News @ M-Media

အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း

နိုဝင်ဘာ ၁၆ ၊ ၂၀၁၆
M-Media

နိုဝင်ဘာ ၁၅ ရက်နေ့ (ယမန်နေ့) တွင် မိမိတို့ M-Media မှ ” ပြည်သူမကြိုက်သည့် တောင်ကိုရီးယားသမ္မတ ရာထူးမှ နှုတ်ထွက်ပြီ” သတင်းခေါင်းစဉ်ဖြင့် ဘာသာပြန် သတင်းတပုဒ်ကို တင်ဆက်ခဲ့ပါသည်။

အဆိုပါပို့စ်မှာ CNN သတင်းဌာန အမည်ဖြင့် ဆင်တူယိုးမှား ဖြစ်အောင် ထုတ်လွှင့်ခဲ့သည့်   http://cnn-alive.com  တွင်ဖော်ပြထားသည်ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး ထိုသတင်းမှာ ခိုင်မာမှုမရှိဘဲ လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း  နောက်ပိုင်းတွင် တွေ့ရှိခဲ့ရပါသည်။

ယခုအခါ အဆိုပါ တောင်ကိုးရီးယား သမ္မတ နှုတ်ထွက်သည့် သတင်းကို M-Media  ၀ဘ်ဆိုက်နှင့် Facebook စာမျက်နှာ ၂ ခုစလုံးမှ ပြန်လည် ဖြုတ်ချခဲ့သည်ကို ပရိတ်သတ်များအား အသိပေးအပ်ပါသည်။ ထိုကဲ့သို့ မှားယွင်းဖော်ပြခဲ့မှုအတွက်လည်း M-Media စာဖတ် ပရိတ်သတ်ကို အနူးအညွတ်တောင်းပန်လိုပြီး၊ နောင်တွင် ထိုကဲ့သို့ မဖြစ်စေရန် ဂရုတစိုက် ဆောင်ရွက်သွားပါမည်။