News @ M-Media

Category: Media To Monitor

  • ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သတ်ပြီး သတင်းမီဒီယာများအပေါ် indepth analysis အသေးစိတ်ခွဲခြမ်းကြည့်ရာဝယ်

    ဒန်ငြာရှိန်း

    မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတင်းမီဒီယာများအပေါ် indept analysis လုပ်ထားခြင်းဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စရပ်နှစ်ခုအပေါ်မှာ အခြေခံပြီး ပြည်သူလူထုတွေဟာ မိမိတို့စိတ်တွင်းခံစားချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ရတဲ့အဖြစ်၊ တရား ဥပဒေစိုးမိုးစေရေး တောင်းဆိုရတဲ့အဖြစ်တွေဆီ အခြေအနေတစ်ရပ်က တွန်းပို့လိုက်ပါတယ်။

    ကမ္ဘာ့မီဒီယာတွေရဲ့ headlines တွေဆီမသွားမီ လော့ဂျစ်ကျကျသုံးသပ်ကြည့်ကြပါမယ်။ ဖေ့စ်ဘွတ်ခ်ခေါ်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းကွန်မန့်တွေ အပြန်အလှန်ပေးကြပါတယ်။ အချို့ လည်း တော်တော်ဆိုးပါတယ်။

    ကိုမြအေး ဘာကြောင့် အပြင်ထွက်လာသလဲဆိုတာနဲ့ပတ်သတ်ပြီး ကွန်မန့်တွေပေးထားပါ တယ်။ မုဒိန်းကျင့် လူသတ်မှုကိုအခြေခံပြီး အပြစ်မဲ့ (အညာသားများအပါအ၀င်) လူ ၁၁ ဦးကို မသေမချင်း ရိုက်သတ်ပြစ်လိုက်တယ်။ နောက်ဆက်တွဲဘာဖြစ်မလဲ။ မုဒိန်းကျင့်လူ သတ်မှု၊ အဲဒီအတွက်တရားစီရင်ဆဲ၊ လက်စားချေမှုကြောင့် အပြစ်မဲ့ ၁၀ ဦးအသတ်ခံရ၊ minority  အစုများတဲ့နေရာတွေမှာ ထပ်ပြီးလက်စားချေမှု တွေမဖြစ်လာနိုင်ဘူးလား။ ဒီ လိုတွေ ဆက်ဖြစ်နေရင် ဒီမိုကရေစီရေးထိခိုက်မှာကြောင့် ကိုမြအေး အပြင်ထွက်လာတာ ပါ။ နိုင်ငံတော်အဆင့်ဖြစ်လာနိုင်တဲ့ ပဋိပက္ခကို ဟန့်တားဖို့ အပြင်ထွက်လာတာပါ။ မုဒိန်း ကျင့်လူသတ်မှုအတွက် ဘာမှအပြစ်မရှိတဲ့ အပြစ်မဲ့ ၁၁ ဦးကို ရိုက်သတ်လိုက်တာ မှန်တယ်လို့ ယူဆနေတဲ့ ကွန်မန့်များကတော့ စိတ်ပျက်ဖွယ်ရာများပါပဲ။

    အခုကျွန်တော်တို့ နိုင်ငံတကာမီဒီယာများကို လေ့လာပါမယ်။

    ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ “Muslims Killed in attack in Burma’s Rakhine Province” ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ”။

    ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာ က-

     “More than 100 people beat and killed those people,” a resident told AFP news agency. “The residents even torched the bus.”

     The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.

    (ဘာသာပြန်) “လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့ လူတွေက ဘတ်စ်ကားကို မီးနဲ့ တောင် ရှို့လိုက်ကြသေးတယ်” လို့ တောင်ကုတ် မြို့ခံတစ်ဦးက အေအက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။

    တိုက်ခိုက်မှု ဘယ်လိုဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ နောက်ခံအကြောင်းကတော့ မရှင်းမလင်းအနေ အထားပါ ပဲ။ ဒါပေမယ့် မြို့ခံအချို့ကတော့ ပြည်နယ်အ တွင်း အခြားတစ်နေရာမှာဖြစ်ပျက်ခဲ့ တဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့်သတ်ဖြတ်ခဲ့တာကြောင့် လက်စားချေ ကြခြင်းဖြစ်ကြောင်း ပြောကြပါတယ်။

    အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။

    သတင်းကို အခုလို အစချီဖော်ပြထားပါတယ် –

    The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car.

    (ဘာသာပြန်) “တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက် ကြပါတယ်။ ပိတ်ဆို့လိုက် တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးကို မုဒိန်းမှုကျူးလွန်သွား တဲ့ တရားခံပါကြောင်း ဆိုကြတယ်”လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

    ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစုလူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။

    သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ –

    Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.

    “We all have a duty to control the situation, no matter who is involved or which religion they are,” said Aye Maung, an MP for the Rakhine Nationalities Development Party.

    “We all are living here together. We, as well as the government, have the duty to control it,” he told AFP.

    (ဘာသာပြန်) ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။

    “ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းကလည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါ တယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

    စင်ကာပူ နာမည်ကြီး straitstimes ကတော့ “At least 9 killed in mob attack in western Myanmar” ဆိုပြီး အုပ်ဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင် လူကိုးဦးသေဆုံးလို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းကတော့ အကျဉ်းချုပ်လောက်ပဲဖြစ်ပါတယ်။ တောင်ကုတ်မြို့မှာ ဒေသခံ ရခိုင်အမျိုးသားများက လူကိုးဦးကို သတ်ပြစ်လိုက်ကြတယ်၊ ကျွန်တော်တို့ အသေးစိတ်မသိ သေးပါလို့ အစိုးရတာဝန်ရှိသူများက ဆိုကြောင်း ဖော်ပြထားပါတယ်။

    ဘန်ကောက်ပို့စ်ကတော့ “Nine dead in Myanmar mob attack: govt official” ဆိုပြီး မြန်မာပြည်က အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် လူကိုးဦးသေ ဆုံးကြောင်း အစိုးရပိုင်းက ပြောကြား ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ရေဒီယို ဩစတေးလျရဲ့ တင်ပြပုံနဲ့ ဆင်တူပါတယ်။

    အခုလို နိုင်ငံတကာမီဒီယာများရဲ့ ခေါင်းစဉ်များကို လေ့လာရခြင်း အကြောင်းရင်းကတော့ ဒီမီဒီယာတွေအားလုံးက ခိုင်မာတဲ့မီဒီယာတွေဖြစ်ပြီး မြန်မာပြည်က တာဝန်ရှိသူများရဲ့ ပြောဆို မှုများအပေါ် အခြေခံခဲ့ကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။

