၂၀၁၀ ခု၊ ဒီဇင်ဘာလ ၃ ရက်
ဆရာမ ခင်ဗျား –
၂၇ – ၁၀ – ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊  အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း အမည်နဲ့ရေးထားတဲ့  ”ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ” ဆိုတဲ့ ဆရာမရဲ့ ဆောင်းပါး တစ်ပုဒ်ကို  ဖတ်လိုက်ရပါတယ်။
ဆရာမ ရေးသားတဲ့ အဲဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ထိမိလှပါတယ်။ ဆရာမတင်ပြချင်တဲ့  သဘောတရား အချို့ကိုလည်း နားလည်လိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးဟာ ”ဟိန္ဒူ၊ မွတ်စလင် လူမျိုးရေးအဓိကရုဏ်းတွေကို မလိုလားကြောင်း၊ မတူညီတဲ့  ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတာကို  အလုပ်မဟုတ်ဘူးလို့ ခံယူထားသူဖြစ်ကြောင်း