News @ M-Media
Category: နိုင်ငံတကာသတင်း
နိုင်ငံတကာသတင်းများ
  • သြဂုတ်လ ၂၉ ရက်၊ နိုင်ငံတကာ သတင်းအကျဉ်း
    သြဂုတ်လ ၂၉ ရက်၊ နိုင်ငံတကာ သတင်းအကျဉ်း
    သြဂုတ်လ- ၂၉ ၊ ၂၀၁၃
    M-Media
    နေတိုးစစ်စခန်းသို့ တာလီဘန်များဝင်ရောက်တိုက်ခိုက် ၇ ဦးသေဆုံး
    အာဖဂန်နစ္စတန်အရှေ့ပိုင်း ဂါဇ်နီပြည်နယ်ရှိ နေတိုးစစ်စခန်းတစ်ခုသို့ တာလီဘန်များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့သည်ဟုသိရသည်။ အဆိုပါစစ်စခန်းအတွင်း အသေခံဗုံးပေါက်ကွဲမှုတစ်ခုနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၅၈ ဦးရှိခဲ့သည်။ ဒဏ်ရာရသူများတွင် ကလေးငယ် ၁၂ ဦး၊ အမျိုးသမီး ၄ ဦး၊ ပိုလန်စစ်သား ၇ ဦး၊ အာဖဂန်ရဲတပ်သားများနှင့် အရပ်သားအများအပြားပါဝင်သည်။
    http://news.xinhuanet.com/english/world/2013-08/29/c_125269605.htm
    ………………………………………………..
    အိုစမာဘင်လာဒင်၏ ဆရာဝန်ဖြစ်သူအား ထောင်ဒဏ်မှ ပါကစ္စတန်ပယ်ဖျက်
    အိုစမာဘင်လာဒင်အား သုတ်သင်ရာတွင် စီအိုင်အေအား အကူအညီပေးခဲ့သည့် ဘင်လာဒင်၏ဒေါက်တာဖြစ်သူ ရှာကီလ် အဖရီဒီ ကျခံနေရသည့် ထောင်ဒဏ် ၃၃ နှစ်အား ပါကစ္စတန်အစိုးရမှ ပယ်ဖျက်ပေးလိုက်သည်ဟုသိရသည်။ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲကာထောင်ချခံခဲ့ရသည့် အဖရီဒီ၏ အမှုတွဲအားပြန်လည်စစ်ဆေးရန် တာဝန်ရှိသူများကဆုံးဖြတ်ခဲ့သည်။ အဖရီဒီမှာ ဘင်လာဒင်တည်ရှိသည့်နေရာအတိအကျကို စီအိုင်အေအား သတင်းပေးခဲ့သူဖြစ်သည်။
    http://www.bbc.co.uk/news/world-asia-23882900
    ……………………………………………………
    မိန်းကလေးငယ်များအား မဖွယ်မရာပြုလုပ်ခဲ့သည့် တီဗွီအစီအစဉ်တင်ဆက်သူအား တရားစွဲ
    မိန်းကလေးငယ်များကို မဖွယ်မရာပြုလုပ်သည်ဟု တွေ့ရှိရ၍ ဗြိတိသျှ တီဗီအစီစဉ်တင်ဆက်သူ ရုဖ် ဟာရစ်အား တရားစွဲဆိုထားသည်ဟု ဗြိတိန်ရဲအဖွဲ့ကပြောဆိုလိုက်သည်။ လက်ရောက်ကျူးလွန်မှု စွဲချက် ၉ ခုနှင့် မိန်းကလေးငယ်များ၏ မဖွယ်မရာဓာတ်ပုံများရိုက်ကူးမှု စွဲချက် ၄ ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ဟာရစ်မှာ ၁၉၈၀၊ ၁၉၈၁ ခုနှစ်များက အသက် ၁၅နှစ်မှ ၁၆ နှစ်ရှိ မိန်းကလေးငယ်များ၊ ၁၉၈၆ ခုနှစ်တွင် အသက် ၁၄ နှစ်ရှိ ကလေးငယ်များအား မဖွယ်မရာကျူးလွန်ခဲ့သည်ဟု တွေ့ရှိရသည်။ အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဟာရစ်မှာ ၀ဘ်မင်စတာတရားရုံးတွင် စက်တင်ဘာ ၂၃ ရက်နေ့၌ လာရောက် တရားရင်ဆိုင်ရမည်ဖြစ်သည်။
    http://www.bbc.co.uk/news/uk-23880768
    ………………………………………………..