    နိုင်ငံပိုင် state media နဲ့ state newspaper တို့ရဲ့ သတင်းကြေညာချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ နိုင်ငံတကာမီဒီယာတွေရဲ့ ဆက်သွယ်မေး မြန်းမှုများကို အဖြေပေးခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ အခြေခံပါသလား။ ဒီမေးခွန်းဖြစ်ပေါ်လာရတာက “ကုလား” ဆိုတဲ့ စကားလုံးကြောင့်ပါ။

    နိုင်ငံပိုင် state media နဲ့ state newspaper တွေမှာ “မွတ်စလင်ကုလား” ဆိုပြီး ထပ်ကာတလဲလဲ သုံးစွဲသွားပေမယ့် နိုင်ငံတကာ မီဒီယာတွေမှာ ဒီ derogatory term ကို ကိုယ်စားပြုတဲ့ စကားလုံး တစ်လုံးတောင် ရှာမတွေ့ရတာ ဘာကြောင့်ပါလဲ။ ကုလားဆိုတဲ့ စကားလုံးက နိုင်ငံတကာမှာ “Nigger” ဆိုတာနဲ့ ထပ်တူညီမျှပါပဲ။ နိုင်ငံတကာမှာ Nigger ဆိုတဲ့စကားလုံး သုံးစွဲဖော်ပြတဲ့ မီဒီယာ မရှိပါ။ လုံးဝမရှိပါ။

    သတင်းအရင်းအမြစ်က တစ်နေရာတည်းကလာပြီး သတင်းတင်ဆက်ပုံ၊ စကားလုံးရွေးချယ်ပုံတွေ ကွာနေတာ ဘာကြောင့်ပါလဲ။

    အခု ပြန်ကြားရေးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က notes ကို လေ့လာပါမယ်။ ဦးရဲထွဋ်ရေးသားခဲ့တာက

    “အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီးအောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

    ၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇတ်နိမ့်/မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့သတိပြုရန်။

    ၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။

    ၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။

    ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်-….” စသဖြင့်ပါ။

    ဦးရဲထွဋ့်က ဇွန်လ ၄ ရက် ည ၈ နာရီမှာ တင်ထားတာပါ။ အဲဒီအချိန်လောက်မှာပဲ နိုင်ငံပိုင်မီဒီယာ က “တရားခံ မောင်… အစ္စလာမ်၊ မွတ်စလင်ကုလားလူမျိုး” စတဲ့စကားလုံးတွေ တရစပ်သုံးပြီး သတင်းတင်ဆက်သွားတာ ကတော့ နိုင်ငံတကာမှာ ရှက်ဖွယ်လိလိ သတင်းတင်ဆက်ပုံမျိုးပါ။

    နိုင်ငံပိုင်သတင်းစာက ခေါင်းစဉ်တပ်လိုက်ပုံက – “မွတ်စလင်ကုလား ၁၀ ဦးအသတ်ခံရ” ။

    ဒီလိုပဲ ဇွန်လ ၃၀ ရက် တောင်ကုတ် လူသတ်မှုမတိုင်ခင်တုန်းက သတင်းတွေကို လေ့လာကြည့်ရ အောင်။

    ရခိုင်းသတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့

    –       ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

    –       မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

    –       ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

    –       တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

    နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

    –       သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

    –       တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

    –       အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

    –       မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း

    မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

    –       အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

    –       မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

    –       အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

    –       စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း

     

    ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

    ပါသတင်းမှာ

    –       ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို

     ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

    အလားတူပဲ ဇွန်လ ၁ ရက်နေ့ ထုတ် အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို ခေါင်းစဉ်ပါ ဧရာဝတီသတင်းမှာ

    –       အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊

    –       ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ကုလားများနှင့်ပတ်သက်၍ တိုင်တန်းချက်များကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိသည့် စသဖြင့်

    ရေးသားထားပါတယ်။

     ဒါကြောင့် မေလ ၃၀ ရက်နေ့ကတည်းက ထောင်သွင်းအကျဉ်းချခံရပြီးဖြစ်တဲ့ မုဒိန်းကောင်များကို အခြေခံပြီး ဇွန် ၃ ကျမှ လူသတ်ပွဲကြီးဖြစ်လာစေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဇွန် ၅ ရက်မှာ လူထုတွေ လမ်းပေါ်ထွက်လာပြီး တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ အခြေအနေထိ တွန်းပို့တာ ဘယ်မီဒီယာများပါလဲ။ ဒီလို မြန်မာနိုင်ငံတော်အစိုးရပိုင် မီဒီယာရဲ့ သတင်းတင်ဆက်ပုံမျိုးဟာ သွေးနားထင်ရောက်အောင် ဆွပေးတဲ့ သတင်းတင်ဆက်ပုံမျိုးဖြစ် ပါတယ်။ ဒါကို တာဝန်ယူပေးပါ။

    ငြိမ်းချမ်းလှတဲ့ မြန်မာမွတ်စလင်မ်တွေကြောင့်သာ နိုင်ငံအဆင့်အဓိကရုဏ်းမဖြစ်တာပါ။

    နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်အမှားပြင်ဆင်ချက်ထည့် ထားတဲ့ ကိစ္စကို ပြောရမှာပါ။

    မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနခင်ဗျား – လူကြီးမင်းတို့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးခွဲသပ်လျှိုတဲ့ အသုံးအနှုံးများအတွက် အမှားပြင်ဆင် ချက်က လုံလောက်ပြီလို့ ထင်မြင်ပါသလားခင်ဗျား။

    ကျွန်တော်တို့ လိုအပ်နေတာ “Apology” လို့ ခေါ်တဲ့ တရားဝင်တောင်းပန်မှုပါ။

    စင်္ကာပူ တူဒေးစ်သတင်းစာက ကျိုက်ထီးရိုးအကြောင်း မကောင်းရေးကြတော့ တောင်းပန်ပါလို့ ပြောခဲ့ကြတဲ့ မြန်မာတွေ၊ အခု ကိစ္စမှာလည်း နိုင်ငံကြီးသားပီသစွာ လက်တွဲဆောင်ရွက်ပေးကြပါ။

    နိုင်ငံကြီးသား ဘာသာခြားမြန်မာများခင်ဗျား။ ပူးပေါင်းပါဝင်လက်တွဲကူညီကြရင်း Racial Harmony, Religious Harmony များဖွံ့ဖြိုးပြီး လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အင်အားစိုက်ထုတ်ပေးကြပါ လို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

     

