News @ M-Media

Category: M-Media Blog

  • မျက်နှာဖုံးများကို ဆွဲလှန်ခြင်း

    မျက်နှာဖုံးများကို ဆွဲလှန်ခြင်း

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- ဂျူလိုင်ရဲရင့်
    quote-fear-not-your-enemies-for-they-can-only-kill-you-fear-not-your-friends-for-they-can-only-betray-edward-yashinsky-279834 copy
    အစ္စလာမ်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဗုဒ္ဓခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ခရစ်ယာန်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဟိန္ဒူခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဂျူးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဘာသာမဲ့ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နိုင်ငံတော်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အမျိုးသားရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နိုင်ငံရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    လူမျိုးရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အမျိုးသားရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    လွတ်လပ်မှုနဲ့ တရားမျှတရေး ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နာမည်အမျိုးမျိုး ခေါင်းစဉ် အမျိုးမျိုးသုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အကြမ်းဖက်မှုဆိုတာ ရှင်းရှင်းလင်းလင်း သိပါလျက်
    ရေငုံနှုတ်ပိတ်နေသူ၊ ဘက်လိုက်သူ
    လူမိုက်အားပေး အဆိပ်ပင်ရေလောင်းနေသူ မှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ရှုတ်ချတဲ့အသံ ပြတ်ပြတ်သားသား မထုတ်ရဲဘဲ
    ငြိမ်းချမ်းတဲ့အသံ မကြားချင်ပါနဲ့။

  • နာမည်ကျော် ထိုင်း သရုပ်ဆောင် မင်းသမီး အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်

    နာမည်ကျော် ထိုင်း သရုပ်ဆောင် မင်းသမီး အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်

    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    388897_thai-actress
    – ထိုင်းနိုင်ငံ၏ နာမည်ကြီး အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် နွက် ဆူသီဒါမှာ အချိန်အတော်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်ဘာသာသို့ သက်ဝင်ယုံကြည်လာခဲ့သည်ဟု သိရသည်။

    ဆူသီဒါ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြပြီး သူမ၏ အမည်ကိုလည်း အာဆီယဟ် ဟု ပြောင်းလဲလိုက်ကာ အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများကို သင်ယူရန်အတွက် ဘန်ကောက်မြို့ရှိ ကျောင်းတစ်ခုတွင် တက်ရောက်နေသည်ဟု သိရသည်။

    လူကြိုက်များသည့် အဆိုပါ မင်းသမီးက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆောင်ရွက်မှုအတွက် မိမိ၏ အသိုင်းအ၀ိုင်းမှ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံး မွတ်စလင် တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိမှာ အစ္စလာမ်သာသနာအား လေ့လာရန်အတွက် နိုင်ငံတော်တော် များများသို့ ခရီးထွက်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

    သူမ၏ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှု အတွက် ထိုင်းမီဒီယာများတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်။

    ဆူသီဒါကမူ သူမနေဖြင့် တစ်နေ့ ငါးကြိမ် ၀တ်ပြုမှုကို အချိန်မှန်ဆောင်ရွက်နေကြောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား ဖတ်ရှုနားလည်နိုင်ရန်အတွက် အာရဗီဘာသာ စကားကိုလည်း လေ့လာသင်ယူနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    `ဟိဂျဘ်ကို ကြိုဆိုပါတယ် ဟိဂျဘ်မဲ့ခြင်း ဘိုင်ဘိုင်ပါ´ ဟုလည်း ဆူသီဒါက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှ နာမည်ကျော်များ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ယခင်ကလည်း ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှုများ ရှိခဲ့သည်။

    ထိုင်းနိုင်ငံ၏ လူဦးရေ ၆၂.၅ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁၂ ရာခိုင်နှုန်းခန့် ရှိသည်။ အစ္စလာမ်ဘာသာဝင်အများစုမှာ နိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သည့် နရာသီဝပ်၊ ပတ္တာနီ၊ ယာလာနှင့် စာတွန်ပြည်နယ်များတွင် နေထိုင်ကြသည်။

    MS/HSN/SS

  • ကျွန်တော် (လုံးဝ) ဦးမညွတ်ခဲ့ပါဘူး…မေမေ

    ကျွန်တော် (လုံးဝ) ဦးမညွတ်ခဲ့ပါဘူး…မေမေ

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    .ရေးသူ- အိမ်ဝေးသူ(KZ)
    1517380_588703294569161_3194738796444905502_n
    (၁)
    .မေမေ
    ကံကြမ္မာကိုသာ ကြိုသိခွင့်ရကြေးဆိုရင်
    ဒီနေ့ဆိုတာကြီးကို ကျွန်တော် မကြုံချင်ဘူး။
    ဒါပေမယ့်
    “လူကိုခွေးသတ်လေခြင်း” ဆိုတဲ့
    ကရုဏာသံတွေနဲ့အတူ
    .မြင့်မြတ်စွာ သေဆုံးခွင့်ရခဲ့တဲ့အတွက်
    ကျွန်တော် ကျေနပ်နေတတ်ပါပြီ မေမေ။

