News @ M-Media

Author: YinYin

  • ကလေးတစ်ယောက်ပေါ်လစီအား ချိုးဖောက်မှုနှင့် ပက်သက်၍ တရုတ်နာမည်ကြီး ဒါရိုက်တာတစ်ဦး တရားစွဲဆိုခံရ

    ကလေးတစ်ယောက်ပေါ်လစီအား ချိုးဖောက်မှုနှင့် ပက်သက်၍ တရုတ်နာမည်ကြီး ဒါရိုက်တာတစ်ဦး တရားစွဲဆိုခံရ

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media

    Untitled

    တရုတ်နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲတို့ကို တာဝန်ယူဆောင်ရွက်ခဲ့သူ Zhang Yimou မှာ တိုင်းပြည်၏ ကလေးတစ်ယောက်ပေါ်လစီအား ချိုးဖောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒေါ်လာ ၁၆၄ သန်း ဒဏ်ငွေပေးဆောင်ရမည့် တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ယမန်နေ့တွင်ပြောကြားခဲ့သည်။

    Zhang အား နိုင်ငံတောင်ပိုင်း Wuxi မြို့ရှိ ပြည်သူ့တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ထိုတရားစွဲဆိုမှုနောက်တွင် ပါဝ်နေသည့် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ ထိုမြို့မှာ Zhang ဇနီးဖြစ်သူ၏ နေရပ်လည်းဖြစ်သည်။ ထိုအမှုအားရှုံးနိမ့်ခဲ့ပါက Zhang မှာ ယွမ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၆ သန်း)ခန့်ကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

    Zhang မှာ အခြားအမျိုးသမီးများစွာနှင့် သားသမီး ၇-ယောက်ခန့်ရှိသည်ဟု ကေလဟာလများမှာ လွန်ခဲ့သည့် လများစွာကပင်ပျံ့နှံ့ခဲ့ပြီး Zhang က ၎င်း အနေဖြင့် လက်ရှိဇနီးဖြစ်သူနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက်သာ ရှိသည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ယနေ့တွင်ပြောကြားခဲ့သည်။

    ၁၉၇၀ ခုနှစ်များက ပြဌာန်းခဲ့သည့် တရုတ်နိုင်ငံ၏ ကလေးတစ်ယောက်ဥပဒေမှာ တရုတ်နိုင်ငံသားများအပါအ၀င် လူအများအပြား၏ဝေဖန်မှုကိုခံနေရသည်။ ထိုဥပဒေအရ ကလေးတစ်ယောက်ထက်ပိုယူပါက နိုင်ငံတော်အား ဒဏ်ကြေးပေးဆောင်ရပြီး တရုတ်နိုင်ငံရှိ ငွေကြေးချမ်းသာသူများမှာ နိုင်ငံတော်အား ဒဏ်ကြေးပေးဆောင်ကာ ကလေးတစ်ဦးထက်ပိုယူကြသည်။

    Ref : ChannelNewsAsia

  • ထိုင်းဆန္ဒပြမှုများ ပြန်စမည်

    ထိုင်းဆန္ဒပြမှုများ ပြန်စမည်

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media

    201312615017962734_20

    ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့ကျင်းပရန်အတွက် ရပ်နားထားသည့် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုများကို ထိုင်းအတိုက်အခံများက ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင် နေသည်ဟု သိရသည်။ မွေးနေ့အခမ်းအနားတွင် ဘူမိဘောက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားအားလုံး အတူတကွလုပ်ဆောင်ရန် မိန့်ကြားခဲ့ သော်လည်း လက်ရှိဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာမှာ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ လွှမ်းမိုးမှုများရှိနေသည်ဟု အတိုက်အခံများက ယုံကြည်နေကြပြီး ယင်းလပ်ဦးဆောင်သည့် အစိုးရအား ဖြုတ်ချရန်အတွက် ရည်ရွယ်ထားကြသည်။