  • သမိုင်းဟူသည် ဤသို့တည်

    သမိုင်းဟူသည် ဤသို့တည်

    ပြုစုသူ-  ရဲရင့်သစ္စာ

    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့်ကျမ်းငယ်

     

    စာရေးသူအမှာစာ

    ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ဘွဲ့အမည်ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော်ကတော့ အဲဒီစာအုပ်ကို သမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင်လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။
    အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်း ဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင်မဟုတ်ဟု သာ ယူဆမိပါသည်။) အတွက် သမိုင်း ကြောင်းတွေကိုနားမလည်တာ၊ အလွဲအမှားတွေရေးတာဟာမထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခ့တဲ့ဲ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန်(အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။) ဖြစ်နေလို့ပါဘဲ။

    အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ် အမှာစာစာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်း ဖြတ်ပေးခ့တဲ့ဲ
    ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူး တင်ကြောင်းမှတ်တမ်းတင်ထားပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ အမည်စာရင်းပါ ဆရာကြီးများရဲ့ အမည်တွေကိုကူးယူဖော်ပြပေးချင် ပါတယ်။

    ၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
    ၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘဲဂျွန်
    ၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
    ၄။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်း အုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
    ၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်

    အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့အစည်းတွေက လေးစားအပ်တဲ့ပညာရှင်များကိုယ်တိုင်ကစာမူကိုဖတ်ရှုတည်းဖြတ် ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်း အကြောင်းအရာ အတော်များများဟာ အလွဲကြီး လွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်းမိပါတော့တယ်။
    ကျွန်တော်သမိုင်းပညာရှင်တစ်ဦးလုံးဝမဟုတ်ပါဘူး၊သို့သော်သမိုင်းပညာရပ်နဲ့ပညာရှင်တွေကိုချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်းပညာရပ်ကို အလွတ်တမ်းလေ့လာလိုက်စားဖြစ်ပါတယ်။ ကျွန်တော်လေးစားရတြဲ့မန်မာနိုင်ငံက သမိုင်းပညာရှင်ကြီးတွေထဲက ပညာရှင်ကြီးအချို့ရဲ့ အမည် တွေကိုရွတ်ပြရရင်ဖြင့်…..
    ၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
    ၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
    ၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
    ၄။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
    ၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်
    စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့ သမိုင်းကိုသစ္စာဖောက်တ့၊ဲ မတည်ကြည် မဖြောင့်မတ်တဲ့ လူသားတစ်ယောက်အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။ အဲဒီအဖြစ်မျိုးရောက်မှာကိုတော့အလန်ွရံွေ ကြာက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာအယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင်ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့ အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက်တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ် ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်းသဘောတူမယ်လို့ ယုံကြည်မိပါတယ်။

    Thamine Hu The

     

  • မြန်မာ့အလှ (အလင်းတန်းဂျာနယ်ဆောင်းပါး)

    အေးလွင်

    မြန်မာနိုင်ငံ၏အလှမှာ ရုပ်ပိုင်းဆိုင်ရာမျှမဟုတ်ချေ။ မြန်မာပြည်သားတို့၏ နှလုံးသားတွင်လည်း ထင်ဟပ်လျက်ရှိပါသည်။ အမှန်တရားကို ခုံမင်တန်ဖိုး ထားကြသည့် မြန်မာတို့သည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံအသီးသီးတို့ဖြင့် ထိုသစ္စာအမှန်ကို လွတ်လပ်စွာ ရှာဖွေခဲ့ကြ၏။ သက်သေအဖြစ်ပြပါဆိုလျှင် ကမ္ဘာ့အဓိက ဘာသာကြီးလေးခုတို့သည် မြန်မာနိုင်ငံ၌ ရောင်ဝါထွန်းလင်းလျက်ရှိ၏။

    မြန်မာတို့၏ ပင်ကိုဗီဇတွင် သနားကြင်နာတတ်သည့် ကရုဏာတရားသည် ကိန်းဝပ်လျက်ရှိပြီးဖြစ်၏။ မြန်မာပြည်သားလူများစုကိုးကွယ်သည့် ထေရဝါဒ ဗုဒ္ဓသာသနာသည် သတ္တဝါဟူသမျှ ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားရန် ညွှန်ပြထား၏။ ပုဂ္ဂိုလ်သတ္တဝါတို့မှာ ရုပ်နှင့်နာမ်ဖြင့်သာ စုဖွဲ့ထား၍ လူ မျိုးအားဖြင့်လည်းကောင်း၊ လူတန်းစားအားဖြင့်လည်းကောင်း ခွဲခြားမှုမရှိစေဘဲ ရှုမှတ်တတ်အောင် သွန်သင်ပြသခဲ့၏။ အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက် ခဲ့သည့် မဟာယန၊ ထေဝါဒဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဓမ္မသည်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သမိုင်းအထောက် အထားများ ရှိပါသည်။ အရှေ့အလည်ပိုင်းမှာ အစပျိုးခဲ့သည့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည်လည်း သူ့အတိုင်းအတာနှင့်သူ မြန်မာ့သမိုင်းမှာ ထည်ဝါသော အခန်းကဏ္ဍဖြင့် အတည်တကျရှိနေပါသည်။

    လူသားတို့အား ကောင်းကျိုးပြု၍ အလင်းဆောင်ခဲ့သည့် ဘာသာသာသနာအသီးသီးတို့မှာ ကမ္ဘာအနှံ့၌ ပွင့်ထွန်းခဲ့ကြသော်လည်း မြန်မာပြည်မှာ စည်ပင် သာယာ၍ ပြန့်ပွားထွန်းကားနေခြင်းမှာ မြန်မာတိုင်းက ဂုဏ်ယူသင့်သောအချက်ဖြစ်၏။ အကယ်စင်စစ်တွင်မူ လူသားတိုင်း၌ မိမိယုံကြည့်ရာကို ရွေးချယ် ပိုင်ခွင့်မှာ လူသား၏ မွေးရာပါအခွင့်အရေးတစ်ရက်ပင်ဖြစ်ပါသည်။ လူမျိုးဟူသည်မှာ မိမိနေထိုင်ရာဒေသ၊ မိမိခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စသည့် ရုပ်ဝိသေသလက္ခဏာတို့နှင့် သက်ဆိုင်ပါသည်။ ယုံကြည်ကိုးကွယ်မှုမှာ နှလုံးသားနှင့် လုံးဝသက်ဆိုင်လျက်ရှိပါသည်။ မည်သည့်လူမျိုးမဆို မိမိယုံကြည် ရာကို လွတ်လပ်စွာ လက်ခံကျင့်သုံးခွင်ရှိပါသည်။ ယင်းသို့ယုံကြည်ခြင်းအားဖြင့် လူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းမလာနိုင်ပါ။ ဘာသာတရားတစ်ခုအား လက်ခံခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်နေထိုင်သော တိုင်းပြည်ပေါ်ချစ်မြတ်နိုးခြင်း၊ သစ္စာစောင့်သိခြင်းနှင့်လည်း မဆိုင်ပါ။ လူမျိုးပေါင်းစုံဖြစ့် ဖွဲ့စည်း ထား သာ နိုင်ငံတွင် ဘာသာပေါင်းစုံရှိနေမည်မှာ သဘာဝနိယာမဖြစ်ပါသည်။ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ တိုင်းပြည်နှင့် ယင်းတိုင်းပြည် တွင်း၌ နေထိုင်ကြသည့် လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်သာ အဓိကကျပါသည်။

