News @ M-Media
Category: ကဗျာ
  • “ခင်ဗျားတို့ ပြောတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး” (ကဗျာ- M-Media Blog ကဏ္ဍ)
    မတ်လ-၃၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)
    zz
    ပြည်သူလူထု အလိုချင်ဆုံးက
    ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ရွှေနိုင်ငံတော်ကြီး
    ခင်ဗျားတို့ ပေးနေတာတွေက
    အဆုံးမသတ်နိုင်သေးတဲ့ လူမျိုးရေး ပဋိပက္ခ…။
    ပြည်သူလူထု မျှော်မှန်းနေတာက
    စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံတော်ကြီး
    ခင်ဗျားတို့ သယ်ဆောင်လာတာက
    တိုက်ပုံဝတ် လူသတ်သမားများရဲ့ မင်းမဲ့စရိုက်…။
    ပြည်သူလူထု တမ်းတနေတာက
    ထမင်းရေ ချောင်းစီး၊ မောင်းတီးပြီးလှူနိုင်စွမ်းတဲ့ တိုင်းပြည်
    ခင်ဗျားတို့ မီးမြှိုက်ပေးနေတာက
    လယ်သမားတွေကို ထမင်းတစ်နပ်ပဲ စားကြပါစေဆိုတဲ့ ဆင်းရဲမွဲတေမှု…။
    ပြည်သူလူထု လိုချင်တာက
    ဝိဇ္ဖ၊သိပ္ပ ပညာရပ်တွေ ထွန်းကားတဲ့ ခေတ်မှီ နိုင်ငံတော်
    ခင်ဗျားတို့ အလကား ဝေနေတာက
    အနာဂတ်သေဆေးနဲ့ မျှော်လင့်ချက်ပျောက်ဆေး…။
    ပြည်သူလူထု ငံ့လင့်နေတာက
    လူမျိုးစုံ ချစ်ကြည်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေး
    ခင်ဗျားတို့ လှုံ့ ဆော်နေတာက
    ပြည်သူလူထု ပြိုကွဲပျက်စီးရေးနဲ့ ရာသက်ပန်နာလန် မထူနိုင်ရေး…။
    ပြည်သူလူထုရဲ့ အိပ်မက်က
    တည်ကြည်ပြီး ဂုဏ်သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ သမ္မတစနစ်
    ခင်ဗျားတို့ လုပ်ဆောင်နေတာက
    အဂတိတရားပြန်ပွားရေးနဲ့ လာဘ်ပေးလာဘ်ယူ ထွန်းကားရေး…။
    အကြောက်ဆိုတဲ့ တရားတစ်ခုနဲ့ 
    ကျောသပ်ထားချင်တဲ့
    လူယောင်ဆောင်ထားတဲ့ ဝံပုလွေတစ်အုပ်ကြောင့်
    ကျုပ်တို့ ပြည်သူတွေရဲ့ 
    မသေနိုင်သေးတဲ့… အတိတ်ဆိုးတွေ
    မသေသင့်သေးတဲ့…ပစ္စုပ္ပုန်တွေနဲ့ 
    အသေစောတဲ့…အနာဂတ်တွေအတွက်
    ငိုချင်းချရုံကလွဲလို့ …ဘာများလုပ်နိုင်ဦးမှာလဲ
    ငိုချင်းချရုံကလွဲလို့ ….ကျုပ်တို့ဘာများတတ်နိုင်ဦးမှာလဲဗျာ…။။။
    အိမ်ဝေးသူ (KZ)
  • “တရားသစ်သို့ တမ်းခြင်း” (ကဗျာ- M-Media Blog ကဏ္ဍ)
    မတ်လ ၁၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)
    a
    မျောက်က ပုလင်ပေါ်တက်ထိုင်ပြီး
    ဘုရားက စင်အောက်ရောက်
    ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေဘဲ
    သောက်တလွဲ ဖြစ်နေတဲ့ ခေတ်ကြီးမှာ
    လူဖြစ်လာတာ ငါတို့ ပေါ့ကွယ်…..။။။
    လူကို လူလို မြင်ချင်ပေမယ့်
    လူကို လူလို မမြင်တတ်တဲ့…
    လူကို လူလို မစာနာတတ်တဲ့…
    လူကို လူလို မထောက်ထားတတ်တဲ့…
    လူကို….လူလို ………………….တဲ့….
