News @ M-Media

Category: M-Media စာအုပ်စင်

  • “ စာဆိုတော် သခင်ကြီးဦးနု နှင့် မြန်မာ့ အစောဆုံး ခရီးသွား လင်္ကာ ” (M-Media စာအုပ်စင်ကဏ္ဍ)

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ကောင်း

    Dr Aung Zaw Book

    ဒီတစ်ပတ် မိတ်ဆက်ပေးလိုတာကတော့ ရှားပါးမှတ်တမ်းစာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

    ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုတဲ့ “ ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ စာဆိုတော် သခင်ကြီးဦးနု နှင့် မြန်မာ့ အစောဆုံး ခရီးသွားလင်္ကာ ” လို့ အမည်ရပါတယ်။

    ဘိုးတော်မင်းတရားရဲ့ကျောင်းနေဖက် ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ မွတ်စလင် စာဆိုတော်ကြီးဦးနု ရဲ့ဘ၀တစေ့ တစောင်း၊ မြန်မာနိုင်ငံရဲ့ပထမဆုံးခရီးသွားမှတ်တမ်း – ဘင်္ဂလားသွားမှတ်တမ်းလင်္ကာ ၅၅ ပိုဒ်၊ အစ္စလာမ်ဘာသာရဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့ တစ်ကွ အစ္စလာမ့်အခြေအမြစ် တရားတွေကို မြန်မာစာပေ အဖြစ် ပထမဆုံး ထိတွေ့စေခဲ့ပုံ၊ သူ့ရဲ့စာပေကဗျာ အရေးအသား စွမ်းရည်နဲ့ အဲ့ဒီအပေါ် ပညာရှင်များရဲ့လေ့လာချက်တွေအပြင် သုတေသီများ အလွယ်တကူ လေ့လာနိုင်စေတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စုဆောင်း ထိန်းသိမ်းထားသင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။

    Blue River (09 420099153) ရန်ကုန်မှဖြန့်ချိပြီး တန်ဖိုးကတော့ ၁၅၀၀ ကျပ်ဖြစ်ပါတယ်။

  • ကုရ်ဗာနီ (သဘောတရား၊ သမိုင်းနှင့် အနှစ်သာရ) [M-Media စာအုပ် အညွှန်းကဏ္ဍ]

    အောက်တိုဘာ၊၁၄
    M-Media

    Full page fax print

    စာအုပ်အမည်- ကုရ်ဗာနီ (သဘောတရား၊ သမိုင်းနှင့် အနှစ်သာရ)
    ရေးသူ- ငြိမ်းချမ်းလုလင် (အလ်ဟဂ်ျ မွဖ်သီ ဒေါက်တာမြင့်သိန်း)အစ္စလာမ်အပေါ် နားလည်မှု အလွဲမှားဆုံးအကြောင်းအရာ

    • ကုရ်ဗာနီသည် ယဇ်ပူဇော်ခြင်း မဟုတ် သစ္စာတရားအတွက် စွန့်လှူခြင်းသည်သာ ကုရ်ဗာနီဖြစ်သည်။
    • ကုရ်ဗာနီဟူသည် အဘယ်နည်း။
    • ကုရ်ဗာနီ ဖြစ်ပေါ်လာပုံသမိုင်း
    • ကုရ်ဗာနီ၏ အနှစ်သာရ
    • အသက်နှင့် ၀ိညာဉ်ကွာခြားပုံ
    • အစ္စလာမ်နှင့် အစာအာဟာရ
    • အစ္စလာမ့်နည်းကျ ဇဗဟ်လှီးဖြတ်ခြင်း၏ အကျိုးကျေးဇူးများ

    . . . စသည်တို့ကို ကုရ်အာန်ကျမ်းမြတ်ကို မှတ်ကျောက်ပြု၍ ဟဒီးဆ်သြ၀ါဒတော်များ၊ သမိုင်းနှင့် သိပ္ပံရှုထောင့် အသီးသီးမှ ဆန်းစစ်လေ့လာ တင်ပြထားသည်။

    @ Download: Google Doc >>http://goo.gl/ZsNV9z

    File Size – 190 KB

  • ငြိမ်းချမ်းစွာနေသူများ (ကိုတာ) [M-Media စာအုပ် အညွှန်းကဏ္ဍ]