    (၂)
    ကျွန်တော့်ကို
    ဝန်ထုပ်ဝန်ပိုးတစ်ခုလို မသတ်မှတ်ခဲ့တဲ့ မေမေဟာ
    “သာသနာ့ပညာရှင်ကြီးဖြစ်စေချင်စမ်းပါဘိ” ဆိုတဲ့
    အိပ်မက်တစ်ပွေ့တပိုက်နဲ့အတူ
    မေမေ့ရင်ခွင်က အတင်းရုန်းထွက်စေခဲ့တယ်။
    (ကျွန်တော် မေမေ့ကို အပြစ်မတင်ရက်ခဲ့ပါဘူး)

    (၃)
    .မေမေ
    .ခြင်ကောင်တွေနဲ့ နပန်းလုံးရတာ
    ကျွန်တော့် သွေးတွေ ခမ်းခြောက်မတတ်ပဲ။
    ပဲဟင်းစားပြီး ပညာသင်ရတဲ့ အရသာဟာ
    .မေမေ့အိမ်က ထမင်းဆီဆမ်းထက်
    အမြင်အားဖြင့်တော့ သာတယ်ဆိုရမှာပေါ့။
    (တော်ရာမှာပဲ ပျော်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်)

    (၄)
    ဆရာတွေရဲ့  ကြိမ်လုံးအရသာ
    မနက်စောစော ဝတ်ပြု ပြီးစာအံရတဲ့ အရသာတွေဟာ
    ကျွန်တော့်အကြိုက်တွေတော့ မဟုတ်ခဲ့ပါဘူး။
    ဒါပေမယ့်…
    ဘွဲ့ယူမယ့်နေ့မှာ ပြုံးပျော်နေမယ့်
    .မေမေ့မျက်နှာကိုမြင်ယောင်တိုင်း
    အသားအနာခံရတာကို ကျေနပ်သလို၊
    စာတွေကိုလည်း ကျွန်တော် ကြိုးစားသင်ယူမိပြန်တယ်။
    (သားလိမ္မာလေးပါလားလို့ ကိုယ့်ကိုယ်ကို အားပေးခဲ့ပါသေးတယ်)

    (၅)
    ၂၁•၃•၂၀၁၃
    လူ့တိရိစ္ဆာန်တစ်စုက
    သက်မဲ့ပစ္စည်းရှေ့မှာ ကျွန်တော့်ကို
    အတင်းအကြပ် ဦးညွတ်ခိုင်းတယ် မေမေ။
    “တစ်ခါသာသေရတဲ့ လူ့ဘဝမှာ
    အကြောက်တရားတွေနဲ့ နှလုံးသား မဖောက်ပြားလေနဲ့” ဆိုတဲ့
    .မေမေ့ဆုံးမစကားလေး ရယ်ဝယ်ပိုက်ခဲ့တဲ့ ကျွန်တော့်အတွက်
    ရလာဒ်ကတော့ မေမေနဲ့ ကျွန်တော် သေကွဲခဲ့ရတာပဲပေါ့။
    (မေမေ…မျက်ရည်မိုးသည်းပေမယ့် ကျွန်တော့်အတွက်တော့ ဂုဏ်ယူပေးပါ)

    (၆)
    “လူနဲ့တူအောင်
    မကျင့်ကြံတဲ့လူတစ်ယောက်ဟာ
    တိရိစ္ဆာန်တစ်ကောင်လို ရက်စက်ကြမ်းကြုတ်တတ်”မှန်း
    သိခွင့်ရတဲ့နေ့က ကျွန်တော် ခရီးသစ်တစ်ခုကို ဦးတည်နေရပြီ။
    ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို အဆတ်မပြတ်ကျလာတဲ့
    အင်အားပြင်း အမုန်းတရားတွေအတွက် မနာကျင်မိပေမယ့်
    ကျွန်တော့်ညီနောင်တွေအတွက်တော့ စိတ်ပူမိတယ်မေမေ။
    (သူတို့တတွေ ဘေးမသီရန်မခ,ကြပါစေနဲ့)

    (၇)
    “အလှည့်ကျရင် မနွဲ့စတမ်း”လို့
    ကျွန်တော့်အရိုးတွေက တွန်ချင်ကြပေမယ့်
    “ချစ်စကိုရှည်စေ၊ မုန်းစကိုတော့တိုစေ”ဆိုပြီး
    ကျွန်တော့်နှလုံးသားက တောင်းဆိုနေမှတော့
    .မေမေရေ…
    “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဆိုတဲ့
    အတုံ့အလှည့်ဥပဒေကိုသာ ပြန်ရုပ်သိမ်းလိုက်ပါတော့…။
    (မေတ္တာဟာ အရာရာကိုအောင်မြင်စေနိုင်တယ်ဆိုရင် ကျွန်တော် အောင်မြင်ခဲ့ပြီ)