    သူတို့ တတွေက စင်ပေါ်တက်
    အိမ်ကြက်ခြင်းဘယ်လို ခွပ်ရကြောင်းတရား
    လူထုကို နံပါတ်တုတ်နဲ့ ဘယ်လို ထိန်းသိမ်းရကြောင်းတရား
    သံဃာတော်ကို မီးလောင်ဗုံးနဲ့ ဘယ်လို ပူဇော်ပသ,ရကြောင်းတရား
    ကုလားကို ဖိပြီး တရုတ်ကို ဘယ်လို အဖေခေါ်ရကြောင်းတရား
    ဟောလိုက်တဲ့ တရားတွေများ
    ဟောလည်း ဟောနိုင်သေးတဲ့ တရားတွေ….
    သြော်..ခုတော့…ငါလည်း….တရားကျနေပါပြီ….။။။
    ခုတော့လည်း
    သောက်ရေးမပါတာတွေက သောက်ရေးတွေ ပါလာရင်း
    တကယ့်မေတ္တာရှင်တွေက တိရိစ္ဆာန်တွေသတ်လို့ သေ
    သစ္စာ တစ်ပြားသားမှ မရှိတဲ့သူတွေ…
    နှပ်ချေးတွဲလောင်း ပညာရှင်တွေ….
    သာသနာကို ထမင်းစားရေသောက် အရေခြုံသူတွေက
    တကယ့်..မေတ္တာရှင်ကြီးတွေ လုံးလုံးကို ဖြစ်လို့ 
    ကြတော့….ငါလည်း စိတ်ပျက်လှပါပြီ…..။။။
    ကဲ….
    (မစူးစမ်းမဆင်ခြင်သော တရား) ကို သယ်ဆောင်လာသူ
    ပုံပြင်ထဲက ယုန်သူငယ်လို အဖြစ်မျိုး ငါတို့ တတွေ မဖြစ်ကြခင်
    အမှန်တရားကို ခင်းကျင်းပြသမယ့်
    ကေသရာဇာ လူသား အမြန်ဆုံး လာခဲ့တော့ကွယ်…..။။။
    xxxxxxxxxxxxxxxxxxx
    ဖွင့်ဆိုချက်…။။။ လောကပါလတရားဆိုတာ ကျွန်တော်တို့ မြန်မာပြည်တွင် ပျောက်ကွယ်လုမတတ် ရှားပါးရတနာများ ဖြစ်ကြလေသော…….
    (၁) တရားမျှတခြင်း (Justice)
    (၂) လွတ်လပ်ခြင်း (Liberty) နဲ့
    (၃) ညီမျှခြင်း (Equality) တို့ ကို ရည်ညွှန်းကြောင်းပါခင်ဗျာ…။။။
    အိမ်ဝေးသူ (KZ)
  • “ဆက်သွယ်မှု ဧရိယာ” (M-Media Blog ကဏ္ဍ)
    “ဆက်သွယ်မှု ဧရိယာ” (M-Media Blog ကဏ္ဍ)
    ဖေဖော်ဝါရီ ၂၁၊၂၀၁၃
    M-Media
    ကျော်မိုးအောင်
    ဟယ်လို … ဟယ်လို … ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … တရားဥပဒေစိုးမိုးရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … လူ့အခွင့်အရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … လူကိုလူလိုမြင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … ဘက်မလိုက်သော/ နှာမစေးသော ခေါင်းဆောင်ကောင်း???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … ကော်မရှင် အစီအရင်ခံစာ???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … အပြန်အလှန် ပုတ်ခပ်စော်ကားမှုပပြောက်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … ဝါဒမှိုင်းတိုက် အဆိပ်ခပ်စာပေ မီဒီယာ ပပြောက်ကင်းစင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … ကိုယ်ချင်းစာတရား???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … အမုန်းမိစ္ဆာ အမြင်ဆိုး တိမ်သလ္လာ ကင်းစင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
