ကယ်လီဖိုးနီးယား ပြည်နယ်တွင်ပြဌာန်းလိုက်ပြီဟုသိရသည်။
    လူတစ်ဦးတစ်ယောက်အား အရှက်ရစေရန် သို့မဟုတ် စိတ်ဒုက္ခရောက်စေရန်အကြံဖြင့် မဖွယ်မရာပုံရိပ်များအား အသုံးပြု၍ နှောက်ယှက်ခြင်းကို ကျူးလွန်သူအား အရေးယူနိုင်မည့် ထိုဥဒေအား ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ယခုသီတင်းပတ်တွင် လက်မှတ်ထိုးခဲ့ပြီးနောက် ထိုဥပဒေမှာ ပြည်နယ်တစ်ဝှမ်းတွင် ချက်ခြင်း သက်ရောက်ခဲ့သည်။ ထို့ပြင် ထိုဥပေဒအရ ကျူးလွန်သူအား ဒဏ်ငွေ ကန်ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ရိုက်နိုင်မည်ဖြစ်သည်။
    အခြားသူများ၏ ဓာတ်ပုံများအား ခွင့်ပြုချက်မရှိဘဲ လွှင့်တင်ခြင်းကိုအရေးယူသည့် ဥပဒေမှာ ယခင်ကတည်းက ရှိသော်လည်း ယခုကယ်လီဖိုးနီးယားတွင် ပြဌာန်းလိုက်သည်ဥပေဒမှာ သမီးရည်းစားဘ၀တွင် မှတ်တမ်းများ ရိုက်ယူထားပြီး သမီးရည်းစားဆက်ဆံရေး ရပ်တံ့သွားသောအခါ ရည်းစားဟောင်းက သဘောမတူဘဲ ထိုမှတ်တမ်းများအား အင်တာနက်ပေါ်လွှင့်တင်သည့် လုပ်ရပ်များအား အရေးယူနိုင်သည့် ဥပေဒဖြစ်သည်။
    Ref : channelnewsasia
    _______________________
    မက္ကဆီကိုထရပ်ကားပြိုင်ပွဲတစ်ခုတွင် မတော်တဆဖြစ် လူ ၈-ဦးသေဆုံး
    မက္ကဆီကိုနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ထရပ်ကားမောင်းပြိုင်ပွဲတစ်ခုတွင် ထရပ်ကားတစ်စီးမှာ အရှိန်လွန်၍ ပွဲကြည့်ပရိတ်သတ်အတွင်းသို့ မောင်းဝင်သွားသာကြောင့် အနည်းဆုံး လူ ၈-ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ဒဏ်ရာရခဲ့သည်ဟုသိရသည်။
    မက္ကဆီကိုနိုင်ငံ Chihuahua ပြည်နယ်တွင် စနေနေ့က ပြုလုပ်ခဲ့သည့် ထရပ်ကားပြိုင်ပွဲတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပြိုင်ကားမောင်းသမားမှာ အရက်အလွန်အကျွံသောက်ထားသောကြောင့်ဖြစ်နိုင်သည်ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ဆီဇာ ဒူအာတီက သတင်းထောက်များအား ယမန်နေ့ကပြောကြားခဲ့သည်။ သေဆုံးခဲ့သူများတွင်ကလေးငယ်လေးဦး ပါဝင်ခဲ့သည်ဟု သိရပြီး ထိုမတော်တဆမှုတွင် မည်သူတာဝန်ရှိသူကို စစ်ဆေးရန် သွေးစစ်ဆေးမှုကို ပြုလုပ်နေသည်ဟု ဆီဇာက ထည့်သွင်းပြောကြားခဲ့သည်။
    အနီရောင်ထရပ်ကားကြီးမှာ ပြိုင်ကားမောင်းကွင်းမှ လမ်းကြောင်းပြောင်းပြီး အတားအဆီးများကို ကျော်ဖြတ်ကာ ပြိုင်ပွဲအား ကြည့်ရှုနေသော လူအုပ်ကြီးဆီသို့ တရှိန်ထိုးဝင်ရောက်သွားခဲ့ပြီး ပရိတ်သတ်များမှ အော်သံများ ထွက်ပေါ်လာသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။
    Ref : cnn
    _______________________
    ယူကရိန်းနိုင်ငံရှိ Crimea ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗလီဝတ်ကျောင်းတော်များတည်ဆောက်မည်
    ယူကရိန်းကျွန်းဆွယ်ရှိ Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗလီဝတ်ကျောင်းတော် ၄၂-လုံးတည်ဆောက်ရန် စီစဉ်ထားရှိသည်ဟု Crimea မွတ်စလင်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    Crimea မွတ်စလင်များက ၎င်းတို့လိုအပ်နေသည့် ယဉ်ကျေးမှုအဆောက်အဦးများဆောက်လုပ်ရန် တာဝန်ရှိသူ များကို လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ဗလီဝတ်ကျောင်းတော် ၃ လုံးအား ဆောက်လုပ်ပေးခဲ့ပြီး၊ နောက်ထပ် အလုံး ၃၀ ဆောက်လုပ်ရန်မြေနေရာ သတ်မှတ်ပေးခဲ့ကာ၊ လျှောက်ထားခဲ့သည့် အခြားမြေနေရာ ၆-နေရာကိုလည်း တာဝန်ရှိသူများက စဉ်စားနေသည်ဟု သိရသည်