    အောက်တိုဘာ၊ ၈
    M-Media
    သြရသရေချမ်း

    2013-10-07 12.05.41

    ဒီအပတ်အတွက် အလျဉ်းသင့်တဲ့စာအုပ်ကောင်းလေးပါ။
    စာရေးဆရာကိုတာ ရဲ့ ငြိမ်းချမ်းစွာနေသူများ စာအုပ်ငယ်လေးမှာ
    – ငြိမ်းချမ်းစွာနေသူများ
    – အကြမ်းမဖက်ခြင်း
    – တိဋ္ဌ၊ ဗုဒ္ဓဘာသာက အကြမ်းမဖက်ခြင်း
    – ငြိမ်းချမ်းရေးကဗျာ ဆိုပြီး အပိုင်း ၄ ပိုင်းကို
    ဗုဒ္ဓအယူဝါဒ နဲ့ ဒဿနစစ်စစ်ကို အခြေခံပြီး
    လှပစွာတင်ဆက်ရေးသားထားတာတွေ့ရပါတယ်။
    စာမြည်းလေးတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

    “ နိုင်ငံခြားနေမိတ်ဆွေတစ်ယောက်က ခင်ဗျားတို့ ဆင်ခြင်ဖို့ကောင်းပြီဗျာဟု စာတစ်စောင်ရေးပို့တာ ဖတ်ရသည် ”

    “ ကျွန်တော်တို့သည် ကမ္ဘာကြီး၏ဆက်စပ်နေခြင်း (၀ါ) ဆက်စပ်အခြေအနေကို နားလည်ကြသည်။ ကျွန်တော်တို့သည် စိတ်သဘောထားကျဉ်းမြောင်းခြင်း အကျဉ်းထောင်တွင်ကျနေသူများအဖြစ်မှ လွတ်မြောက်အောင် လုပ်ကြမည် ”

    “ ကျွန်တော်တို့ ဆရာတော်များသည်လည်း မတည်ငြိမ်သူကိုပင်လျှင် တည်ငြိမ်အောင်လုပ်နိုင်သူများ ဖြစ်တော်မူကြသဖြင့် (မရည်ရွယ်ဘဲလျက်) မြန်မာပြည်၌ မတည်ငြိမ်မှုများ မဖန်တီးမိရန် ဆင်ခြင်နိုင်တော်မူကြပါစေ ”

    “ အနာဟောင်းတွေအပေါ်မှာ ဆားအသစ်လောင်းသောအခါ အင်မတန်နာပါသည်။ …… လူမျိုးရေး ဘာသာရေးဆိုသည်မှာ သေနတ်မောင်းဖြုတ် သလို မတည်မငြိမ်ဖြစ်အောင်လုပ်နိုင်တဲ့လက်နက်၊ …. ”

    “ ဗုဒ္ဓက မိန့်သည်။ ကျုပ်က ရပ်နေတယ်ဆိုတာ သက်ရှိသတ္တ၀ါတွေအားလုံးအပေါ် အင်အားသုံးခြင်းကို လုံးဝ စွန့်လွှတ်လိုက်တာကိုပြောတာ။ အင်္ဂုလိမာလ၊ သင်ကတော့ သက်ရှိတွေကို အကြီးအကျယ်ပျက်စီးစေတယ်။ ဒါကြောင့် သင်တော့ မရပ်တဲ့သူပဲ ”

    “ ခင်ဗျားဖြစ်စေ ကျွန်တော်ဖြစ်စေ ဒီနေ့ အဲသည်တံငါရွာ မွေးလို့ကတော့ ၂၅ နှစ်အတွင်းမှာ ပင်လယ်ဓားပြ ဖြစ်ကြမှာပါပဲ။ ခင်ဗျားက သေနတ်တစ်လက်ယူပြီး ပင်လယ်ဓားပြကိုပစ်ရင် ခင်ဗျားက ကျုပ်တို့ကို ပစ်တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့အားလုံးဟာ ဒီကိစ္စမှာ အနည်းနဲ့အများ တာဝန်ရှိကြတာကိုး ”

    “ တကယ်တော့ အကြမ်းဖက်ခြင်းပုံပြင်သည် အိုမင်းဟောင်းနွမ်းလှပြီး ပျင်းစရာကောင်းလှသည်။ လူသားနှင့်ကမ္ဘာကြီးသည် လုံလောက်အောင် ဒုက္ခရောက်ပြီးပြီ။ ခေတ်သစ်ကို ပုံပြင်သစ်နှင့် စပါစေတော့ ”