    တရုတ်ဗိသုကာလက်ဖြင့်တည်ဆောက်ထားသည့် မလေးရှားရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအား ခရီးသွားများစိတ်ဝင်စား
    မလေးရှားနိုင်ငံ ပီရက်ပြည်နယ် အီပိုးမြို့တွင်ရှိပြီး တရုတ်ဗိသုကာလက်ရာများဖြင့် မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့သည့် ဗလီဝတ်ကျောင်းတော်မှာ မွတ်စလင်မဟုတ်သူများနှင့် ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ဝင်စားမှုကို ခံရသည်ဟုသိရသည်။ မလေးရှားရင်းဂစ် ၄ သန်းကုန်ကြပြီး လူ ၁၀၀၀ ခန့်ဝတ်ပြုနိုင်သည့် အဆိုပါဗလီဝတ်ကျောင်းတော်မှာ မလေးရှားနိုင်ငံရှိ တရုတ်မွတ်စလင်များတည်ဆောက်သည့် ပထမဦးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သည်။
    http://www.onislam.net/english/news/asia-pacific/464236-malaysias-chinese-mosque-attracts-tourists.html
    —————————————————
    တောင်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၏ ရည်းစားဟောင်း သေဒါဏ်ကျ
    ကင်မ်ဂျုံအွန်း၏ ရည်းစားဟောင်း Hyon Song Wol အား ဩဂုတ်လ ၁၇ရက်နေ့က ဖမ်းဆီးခဲ့ပြီး ယခင်အပါတ်က သေနပ်ပစ်သတ် ၍ သေဒဏ်စီရင်ခံသွားရသည်။ ၎င်းပြစ်ဒါဏ်ပေးခြင်း၏ တိကျသော အပြစ်ကို မသိရဘဲ သတင်းအချို့အရမူ ဘိုင်ဘလ်ကျမ်းစာ လက်ဝယ်ထားရှိမှုဟု သိရသည်။ အခြားသတင်းများအရ ညစ်ညမ်းဗွီဒီယို ရိုက်ကူးမှုဟု ဆိုပြန်သည်။ ၄င်းအမှုတွင် ကင်မ်ဂျုံအွန်း၏ ဇနီးက စွက်ဖက်မှုရှိနိုင်သည် ဟု သတင်းဌာနများက ဖော်ပြသည်။
    ————————
    ဆီးရီးယားကိုတိုက်ဖို့ အိုဘားမား ဆုံးဖြတ်ချက်မချရသေး
    ဆီးရီးယားကို အရေးယူ တိုက်ခိုက်ရန် အိုဘားမားအနေဖြင့် ဆုံးဖြတ်ချက်မချရသေးသော်လည်း အစိုးရတစ်ရပ်အနေခြင့် ၎င်း၏ ပြည်သူများအပေါ် ဓါတုလက်လက်သုံး၍ တိုက်ခိုက်ခြင်းကြောင့် စစ်ရေး အရအရေးယူခံရမည်မှာ နိုင်ငံတကာစံနှုန်းများအရ လိုအပ်ချက် ဖြစ်သည်ဟု ဆိုသည်။
    ————————
    လူသားဦနှောက်ကို ဖန်တီး
    သုတေသနပညာရှင်များသည် လူသား ဦးနှောက် အငယ်စားတစ်ခုကို ဓါတ်ခွဲခန်းထဲတွင် မွေးမြူကြီးထွားစေခဲ့သည်။ ဦးနှောက်သုတေသနတွင် အသုံးပြုနိုင်ရန်ဖြစ်သည်။
    ————————
    အာဆတ်ကတော် Asma al-Assad ၏ အလှပြလှူဒါန်းမှု