    Crimea မွတ်စလင်အဖွဲ့က ဒေသတွင်းရှိမွတ်စလင်များအတွက် ဗလီဝတ်ကျောင်းတော် ၅၀-ခန့် ဆောက်လုပ်ရန် လိုအပ်သည်ဟု ကြေညာခဲ့သည်။
    Ref : islam
    _______________________
    အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော် ပိတ်ရက်အတွင်း နေရာအချို့တွင် အရက်သေစာရောင်းချမှုအား ရုရှားပိတ်ပင်
    မကြာမီကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော်အတွင်း နေရာအချို့၌ အရက်သေစာရောင်းချမှုအား ရုရှားအစိုးရမှ ပိတ်ပင်ခဲ့သည်ဟုသိရသည်။
    အီဒွလ်အသွဟာ ပိတ်ရက်အတွင်း မြို့တော် မော်စကိုရှိ Soboraya နှင့် Istoricheskaya ဗလီဝတ်ကျောင်းတော် ၀န်းကျင်တွင် အရက်သေစာ ရောင်းချမှုပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု RIA Novosti သတင်းအေဂျင်ဆီက ဖော်ပြခဲ့သည်။
    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံရှိ ဒုတိယလူအများဆုံး ယုံကြည်ကိုးကွယ်သော သာသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄-ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာသောကြောင့် အစ္စလာမ်မှာ ရုရှားနိုင်ငံတွင် အလျင်အမြန် ပြန့်ပွားနေသော ဘာသာအဖြစ် သတ်မှတ်ခြင်းခံရသည်။
    Ref : islam
    _______________________
  • အောက်တိုဘာ ၆၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၆၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၆၊ ၂၀၁၃
    M-Media
    မြူများထူထပ်မှုကြောင့် တရုတ်နိုင်ငံတွင် အဝေးပြေးကားလမ်းများ ပိတ်ထားရ
    တရုတ်နိုင်ငံ နေရာဒေသ အတော်များများတွင် မြူများအုံ့ဆိုင်းခဲ့ပြီး အဝေးပြေးလမ်းများ ပိတ်ပစ်ခဲ့ရသောကြောင့် အမျိုးသားနေ့ ရုံးပိတ်ရက်အနားယူနေရာမှ အိမ်သို့ ပြန်လာသော ခရီးသွားအများစုမှာ ခရီးနှောင့်နှေးစေခဲ့သည်ဟုသိရသည်။
    ဘေဂျင်းမြို့တွင် စနေနေ့ကတည်းက မြူများအုံ့ဆိုင်းခြင်း စတင်ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်းဆက်လက်ရှိနေခဲ့ကာ မြင်နိုင်စွမ်းမှာ မီတာ ၁၀၀၀ အောက်တွင်ရှိနေသည်။ ယနေ့နံနက် ၁၀ နာရီခန့်တွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များက ဟာဘင်၊ ရှန်ဟိုင်း၊ တီအန်ဂျင် ဟီဘီပြည်နယ်များ သို့ဆက်သွယ်ထားသည့် လမ်းမများ အပါအ၀င် အဝေးပြေးလမ်း ၁၀ ခုအား ပိတ်ပစ်ခဲ့သည်။
    Ref : xinhua
    untitled
    _________________________
    ချစားမှုများနှင့် ဒီမိုကရေစီအားနည်းမှုများနှင့်ပက်သက်ပြီး မက်ဒရစ်တွင်ဆန္ဒပြ
    စပိန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ချစားမှုများနှင့် ဒီမိုကရေစီစနစ်အားနည်းမှု များအား ဆန့်ကျင်သည့်အနေဖြင့် ထောင်ချီသောလူအုပ်စုကြီးမှာ ယမန်နေ့က ဆန္ဒပြ ခဲ့ကြသည်ဟု သိရသည်။
    အဆိုပါဆန္ဒပြပွဲကို မက်ဒရစ်မြို့လယ်ရှိ Puerta del Sol ရင်ပြင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး “မာဖီယားထွက်သွား။ ဒီမိုကရေဆိုကို ကြိုဆို” စသဖြင့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။ “ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကို လိုလားပါတယ်။ ဒီမှာရှိတဲ့ဒီမိုကရေစီဆိုတာ ဆင်းရဲသားတွေက ရုန်းကန်နေရပြီး သူဌေးတွေကသာ စီးပွားရေးလုပ်ကြတဲ့ ဒီမိုကရေစီပါ” ဟု ဆန္ဒပြသူတစ်ဦးကပြောကြားခဲ့သည်။
