News @ M-Media

Category: ထွေရာလေးပါး

  • ရေဘူးဟောင်း တလုံးကို ဘယ်လိုပြန်သုံးမလဲ?

    သြဂုတ် ၂၇၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    bottle

    လူဦးရေထူထပ် များပြားလာတဲ့ ကမ္ဘာကြီးမှာ Ready-Made ပစ္စည်းတွေသုံးပြီး စွန့်ပစ်ပစ္စည်းတွေပေါများလာပါတယ်။ တစ်ချို့စွန့်ပစ် ပစ္စည်းတွေကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့ Recycle လုပ်ငန်းကလည်း ကမ္ဘာကြီးကို ကုစားတဲ့နေရာမှာ အရေးပါလာပါတယ်။

    အခုအိမ်မှာတင် လုပ်လို့ရမယ့် Home-Made Recycle နည်းတနည်းကို တင်ဆက်ပေးပါမယ်။ ဒီနည်းနဲ့ တခါမှမသုံးဘူးသေးတဲ့ ပစ္စည်းအသစ် ဖန်တီးကြည့်ကြရအောင်။

    လုပ်မယ့်ပစ္စည်းကတော့ သားရေကွင်းအစားထိုး ပလတ်စတစ်အိပ်ပိတ် ပစ္စည်းပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေဘူးဟောင်း တစ်လုံးနဲ့ ဓါး (သို့) ကက်ကြေးတစ်လက် ပါပဲ။

    ၁။ ပထမဆုံး ပုံမှာပြထားတဲ့အတိုင်း ရေဘူးထိပ် အဖုံးနားကို ဖြတ်ချလိုက်ပါ။
    ၂။ လိုအပ်သည့်အရွယ် အဝိုင်းညီအောင် ညှပ်ပါ။
    ၃။ ပိတ်ချင်သည့် ပလတ်စတစ်အိပ်ကို ပုံပါအတိုင်း အပေါက်ထဲမှ စွပ်ပါ။
    ၄။ အိပ်အနားစများကို ဖြန့်ချပြီး အဖုံးပိတ်ကာ လေလုံသည့် အိပ်တလုံးကို ရရှိပါပြီ။

    သုံးပြီးသား ရေဘူးတွေကို ပစ်လိုက်မယ့်အစား ဒီနည်းနဲ့ ပြန်သုံးကြည့်ပါ။ သားရေကွင်းထက် သုံးရတာပိုလွယ်တယ်။ လေပိုလုံတယ်။ အမှုန့်တွေဆို ရေဘူးထဲထည့်လို့ရပေမယ့် မုန့်ကြွတ်လို ပစ္စည်းတွေကျ ဒါကပိုအသုံးဝင်တယ်။ အခေါက်ခေါက် အခါခါ ပြန်သုံးလို့ရတယ်။ အခုဆို ပစ်ရမယ့် ရေဘူးဟောင်းကနေ အသုံးဝင်မယ့် ပစ္စည်းအသစ် တစ်ခုရပါပြီ။ ကျေးဇူးတင်ပါတယ်။

  • သတ္တုကို လက်နဲ့အရည်ဖျော်မယ်

    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    mental
    သတ္တုကို လက်နဲ့အရည်ဖျော်နိုင်တယ်ဆို ယုံပါ့မလား။ သတ္တုအားလုံးကို မရပေမယ့် Gallium လို့ခေါ်တဲ့ သတ္တုကိုတော့ သင့်လက်နဲ့ အရည်ပျော်အောင် လုပ်နိုင်ပါတယ်။

    ပုံမှာမြင်ရတဲ့အတိုင်း Gallium ဟာ ၃၀ ဒီဂရီစင်တီဂရိတ် (၈၅ ဒီဂရီဖာရင်ဟိုက်) မှာ အရည်ပျော်ပါတယ်။ သဘာဝအတိုင်း မတွေ့ရတတ်တဲ့ Gallium ဟာ အပူချိန်နည်းတဲ့ နေရာတွေမှာ ကြွတ်ဆတ်တဲ့ အစိုင်အခဲဖြစ်နေပါတယ်။ ၁၈၇၅ မှာ စတင်တွေ့ရှိခဲ့ပြီး အပူချိန်မြင့်သာမိုမီတာနဲ့ သတ္တုစပ်တွေပြုလုပ်တဲ့ နေရာမှာ အရင်ဆုံးအသုံးပြုခဲ့ကြပါတယ်။ မိုက်ခရိုဝေ့ဖ်ဆားကစ်နဲ့ အနီအောက်ရောင်ချည်သုံး ပစ္စည်းတွေမှာလည်း အသုံးပြုကြပါတယ်။

    Gallium ကိုတွေ့အောင်ရှာ လက်ပေါ်တင်ပြီး သူငယ်ချင်းတွေကို အံ့အားသင့်အောင် လုပ်ပြနိုင်ပြီပေါ့။

    ကိုးကား – General Knowledge

  • ငှက်ပျောသီးတွေကို အမှည့်မလွန်အောင်ထားမယ်

    သြဂုတ် ၂၄၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    banana

    ငှက်ပြောသီးတွေ ဝယ်လာပြီး သိပ်မကြာခင်မှာ အမှည့်လွန်ပြီး စားမရတာ ကြုံကြရမှာပါ။ ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။