    သို့သော် ၀န်ကြီးချုပ်ယင်းလပ်က တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဟု ပြောကြားထားသော်လည်း အတိုက်အခံဘက်မှတောင်းဆိုထား သည့် ရာထူးမှနှုတ်ထွက်ရေးနှင့် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရေးကိုမူ အခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။ တစ်လတာကြာမြင့်ခဲ့သည့်ဖြစ်သည့် ထိုင်းနိုင်ငံ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၃ ဦးခန့်သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

    Ref : Aljazeera

  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    1476323_552182684874788_1032934133_n

    ရန်ကုန်  ။      ။   မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဘာသာပေါင်းစုံမှ ဦးဆောင်ဆရာတော်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ခေါင်းစဉ်ဖြင့် မနက်ဖြန် နိုဝင်ဘာ ၈-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ နံနက် ၉း၀၀-နာရီမှ ၁၂း၀၀-နာရီထိ ပြုလုပ်မည်ဖြစ်သည်။

    ၎င်းဆွေးနွေးပွဲအား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ဆွေးနွေးပွဲအား ကွန်ရက်များပေါင်းစုထားသည့် Peace Alliance (ငြိမ်းချမ်းရေးမဟာမိတ်အဖွဲ့)မှ ပြုလုပ်ခြင်းဖြစ်ပြီး ဘာသာပေါင်းစုံ ဦးဆောင်ဆရာတော်များဖြစ်သည့် သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်တစ်ပါး၊ ဆရာ ဦးအေးလွင်၊ ဆရာ ဒေါက်တာစောလှိုင်ဘွား၊ ဆရာဦးအောင်နိုင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

    အဆိုပါ ဆွေးနွေးမှုမှာ ၂၀၀၈-ဖွဲ့စည်းပုံဥပဒေ အပိုဒ် ၈-မှာ ပါတဲ့ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ဆိုတဲ့အချက်ကို အဓိက ဦးတည်ဆွေးနွေးရန် ရည်ရွယ်ပြီး ယခု ခေါင်းစဉ်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

  • ဒီဇင်ဘာ ၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၆၊ ၂၀၁၃
    M-Media

    မတည်ငြိမ်မှုနှင့် လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုများကို သင်ခန်းစာယူရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

    – ဒီမိုကရေစီဖော်ဆောင်ရာမှာ ကမ္ဘာ့နိုင်ငံတချို့မှာ ကြုံတွေ့နေရတဲ့ အသွင်ကူးပြောင်းရေးကာလ မတည်ငြိမ်မှုနှင့် လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုများကို
    သင်ခန်းစာ ရယူပြီး အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေရန် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းကို ကာကွယ်ရေးဦးစီးချုပ်
    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်တွင် ယနေ့ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် အပတ်စဉ်-၁၆ ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင်  ပြောကြား လိုက်ကြောင်း သိရသည်။

    ________________________

    ပြန်လည် အသက်ဝင်လာတဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုသင်တန်းများ

    – ၁၉၉၆-ခုနှစ်နောက်ပိုင်း ရိုးရိုးဝိဇ္ဇာသိပ္ပံဘွဲ့ကြိုသင်တန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ ပိတ်ထားခဲ့ရပြီး၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့သင်တန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေ သာ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၇-နှစ်ကြာ ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ယခု ၂၀၁၃-ခု ဒီဇင်ဘာ ၅-ရက်နေ့မှာ ပြန်လည်၍ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
    ________________________

    ပြောင်းလဲမှု မြန်ဆန်တဲ့ လူမှုအဖွဲ့အစည်းအတွင်းက အမျိုးသမီးများ ညီလာခံ

    –  ပြောင်းလဲမှု မြန်ဆန်တဲ့ လူမှုအဖွဲ့အစည်းအတွင်းက အမျိုးသမီးများ ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသမီးများ ညီလာခံတစ်ရပ်ကို ရန်ကုန်မြို့ ဟိုတယ်တွင် ယနေ့ ပြုလုပ်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံစေလိုကြောင်းနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဉ်းစားရန်နှင့် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စက အမျိုးသမီးများ အရည်အချင်းကိစ္စမဟုတ်ပဲ အမျိုးသမီးများ တန်းတူအခွင့်အရေးမရကြခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ________________________