    ဤနေရာတွင် နိုင်ငံသား၊ လူမျိုးနှင့် ဘာသာတို့အား ခွဲခြားစွာသိနိုင်ပါက တိုင်းပြည်တစ်ပြည်၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက် နိုင်ပါလိမ့်မည်။ တိုင်းပြည်တစ်ပြည်တွင် ဘာသာတူ၊ လူမျိုးခြား များရှိနိုင်သလို လူမျိုးတူ ဘာသာခြားများလည်း ရှိနိုင်ပါသည်။ သို့သော ယင်းတို့ အားလုံးမှာ နိုင်ငံသားများသာဖြစ်ကြပါ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သူ ဟန်နရီ ကစ်စင်ဂျာ သည် ဂျာမန်ဂျူးလူမျိုး၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကူးပြောင်းလာသူတစ်ဦး ဖြစ်ပါသည်။ လူမျိုးရေးနှင့်ပတ်သတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခံယူချက်အား ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ ဖဆပ လညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းအား လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အနည်းငယ်ကောက်နုတ်တင်ပြရပါလျှင်

    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ၊ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်းထပ်ပြီးလျှင် နှစ်ပရီစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းဟု စိတ်ထားရှိသူတို့ ကို တစ်စုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသောဘာသာစကားတို့ အရေးထားရမည်ဖြစ် သော်လည်း အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတတရားသည် တည်နေပေသည်။”

    မည်သည့်ဘုရားမျှ မပွင့်ခဲ့သည့် မြန်မာပြည်၌ မှီတင်းနေထိုင်ကြသည့် လူသားတို့ ဘာသာပေါင်းစုံကို လက်ခံကိုးကွယ်လျက်ရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်ဖြစ်ပါသည်။ လွဲမှားသော အချက်အလက်များပေါ် အခြေခံပြီး စိတ်ဝမ်း ကွဲ ပြားမှုမဖြစ်သည့်ပါ။ လူအများစု ကိုးကွယ်သည့်ဘာသာနှင့် လူနည်းစုကိုးကွယ်သည့်ဘာသာဝင်တို့သည် အပြန်အလှန် စာနာထောက်ထားပြီး လေးစား ချစ်ကြည်ရန် အလွန်အရေးကြီးပါသည်။ လူကို လူလိုမြင်ပြီး ရုပ်နာမ်နှင့် တည်ဆောက်ထားသော လူသားတို့မှာ အခြေခံအားဖြင့် တူညီမှုရှိပြီး ကောင်းရာ လုပ်သောလူနှင့် မကောင်းရာလုပ်သောလူဟူ၍သာ ခွဲခြားအပ်ပါသည်။ ဘာသာတရားအဆုံးအမတို့ မည်မျှကောင်းစေကာမူ ယင်းဘာသာဝင်ပါဟု ခံယူ ထားသူတိုင်း ထိုတရားကောင်းတို့အား မကျင့်ကြပါ။ ထိုအခါ ဝါဒနှင့် ဝါဒီခွဲမြင်ရပါတော့မည်။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြစ်သင့်ပါ သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ကြိုးစားအားထုတ်ကြရန်သာရှိပါ၏။ ဘာသာဝင်တစ်ဦး အဓမ္မမှုကျူးလွန်လျှင် ထိုသူ၏လုပ် ရပ်အဖြစ်မှတ်ယူပြီး ဘာသာတရား၏ အဆုံးအမကြောင့် ထိုမကောင်းမှုပြုဖြင်းဖြစ်သည်ဟု မခံယူအပ်ပေ။

    လူများစုက လူနည်းစုကို သက်ညှာရသလို လူနည်းစုကလည်း လူအများစု၏ မတူကွဲပြားမှုကို အသိအမှတ်ပြု၍ မှန်ကန်စွာ ဆက်ဆံမှသာလျှင် လူ့အစုဝေး တစ်ရပ်တွင် (Unity in Diversity) မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောင်နိုင်ပေမည်။ ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ မတူညီခြင်းမှာ ဉာဏ်ကူ ခြင်းဟုခံယူပါက ဗဟုဝါဒ (Pluralism) ၏ အကောင်းနှင့် အပြုသဘောသက်ရောက်မှု (Positive Impact) ကို ရရှိပေမည်။ မတူသူတို့နှင့်အတူ ငြိမ်းချမ်း စွာယှဉ်တွဲ၍ နေထိုင်နိုင်ရန် မတူညီမှုကို နားလည်သဘောပေါက်လက်ခံသည့် စိတ်ထား (Tolerance) ရှိရန်လိုအပ်ပါသည်။

    ~~~~~~~~~~
    နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့် မကြာမီက ရရှိထားသည့်သတင်းစာ (မေလ ၁ဝ ရက်နေ့ထုတ်) တွင် အစ္စလာမ်နှင့်ပတ်သတ်၍ လွဲမှားသော အချက် အလက်များဖော်ပြထားပါသည်။

    “ကိုလိုနီနယ်ချဲ့ခေတ်က မြန်မာပြည်တွင်းသို့ အိန္ဒိယမှလူများ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရ၍ ဘင်္ဂါလီလူမျိုးများဝင်လာကြောင်း၊ ယင်းတို့သည် သိမ်များကို ဖျက်၍ ဗလီများဆောက်ခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီ မွတ်ဆလင်၊ ချစ်တီးများ (ဆောင်းပါးရှင်၏ဖော်ပြချက်) သည် မြန်မာပြည်မှ တောင်သူလယ်သမားတို့ အား ငွေတိုးချေးပြီး ခေါင်းပုံဖြတ်ခဲ့ကြောင်း” စသဖြင့် ရေးသားထားပါသည်။