    ဆန္ဒပြသူထောင်ပေါင်းများစွာတို့မှာ စပိန်အာဏာရပါတီ PP ပါတီ၏ ရုံးချုပ်မှတစ်ဆင့် မက်ဒရစ်မြို့တစ်ဝှမ်း လှည့်လည်ခဲ့ကြပြီး ၀န်ကြီးချုပ် မာရီယာနို ရာဂျိုင် နှုတ်ထွက်ရန်လည်း တောင်းဆိုခဲ့ကြသည်။
    Ref : presstv
    _________________________
    တရုတ်နိုင်ငံတွင် တိုင်ဖုန်းသတိပေးချက်ထုတ်ပြန်
    ဖီတိုဟု အမည်ရသည့်တိုင်ဖုန်းမုန်တိုင်းမှာ တရုတ်နိုင်ငံသို့ဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသောကြောင့် ဒီရေများ၊ လှိုင်းလုံးများနှင့်ပက်သက်ပြီး အမြင့်ဆုံး သတိပေးချက်ဖြစ်သည့် အနီရောင်သတိပေးချက်ကို တရုတ် ရေကြောင်းအာဏာပိုင်များက ယနေ့တွင် ထုန်ပြန်လိုက်သည်။
    ဖီတိုတိုင်ဖုန်းမုန်တိုင်းမှာ စနေနေ့က ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းသို့ ၀င်ရောက်ခဲ့ပြီး မုန်တိုင်းဝင်ရောက်စဉ် လေတိုက်ခတ်မှုနှုန်းမှာ တစ်နာရီ ၁၂၀ ကီလိုမီတာ ရှိသည်ဟု ဂျပန် မိုးလေ၀သအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
    ထိုမုန်တိုင်းမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူဂျန်ပြည်နှယ်နှင့် ဇီဂျီအန်ပြည်နယ်နှစ်ခုအကြားသို့ တနင်္လာနေ့တွင် ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု တရုတ်နိုင်ငံ အမျိုးသားရေကြောင်းပတ်ဝန်းကျင် ခန့်မှန်းရေးစင်တာမှ ကြေညာထားသည်။ မုန်တိုင်းဒဏ်အား ခံနိုင်ရန် တာဝန်ရှိသူများက ပင်လယ်ကမ်းခြေရှိဒီရေတားနံရံများအား ပြုပြင်နေပြီး ဆိပ်ကမ်းများကိုလည်း တောင့်တင်းအောင် ပြုလုပ်ရန် အမိန့်ပေးထားပြီးဖြစ်သည်ဟု သိရသည်။
    Ref : cnn
    _________________________
    သေနတ်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့် အီရတ်တွင် ဂျာနယ်လစ်နှစ်ဦးသေ
    အီရတ်ရုပ်သံအတွက် တာဝန်ထမ်းဆောင်ပေးနေသည့် အီရတ်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦးမှာ နိုင်ငံမြောက်ပိုင်း မူဆိုးလ်မြို့တွင် စနေနေ့က သေနတ်သမားတစ်ယောက်၏ ပစ်သတ်ခြင်းခံခဲ့ရသည်ဟုသိရသည်။
    အဆိုပါ ဂျာနယ်လစ်နှစ်ဦးမှာ al-Sharqiyah ရုပ်သံဌာနမှ ဂျာနစ်လစ်များဖြစ်ကြပြီး မူဆိုးလ်မြို့ ဆာဂ်ျ ခါနာ ခရိုင်ရှိဒေသခံများအား အင်တာဗျူးပြုလုပ်နေစဉ် အမည်မသိသေနတ်သမားတစ်ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ al-Sharqiyah ရုပ်သံဌာနမှလည်း ထိုသတင်းကို အတည်ပြုခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုန်ပြန်ပြောကြားခြင်းမပြုခဲ့ပေ။
    အီရတ် ဂျာနယ်လစ်အဖွဲ့မှ ထိုလုပ်ရပ်အား ရှုတ်ချသည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ထိုရာဇ၀တ်မှုအား တရားဥပဒေအတိုင်းဆောင်ရွက်ရန်နှင့် ဂျာနယ်လစ်အများအပေါ် ကာကွယ်မှုများပေးရန် တောင်းဆိုခဲ့သည်။ ၂၀၀၃ ခုနှစ်အမေရိကန်ကျူးကျော်စဉ်ကတည်းက ယခုအချိန်အထိ ဂျာနယ်လစ်များသေဆုံးမှုမှာ ၃၇၅ ဦးကျော်ရှိခဲ့သည်ဟု အီရတ်ဂျာနယ်လစ်အဖွဲ့မှ ယခုနှစ်အစောပိုင်းက ထုန်ပြန်ခဲ့သော မှတ်တမ်းတွင်ဖော်ပြထားသည်။
    Ref : xinhua
    _________________________
    နိုင်ငံ၏ နျူးကလီးယားလုပ်ငန်းစဉ်များအား နှောက်ယှက်ရန် ကြိုးပမ်းသူ လေးဦးကို အီရန်ဖမ်းဆီး
    အီရန်နိုင်ငံ၏ နျူးကလီးယား တည်ဆောက်ရေးလုပ်ငန်းစဉ်များအား နှောက်ယှက်ရန်ကြိုစားခဲ့သူ လေးဦးကို ဖမ်းဆီးလိုက်သည်ဟု အီရန်နျူးကလီးယားအဖွဲ့၏ ဥက္ကဌဖြစ်သူ အလီ အက္ကဘာ ဆာလေက ယနေ့တွင်ပြောကြားလိုက်သည်။
