News @ M-Media

Author: YinYin

  • ကျောင်းသားထုညီလာခံ ၂၀၁၅ နှစ်ဆန်းတွင် ပြုလုပ်မည်ဟု ဗကသများအဖွဲ့ချုပ် သတင်းထုတ်ပြန်

    ကျောင်းသားထုညီလာခံ ၂၀၁၅ နှစ်ဆန်းတွင် ပြုလုပ်မည်ဟု ဗကသများအဖွဲ့ချုပ် သတင်းထုတ်ပြန်

    မတ် ၁၀၊ ၂၀၁၄
    M-Media
    ပိုင်စိုးနိုင်

    ဓါတ်ပုံအညွှန်း - ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)အဖွဲ့ဝင်များ
    ဓါတ်ပုံအညွှန်း – ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)အဖွဲ့ဝင်များ

    ကျောင်းသားထုညီလာခံကို ၂၀၁၅ နှစ်ဆန်းတွင် ကျင်းပပြုလုပ်နိုင်ရန် စီစဉ်သွားမည်ဟု ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ၏  ဖေဖော်ဝါရီ ၂၅ရက်မှ မတ်လ ၁ရက်နေ့အထိ ငါးရက်ကြာ အစည်းအဝေးမှ ရလဒ်အဖြစ် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ညီလာခံ မတိုင်မီ ကျောင်းသားထု အခွင့်အရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ကျင်းပမည်ဖြစ်ပြီး ခရိုင်အဆင့် ကျောင်းသားသမဂ္ဂများ၏ စည်းရုံးရေး လုပ်ငန်းစဉ် များကိုလည်း ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

    အဆိုပါကျောင်းသားညီလာခံသို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ ခရိုင်ကျောင်းသား သမဂ္ဂ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး တစ်နိုင်ငံလုံး အဆင့် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ကိုလည်း ရွေးကောက် တင်မြောက်သွားမည်ဟု သိရသည်။ ကျောင်းသားညီလာခံ မဖြစ်မြောက်မီ အချိန်ထိ လက်ရှိဦးဆောင်နေသော ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များကသာ ဦးဆောင်ပေးသွားမည်ဖြစ်ပြီး အမှုဆောင်သစ်ပေါ်ပေါက်လာပါက တာဝန်လွှဲ ပြောင်းပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ကျောင်းသားထုညီလာခံဖြစ်မြောက်ရေးအတွက် ခရိုင် အသီးသီးရှိ ကျောင်းသား သမဂ္ဂများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဖြစ်မြောက်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး လုပ်ငန်း အဆင့်အဆင့်ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ ဗကသများ အဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ မပါဝင်ဘဲ ကိုကျော်ကိုကို ဦးဆောင်သည့် ယခင်မျိုးဆက်ကျောင်းသားဟောင်များဖြစ်ကြသည်။

    ကျောင်းသားထုညီလာခံဟု အမည်တပ်ရန်အတွက် ဗကသများ အဖွဲ့ချုပ်နှင့် မူဝါဒ ကွဲပြားသည့် အခြားကျောင်းသား သမဂ္ဂများလည်း ပါဝင်ရန် လိုအပ် သော်လည်း လက်ရှိတွင် ကျောင်းသားသမဂ္ဂများမှာ ကိုကျော်ကိုကို ဦးဆောင်သည့် အုပ်စု၊ ကိုဒီငြိမ်းလင်း ဦးဆောင်သည့် အုပ်စု၊ ကိုစည်သူမောင် ဦးဆောင်သည့် အုပ်စုဟူ၍ ကွဲပြားနေလျက်ရှိပါသည်။ ဗကသများ အဖွဲ့ချုပ်ကို ၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ အဆိုပါကျောင်းသားခေါင်းဆောင်များက ပြန်လည်အသက်သွင်းခဲ့ကြခြင်းဖြစ်သည်။

     

  • အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ

    အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ

    မတ် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00446

    ရန်ကုန်    ။         ။ အာဆီယံဖိုရမ်တွင် ၀င်ရောက်ဆွေးနွေးနိုင်ရန်အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ၇ မျိုးပါဝင်သည့် တိုင်းရင်းသားဖိုရမ်တစ်ခုကို ယနေ့ မတ်လ ၁၇ ရက်နေ့မှစတင်ကာ ၁၉ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်များ မျက်မမြင်မိတ်သယာယ ရန်ကုန်မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

    “ကျွန်မတို့အဓိကကတော့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒေသအသီးသီးရဲ့အဖြစ်အပျက်တွေကို ဖလှယ်သွားကြမှာပါ။ အားလုံးဆွေးနွေးပြီးမှ အာဆီယံဖိုရမ်မှာဘယ်လိုအကြောင်းအရာတွေ ၀င်ရောက် ဆွေးနွေးကြမလဲဆိုတာစဉ်းစားပြီးတိုင်ပင်ကြမှာဖြစ်ပါတယ်” ဟု ဖိုရမ်ကျင်းပရေးဒါရိုက်တာ နော်အိအိမင်းကပြောကြားခဲ့သည်။

    ၎င်းဖိုရမ်တွင် အဓိက တိုင်းရင်းသားဒေသ အသီးသီးရှိဖြစ်ရပ်များကို အတွေ့ကြုံဖလှယ်ကြမည်ဖြစ်ပြီး အာဆီယံဖိုရမ်သို့တင်းသွင်းမည့် Statement ကို တိုင်းရင်းသားများ တိုင်ပင်ပြီး ရေးဆွဲသွားကြမည်ဖြစ်ပြီး အာဆီယံနှင့် ချိတ်ဆက်နိုင်မည့် ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

     

     

  • Alliance for Smile နှင့် ဝိတိုရိယဆေးရုံတို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ခွဲစိတ်ပေး

    Alliance for Smile နှင့် ဝိတိုရိယဆေးရုံတို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ခွဲစိတ်ပေး

    မတ် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00456

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို အမေရိကန်ပြည်ထောင်စု အခြေစိုက် Alliance for Smile အဖွဲ့နှင့် ၀ိတိုရိယ ပုဂ္ဂလိကဆေးရုံတို့မှ ပူးပေါင်းပြီး မတ်လ ၁၀ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ ရန်ကုန်မြို့ ၀ိတိုရိယ ပုဂ္ဂလိကဆေးရုံ၌ အခမဲ့ခွဲစိတ် ကုသပေး လျက်ရှိပါသည်။

    ခွဲစိတ်ကုသပေးမည့်အကြောင်းကို သက်ဆိုင်ရာဆေးရုံများ၊ နိုင်ငံပိုင် သတင်းစာများမှ ဖော်ပြထားပြီး နှုမ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၂၈ ယောက် လာရောက်လျောက်ထားခဲ့ရာ ကလေးများထဲမှ အသက်အရွယ်၊ ပေါင်ချိန်၊ သွေးနီဥပြည့် မပြည့် စသည့် ခွဲစိတ်ကုသမှုကို ခံယူနိုင်မည့် ကလေးများကို ရွေးချယ်ခဲ့ရာ အယောက် ၁၀၀ ကိုခွဲစိတ် ကုသပေးနေကြောင်းသိရသည်။

    “ကျွန်မတို့ဆေးရုံကို Alliance for Smile ဆိုတဲ့ ပရဟိတအဖွဲ့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လာကမ်းလှမ်းတော့ ကျွန်မတို့လက်ခံခဲ့ပြီး ကူညီ ဆောင်ရွက်ပေးတယ်။ ကလေးတွေကို Alliance for Smile က အဓိက Doctor နှစ်ယောက်က ခွဲစိတ်ပေးတယ်။ မြန်မာပြည်က ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်ကလည်း သူတို့နဲ့ အတူ ကူညီဆောင်ရွက်ပေးပါတယ်။ ကလေးတွေနဲ့ ပါလာတဲ့လူနာစောင့်တွေကိုလည်း ၈ မိုင်က ပေါက်စေတီ ကျောင်းမှာတည်းဖို့ စီစဉ်ပေးထားပြီး အစားအသောက်ကအစ ကျွန်မတို့ဆေးရုံဘက်က တာဝန်ယူပေးပါတယ်၊ ခွဲစိတ်တာကိုတော့ Alliance for Smile ကတာဝန်ယူထားပါတယ်” ဟုဝိတိုရိယဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာ ခိုင်သဉ္ဇာမောင်က ပြောကြားခဲ့သည်။