    ——————–
    အိမ်ဝေးသူ(KZ)
    ——————–

    မေမေ။
    ကဗျာရေးသူရဲ့ ရင်ထဲကို ကျွန်တော် ခဏလေး အလည်သွားမိတာပါ။
    ဒါပေမယ့်
    သူ့နှလုံးသားက ပူလောင်လွန်းလို့ ကျွန်တော် အရှုံးပေးပြီး ပြန်ထွက်ခဲ့ရတယ်။

    ————————————–

    ဓါတ်ပုံ ရှင်းလင်းချက်- ၂၀၁၃ ခုနှစ် မတ်လနှောင်းပိုင်းတွင် မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် မင်္ဂလာဇေယုံ ဘာသာရေး စာသင်ကျောင်းမှ ကျောင်းသားငယ်လေးများ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အား ဓါတ်ပုံရိုက်ကူးပုံကို  ပြစ်မှုကျူးလွန်သူများမှ အွန်လိုင်း စာမျက်နှာဖြန့်ဝေနေသည့် ဓါတ်ပုံဖြစ်ပါသည်။

    http://goo.gl/BUPVNM

  • အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်

    အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    Indonesian military troops stand in form
    – နိုင်ငံ၏ကာကွယ်ရေးအင်အား တောင့်တင်းစေရန်အတွက် ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်ဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရာမီဇာဒ့် ရာယာကျူဒူက ပြောကြားလိုက်သည်။

    နိုင်ငံဘက်ဂျက်၏ ၀.၈ ရာခိုင်နှုန်း သုံးစွဲရာမှ ၁.၅ ရာခိုင်နှုန်းအထိ သုံးစွဲသွားမည်ဖြစ်ပြီး လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်းကို အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူဖြစ်စေရန်အတွက် လာမည့်နှစ်များအတွင်း ပြောင်းလဲရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရေမီဇာက ဆိုသည်။

    လက်ရှိသုံးစွဲနေသော ၀.၈ ရာခိုင်နှုန်းမှာ ကန်ဒေါ်လာ ၆.၈၁၅ ဘီလီယံရှိပြီး လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြားသော နိုင်ငံများအား အလွန်အမင်း မှီခိုနေရသည်။

    “လက်နက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ ကိုယ့်အားကိုယ်ကိုးဖို့ လိုပါတယ်။ တစ်ခြားတိုင်းပြည်တွေကို မှီခိုမှာ မဟုတ်ပါဘူး” ဟု ရေမီဇာဒ့်က ထည့်သွင်းပြောကြားခဲ့သည်။

    သမ္မတသစ် ဂျိုကို ၀ီဒိုဒိုကမူ ယခင်သမ္မတ ယူဒိုယိုနိုတာဝန်ယူခဲ့သည့် နိုင်ငံအတွင်း လက်နက်ပိုင်းဆိုင်ရာ ခေတ်မီအောင် ဆောင်ရွက်ခြင်းကို မိမိက ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အဓိကစိန်ခေါ်မှုများမှာ အကြမ်းဖက်ဝါဒ၊ လူကုန်ကူးခြင်း၊ ပုန်ကန်ထကြွမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုင်ဂိုဏ်မျာျးြဖစ်သည်။

     

    ref_ ဆင်ဟွာ

  • အလှူ  (ကဗျာ)

    အလှူ (ကဗျာ)

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -ရေးဖွဲ့သူ- မန္တလေးမောင်သုည

    Pawns under the rain
    စစ်သားနှင့်ပြည်သူ
    တိုင်းပြည်အတွက်
    အသက်စတေး
    ပေးလှူတာချင်းတော့တူ
    ဒါပေမဲ့ ***စေတနာ
    သဒ္ဓါကတော့မတူ
    ကောင်းစားတာက
    ငါးသလောက်ပေါင်းနှင့်
    ခေါင်းအထက်က လူ

    စစ်သားတော့ စစ်သား
    ဘာသာခြားသော်လည်း
    သူဟာ မြန်ပြည်သား
    တိုင်းပြည်ကို အချစ်ထား
    ဘာကိုမှ မျှော်လင့်မထား
    သူ့**အသက်ကိုပေးလှူသွား
    ဒါတွေကို ဘယ်သူမှ သတိမထား
    ပြည်ချစ် စစ်သား
    အို***စစ်သား
    အို***စစ်သား

    တိုင်းပြည်အတွက် အသက်စတေး
    လူတစ်စု ကောင်းစားရေး
    ထို***သူတို့အတွက် ကာဒိုင်းလေး
    ဒို့**ရဲ့***အာဇာနည် ရဲဘော်
    တပ်သားကလေး

    ** M-Media သို့ ပေးပို့လာသော ကဗျာ ဖြစ်ပါသည်။