    “အချိန်အတော်ကြာကတည်းက ကျွန်တော်တို့အဖွဲ့ထဲမှာ ဒီလူလေးဦးရှိနေတာဆိုတာကို သိခဲ့တာပါ။ ဒါပေမယ့် သူတို့ကို ထောက်လှမ်းစုံစမ်းလို့ရအောင် မဖမ်းဘဲလွှတ်ပေးထားခဲ့တာပါ။ သင့်လျော်တဲ့အချိန်ရောက်ပြီဖြစ်လို့ သူတို့ကို ရက်အနည်းက အရင်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို စစ်မေးပြီးပါပြီ” ဟု ဆာလေက သတင်းအေဂျင်ဆီတစ်ခုသို့ပြောကြားခဲ့သည်။
    သို့သော်လည်း ထိုလူလေးဦးမှာ မည်သည့် နျူးကလီးယားလုပ်ငန်းစဉ်ကို နှောက်ယှက်ရန် စ်မှတ်ထားခဲ့သည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။ ဆက်လက်၍ ဆာလေက နယ်စပ်များမှ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ တရားမ၀င်လာ စိမ်ဝင်လာမှုနှင့် ပက်သက်ပြီး ဂရုစိုက်ရန် အီရန်လုံခြုံရေးတာဝန်ရှိသူများအား သတိပေးခဲ့သည်။
    Ref : xinhua
    ____________________
    စစ်သွေးကြွများကို ဦးတည်သည့် စစ်ဆင်ရေးနှစ်ခုကို အာဖရိကတွင် အမေရိကန်ပြုလုပ်
    အမေရိကန်စစ်တပ်မှ စစ်သွေးကြွများကိုဦးတည်သည့် စစ်ဆင်ရေးနှစ်ခုကို အာဖရိကနိုင်ငံနှစ်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးအတွင်း စစ်သွေးကြွ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
    လစ်ဗျားနိုင်ငံနှင့် ဆိုမာလီနိုင်ငံတို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လစ်ဗျားနိုင်ငံထရီပိုလီမြို့တွင်ပြုလုပ်သည့် စစ်ဆင်ရေးတွင် အလ်ကိုင်းဒါးခေါင်းဆောင်ဟု ယူဆရသူတစ်ဦးကို ဖမ်းမိခဲ့သည်။ အဘူ အနတ်စ် အလ် လစ်ဘီဟု အမည်ရပြီး ၁၉၉၈ခုနှစ်က ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံတို့ရှိ အမေရိကန်သံရုံးများကို ဗုံခွဲတိုက်ခိုက်မှုများအား ညွှန်ကြားခဲ့သူဟု သံသယရှိနေသူဖြစ်သည်။
    ဆိုမာလီတောင်ပိုင်းတွင် သီးခြားပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုတွင် ပစ်မှတ်ထားသည့် အလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းမရှိပေ။ စစ်ဆင်ရေးကြောင့် သေဆုံးခဲ့သူများတွင် ပါဝင်ခဲ့ခြင်းရှိမရှိဆိုသည်မှာ ရှင်းလင်းမှုမရှိသေးသော်လည်း၊ အလ်ကိုင်းဒါးနှင့် ဆက်စပ်နေသည့် အလ်ရှာဘတ်အဖွဲ့ဝင်များစွာကို သုတ်သင်ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref : channelnewsasia
    _________________________
  • အောက်တိုဘာ ၆၊ အားကစား သတင်းစုစည်းမှု
    အောက်တိုဘာ ၆၊ အားကစား သတင်းစုစည်းမှု
    အောက်တိုဘာ ၆၊ ၂၀၁၃
    M-Media
    အာဆင်နယ်အသင်း၏ စွမ်းဆောင်ရည်များအား ပိုမိုတွေ့မြင်ရမည်ဟု ၀င်းဂါးဆို
    အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် နာပိုလီအား ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့က ၂-ပွဲ ကစား ၆-မှတ်ဖြင့် မရဏအုပ်စုတွင် ဦးဆောင်နေပြီး ပရီးမီးယားလိဂ် တွင်လည်း ၂-မှတ် အသာဖြင့် ထိပ်ဆုံးရောက်နေသည့် အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက အသင်းအပေါ်တွင် ယုံကြည်မှုအပြည့်အ၀ ရှိနေပြီးနောက် အဆင်နယ်အသင်းထံမှ စွမ်းဆောင်ရည်ကောင်းများ ပိုမိုတွေ့ရမည်ဟု ပရီးမီးယားလိဂ် ပြိုင်ဘက်များအား သတိပေးပြောကြားလိုက်သည်။