    အသက် ၁-နှစ်အရွယ် ကလေးငယ်မှအစ အသက် ၂၃-နှစ်အထိ စုစုပေါင်း ၁၀၀-ဦးကို တစ်နေ့လျှင် ၁၀ ယောက်နှုန်းဖြင့် ခွဲစိတ်ကုသပေးလျက် ရှိနေပါသည်။ “ကလေးငယ်များကိုအနာဂတ်တွင် လှလှပပပြုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ခွဲစိတ်ကုသပေးတာဖြစ်ပါတယ်” ဟု ၀ိတိုရိယဆေးရုံမှ တာဝန်ရှိဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

    ခွဲစိတ်အောင်မြင်ပြီးဖြစ်သော ဗန်းမော်မြို့နယ်နေ ရွှေကူကျေးရွာမှ မောင်ငြိမ်းခန့်ထွေး၏မိခင်ဖြစ်သူ ဒေါ်တင်တင်သန်းက “ကျွန်မ ကလေးက မွေးရာပါ နှုမ်းခမ်းရော အာခေါင်ရော ကွဲနေတာပါ။ ကလေးကအခု ၂ နှစ်နဲ့ ၇ လရှိနေပြီ မကုသနိုင်သေးပါဘူး။ ကျွန်မတို့က ရွှေကူဆေးရုံကြီးကနေ အခုလို ရန်ကုန်မှာ ခွဲစိတ်ပေးမယ်လို့ လာပြောတော့ အရမ်းဝမ်းသာသွားပြီး စာရင်းပေးလိုက်တယ်။ ကလေးကိုလည်းစစ်ဆေးပြီး ခွဲစိတ်လို့ ရတယ်ဆိုတာနဲ့ ဒီနေ့ မနက်ပဲခွဲစိတ်လိုက်ပါတယ်။ အခုတော့ သားလေးပုံမှန်ဖြစ်တော့မယ်ဆိုတော့ အရမ်းဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။

    ၎င်းအာခေါင်ကွဲ၊ နှုမ်ခမ်းကွဲကလေးများသို့ ဆရာတော် အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက၊ ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ချစ်သုဝေ၊ လင်းလင်း တို့က လာရောက် အားပေးစကားများ ပြောခဲ့ကြကြောင်းလည်း သိရသည်။ Alliance for Smile ပရဟိတအဖွဲ့တွင် လုပ်အားပေး ၁၇ ယောက်ပါရှိပြီး မြန်မာနိုင်ငံ ခရီးစဉ်ပြီးပါက တရုတ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟုရေးခွင့် မပြုရန် ရခိုင်လူမျိုးများ ဆန္ဒပြ ၊

    သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟုရေးခွင့် မပြုရန် ရခိုင်လူမျိုးများ ဆန္ဒပြ ၊

    မတ် ၁၆၊ ၂၀၁၄
    M-Media
    ဇာဏီ

    1622738_273896506107855_1535347958_n 1926911_273896519441187_1557145024_n

    စစ်တွေ ။ ။ ၂၀၁၄-ခု ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ လူမျိုး အမည် မပါဝင်စေရန် ကန့်ကွက်ဆန္ဒပြမှုအား ယနေ့ မတ်လ ၁၆-ရက်နေ့တွင် စစ်တွေမြို့၌ ရခိုင်လူမျိုးများမှပြုလုပ်ခဲ့ရာ ဘုန်းကြီးများအပါအ၀င် လူသောင်းချီ၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။