    ဟယ်လို … ဟယ်လို … အမြင်ကျယ်စေမည့် လူဆန်စေမည့် ပညာရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။
  • အံ့သြဖွယ်နိုင်ငံ (ကဗျာ-M-Media Blog ကဏ္ဍ)
    အံ့သြဖွယ်နိုင်ငံ (ကဗျာ-M-Media Blog ကဏ္ဍ)
    ကြားရတဲ့သတင်းတွေကို
    အံ့သြတယ်-
    မြင်နေရတာတွေကို
    အံ့သြတယ်-
    ဖြစ်နေတာတွေကို
    အံ့သြတယ်-
    ဖွဘုတ်ပေါ်မှာ ရေးနေတာတွေကို
    အံ့သြတယ်-
    မိတ်ဆွေတွေရေးနေတဲ့ မှတ်ချက်တွေကို
    အံ့သြတယ်-
    ဘာသာရေးခံယူချက်တွေကို
    အံ့သြတယ်-
    မေတ္တာတရား ကြီးမားကြပုံကို
    အံ့သြတယ်-
    အကြမ်းဖက်တာကို
    အံ့သြတယ်-
    အကြမ်းဖက်မှုကို ထောက်ခံတဲ့သူတွေကို
    အံ့သြတယ်-
    အကြမ်းဖက်မှုကို အကာအကွယ်ပေးထားသူတွေကို
    အံ့သြတယ်-
    အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေကို
    အံ့သြတယ်-
    လှုံ့ဆော်နေသူကိုမတားမြစ်တဲ့
    လူကောင်းပါဆိုတဲ့သူတွေကို
    အံ့သြတယ်-
    ပါးစပ်က သဟဇာတ လို့ပြောပြီး
    နိုင့်ထက်စီးနင်းလုပ်မှုတွေကို တွေ့တဲ့အခါ
    ရေငုံ နှုတ်ပိတ် နေတတ်သူတွေ တွေ့နေရတော့
    အံ့သြတယ်-
    ပြည်ထောင်စုဝန်ကြီးတယောက်ရဲ့စကားကို
    ကြားလိုက်ရတဲ့အခါ
    အံ့သြတယ်-
    အမျိုးသားခေါင်းဆောင်ကြီးကို ကြည့်မိတဲ့အခါ
    အံ့သြတယ်-
    မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်
    ရှိပါတယ် လို့ ပြောထွက်သေးတာ
    အံ့သြတယ်-
    ဖာခန်း-လောင်းကစားခန်း-စင်တင်ဘီယာဆိုင်
    ဖွင့်တာမဟုတ်ပဲ
    ဝတ်ပြုကိုးကွယ်ရာနေရာဆောက်တာ
    ဘာသာရေးပညာသင်ကျောင်းဆောက်တာ
    ပြစ်မှု ဖြစ်ရတာကို
    အံ့သြတယ်-
    ဆော်ဒီအစိုးရက ဆော်ဒီအာရေးဗီးယားနိုင်ငံကို
    အုပ်ချုပ်တဲ့ပေါ်လစီကြောင့်
    မြန်မာနိုင်ငံသားတွေ
    အပြစ်ဖြစ်ရတာကို
    အံ့သြတယ်-
    ကိုယ့်သာသနာကိုယ်
    မြှင့်တင်ရေး
    အသိပညာတိုးပွားရေး
    ခိုင်မာကျစ်လစ်ရေး တွေ
    မဆောင်ရွက်ဘဲ
    တခြားသာသနာကို
    လိုက်ဖျက် တိုက်ခိုက်တတ်တဲ့
    အသိဥာဏ်ကို
    အံ့သြတယ်-
    ပစ္စည်းအတုမျိုးစုံ
    အစုတ်မျိုးစုံတင်သွင်းလာပြီး
    တနိုင်ငံလုံး အကျင့်စာရိတ္တက အစ
    ဘာမှမကျန်အောင်