    မြန်မာပြည်သို့ အစ္စလာမ်သာသနာ ၇ ရာစုနှစ် အေဒီ၊ ပိတ်သုံမင်းလက်ထက် (အေဒီ ၆၅၂ – ၆၆၁) အတွင် အာရပ်လူမျိုးကုန်သည်တို့သည် သထုံ၊ မုတ္တမ အစရှိသော ဆိပ်ကမ်းမြို့သို့ ရောက်ရှိရာမှာ စခဲ့ပါသည်။ (ဦးကြည် ဘီအေ၊ ရာဇဝင်ဂုဏ်ထူး၊ မြန်မာရာဇဝင်သိအပ်ဖွယ်အဖြာဖြာ၊ စာမျက်နှာ (၈၁ – ၈၃)၊ သာသနာရောင်ဝါထွန်းပြောင်စေဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၇ ခု မတ်လထုတ်)။

    ယင်းတို့တွင် ဆူဖီသူတောင်စင်တို့ပါဝင်ကာ မြန်မာပြည်သူတို့က ထိုသူတော်စင်တို့၏ သီလ၊ သမာဓိ၊ ပညာကို လေးစားကြည်ညိုခဲ့ကြပါ၏။ ထိုသူတော်စင် တို့ မြန်မာပြည်သူတို့၏နှလုံးသား (ပရမတ်တရား) နှင့် ဦးနှောက် (ဆင်ခြင်တုံတရား) တို့အပေါ် အောင်မြင်ခဲ့ကြ၏။ (Won the Hearts and Minds of the People) ပုဂံခေတ်ကျောက်စာတို့တွင် တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အား ရည်ညွှန်းသည့် “ပန်းသိဃ်”၊ “ပသည်” ဟုရေးသား ချက်များ ပါရှိသည်။ (ဒေါ်တင်စိန်၊ ကုန်းဘောင်ခေတ်ယဉ်ကျေးမှု နိဒါန်း၊ အတွဲ ၃၊ အပိုင်း ၄၊ စာ – ၇၅။ ၁၉၇၃ ခုနှစ် ဇူလိုင်လထုတ်)

    ပုဂံခေတ်ရှေးဦးပိုင်းမှစ၍ တိုင်းပြည်နှင့်လူမျိုးအတွက် ဦးဆွေးဆံမြည့်အမှုထမ်းခဲ့သည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့ ထက်တိုင်ရှိနေပါသည်။ မြန်မာမင်းများက နိုင်ငံခြားသားကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်တို့အား ငွေကြေးပေး၍ ငှားရမ်းထားသည့် ကြေးစားများအဖြစ်မဟုတ်ဘဲ တိုင်းပြည်၏ ရင်နှစ်သည်းချာ သားသမီးကောင်းရတနာများအဖြစ် အမှုထမ်းသူများတွင် ဝန်ကြီး မဟာဗန္ဓုလ၏တပ်မှူး နေမျိုးဂုဏ္ဍရတ် (အစ္စလာမ်ဘွဲ့အမည် အဗ္ဗဒုလ်လာရင်မ်) (ကုန်ဘောင်ဆက် မဟာရာဇဝင် ဒု – တွဲ၊ စာ ၃၇၉ – ၃၉၂) တောင်တွင်းကြီးစစ်ကြောင်း၏ ဗိုလ်ချုပ်အဖြစ်ခန့်ထားခံရသော အစ္စလာမ်ဘာသာဝင် အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး၊ မင်းကြီးမဟာမင်းထင်ရာဇာဦးခြုံ (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) တွဲ၊ စာ ၈ဝ၉ – ၇၁ဝ၂) တို့အပါအဝင် ဆရာကြီးဦးရာဇတ်ကဲ့သို့ အာဇာနည်သူရဲကောင်း မျိုးချစ်မြန်မာမွတ်ဆလင်ကြီးများ ရှိခဲ့ပါသည်။

    ဆောင်းပါးရှင်သည် ဘင်္ဂါလီလူမျိုးနှင့် ချစ်တီးလူမျိုးကိုပင် ခွဲခြားမသိပေ။ ချစ်တီးတို့မှာ အိန္ဒိယတောင်ပိုင်းမှ ဟိန္ဒူဘာသာဝင်တို့ဖြစ်၏။ ဘင်္ဂါလီလူမျိုးတို့ မှာ ဘင်္ဂလားနယ်မှ ပုဂ္ဂိုလ်များဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအဖြစ် ရှိနေကြပါသည်။ အစ္စလာမ်သာသနာသည် အတိုး စားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ဝက်သားစားခြင်းထက်ပင် ပြစ်မှုထိုက်ပါသည်။ ဤကဲ့သို့ အခြေခံအချက်များကိုပင် မသိဘဲနှင့် မတူကွဲပြားမှု များနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် သွေးဝမ်းကွဲ၍ စည်းရုံးမှုပျက်ပြားစေသည့် အခြေအမြစ်မရှိသော (Misinformation Disinformation) များကို သတင်းစာတစ်စောင်အနေဖြင့် မဖော်ပြသင့်ပါ။ နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် အဆိပ်သင့်စာပေများ ဖြန့်ဖြူးရာဌာနဖြစ်လာပါက နိုင်ငံ၏ကံကြမ္မာမှာ အလွန်ရင်လေးဖွယ်ရာဖြစ်ပါမည်။ မြန်မာ့အလှကို အကျည်းတန်အရုပ်ဆိုးအောင် အမုန်းတရားတို့ဖြင့် မချယ်မှုန်းသင့်ပါကြောင်း တင်ပြအပ်ပါသည်။

    အလင်းတန်းဂျာနယ် အမှတ် (၇၀၅)၊ မေ၂၁၊ တနင်္လာ၊ ၂၁၀၂၊ စာမျက်နှာ ၂၈နှင့် ၂၉ ကိုပြန်လည်ဖော်ပြပါသည်။

  • ဆရာ ဝင်းတင့်ထွန်းသို့ အိတ်ဖွင့်ပေးစာ

    ဆရာ ဝင်းတင့်ထွန်းခင်ဗျား

    ဆရာရေးသားတဲ့ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်းစာအုပ် ကို ဖတ်ရှုရပါတယ်။ (မဖတ်ရသေးသူများ ဖတ်နိုင်ရန် ပူးတွဲ ပေးပို့လိုက်ပါတယ်)။ ဆရာရေးတဲ့စာအုပ်တွေဟာ ရွှေလို တန်ဖိုးထားရတာမို့ ကျနော် အမြဲတန်ဖိုးထား ဖတ်ပါတယ်။ ဆရာသည် သမိုင်းဆိုင်ရာ စာအုပ်အများအပြားကို ရေးခဲ့သူဖြစ်တဲ့အပြင် တိုင်းပြည်အတွက် အနစ်နာခံခဲ့သူ လေးစားအပ်သော ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း လေးစားလျှက်ပါ။