    ၂၀၁၄-ခု သန်းခေါင်စာရင်းကောက်ယူရာတွင် Code နံပါတ် ၉၁၄ တွင်  ရိုဟင်ဂျာဟု ရေးသားခွင့် မပေးရန် အတွက် ရခိုင်များက တောင်းဆို ဆန္ဒပြကြခြင်းဖြစ်သည်။

    ဆန္ဒပြသူများက  သန်းခေါင်စာရင်းတွင် ကုတ်နံပါတ် ၉၁၄ – ရိုဟင်ဂျာဟု သုံးရခြင်းမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ထောက်ပံ့ထားသည့် အတွက် အစိုးရမှ ၉၁၄ – ရိုဟင်ဂျာ ထည့်သွင်း ခွင့်ပေးသည့်ဟု အစိုးရအားစွပ်စွဲလိုက်ပြီး  ၎င်းအား ပြန်ဖျက်ပေးရန် အစိုးရအား ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ရိုဟင်ဂျာရေးသား ခွင့်ပေးပါက သန်းခေါင် စာရင်းကောက်ယူခြင်းကို ရခိုင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် သပိတ်မှောက် သွားမည်ဟု ခြိမ်းခြောက်လိုက်သည်။

    ၎င်းအကြောင်းအရာဖြင့် ဘူးသီးတောင်၊မင်းပြား၊ မြေပုံ၊ ရသေ့တောင် စုစုပေါင်း ရခိုင်ပြည်နယ် ၁၀ နေရာတွင် ဆန္ဒပြမှုများရှိခဲ့ကြောင်း သိရသည်။

    သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ဟာ ကိန်းဂဏန်းတွေကို သိရှိလိုတာကြောင့် ကောက်ခံတာဖြစ်တဲ့ အတွက် နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ခွင့် ကိစ္စရပ်တွေနဲ့ မည်သို့မျှ သက်ဆိုင်မှု မရှိကြောင်းကိုလည်း ဝန်ကြီးဦးခင်ရီက လွန်ခဲ့သည့် ၃ ရက်အရင် စစ်တွေမြို့မှ မွတ်စလင် ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ပြည်သူလူထုအနေနဲ့ လူမျိုး အမည်လွှဲပြောစရာ မလိုဘဲ လူထုပြောမည် လူမျိုးအမည်သာ ထည့်သွင်းမည်ဖြစ်ကြောင်း ၊လူဝင်မှုကြိးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန အမျိုးသား သန်းခေါင်စာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင် ပြောကြားချက်ကို ဇန်နဝါရီ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ တွင်ဖော်ပြပါရှိသည်။

    ဓါတ်ပုံ- FB

  • ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား

    ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား

    မတ် ၁၅၊ ၂၀၁၄
    M-Media
    K K

    unnamed

    ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မင်္ဂလာလမ်းတွင် ယနေ့ ညနေ ၅း၄၅-နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့သော်လည်း ရပ်ကွက်ပြည်သူများက မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားသည်ဟု သိရသည်။

    ဖြစ်စဉ်မှာ ထမင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲ၍ ၁၀-မိနစ်ခန့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် တန်ဖိုး ၃၀၀၀၀ ကျပ်နီးပါး ဒစ်ဂျစ်တယ် မီးဖိုတစ်လုံးသာဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

    “မီးဖိုးကတဆင့်ဖြစ်တာ။ လျှပ်စစ်မီးခလုတ်ရှိတယ်။ အဖွင့်အပိတ်ခလုတ်က ဖွင့်လို့လည်း မရဘူး ပိတ်လို့လည်း မရဘူး။ အသေကြီးဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ မီးဝင်သွားတာပဲ လျှပ်စစ်အခေါ်အဝေါ်အရဆိုရင်တော့ တန်းပြီး လျှော့ဝင်သွားတာ ဒီဂျစ်တယ်မီးဖိုတစ်လုံး လောင်တာဖြစ်တဲ့အတွက် ၅ မိနစ်လောက်တော့ ကြာလိမ့်မယ်။ အပူလွန်ကဲပြီးလောင်တာပါ။” ဟု စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။