    သိပ်မခက်ပါဘူး။ ပုံမှာပြထားတဲ့အတိုင်း အခိုင်ထိပ်ကို ပလတ်စတစ်ဖြင့်အုပ်ထားလိုက်ပါ။ ငှက်ပျောသီးမှည့်မသွားတာကို တွေ့ရပါလိမ့်မယ်။ ဘယ်လိုဖြစ်လို့ပါလိမ့်။

    ငှက်ပျောသီး၊ ပန်းသီးနဲ့ ခရမ်းချဉ်သီးတွေ မှည့်တဲ့အခါ အင်ဇိုင်း Ethylene ထွက်လာပါတယ်။ ထွက်လာတဲ့ Ethylene တွေကို တခြားနေရာတွေကို ပြန့်မသွားအောင် ပလတ်စတစ်က ထိန်းထားပေးပါတယ်။ သေသေချာချာလုပ်လို့ Ethylene ကို ထိန်းထားနိုင်ရင်တော့ အမြန်မှည့်မသွားတော့ပါဘူး။

    စားချင်တဲ့အခါလား။ စားချင်တဲ့တလုံးကို ချွေပြီး ကျန်တာတွေကို ပလတ်စတစ်ပြန်အုပ်ထားလိုက်ပေါ့။ အဲ့တလုံးထဲ မှည့်သွားလိမ့်မယ်။ ကဲ … စမ်းကြည့်ကြပါဦး။

    ကိုးကား – Instructables

  • ကမ္ဘာပေါ်က အသက်အကြီးဆုံး သက်ရှိ

    သြဂုတ် ၂၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Posidonia oceanic

    ယနေ့အချိန်အထိ မြေထဲပင်လယ်ထဲမှာရှိတဲ့ ရှေးဟောင်းမြက်ပင်ကြီးတွေကို ကမ္ဘာပေါ်က အသက်အကြီးဆုံး သက်ရှိတွေလို့ ယူဆထားကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီအပင်တွေဟာ သက်တမ်း နှစ်ပေါင်း ၂ သိန်းရှိပြီလို့ ဆိုပါတယ်။

    Posidonia oceanic လို့ သိပ္ပံအမည်ရှိတဲ့ ဒီမြက်ပင်ကြီးတွေရဲ့ DNA တွေကို စပိန်ကနေ ဆိုက်ပရပ်စ်အထိ မိုင်ပေါင်း ၂၀၀၀ လောက်ရှိတဲ့ ရေအောက်ကြမ်းပင်ထဲက မြက်ခင်းပေါင်း ၄၀ လောက်ကနေ သြစတေးလျသိပ္ပံပညာရှင်တွေ ရယူ လေ့လာခဲ့ကြပါတယ်။ PLos ONE ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိချက်မှာ ဒီပင်လယ်မြက်ပင်တွေဟာ နှစ်ပေါင်း ၁၂,၀၀၀ ကနေ ၂၀၀,၀၀၀ ကြားရှိနိုင်ပြီး အဖြစ်နိုင်ဆုံးကတော့ အနည်းဆုံး နှစ်ပေါင်း ၁၀၀,၀၀၀ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဟာ လက်ရှိအသက်အကြီးဆုံးလို့ ယူဆထားကြပြီး သက်တမ်း နှစ်ပေါင်း ၄၃,၀၀၀ ရှိတဲ့ သြစတေးလျနိုင်ငံ Tasmania က အပင်ထက် တော်တော်ပိုတဲ့ သက်တမ်းဖြစ်ပါတယ်။

    ကိုးကား – General Knowledge

  • အသက်ငယ် ထီထွင် ပါရဂူသူလေးများ

    သြဂုတ် ၁၉၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    young gal

    အသက် ၁၉ နှစ်မှာ အီဂျစ်လူငယ် ရူပဗေဒပညာရှင် အိုင်အေရှား မွတ်စ်တဖား (Aisha Mustafa) ဟာ ရွေ့လျား နည်းပညာသစ် တစ်ခုကို Quantum Theory အပေါ်အခြေခံပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီနည်းပညာဟာ အာကာသယဉ်တွေနဲ့ ဂြိုလ်တုတွေကို ဘာလောင်စာစွမ်းအင်မှ မသုံးစေပဲနှင့် ရွေ့လျားစေနိုင်ပါတယ်။

    အသက် ၁၇ နှစ်အရွယ် တရုတ်ကျောင်းသူ အန်ဂျလာဇန်း (Angela Zhang) ဟာ အဆင့်မြင့် နာနိုနည်းပညာပစ္စည်း တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ ဒီပစ္စည်းဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

    အသက်ငယ်သည် ကြီးသည် အမျိုးသားဖြစ်သည် အမျိုးသမီးဖြစ်သည် ဘယ်နိုင်ငံကဖြစ်သည် ဘယ်ဘာသာဝင်ဖြစ်သည်ထက် ပညာသည်သာ အဓိက စကားပြောသော အရာဖြစ်ပါသည်။

    ကိုးကား – General Knowledge