    ယခင်တစ်ပါတ်က မန်ယူအသင်းအား အဝေးကွင်းတွင်အနိုင်ကစားနိုင်ခဲ့သည့် ၀က်စ်ဘရွန်း အသင်းနှင့် မနက်ဖြန်တွင်ကစားရမည့် အာဆင်နယ်အသင်းမှာ ဂျာမန်ကွင်းလယ်လူ အိုဇေးလ် ရောက်ရှိလာပြီး ကတည်းက ပုံစံကောင်းရနေပြီး ပရီးမီးယားလိဂ် ၅-ပွဲ ဆက်တိုက် နိုင်ပွဲရရှိထားသည်။
    အသင်း၏ လက်ရှိစွမ်းဆောင်ရည်က ယုံကြည်မှုကိုပိုစေပြီး ကျန်ရှိနေသည့် ပွဲများတွင် ပိုမို ကောင်းမွန်လာမည်ဟု မျှော်လင့်နေသည့် ၀င်းဂါးက “ကျွန်တော်တို့အတွက်က အခုရှိနေတဲ့ပုံစံကို ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။ ပြီးတော့ အသင်းအနေနဲ့ ပိုမိုတိုးတက်ဖို့လည်းလိုပါတယ်” ဟု talkSPORT သို့ ပြောကြားခဲ့သည်။
    goal
    _________________________
    နောက်ခံလူ ဒေါ်ဆန် စပါးအသင်းနှင့် ၃-နှစ် စာချုပ်သက်တမ်းတိုး
    ၂၀၁၂-ခုနှစ်က အသင်းမှထွက်ခွာရန်နီးစပ်ခဲ့သော်လည်း မထွက်ခွာဖြစ်ခဲ့သည့် စပါးအသင်း၏နောက်ခံအလယ်လူ ဒေါ်ဆန်မှာ စပါးအသင်းနှင့် ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီး စပါးအသင်းအတွက် ပွဲပေါင်း ၃၀၀ ပြည့်အထိကစားရန် နီးစပ်သွားခဲ့သည်။
    ထိုစာချုပ်ကြောင့် စပါးအသင်းခေါင်းဆောင် ဒေါ်ဆန်မှာ ၂၀၁၆ ခုနှစ်အထိ စပါးအသင်းတွင် ဆက်ရှိနေမည်ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ်ရှိ ဒေါ်ဆန်မှာ ၂၀၀၅ ခုနှစ်က နော်တင်ဟမ်ဖောရက်စ်အသင်းမှာ စပါးသို့ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့ပြီးဖြစ်သည်။ အသင်း၏ အဓိကနောက်ခံလူဖြစ်သည့် ဒေါ်ဆန်မှာ ပြိုင်ပွဲအားလုံးတွင် စပါးအသင်းအတွက် ၂၉၃ ပွဲကစားပေးခဲ့ပြီး ၁၀ ဂိုး သွင်းယူပေးထားသည်။
    ယခုနှစ်ရာသီတွင် ငွေးကြေးအမြောက်အများသုံးစွဲ၍ ပြင်ဆင်ထားသည့် စပါးအသင်းမှာ ရာသီအစ ၆-ပွဲကစားပြီးချိန်တွင် ၁၃-မှတ်ဖြင့် ထိပ်ဆုံးမှ အာဆင်နယ်ထက် ၂-မှတ်ကွာနေပြီး လီဗာပူးလ်အသင်းနှင့် ရမှတ်တူဂိုးကွားခြားချက်ဖြင့် တတိယနေရာတွင်ရှိနေသည်။
    goal
    _________________________
    အသင်းက ၎င်းအပေါ်ယုံကြည်မှုမရှိတော့ပါက အသင်းမှထွက်ခွာမည်ဟု အီဗရာဟီမိုဗစ်ဆို
ုပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က အသင်းရှိ သူ၏အနာဂတ်အား စိုးရိမ်ခြင်းမရှိသော်လည်း ယခုနှစ်ရာသီမှာ ၎င်းအတွက် ခက်ခဲသော ရာသီဖြစ်သည်ဟု ၀န်ခံပြောဆိုသွားခဲ့သည်။
    အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်မှာ ၂၀၁၂ ခုနှစ် နွေရာသီက အေစီမီလန်အသင်းမှာ ပီအက်စ်ဂျီသို့ ပေါင်သန်း ၂၀ ဖြင့်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့် ရာသီတွင် ပီအက်စ်ဂျီအသင်းအတွက် ၃၄-ပွဲကစားပေးခဲ့ကာ ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့သည်။ အီဗရာဟီမိုဗစ်မှာ ပြီးခဲ့သည့်လက အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းမှထွက်ခွာမည်ဟု ထွက်ပေါ်နေသည့် ကောလဟာလများအား အဆုံးသတ်ခဲ့သည်။
    အသင်းတွင်ဆက်ရှိနေရန်ရည်ရွယ်ထားပြီး အသင်းအပေါ်တွင်သာမူတည် သည်ဟု ပြောဆိုခဲ့သည့် အီဗာရာဟီမိုဗစ်က “ခင်ဗျားတို့ မသိနိုင်ပါဘူး။ တစ်နေ့မှာ ပီအက်ဂျီက ကျွန်တော်အပေါ်ယုံကြည်မှုတွေ ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်ပါတယ်။ အဲဒီအခါမှာ ကျွန်တော် တစ်ခုခုပြောင်းလဲမှာပါ” ဟု L’Equipe သို့ပြောကြားခဲ့သည်။
    goal
    _________________________
    အန်ဆယ်လော့တီနှင့် မော်ရင်ဟိုတို့အား တစ်ဦးနှစ်တစ်ဦး နှိုင်းယှဉ်၍မရဟု ဗရိန်းဆို
