News @ M-Media

Category: အမှားပြင်ဆင်ချက်

  • အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း

    အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၆
    M-Media

    နိုဝင်ဘာ ၁၅ ရက်နေ့ (ယမန်နေ့) တွင် မိမိတို့ M-Media မှ ” ပြည်သူမကြိုက်သည့် တောင်ကိုရီးယားသမ္မတ ရာထူးမှ နှုတ်ထွက်ပြီ” သတင်းခေါင်းစဉ်ဖြင့် ဘာသာပြန် သတင်းတပုဒ်ကို တင်ဆက်ခဲ့ပါသည်။

    အဆိုပါပို့စ်မှာ CNN သတင်းဌာန အမည်ဖြင့် ဆင်တူယိုးမှား ဖြစ်အောင် ထုတ်လွှင့်ခဲ့သည့်   http://cnn-alive.com  တွင်ဖော်ပြထားသည်ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး ထိုသတင်းမှာ ခိုင်မာမှုမရှိဘဲ လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း  နောက်ပိုင်းတွင် တွေ့ရှိခဲ့ရပါသည်။

    ယခုအခါ အဆိုပါ တောင်ကိုးရီးယား သမ္မတ နှုတ်ထွက်သည့် သတင်းကို M-Media  ၀ဘ်ဆိုက်နှင့် Facebook စာမျက်နှာ ၂ ခုစလုံးမှ ပြန်လည် ဖြုတ်ချခဲ့သည်ကို ပရိတ်သတ်များအား အသိပေးအပ်ပါသည်။ ထိုကဲ့သို့ မှားယွင်းဖော်ပြခဲ့မှုအတွက်လည်း M-Media စာဖတ် ပရိတ်သတ်ကို အနူးအညွတ်တောင်းပန်လိုပြီး၊ နောင်တွင် ထိုကဲ့သို့ မဖြစ်စေရန် ဂရုတစိုက် ဆောင်ရွက်သွားပါမည်။

  • M-Media ပရိတ်သတ်များအား အသိပေးတောင်းပန်ခြင်း

    M-Media ပရိတ်သတ်များအား အသိပေးတောင်းပန်ခြင်း

    မတ် ၁၈၊ ၂၀၁၆

    M-Media

    mm

    – M-Media မှာ မတ်လ ၁၈ ရက်နေ့ (ယနေ့) မနက်ပိုင်းတွင် “မွတ်စလင်များအား တိုက်ခိုက်ချင်သူများကို မေ၀ယ်သာ စိန်ခေါ်” ခေါင်းစဉ်ဖြင့် ပို့စ်တစ်ခုကို M-Media ၀ဘ်ဆိုက်နှင့် Facebook စာမျက်နှာတို့တွင် လွှင့်တင်ခဲ့သည်။

    အဆိုပါ သတင်းမှာ The Kicker ဟု အမည်ရသည့် အားကစား ၀ဘ်ဆိုက်တစ်ခုတွင် လွှင့်တင်ထားသော Floyd Mayweather Seen At Trump Rally, Fists Out, Wearing Muslim Headscarf ကို ကိုးကား၍ ထပ်ဆင့်ဖော်ပြခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း Kicker ၀ဘ်ဆိုက်မှ အချို့သော သတင်းများမှာ အမှန်တကယ်ဖြစ်ရပ်များ မဟုတ်ဘဲ ဖျော်ဖြေမှုသက်သက်အတွက် လွှင့်တင်ခြင်းဖြစ်သည်ဟု တည်ထောင်သူ ဘရိုင်ယန် တက်ကာက ပြောကြားထားမှုရှိနေပြီး၊ ယခု မေ၀ယ်သာ၏ သတင်းမှာလည်း ထိုအမျိုအစားတွင် ပါဝင်သည်ကို မိမိတို့ M-Media မှ နောက်ပိုင်းတွင် သိရှိခဲ့ရသည်။

    ထို့ကြောင့် “မွတ်စလင်များအား တိုက်ခိုက်ချင်သူများကို မေ၀ယ်သာ စိန်ခေါ်” ဟူသည့် သတင်းအား ၀ဘ်ဆိုက်နှင့် Facebook စာမျက်နှာ ၂ ခုစလုံးမှ ပြန်လည် ဖြုတ်ချခဲ့သည်ကို ပရိတ်သတ်များအား အသိပေးအပ်ပါသည်။ ယခု အဖြစ်အပျက်အတွက် မိမိတို့ M-Media မှ စာဖတ် ပရိတ်သတ်များကို အနူးအညွတ်တောင်းပန်လိုပြီး၊ နောင်တွင် ထိုကဲ့သို့ မဖြစ်စေရန် ဂရုတစိုက် ဆောင်ရွက်သွားပါမည်။