News @ M-Media

Author: YinYin

  • နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    v_nigerii_razbili_butilki_piva

    နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တော် ကာနိုတွင် အစ္စလာမ်ဘာသာရေးရဲများက ဘီယာပုလင်း ၂၄၀၀၀ အား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့သည်ဟုသိရသည်။

    အစ္စလာမ့်ရရှီအာဥပဒေတွင် အရက်သေစာသောက်သုံးခြင်း၊ ရောင်းချခြင်းအား တားမြစ်ထားသည်။ ရှရီအာ ဥပဒေအား ထိုဒေသတွင် ၂၀၀၁ ခုကတည်းက ပြဌာန်းထားသော်လည်း ဟိုတယ်များနှင့် ခရစ်ယာန် ရပ်ကွက်များတွင် သောက်သုံးခြင်းအား အာဏာပိုင်များက လစ်လျူရှုထားကြသည်။

    လူမြင်ကွင်းတွင်ပြုလုပ်ခဲ့သည့် အဆိုပါ ဘီယာဖျက်ဆီးပွဲတွင် ဘာသာရေး ရဲတပ်ဖွဲ့အကြီးအကဲက ဒေသအတွင်း ဘီယာများ သောက်သုံးခြင်းများအား အဆုံးသတ်သွားအောင် ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။

    Ref : Islam RU

  • ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    1451419_10152054731726108_1672386057_n

    အမေရိကန်နိုင်ငံအခြေစိုက် Robinson Helicopter ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းဖွင့်ရန်ရှိနေပြီး၊ ရဟတ်ယာဉ်ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန်လည်း စီစဉ်နေသည်ဟု မြန်မာနိုင်ငံမှ အဆိုပါကုမ္ပဏီနှင့် သိကျွမ်းသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြေကြားမှုကို ကိုးကား၍ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

    လူနှစ်ဦးလိုက်ပါစီးနင်းနိုင်သည့် ရဟတ်ယာဉ်တစ်စင်းကို ရောင်းဈေး ကန်ဒေါ်လာ ၂၇၀၀၀၀ သတ်မှတ်ထားသည်ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာလေကြောင်း ကော်ပိုရေးရှင်းမှလည်း ကိုယ်ပိုင်လေယာဉ်ဝယ်ယူရန် စိတ်ဝင်စားသူများအား ကူညီပေးရန် ကမ်းလှမ်းထားသည်ဟုသိရသည်။

    Robinson Helicopter ကုမ္ပဏီမှာ ယခုလက်ရှိတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းများ ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတစ်ခုကိုလည်း ဆောက်လုပ်ထားသည်။

    Ref : DVB English Version

  • SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    ဒီဇင်ဘာ ၃-၂၀၁၃
    M-Media
    သီရိ

    DSC01646

    ရန်ကုန်   ။        ။        မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။

    ထိုအခမ်းအနားကြီး၏ ဖွင့်ပွဲကို ယနေ့ဒီဇင်ဘာလ ၃-ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။  ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းမြင့် တို့မှ ပြပွဲကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ၎င်းနောက် ပြပွဲခန်းမအားလိုက်လံကြည့်ရူ လေ့လာခဲ့ကြသည်။

    ကုန်စည်ပြပွဲတွင် ငွေထည်ပစ္စည်းများ၊ ဖောင်းကြွပန်းချီကားများ၊ ပန်းချီ ပန်းပုလက်ရာများ၊ ယွန်းထည်များ၊ ရွှေချည်ထိုးများ၊ အနုပညာလက်မှုပစ္စည်းများ၊ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာများ၊ ကြိမ်ထည်ပစ္စည်းများ၊ SEA GAME အမှတ်တရ အင်္ကျီများ၊ ဦးထုပ်များ၊ သော့ချိတ်များ၊ စာအုပ်များ၊ DVD ခွေများ၊ စတပ်ကာများ၊ အိတ်များ စသည်ဖြင့် ပြပွဲကြီးတွင် စုံလင်စွာခင်းလင်းပြသထားပါသည်။

    ၎င်းပြပွဲကြီးကို နံနက် ၉-နာရီမှ ည ၉-နာရီထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လာရောက်ကြည့်ရူလေ့လာ ၀ယ်ယူသူများနှင့် စည်းကားလျက်ရှိနေပါသည်။

     

  • ဒီဇင်ဘာ ၂၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၂၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media

    ဓါတ်ပုံအညွန်း - မဝေေ၀နု ဖေ့ဘွတ်စာမျက်နှာမှ
    ဓါတ်ပုံအညွန်း – မဝေေ၀နု ဖေ့ဘွတ်စာမျက်နှာမှ

    – ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါအ၀င် ရိုဟင်ဂျာ ကိုယ်စားလှယ်များ၊ ရခိုင်ပါတီ ကိုယ်စားလှယ်များ၊ ကမန်ကိုယ်စားလှယ်များ၊ အစ္စလာမ်ဘာသာရေး အဖွဲ့ခေါင်းဆောင်များနှင့် ဦးအေးလွင်၊ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်မှ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်တို့သည် မနေ့က ဒီဇင်ဘာ ၁-ရက်နေ့မှာ ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရခိုင်ပဋိပက္ခကော်မရှင်ရုံးခန်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

    – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အား အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ တုန့်ပြန်ပြောဆိုမှုသည် စစ်အစိုးရ၏ တုန့်ပြန်မှုကဲ့သို့ဖြစ်ပြီး လက်ရှိအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို မလားဟု ယူဆဖွယ်ဖြစ်နေသည်ဟု NLD က ယနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

    – ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ငွေဆောင်မြိုကနယ်ခွဲရှိ စံပြ လယ်ယာဧက ၁၀၀ ကို သွားရောက်ကြည့်ရှု၍ လယ်သမားများနှင့် တွေ့ဆုံရာတွင် မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်သည့် နိမ့်ကျသောစိတ်ဓါတ်များ ဖျောက်ဖျက်ရန်လိုသည်ဟု သမ္မတ ဦးသိန်းစိန်မှ သတိပေးပြောကြားလိုက်ကြောင်း အစိုးရထုတ် သတင်းစာများ၌ ဖော်ပြထားကြောင်း သိရပါတယ်။

    – သြစတေးလျနိုင်ငံကို သီတင်းတစ်ပတ်ကြာ ခရီးသွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီး NLD ပါတီဝင် တစ်ထောင်ကျော်က သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

    – ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းရေးအတွက် ကိုယ်စားလှယ် ၅-ဦးစီပါဝင်တဲ့ ကော်မတီကို ဖွဲ့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

    – မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်သည့် ဥပဒေနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မှာ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါတယ်။

    – ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား ၈၂-ဦးစာရင်းကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် AAPP တို့မှ စာရင်းပြုစုကောက်ယူထားပြီး ၎င်းတို့အား နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ခြင်း ရှိ၊ မရှိကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးစီးသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီမှ စိစစ်မည်ဖြစ်ကြောင်း သိရပါတယ်။

     

  • ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ

    ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    A.N.Lay

    DSC01522

    ရန်ကုန်    ။        ။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် နေ့လည် ၂ နာရီအချိန်၌ ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၁၀၀ ခန့်ရှိပါတယ်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဇူလိုင်လ ၂၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကို ပမာဏ ပြုလုပ်ခဲ့ပြီး ယခု ထပ်မံ ပြုလုပ်ရခြင်းမှာ နိုဝင်ဘာ ၂၁-ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှစ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံပြီး လုပ်ငန်းစဉ် (၃)ချက်ကို သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဂျပန်အဖွဲ့များနှင့်လည်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။

    ထို့နောက် ယခု စီမံကိန်းသည် အလွန်ကြီးများပြီး ငွေကြေးလည်း အများအပြားကုန်ကျမှာ ဖြစ်သည့်အတွက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံတည်းနှင့် မဖြစ်နိုင်သည့်အတွက် နည်းပညာအရရော ငွေကြေးအရရောပါ အတွေ့အကြုံများသည့် ဂျပန်နိုင်ငံကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းရခြင်းဖြစ်တယ်လို့ ၎င်းက ထပ်မံ ပြောဆိုပါတယ်။

    ဆက်လက်ပြီး ထားဝယ်အထူးစီးပွားဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က “ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပက်သက်ပြီး စတင်ဆောင်ရွက်ခဲ့တာကတော့ ၂၀၀၈-ခုနှစ် မေလ ၁၅-ရက်နေ့မှာ စင်ကာပူနိုင်ငံတွင် နှစ်ဦးသဘောတူ စာချွန်လွှာကို ရေးထိုးခဲ့ပါတယ်။ ကျွန်တော်တို့စီမံကိန်းကို သဘောတူစာချုပ်အရာ ဘယ်လိုဆောင်ရွက်မလဲဆိုတော့ ၂၀၁၅ ခုနှစ်အကုန်မှာ ကနဦးပြီးဖို့အတွက် စီမံကိန်းရေးဆွဲထားခဲ့တာကတော့ ထားဝယ်အထူးစီးပွားရေး ဇုန်မှာ အဆင့် (၁) အနေနဲ့ကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးတို့ဖြစ်ပါတယ်။ အဆင့် (၂) အနေနဲ့ကတော့ စက်မှုဇုန်များ၊ အလုပ်ရုံများ၊ စီးပွားရေးအဆောက်အအုံများ၊ လူနေအိမ်ယာများ၊ ဆေးရုံ၊ ကျောင်းနှင့် ဈေးစသည့် လူမှုရေး အဆောက်အအုံများကို စီမံကိန်းသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်းက အင်မတန်မှ ကြီးတဲ့အတွက် ပြီးအောင်လုပ်ဆောင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ ၈.၆ ဘီလီလျံလောက် ကုန်ကျမှာဖြစ်တဲ့အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီအနေနဲ့ လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့်အတွက် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်အတိုင်း အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ပါတယ်။ အဲ့နောက်မှာတော့ စီမံကိန်းလုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်စွာ အကောာင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှင့် ထိုင်း ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကို ၂၃-၇-၂၀၁၂ ခုနှစ်မှာ ရေးထိုးခဲ့ပါတယ်။ အဲဒီအတွက် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ၊အကောင်အထည်ဖော်ရေး ဆိုင်ရာ အဆင့်မြင့်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်ကော်မတီများ ဖွဲ့စည်းပြီးလုပ်ခဲ့ခြင်းဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

    ၎င်းနောက် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် မီဒီယာများမှ သိရှိလိုသည်များကို မေးကြားခဲ့ပြီး အခမ်းအနားကို ၄ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။