    ရီးယဲလ်မက်ဒရစ်အသင်း၏ နောက်ခံလူ ရာဖေးလ် ဗရိန်းက လက်ရှိနည်းပြ အန်ဆယ်လော့တီနှင့် နည်းပြဟောင်းမော်ရင်ဟိုတို့မှာ ကွဲပြားသော အရည်အချင်းများ ရှိနေသည်ဟု ဖွင့်ဟခဲ့ပြီး ဒဏ်ရာမှသက်သာလာသည့် ၎င်းအနေဖြင့် အသင်းတွင်နေရာရရှိရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုလိုက်သည်။
    ဗရိန်းမှာ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်တွင် ရီးယဲလ်အသင်း၌ အဓိကနောက်ခံလူအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး အန်ဆယ်လော့တီလက်အောက်တွင် ခြားနားသော
    လေ့ကျင့်ခန်းများနှင့် တွေ့ကြုံခဲ့ရသော်လည်း အန်ဆယ်လော့တီနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေသည်ဟု သူက ဆိုသည်။
    ထို့ပြင် မတူညီသော နည်းပြစွမ်းရည်များရှိနေသောကြောင့် မော်ရင်ဟိုနှင့် အန်ဆယ်လော့တီတို့အား နှိုင်းယှဉ်၍မရဟု ပြောဆိုခဲ့သည့် ဗရိန်းမှာ ဒဏ်ရာကြောင့် ငါးလကြာအနားယူခဲ့ရပြီး ကိုပင်ဟေဂင်အား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင်မှ အသင်းတွင်ပြန်လည် ပါဝင်ကစားနိုင်ခဲ့သည်။
    “သိပ်ကိုကြာတဲ့ ဒဏ်ရာပါပဲ။ အသင်းမှာပြန်လည်ပါဝင်ရတာကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့်စွမ်းဆောင်ရည်က ၁၀၀ ရာခိုင်းနှုန်းမရှိသေးပါဘူး။ ဘာကြောင့်လည်း ဆိုတော့ တစ်ပွဲသာ ကစားရသေးလို့ပါ။ အသက် ၂၀ အရွယ်ကျွန်တော်ဟာ အသင်းမှာ ပါဝင်ခွင့်ရဖို့ စိတ်အားထက်သန်ပြီး အရန်ခုံမှာထိုင်နေရတာ မလွယ်ပါဘူး။ အခု ကျွန်တော်ပြန်လာပါပြီ။ ပျော်ရွှင်မိပြီး နေရာရဖို့အတွက် ယှဉ်ပြိုင်ဖို့ အသင့်ပါပဲ” ဟု စပိန်အားကစားသတင်းစာ Marca သို့ ဗရိန်းက ပြောကြားခဲ့သည်။
    goal
    _________________________
    မန်စီးတီး၊ လီဗာပူးလ်၊ နယူးကာဆယ် တို့အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ်-၇ စနေနေ့ညပွဲစဉ်များ
    325256hp2
    ပရီးမီးယားလိဂ်ပွဲစဉ် ၇ အဖြစ် ပွဲစဉ် ၆ ခုကို စနေနေ့ညက ကစားခဲ့ရာ မန်စီးတီး၊ လီဗာပူးလ်နှင့် နယူးကာဆယ်အသင်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။
    မန်စီးတီး ၃-၁ အဲဗာတန်
    အီတီဟတ်ကွင်းတွင် အစောဆုံးကစားခဲ့သည့် မန်စီးတီးအသင်းနှင့် အဲဗာတန်တို့၏ ပွဲစဉ်တွင် မန်စီးတီးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့်တပတ် ပရီးမီယားလိဂ်တွင် အက်စတွန်ဗီလာအား ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်အသင်းအား ရှုံးနိမ့်ထားသည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင်သေချာ ပြင်ဆင်ခဲ့ပြီး အနိုင်ရရှိအောင် ကစားသွားနိုင်သည်။ သို့ရာတွင် အဖွင့်ဂိုးအား အဲဗာတန်အသင်းမှ စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၆ မိနစ်တွင် ချယ်ဆီးမှအငှားချထားသည့်
    လူငယ်တိုက်စစ်မှူးလူကာကူက သွင်းယူပေးခဲ့သည်။ တစ်မိနစ်အကြာတွင် မန်စီးတီးမှ တိုက်စစ်မှူးသစ် နီဂရီဒိုက ချေပဂိုးသွင်းယူပေးခဲ့သည်။
    မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်းပြီးကာနီးတွင် အဂူရိုက သွင်းယူပေးခဲ့ပြီး ၆၉ မိနစ်တွင်အဲဗာတန်ဂိုးသမားတင်ဟောင်းဝပ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် မန်စီးတီးအသင်းက တတိယအနိုင်ဂိုးကို ရရှိခဲ့သည်။
    ………………………………
    လီဗာပူးလ် ၃-၁ ခရစ္စတယ်ပဲလေ့စ်