    လာအို သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

    – မြန်မာနှင့် လာအိုနိုင်ငံတို့မှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအား တိုးမြှင့်ရန်နှင့် မဲခေါင်မြစ်ဝှမ်းနှင့် နယ်စပ်ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးတို့ အပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးကို အရေးစိုက်ဆောင်ရွက်နေကြပြီး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေး၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာ
    ပူပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အတွက်လည်း နည်းလမ်းများကို ရှာဖွေနေကြ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် မတ်လက ဗီယင်တိုင်းသို့
    သွားရောက်လည်ပတ်ခဲ့ပြီးနောက် အပြန်အလှန်အားဖြင့် Choummaly က နေပြည်တော်သို့ လာရောက်လည်ပတ်မည်ဖြစ်သည်။
    ________________________

    တရုတ်-မြန်မာနည်းပညာ ပူးပေါင်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲပြုလုပ်

    – မြန်မာနိုင်ငံတွင်လက်ခံကျင်းပသည့် ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ
    ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် တရုတ်နိုင်ငံမှ တရုတ်ယွမ်ငွေသန်းပေါင်း ၂၁၂-သန်းတန်ဖိုးရှိ နည်းပညာအကူအညီများကို ပံ့ပိုးကူညီပေးထားကြောင်းနှင့်
ှအားကစားပြိုင်ပွဲကြီး မြန်မာ နိုင်ငံတွင်အောင်မြင်စွာ ကျင်းပနိုင်င်ရေးအတွက် မြန်မာနိုင်ငံအစိုးရတို့ကြား အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွာကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နည်းပညာနှင့် အခြားအကူအညီများကို တရုတ်နိုင်ငံမှ အားကစားဆိုင်ရာပညာရှင်များ၊ အင်ဂျင်နီယာများက
    မြန်မာအားကစားနည်းပြများ၊ အားကစားသမားများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းကာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး China Sport Internaational Cooperationn-CSIC မှ အားကစားဆိုင်ရာ နည်းပညာနှင့် နည်းပြများကို CAEG နှင့် အခြားအဖွဲ့အစည်းများမှလည်း ပညာရှင် ၇၀၀ ကျော်ဖြင့် ကူညီ၍ အားကစား ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေးထားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားကူညီပေးမှု သမိုင်းတွင် ထူးခြားသော မှတ်တိုင်သစ် အဖြစ် မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်ကို သိရှိရသည်။
    ________________________

  • Telenor Myanmar မှ အလုပ်အကိုင်အခွင့်လမ်းပြပွဲကျင်းပ

    Telenor Myanmar မှ အလုပ်အကိုင်အခွင့်လမ်းပြပွဲကျင်းပ

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    သီရိ

    IMG_1163

    ရန်ကုန် ။        ။        ပြည်တွင်း၌ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor Myanmar ၏ အလုပ်အကိုင် အခွင့် အလမ်းပြသပွဲကို ယနေ့ ဒီဇင်ဘာ ၅-ရက် နံနက် ၉-နာ၇ီမှ ညနေ ၄-နာ၇ီထိ ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ ဆရာစံပလာဇာ၌ ပြုလုပ်ကျင်းပ ခဲ့သည်။

    ထိုအခမ်းအနားတွင် အလုပ်လာရောက်လျောက်ထားသူ ၃၀၀၀-ကျော်ရှိကြောင်းသိရှိရသည်။  Telenor Myanmar တွင် External Relations, Regulatory, Legal, Accounting, Business Assurance, Business Planning and Performance Management, Network Sourcing,  Core Network, Transport, Sale and Distribution စသည့် မိမိ ကျွမ်းကျင်သည့် Position ကိုလျှောက်ထားနိုင်ကြောင်း သိရသည်။

    ONLINE တွင်လဲ [email protected] တွင် Telenor Myanmar ကို လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများကို စီစစ်ရွေးချယ်ပြီး Inerview ခေါ်ယူပြီး အလုပ်အကိုင်များကိုပေးအပ်မည် ဖြစ်ကြောင်းလည်း သိရပါသည်။