    ဆရာဝင်းတင့်ထွန်းက သူ့စာအုပ်သည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်ပါဟု ဝန်ခံထားသော်လည်း မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ ဖဆပလနှင့် လက်တွဲရုံတင်သာမက ဖဆပလ၏ လက်ရုံးပါတီတစ်ခုအနေနှင့် ထင်ထင်ရှားရှား ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဗမာမွတ်စလင် ကွန်ဂရက် (Burmese Muslim Congress)ကို စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားခြင်း မရှိတဲ့အတွက် ဝမ်းနည်းမိသလို အံ့သြမိရပါတယ်။ တစ်ကယ်တော့ ဆရာကြီးဦးရာဇတ်ပင်လျှင် မြန်မာမွတ်စလင် ကွန်ဂရက်ရဲ့ အမတ်တစ်ဦးအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူပါ။

    ဗိုလ်ချုပ်အောင်ဆန်းက စစ်အပြီး မန္တလေးခရီးစဉ်မှာ မြန်မာမွတ်စလင် အဖွဲ့အစည်းတွေ အကွဲကွဲအပြားပြားနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်ကြမည့်အစား အားထားလောက်သော အင်အားတစ်ရပ်ဖြစ်လာအောင် တစ်စုတစ်စည်းတည်း ပေါင်းစည်းလုပ်ကိုင်ကြရန် ဆရာကြီး ဦးရာဇတ်ကို မေတ္တာရပ်ခံချက်အရ မြန်မာမွတ်စလင် အဖွဲ့အစည်းပေါင်းစုံ၊ ခေါင်းဆောင်ပေါင်းစုံကို ဆရာကြီးက ဖိတ်ခေါ်ပြီး ၁၉၄၅ခု ဒီဇင်ဘာ ၂၅ မှာ ပျဉ်းမနားတွင် ဖွဲ့စည်းခဲ့သော နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်က ဗမာမွတ်စလင် ကွန်ဂရက်ရဲ့ ပထမဆုံး ဥက္ကဖြစ်ပါတယ်။ ဒီအဖွဲ့ကို အကြောင်းပြုပြီး နိုင်ငံအဝှမ်းက အမြို့မြို့အနယ်နယ်မှာ မြန်မာမွတ်စလင် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖေါ်ဆောင်ရုံမက ဗမာမွတ်စလင် အမျိုးသမီးအဖွဲ့၊ ဗမာမွတ်စလင် လူငယ်အဖွှဲ့ ဆိုတာတွေလည်း ခြိမ့်ခြိမ့်သဲ အစီအရီ ပေါ်ပေါက်ခဲ့ပါတယ်။ (မြန်မာ့သမိုင်းမှာ မြန်မာအသင်းချုပ်GCBA(General Council of Burmese Association)ကို အတုယူပြီး မြန်မာမွတ်စလင် အသင်းချုပ်ကြီး GCBMA(General Council of Burmese Muslim Association) ပေါ်ပေါက်ခဲ့သလို မြန်မာမွတ်စလင် ပညာရေးအဖွဲ့ချုပ်၊ မြန်မာမွတ်စလင် နိုးကြားရေးအဖွဲ့အပြင် အခြားမြန်မာမွတ်စလင်အဖွဲ့အစည်းတွေ အများအပြားလည်း ရှိခဲ့ပါတယ်။ ရှိစေတော့။)

    ဗမာမွတ်စလင်ကွန်ဂရက်သည် မြန်မာ့လွတ်လပ်ရေးအတွက် ဖဆပလအလံတော်အောက်မှာ ဖဆပလ၏ လက်ရုံးပါတီအဖြစ် တိုက်ပွဲဝင်ခဲ့ပြီး မြန်မာမွတ်စလင် လူဦးရေများသော ဒေသများတွင် မြန်မာမွတ်စလင်တွေအတွက် တွဲဖက်အတွင်းရေးမှူးနေရာကိုပင် တမင်ရာထား နေရာပေးခံရသော အဖွဲ့အစည်းဖြစ်ပါတယ်။ တစ်ကယ်တော့ ဖဆပလသည် အဖွဲ့ချုပ်ဖြစ်သည်နှင့်အညီ ပါတီအများအပြားက တွဲဖက်လုပ်ဆောင်ကြရာမှာ ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလတည်ထောင်ကာစမှစ၍ ဦးနုလက်ထက်မှာ ဖဆပလနှစ်ခြမ်းကွဲပြီး ဖျက်သိမ်းလိုက်သည်အထိ ဖဆပလနှင့် အရှည်ကြာဆုံး လက်တွဲပြီး တိုင်းကျိုးပြည်ကျိုးဆောင်ခဲ့တဲ့ အင်မတန် ထင်ရှားသော နိုင်ငံရေးပါတီကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုထင်ရှားပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ဘယ်လိုမှ ဖယ်ချန်ထားလို့မရတဲ့ ဗမာမွတ်စလင်ကွန်ဂရက်ကို ဆရာဝင်းတင့်ထွန်းက ဘယ်လိုလုပ် ချန်လှပ်ထားခဲ့နိုင်ပါသနည်းဆိုတာကို မေးခွန်းထုတ်မယ်ဆိုရင် လက်ခံနားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ တစ်ကယ်တော့ သမိုင်းဆိုတာ မှတ်တမ်းတင်ဖို့၊ သင်္ခန်းစာထုတ်ယူတတ်ဖို့သာဖြစ်ပါတယ်။ သမိုင်းကို ဘယ်လိုလူစွမ်းကောင်းကမှ ပြန်ပြင်နိုင်ရိုး၊ ဖုံးကွယ်ထားတာမျိုး လုပ်လို့ မရနိုင်ပါဘူး။