    ယခုနှစ်ရာသီတွင် အကောင်းဆုံးစွမ်းဆောင်နေနိုင်သည့် လီဗာပူးလ်အသင်းမှာ အန်ဖီးလ်တွင် ကစားခဲ့သည့် ယခုပွဲတွင်လည်း အမှားအယွင်းမရှိခဲ့ချေ။ လီဗာပူးလ်အသင်းက ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် ဦးဆောင်ဂိုးကို ၁၃ မိနစ်တွင် ဆွာရက်ဇ်ကသွင်းယူပေးခဲ့ပြီး များမကြာမီ ၁၇-မိနစ်တွင် တိုက်စစ်မှူး စတားရစ်ဂ်ျက ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ၃၈ မိနစ်တွင် အသင်းခေါင်းဆောင် ဂျရတ်က ပင်နယ်တီမှတစ်ဆင့် တတိယဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးလ်အတွက် အနိုင်သုံးမှတ်ကို သေချာစေခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်အတွက် နှစ်သိမ့်ဂိုးကို ၇၆-မိနစ်တွင် ဒွိုက် ဂေလီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    လီဗာပူးလ်အသင်းတိုက်စစ်မှူးများဖြစ်ကြသည့် စတားရစ်ဂ်ျနှင့် ဆွာရက်ဇ်မှာ အတွဲမိနေပြီး ၎င်းတို့နှစ်ဦးပါဝင်ကစားခဲ့သည့် ပွဲစဉ် ၉ ပွဲတွင် နှစ်ဦးပေါင်း ၁၁-ဂိုး အထိ သွင်းယူပေးထားနိုင်သည်။
    …………………………………..
    ကာဒစ်ဖ် ၁-၂ နယူးကာဆယ်
    ကာဒစ်ဖ်နှင့် နယူးကာဆယ်တို့ကစားခဲ့သည့်ပွဲတွင် ဧည့်သည်နယူးကာဆယ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ အဖိုးတန် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။ အိမ်ရှင်ကာဒစ်ဖ်အသင်းမှာ ယခင်တစ်ပါတ်က ဖူလ်ဟမ်အသင်းအား အနိုင်ရရှိခဲ့သည့် လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး၊ နယူးကာဆယ်အသင်းမှာ အဲဗာတန်အား ရှုံးနိမ့်ခဲ့သည့် လူစာရင်းအား သုံးနေရာအပြောင်းအလဲလုပ်၍ ရင်ဆိုင်ခဲ့သည်။
    နယူးကာဆယ်အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင်ပင် ရရှိခဲ့ခြင်းဖြစ်ပြီး ၃၀ မိနစ်နှင့် ၃၈ မိနစ်တို့တွင် လိုအစ် ရီမီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကာဒစ်ဖ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ၅၈ မိနစ်တွင် ပီတာ အိုဒမ်ဝင်ဂီက သွင်းယူပေးခဲ့သည်။
    ……………………………………………………
    ဟားလ်စီးတီး ၀-၀ အက်စတွန်ဗီလာ
    ဖူလ်ဟမ် ၁-၀ စတုတ်
    အခြားပွဲစဉ်များဖြစ်ကြသည့် ဟားလ်စီးတီးအသင်းနှင့် အက်စတွန်ဗီလာတို့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး၊ ဖူလ်ဟမ်အသင်းနှင့် စတုတ်တို့ပွဲစဉ်တွင် ဖူလ်ဟမ်က ဒါရင်းဘန့်၏ ၈၃ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    _______________________
  • မန်စီးတီး၊ လီဗာပူးလ်၊ နယူးကာဆယ်တို့အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ်  ပွဲစဉ်-၇ စနေနေ့ညပွဲစဉ်များ
    မန်စီးတီး၊ လီဗာပူးလ်၊ နယူးကာဆယ်တို့အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ်-၇ စနေနေ့ညပွဲစဉ်များ
    အောက်တိုဘာ ၆၊ ၂၀၁၃
    M-Media
    324140_heroa
    ပရီးမီးယားလိဂ်ပွဲစဉ် ၇ အဖြစ် ပွဲစဉ် ၆ ခုကို စနေနေ့ညက ကစားခဲ့ရာ မန်စီးတီး၊ လီဗာပူးလ်နှင့် နယူးကာဆယ်အသင်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။
    မန်စီးတီး ၃-၁ အဲဗာတန်