    ဖျက်စီးနေတဲ့နိုင်ငံကို
    ကျေးဇူးရှင်လို့ သတ်မှတ်တာကို
    အံ့သြတယ်-
    လျှပ်စစ်ပြဿနာ ရှင်းနိုင်ဖို့
    မိုးနတ်မင်းကြီးထံ ဆုတောင်းခိုင်းတာကိုလဲ
    အံ့သြတယ်-
    မီးပျက်တဲ့ပြသနာဖြေရှင်းနိုင်ဖို့
    အိမ်ထဲမှာ ဖယောင်းတိုင်ထွန်းပြီး
    နေခိုင်းတာလဲ
    အံ့သြတယ်-
    ကျေးဇူးရှင်တောင်သူလယ်သမားတွေကို
    ထမင်းတစ်နပ်ပဲ စားခိုင်းတာလဲ
    အံ့သြတယ်-
    ရတနာသုံးပါး
    တစ်ပါးအပါအဝင်ဖြစ်သော
    မိမိကိုးကွယ်ရာကို
    ဖေါ့စဖေါ့ရပ်အဖြူတွေပါတဲ့ မီးခိုးဗုန်းဆိုတာနဲ့
    ပစ်ခတ်ရဲတာလဲ
    အံ့သြတယ်-
    စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ
    မှိုလိုပေါက်ပြီး
    ဘာအဖြေမှမထွက်တာလဲ
    လူကြီးတက်လုပ်နေတဲ့သူတွေကို
    အံ့သြတယ်-
    သူခိုးတွေကိုဖမ်းဖို့ စီးဖို့ပြောရင်း
    သူခိုးတွေကိုဖမ်းရင်း
    ကိုယ့် ခိုးထုပ်ခိုးထည်ကိုကာကွယ်နေကြသူတွေ
    ဆက်ခိုးနေကြသူတွေကို
    အံ့သြတယ်-
    ကိုယ့်ဖာသာ မရရအောင်ယူထားတာကို
    ပြည်သူကရွေးကောက်တင်မြှောက်တာပါလို့
    ခဏ ခဏ ပြောနေကြတာကိုလဲ
    အံ့သြတယ်-
    မြန်မာနိုင်ငံမှာ
    ပြည်သူတွေကိုကြည့်မလား
    အုပ်ချုပ်သူတွေကိုကြည့်မလား
    ဘာသာရေးခေါင်းဆောင်တွေကိုကြည့်မလား
    ယုံကြည်ကိုးကွယ်မှုကိုကြည့်မလား
    ပညာရေးကိုကြည့်မလား
    ကျန်းမာရေးကိုကြည့်မလား
    ဥပဒေကိုကြည့်မလား
    တရားစီရင်ရေးကိုကြည့်မလား
    ကြိုက်တာကိုကြည့်
    ကြည့်ချင်ရာကိုကြည့်
    အားလုံး အံ့သြစရာတွေချည်းဘဲ။
    Burma, The wonder land. ပါပဲ။
    ရေးသားသူ – Maungmaung Skw
  • “အနီရောင် ပြက္ခဒိန် တစ်ခုပေါ်က အမည်းစက်များ” (ကဗျာ)
    ဖေဖော်ဝါရီ ၁၄ ၂၀၁၃
    M-Media
    အိမ်ဝေးသူ
    xxxxxx
    •       တကယ်ဆို ဖေဖော်ဝါရီဟာ..
    ပင်လုံညီလာခံကြောင့် လှပခဲ့ဖူးပါတယ်
    အောင်ဆန်းဇာနည် ဖွားမြင်မှုကြောင့် တောက်ပခဲ့ဖူးပါတယ်
    ခုတော့လည်း…
    လောကပါလတရားနဲ့ ဝေး
    လောဘတရားများနဲ့ အရေခွံခြုံသူတစ်ချို့ ကြောင့်
    ဖေဖော်ဝါရီရဲ့ အလှ စွန်းထင်းရတော့မယ်နဲ့ တူပါရဲ့ ။။။
    •       ညီမလေးရဲ့ အပျိုစင် ကျင့်ဝတ်တွေ…
    ညီလေးရဲ့ လူငယ်တစ်ယောက် စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ
    ချောကလက်တစ်တောင့်နဲ့ နှင်းဆီတစ်ပွင့်
    “Happy Valentine’s Day”ဆိုတာလောက်နဲ့ 
    Discount ပေးပစ်လိုက်ရမယ်ဆိုရင်