    ဆရာ့ရဲ့ အမှောင်ကြားက ဗမာပြည်စာအုပ်မှာလည်း တကသကို သန္ဓေတည် စတင်ဖွဲ့စည်းတာကအစ၊ တက္ကသိုလ်မှာ God save The King အစား တို့ဗမာအစည်းအရုံး သီချင်းဆိုဖို့ တက္ကသိုလ်အာဏာပိုင်တွေ အရေးယူမှာကို မကြောက်ဘဲ ပထမဆုံး အဆိုတင်သွင်းတာကအလည်၊ တကသ၊ ဗကသ၊ တက္ကသိုလ်ကျောင်သားသပိတ်တွေနှင့် ပတ်သက်ပြီး သမိုင်းမှာ ဘယ်လိုမှ ဖယ်ချန်လို့မရတဲ့ ဦးရာရှစ်ရဲ့ အင်မတန် အရေးပါလှတဲ့ အခန်းကဏ္ဍတွေကိုတောင် မြန်မာမွတ်စလင်ဖြစ်လို့ တမင်မှိန်ထား၊ ချန်လှပ်ထားတာလားလို့ မေးခွန်းထုတ်ရမဲ့အချက်တွေ ရှိခဲ့ပါတယ်။ သို့သော် စာအုပ်တစ်အုပ်ထဲမှာ အားလုံးကို ဖေါ်ပြဖို့က မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပြီး မထောက်ပြခဲ့ပါဘူး။

    အခုစာအုပ်မှာကျတော့ နယ်စပ်က အင်မတန်သေးငယ်သော အဖွဲ့အစည်း၊ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာသော အဖွဲ့အစည်း စသဖြင့် အဖွဲ့ပေါင်းစုံကို ထည့်သွင်းထားပေမဲ့ ကာလရှည်ကြာစွာ ရပ်တည်နေဆဲဖြစ်တဲ့ MLOB(Muslim Liberatoin Organization of Burma)နှင့် ABMU(All Burma Muslim Union)လို မြန်မာမွတ်စလင် အဖွဲ့အစည်းတွေကိုလည်း ချန်လှပ်ထားတာ ထပ်တွေ့ရပြန်တော့- – –

    ဆရာဝင်းတင့်ထွန်းခင်ဗျား။ မြန်မာမွတ်စလင်တွေရဲ့ သမိုင်းဆိုတာဟာ ဆရာဝင်းတင့်ထွန်းမြင်တဲ့ သမိုင်းမှာ တန်းမဝင်၊ စာရင်းမပေါက်များ ဖြစ်နေပါသလားဆရာ။ ဘယ့်အတွက်ကြောင့် ဗမာမွတ်စလင် ကွန်ဂရက်ကို ချန်လှပ်ထားရပါသလဲ ဆရာ။

    လေးစားစွာဖြင့်

    အောင်တင်
    မေလ (၂၂) ၂၀၁၂

     

    ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်းစာအုပ်  PDF Version

  • ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသို့ အိတ်ဖွင့်ပေးစာ

    သို့

    သက်ဆိုင်ရာ တာဝန်ခံအယ်ဒီတာများ

    •  Eleven Media Group
    •  7Days News Journal
    • The Voice Journal
    • မြန်မာတိုင်း(မ်)
    • DVB သတင်းဌာန
    • ဧရာဝတီ သတင်းဌာန
    • မဇ္ဈိမ သတင်းဌာန
    • ဘီဘီစီမြန်မာဌာန
    • ဗီအိုအေ မြန်မာဌာန
    • လွတ်လပ်သောအာရှအသံမြန်မာဌာန (RFA)
    • သစ်ထူးလွင် (Myanmar News Now)

    အကြောင်းအရာ။   ။ ဖားကန့်နှင့် ကမ္မမြို့တွင် အစ္စလာမ့် ဆုတောင်းဝတ်ပြုဆောင်များ ဖျက်ဆီးခဲ့ခြင်းအပေါ် ဥက္ခာပြုခြင်းနှင့် ပတ်သက်၍။

    ရက်စွဲ – ဧပြီ ၂၄၊ ၂၀၁၂

    ဧပြီလ ၁၂ ရက်နေ့ နှင့် ၁၄ ရက်နေ့ အတွင်း ဖားကန့် နှင့် ကမ္မရှိ အစ္စလာမ်ဘာသာ ဆုတောင်းဝတ်ပြုဆောင်များ ကို ဒေသခံများက ဖျက်ဆီးဖြိုချခဲ့သည့် အဖြစ်အပျက်နှင့်  မြန်မာမွတ်စလင်မ် ပြည်သူတို့ ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့အား ဖျက်ဆီးခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များနှင့် ပက်သက်သည့် သတင်း အကြောင်းအရာများကို ပြည်သူ့နားမျက်စိသဖွယ် အားကိုးခြင်းခံ ယူထားသော ပြည်တွင်း၊ ပြည်ပသတင်း ဌာနများမှ အရေးပေး၊ သတင်း ယူဖေါ် ပြခဲ့ခြင်းများ မတွေ့ရသည့်အတွက် ကျွန်ုပ်တို့ MMSY မီဒီယာမှ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိကြာင်း အသိပေးလို ပါသည်။

    ကမ္မနှင့် ဖားကန့်  ဖြစ်ရပ် ၂ ရပ်လုံးမှာ “ခိုက်ရန်ဖြစ်ပွားမှု”၊ “ဓားပြမှု” လုံးဝမဟုတ်ခဲ့ဘဲ အကြမ်းဖက်လိုသည့် ရည် ရွယ်ချက်ဖြင့် လူစုလူဝေးအင်အားအသုံးပြုကာ တရားဥပဒေမဲ့ တဖက်သက် အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့ ခြင်းဖြစ် သည်။

    မကွေးတိုင်းကြီးဒေသ ကမ္မမြို့နယ်တွင် လူဦးရေ ၃၀၀ ခန့် က ခုခံမဲ့ မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ နေအိမ်များ နှင့် ပိုင်ဆိုင်မှုများအား အင်အားသုံး အကြမ်းဖက်ဖျက်ဆီးခြင်း၊ ၀တ်ပြုဆုတောင်းကျောင်းဆောင်အား တရားမဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

    ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် NLD ပါတီဝင်များအပါအ၀င် လူဦးရေ ၁၅၀ ခန့်က အစ္စလာမ် ဘာသာဆုတောင်းဝတ် ပြုဆောင်ကို လူစုအင်အားသုံးကာ လုံးဝဖြိုချခဲ့ခြင်းဖြစ်သည်။

    ဤဖြစ်စဉ်များဖြစ်ပွားစဉ် ဒေသအာဏာပိုင်များက တရားဥပဒေနည်းအရ ထိန်းသိမ်း ဆောင်ရွက်ရမည့်အစား အကြမ်းဖက်ဖျက်ဆီးနေသည့်လူများကိုပင် လုံခြုံရေးချထားပေးခဲ့ကြောင်း ကြောက်ရွံ့စိတ်ပျက်ဖွယ် ကြားသိရ သည်။ မြန်မာပြည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတိုက်ပွဲတွင် ရှေ့ တန်းမှ ရပ်တည်နေသည့် သတင်း ဌာနများ သည်လည်း တမြေတည်းနေ တရေတည်းသောက် မြန်မာမွတ်စလင်မ် ပြည်သူများ ဥပဒေမဲ့ အကြမ်းဖက်ခံရချိန် တွင် ဥပက္ခာပြု လျစ်လျူရှုခဲ့သည်ဟု ယုံကြည်မိသည်။

    ဤဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းပျံနှံ့ ပါက ပိုမိုအခြေအနေဆိုးရွားသွားနိုင်သဖြင့် သတင်းများရေးသားထုတ် ပြန်ခြင်းမရှိဟု အစောပိုင်းတွင် ယူဆခဲ့သည်။ သို့ သော် ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာများတွင် သတင်းမှားများ၊ မြန်မာပြည်သူ ဘာသာမတူသူ အချင်းချင်း အမုန်ပွားစေရန် ဆဲဆိုရေးသားခြင်းများ၊ ကိုယ်ပိုင်သတင်းဆိုဒ်များတွင် အချက်အလက်မှားများဖြင့် ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းနှင့် ရှုထောင့်များဖြင့် ရေးသားထားသည့် သတင်းများပျံနှံ့ လာသည့်တိုင် ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသည်

    (၁) ဘာသာရေး အဓိကရုဏ်းမဖြစ်စေရန်၊ ဘာသာရေးနှင့်လူမျိုးရေးအခြေပြုမုန်းတီးမှု မဖြစ်ပွားစေရန် သတင်း ဖေါ်ထုတ် ကြားနေရေးသား ဖြန်ဖြေပေးမှု မရှိခြင်း၊

    (၂) မြန်မာမွတ်စလင်မ်ပြည်သူများ ဥပဒေမဲ့အကြမ်းဖက် အတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သတင်းအမှန်အား ပြည် သူများသို့  ချပြရန်ပျက်ကွက်ခဲ့ခြင်းတို့ကို သတိပြုမိသည်။

    သတင်းမီဒီယာဆိုသည်မှာ သဘောသဘာဝအရ အစွန်းကင်းမဲ့ ကြားနေဖြစ်ရမည်ဖြစ်သော်လည်း မြန်မာသတင်း မီဒီယာများမှာမူ ဒီမိုကရေစီ စနစ်စတင်ကျင့်သုံးနေသည့်ယနေ့အချိန်တွင်ပင် ရှေးရိုးစွဲဗီဇမဖျောက်ဖျက်နိုင်သေးဘဲ မဇ္ဈိမပဋိပဒါလမ်းကို ကျောခိုင်းသကဲ့သို့ ဖြစ်နေ မြင်နေသည်မှာ ဒီမိုကရေစီ၏ စံချိန်စံညွှန်းများနှင့်သာမက ဗုဒ္ဓ ဟောတရားစစ် တရားမှန်များနှင့်ပါ ဆန့်ကျင်နေကြောင်း တွေ့ရှိရသည်။

    အထက်ဖေါ်ပြပါ အဖြစ်အပျက်များ မတိုင်ခင် ယခင်ကတည်းက မြန်မာပြည်နေရာအချို့တွင် အလားတူ အဖြစ်အ ပျက်ကဲ့သို့ ဖြစ်ခဲ့၊ ရှိခဲ့သည်ကို သိရှိရသော်လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေနှင့် စာနယ်ဇင်းသ တင်းရေးရာ အကျပ်အတည်းများကြောင့် ဖေါ်ပြနိုင်ခဲ့ခြင်း မရှိဟု နားလည်ပေးခဲ့သည်။ ယခုအခါ သတင်းစာနယ် ဇင်း မီဒီယာများအဖို့ ယခင်ကထက် ပွင့်လင်းစွာ ပြောဆိုရေးသား ဖေါ်ပြနိုင်နေပြီးဖြစ်ပါလျက်နှင့် အထက်ပါ အဖြစ် အပျက်ကဲ့သို့ ဥပေဒမဲ့၊ အကြမ်းဖက်ခြင်း၊ ဘာသာရေးအခြေပြု ခွဲခြားဖိနှိပ်ခြင်း၊ လူ့အ ခွင့်အရေး အသက်အိုးအိမ် စည်းစိမ် ထိပါးခြင်းများကို  အရေးပေး၊ ဖေါ်ထုတ်၊ သတင်းမှန်တင်ပြခြင်းများ မပြုလုပ်၊ မဆောင်ရွက်ခြင်းမှာ သတင်းစာနယ်ဇင်းကျင့်ဝတ်နှင့် အမှန်တရားကို မျက်ကွယ်ပြုထားသကဲ့သို့ ဖြစ်နေသည်။

    မြန်မာသတင်းဌာနများသည် ဥပဒေမဲ့၊ အာဏာအသုံးချ၊ အကြမ်းဖက်ခြင်းများကို မျက်ကွယ်ပြု လုံခြုံရေးပေးသည့် အာဏာပိုင်အဖွဲ့ များနှင့် အတူတူပင် ဖြစ်သည်ဟု မိမိတို့ ဖက်မှ မယူဆသည့်အလျောက်  အနာဂတ်တွင် မင်း မဲ့စရိုက်ဆန်စွာပြုမူခြင်း၊ ဥပဒေမဲ့ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးနှင့် ပြည်သူ့အကျိုး အိုးအိမ်စည်စိမ်ထိပါးခြင်း များအား တိုင်းပြည်၏ စတုတ္တ မဏ္ဍိုင် ပီသစွာဖြင့် လူမျိုးရေး၊ ဘာသာရေး ဘက်လိုက်ခြင်းကင်းစွာဖြင့် အမှန်တရား ဖက်မှရပ်တည်ပြီး ဖော်ထုတ်ပေးရန်၊ နစ်နာသူများအတွက် တရားမျှတမှု ရှိအောင် သတင်းမှန်များဖော်ထုတ် ပေးရန် မြန်မာမွတ်စလင်မ် ပြည်သူများ ကိုယ်စား လေးလေးနက်နက် တောင်းဆိုမေတ္တာရပ်ခံပါသည်။

    မြန်မာနိုင်ငံသား တမြေတည်းသား အားလုံး၏ နေ့စဉ်ဘ၀လုံခြုံရေး၊ အကျိုးစီးပွားတည်တံ့ဖွံ့ဖြိုးရေးများအတွက် သတင်းအချက်အလက်များ၊ အင်အားဖြည့်စွက်ရန် လိုအပ်လာပါက ကျွန်ုပ်တို့ MMSY မီဒီယာ အနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

     

    MMSY မီဒီယာ (မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ မီဒီယာ)

    URL: – http://news.mmsy.info

    Contact: [email protected]