    အီတီဟတ်ကွင်းတွင် အစောဆုံးကစားခဲ့သည့် မန်စီးတီးအသင်းနှင့် အဲဗာတန်တို့၏ ပွဲစဉ်တွင် မန်စီးတီးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့်တပတ် ပရီးမီယားလိဂ်တွင် အက်စတွန်ဗီလာအား ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်အသင်းအား ရှုံးနိမ့်ထားသည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင်သေချာ ပြင်ဆင်ခဲ့ပြီး အနိုင်ရရှိအောင် ကစားသွားနိုင်သည်။ သို့ရာတွင် အဖွင့်ဂိုးအား အဲဗာတန်အသင်းမှ စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၆ မိနစ်တွင် ချယ်ဆီးမှအငှားချထားသည့်
    လူငယ်တိုက်စစ်မှူးလူကာကူက သွင်းယူပေးခဲ့သည်။ တစ်မိနစ်အကြာတွင် မန်စီးတီးမှ တိုက်စစ်မှူးသစ် နီဂရီဒိုက ချေပဂိုးသွင်းယူပေးခဲ့သည်။
    မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်းပြီးကာနီးတွင် အဂူရိုက သွင်းယူပေးခဲ့ပြီး ၆၉ မိနစ်တွင်အဲဗာတန်ဂိုးသမားတင်ဟောင်းဝပ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် မန်စီးတီးအသင်းက တတိယအနိုင်ဂိုးကို ရရှိခဲ့သည်။
    ………………………………
    လီဗာပူးလ် ၃-၁ ခရစ္စတယ်ပဲလေ့စ်
    ယခုနှစ်ရာသီတွင် အကောင်းဆုံးစွမ်းဆောင်နေနိုင်သည့် လီဗာပူးလ်အသင်းမှာ အန်ဖီးလ်တွင် ကစားခဲ့သည့် ယခုပွဲတွင်လည်း အမှားအယွင်းမရှိခဲ့ချေ။ လီဗာပူးလ်အသင်းက ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် ဦးဆောင်ဂိုးကို ၁၃ မိနစ်တွင် ဆွာရက်ဇ်ကသွင်းယူပေးခဲ့ပြီး များမကြာမီ ၁၇-မိနစ်တွင် တိုက်စစ်မှူး စတားရစ်ဂ်ျက ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ၃၈ မိနစ်တွင် အသင်းခေါင်းဆောင် ဂျရတ်က ပင်နယ်တီမှတစ်ဆင့် တတိယဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးလ်အတွက် အနိုင်သုံးမှတ်ကို သေချာစေခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်အတွက် နှစ်သိမ့်ဂိုးကို ၇၆-မိနစ်တွင် ဒွိုက် ဂေလီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    လီဗာပူးလ်အသင်းတိုက်စစ်မှူးများဖြစ်ကြသည့် စတားရစ်ဂ်ျနှင့် ဆွာရက်ဇ်မှာ အတွဲမိနေပြီး ၎င်းတို့နှစ်ဦးပါဝင်ကစားခဲ့သည့် ပွဲစဉ် ၉ ပွဲတွင် နှစ်ဦးပေါင်း ၁၁-ဂိုး အထိ သွင်းယူပေးထားနိုင်သည်။
    …………………………………..
    ကာဒစ်ဖ် ၁-၂ နယူးကာဆယ်
    ကာဒစ်ဖ်နှင့် နယူးကာဆယ်တို့ကစားခဲ့သည့်ပွဲတွင်
    ဧည့်သည်နယူးကာဆယ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ အဖိုးတန်
    အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။ အိမ်ရှင်ကာဒစ်ဖ်အသင်းမှာ
    ယခင်တစ်ပါတ်က ဖူလ်ဟမ်အသင်းအား အနိုင်ရရှိခဲ့သည့် လူစာရင်းအတိုင်း
    ပွဲထွက်လာခဲ့ပြီး၊ နယူးကာဆယ်အသင်းမှာ အဲဗာတန်အား ရှုံးနိမ့်ခဲ့သည့်
    လူစာရင်းအား သုံးနေရာအပြောင်းအလဲလုပ်၍ ရင်ဆိုင်ခဲ့သည်။
    နယူးကာဆယ်အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင်ပင် ရရှိခဲ့ခြင်းဖြစ်ပြီး ၃၀ မိနစ်နှင့် ၃၈ မိနစ်တို့တွင် လိုအစ် ရီမီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကာဒစ်ဖ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ၅၈ မိနစ်တွင် ပီတာ
    အိုဒမ်ဝင်ဂီက သွင်းယူပေးခဲ့သည်။
    ……………………………………………………
    ဟားလ်စီးတီး ၀-၀ အက်စတွန်ဗီလာ
    ဖူလ်ဟမ် ၁-၀ စတုတ်
    အခြားပွဲစဉ်များဖြစ်ကြသည့် ဟားလ်စီးတီးအသင်းနှင့် အက်စတွန်ဗီလာတို့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး၊ ဖူလ်ဟမ်အသင်းနှင့် စတုတ်တို့ပွဲစဉ်တွင် ဖူလ်ဟမ်က ဒါရင်းဘန့်၏ ၈၃ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    _______________________