    တန်ဖိုး ၈၀၀ ကျပ်
    မုံရွေးစာပေ

  • တက်ဘုန်းကြီး ရေးသူ- သိန်းဖေမြင့် ( M-Media စာအုပ်အညွှန်း)

    သြဂုတ်လ-၂၅ ရက်၊ ၂၀၁၃
    M-Media
    ဗေဒါလမ်း

    Tet Bone Kyee

    ဆရာသိန်းဖေမြင့်ရဲ. “တက်ဘုန်းကြီး” စာအုပ်ကို ပိတောက်ရနံ့ စာအုပ်တိုက်မှ တတိယအကြိမ်အဖြစ်တန်ဖိုး(၃၀၀၀) ဖြင့်ထုတ်ဝေဖြန့်ချီလိုက်ပါပြီ။သံဃာလောကမှ အတုအယောင် ဘုန်းတော်ကြီးများအကြောင်းကို မှောက်ထားသော ခွက်ကိုလှန်လိုက်သကဲ့သို့ မထောက်မညှာ ရေးသားထားသော စာအုပ်ဖြစ်ပါသည်။

    “……တကယ်ဆိုတော့ တကာလေးရဲ. စာအုပ်ကို သာဓုခေါ် ကြတဲ့ ဆရာတော်၊သံဃာတော်တွေ အများကြီးရှိခဲ့ကြတယ်။ ခုလည်း သီလ၊ သမာဓိ၊ ပညာနဲ့ပြည့်စုံတဲ့ ရဟန်း သံဃာတော်တွေ အများကြီးရှိပါတယ်။ အဲဒီ ဆရာတော်၊သံဃာတော်တွေ များသည်ထက်များလာအောင် မစင်ကြယ်တဲ့ ခြစားတဲ့အပိုင်းကို တိုက်ထုတ်ရမှာပဲကွယ့်- ဒီနေရာမှာ ဒို့က တက်ဘုန်းကြီးကို အသုံးချရမှာပဲ”။(အရှင်ပညာဇောတ)

    “ကိုသိန်းဖေ(သိန်းဖေမြင့်) ရေးသားသည်မှာ သာသနာ့ ဝန်ထမ်းရဟန်းကောင်း၊ ရဟန်းမြတ်တို့ကို ကဲ့ရဲ.ကာ သရော်တော်တော် ရေးသားသည်မဟုတ်၊ ရဟန်းတု၊ ရဟန်းယောင်တို့ ကွယ်ပစေရန်သာလျှင် ထိုရဟန်းတု၊ရဟန်းယောင်တို့ အကြောင်းကို စာဖတ်သူတို့ စက်ဆုတ်လာအောင် ရေးသားခြင်းမျှသာဖြစ်လေသည်”။ (ဂန္တလောကမဂ္ဂဇင်း)

    “…….ဤဝတ္တုကို “သာသနာပြု ဝတ္တု” ကျွန်ုပ် ခေါ်ဆိုလေသည်။ ဤဝတ္တုကို ဖတ်ပြီးသောအခါ ကျွန်ုပ်သည် ရဟန်းကောင်း၊ရဟန်းမြတ်တို့ကို ပို၍သဒ္ဓါလာသည်။ ရဟန်းညစ်တို့ကွယ်ပကြပါစေ။ ရဟန်းကောင်းများသာ ကျန်ရှိကြပါစေဟုလည်း သာသနာအတွက် စိုးရီမ်သဖြင့် ဆုတောင်းပါသည်။ (စာရေးဆရာ၊ ကဗျာဆရာကြီး ဇော်ဂျီ)၊

    “…..မြန်မာပြည်တွင်လည်း ဒုဿီလရဟန်းတို့၏ပယောဂကြောင့်ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ မကြည်ညို သဒ္ဓါတရား နည်းပါးသော စိတ်တို့သည် လဇ္ဇီပေသလ၊ သိက္ခာကာမ၊သီလဝန္တ ဖြစ်ကြကုန်သောသံဃာတော်တို့ထံကူးစက်ပြန့်ပွားမည့်ဘေးကြီးကိုစိုးရီမ်ပူပန်မိပါသောကြောင့်….(မောင်နု)