    ဟောဒီ..ပြက္ခဒိန်က ၁၄ရက်နေ့ ဆိုတာကို
    ငါ..ဆုတ်ဖြဲလိုက်ချင်တော့တယ်…။။။
    •       ငါ့ရဲ့ ချစ်လှစွာသော ကောင်မလေးရေ…
    ကမ္ဘာ့တောင်ဖက်ခြမ်းက
    လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံ ရိုက်ခတ်သံကြောင့်
    ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ မုန်တိုင်းတစ်ခု ဖြစ်နိုင်သေးရင်
    ကမ္ဘာတစ်ဖက်ခြမ်းမှာနေတဲ့
    မင်းနဲ့ ငါရဲ့ ကိုယ်ကျင့်တရားစောင့်ထိန်းမှုကြောင့်
    ကမ္ဘာတစ်ဖက်ခြမ်းက လူသားမျိုးနွယ်စုအတွက်
    သာယာလှပတဲ့ ရာသီဥတုကို ပိုင်ဆိုင်ခွင့်ရကြတဲ့အတွက်
    မင်း..ဂုဏ်ယူတတ်စမ်းပါကွာ…။။။
    •       ငါ့ရဲ့ ချစ်လှစွာသော ဆည်းလည်းချိုလေးရေ…
    ငါ့ရင်ထဲက Valentines ပန်းတွေ
    မင်းအတွက် နေ့ စဉ် ပွင့်ခဲ့ဖူးပါတယ်
    ငါ့ရဲ့ စောင့်ထိန်းတတ်မှုကို လည်း
    မင်း…မှတ်ကျောက်တင်ကြည့်ခဲ့ဖူးပါတယ်…
    မတရားတာ လုပ်မိနိုင်ပေမယ့်
    မသမာတာ..ငါမလုပ်တတ်ဘူးဆိုတာလည်း
    မင်းနှလုံးသားက သက်သေထူခဲ့ဖူးပါတယ်…။။။
    •       ဒါနဲ့ များတောင်..
    ချစ်သူများနေ့ ခေါင်းစဉ်အောက်
    လက်တစ်ဖျစ်စာ နွေးထွေးမှုအတွက်
    ငါ့ကို…မကျေနပ်ဘူးဆိုရင်
    ချစ်သူများနေ့ လို့ လည်း ငါ..နာမည်မတပ်ဘူး
    မုန်းသူများနေ့ ဆိုပြီးလည်း ငါ..ငို မနေတော့ဘူး
    လွင်တီးခေါင်မှာ..ရေငတ်ခံဗုံတီး
    ငါ့ ကံကြမ္မာလို့ နာမည်တပ်ရင်း
    Mr..Valentine ကိုပဲ.. အပြစ်တင်လိုက်တော့မယ်…။။။
    •       ဘယ်လိုပြောပြော
    အကောင်း..အဆိုး အချိုးချရင်
    ဆိုးကျိုးများတဲ့…ချစ်သူများနေ့ 
    သွေးသား ဖလှယ်ရေးကို
    အသားပေးလာတဲ့…ချစ်သူများနေ့ 
    ဘူးသီး…သီးတော့မှ
    လက်ညှိုးထိုးချင်ကြတဲ့…ချစ်သူများနေ့ 
    လူ့ အခွင့်အရေး ခေါင်းစဉ်အောက်မှာ
    လူသားတွေရဲ့ ကိုယ်ကျင့်တရားတွေ
    အဖျက်အစီးခံရတဲ့ ချစ်သူများနေ့ .
    တစ်ရက်တည်းနဲ့ လူခြောက်သိန်းကို
    HIV ရောဂါသည်အသွင်ပြောင်နိုင်စွမ်းရှိတဲ့…ချစ်သူများနေ့ …။။။
    •       ကဲ…
    ဘယ်သူတွေ ဘယ်လိုပဲ ပြောကြစမ်းပါစေ
    အဲဒီနေ့ ရဲ့ မလှပမှုအောက်မှာပဲ
    ရူးတယ်ဆိုတာ
    မရူးတဲ့လူတွေရဲ့ လက်သုံးစကားတစ်ခုဆိုရင်
    ချောကလက်မစားတတ်တဲ့ အရူးတစ်ယောက်က
    ထန်းလျက်ခဲကိုပဲ တရှိုက်မက်မက်စားသုံးရင်း
    ရူးချင်ယောင်ဆောင်နေတဲ့အကြောင်း
    ငါ့..ရဲ့ ချစ်လှစွာသော ကောင်မလေးကို
    ပြောပေးကြပါကွယ်…။။။
    အိမ်ဝေးသူ (KZ)