    “……လောကတွင်အကောင်းအဆိုးဒွန်တွဲနေလေ့ရှိပါသည်။လူကောင်းရှိသလို လူဆိုးရှိသည်။အလဇ္ဇီ ဒုဿီလ ဘုန်းကြီးများရှိသလို လဇ္ဇီပေသလ၊သိက္ခာကာမ ဝိနည်းတော်နှင့်အညီ သီတင်းသုံးနေထိုင်ကြသော ဘုန်းတော်ကြီးများလည်းရှိသည်။(သိန်းဖေမြင့်)

  • သစ်လွင်တို့၏ ရင်ဖွင့်နန်း (M-Media စာအုပ်အညွှန်း ကဏ္ဍ)

    သြဂုတ်-၁၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    following faith

    သစ်လွင်တို့၏ ရင်ဖွင့်နန်းစာအုပ်သည် သြရသရေချမ်း မှ ဘာသာပြန်ဆိုထားသော စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် Muslim Coverts’ Association of Singapore -Darul Arqam မှ ၂၀၁၀-၂၀၁၁ ခုနှစ်တွင်ထုတ်ဝေခဲ့သော Following Faith အား(အမှာစာနှင့် အယ်ဒီတာ မှတ်စုမှအပ) မြန်မာနိုင်ငံ ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။

    ထိုစာအုပ်၌ အပတ်စဉ်/လစဉ်ထုတ် The Muslim Reader စာစောင်များ အစ္စလာမ် သာသနာသို့  သက်ဝင်လာသော မွတ်စလင်မ် သစ်လွင်တို့၏ ရင်ဖွင့်ခံစားချက်နှင့် အတွေ့အကြုံဆိုင်ရာ လက်ရွေးစင် ဆောင်းပါး(အတို/အရှည်)များ အနက် ၂၆-ပုဒ်ကိုတင်ပြထားသည်။ ၎င်းတို့မှာ Stories ခေါ်ဇာတ်လမ်း သက်သက် မဟုတ်သဖြင့် ဘာသာပြန် ကျင့်ဝတ်နှင့်အညီ မူရင်းအကြောင်း အရာအတိုင်း မခြွင်းမချန် ဆီလျော်အောင်ပြန်ဆို ရေးသားထားသည်။

    မွတ်စလင်မ်သစ်လွင်တို့၏ အစ္စလာမ် သာသနာသို့  ကူးပြောင်း သက်ဝင်ရသည့် အကြောင်းခံတရားများ၊ ၎င်းတို့၏ လောကဓံများ၊ စိတ်နေစိတ်ထား၊ အတွေးအမြင်၊ အားထုတ်မှု စသည်ဖြင့် ရသစုံ ခြုံငုံပါဝင်နေသည်။ သစ်လွင်မွတ်စ်လင်မ်များနှင့် မိရိုးဖလာ မွတ်စလင်မ်များ အကြားရှိ ကွက်လပ်များ၊ သက်ဆိုင်ရာ အားသာချက်များကို ပြက်ပြက်ထင်ထင် မြင်နိုင်ကောင်းမည်၊ ကိုယ်စီကိုင ပြုပြင်နားလည် စာနာမှုတို့ဖြင့် လက်တွဲမြင့်တင် မွမ်းမံနိုင်ကောင်းမည်ဟု အရိုးခံ ယူဆချက်ကြောင့် လည်းကောင်း၊” ဒုက္ခ ပင်လယ်ထဲမှ သုခ စမ်းရေများ” အား စာရှုသူတို့ထံတွင် ဝေငှပေးလိုသောကြောင့် ကြိုးစား တင်ဆက်ထားခြင်းဖြစ်ပါသည်။ အစ္စလာမ် အတွင်းစည်းမှဖြစ်စေ၊ ပြင်ပမှဖြစ်စေ သစ္စာတရားကို မျက်မှောက်ပြုလိုသူ အားလုံးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ အထောက်အကူဖြစ်သွားလျှင်ပင် ကျွှန်ုပ်တို့အားလုံး အဖို့ ကြိုးစားရ ကျိုးနပ်ပါပြီဖြစ်ပါကြောင်း ကို စာရေးသူမှ ပြောပြထားပါသည်။