    ဓါတုလက်နက် သုံးစွဲမှုကြောင့် ပြသနာကြီးထွားနေချိန်တွင် သမ္မတ ကတော် Asma al-Assad သည် စစ်ဘေးဒုက္ခသည်များကို သွားရောက် တွေ့ ဆုံ ကျွေးမွေးပုံကို Instagram တွင် တင်၍ ပြသခဲ့သည်။
    ————————
    ဆီးရီးယား၏ ဓါတ်ငွေ့လက်နက်ကို အာဆတ်၏ စစ်သားများ အသုံးပြုခြင်းမဟုတ်ဘဲ အာဆတ်အား ဆန့်ကျင်သူများက အသုံးပြုခြင်းဖြစ်ကြောင်း ကုလ၀န်ထမ်းတစ်ဦး ဆိုခဲ့ဖူး
    ကုလသမဂ္ဂ၏ ဆီးရီးယားအရေးစုံစမ်းမှု လွတ်လပ်ကော်မရှင် အဖွဲ့ဝင် ကာလာဒလ်ပွန်တေး၏ အာရုံကြောထိခိုက်နိုင်သည့် ဆာရင်ဓါတ်ငွေ့ကို အာဆတ်၏ စစ်တပ်က အသုံးပြုခြင်းမဟုတ်ကြောင်း၊ အာဆတ်အား ဆန့်ကျင်နေသည့် သူပုန်များက အသုံးပြုခြင်းဖြစ်ကြောင်း၊ ထိုသို့ပြောနိုင်ခြင်းမှာလည်း သေဆုံးသူများကို သေချာစွာစိစစ်ပြီးမှ ရလဒ်ကိုအခြေခံ ပြောကြားခြင်းဖြစ်ကြောင်း စသဖြင့် ပြောဆိုတင်ပြထား မှုအား ယခုနှစ် မေလ ၆ ရက်နေ့၊ ၀ါရှင်တန်တိုင်းမ်စ်သတင်းစာ တွင် ဖော်ပြခဲ့ဖူးသည်။ ယခုတွင်မူ အာဆတ်အစိုးရက ဓါတုလက်နက် အသုံးပြုသည်ဆိုကာ အမေရိကန်နှင့် အနောက်နိုင်ငံတို့က တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေကြသည်။
    —————————————-
    အလ်ဂျီးရီးယားနိုင်ငံသားနှစ်ဦး ဂွာတာနာမိုမှ လွှတ်ပေး
    ကန်တို့၏ အငြင်းပွားဖွယ် ဂွာတာနာမိုအကျဉ်းထောင်မှ အလ်ဂျီးရီး ယားနိုင်ငံသားနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း အေပီက ဆိုသည်။ ထိုသူနှစ်ဦးမှာ နာဘီလ်ဟဂျရက်နှင့် မြူတီယာ ဆာဒစ်အာဟ်မဒ် တို့ဖြစ်သည်။ ၄င်းတို့အား အလ်ဂျီးရီးယားနိုင်ငံ က ပြန်လည်လက်ခံခဲ့သည်။
  • အွန်လိုင်းကြော်ငြာ၌ ကိုယ်ရေးအချက် အလက်ပေးသူများ အတွက် ဖေ့စ်ဘွတ်မှ ဒေါ်လာ သန်း ၂၀ ပေးရန်ရှိနေ
    သြဂုတ်လ-၃၀ ၊ ၂၀၁၃
    M-Media
    ဖေ့စ်ဘွတ်ဆိုဒ်ပေါ် မိမိ၏ကိုယ်ရေးအချက်အလက်များပေါ်လွင်နေစေသော အသုံးပြုသူ ၆၁၄,၀၀၀ အနက် အပါအ၀င် ဖြစ်လျှင် ထိုက်သင့်သောငွေကြေး ချီးမြှင့်ခံရမည်ဟု ဆိုထားသည်။
    ဖေ့စ်ဘွတ်သည် “Sponsored Stories” အပါအ၀င် ကြော်ငြာများကဏ္ဍအတွက် ဒေါ်လာသန်း ၂၀ ကိစ္စနှင့်စပ်လျဉ်းပြီး ၂၀၁၁ ခုနှစ်မှစ၍ ဥပကြောင်းအရ ရင်ဆိုင်မှုမှာ နောက်ဆုံး အဆင့်သို့ တနင်္လာနေ့က  ရောက်ရှိသွားပြီဖြစ်သည်။
    မိမိတို့၏ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မတောင်းခံဘဲ အထူးးပြုဖော်ပြခြင်းမှာ ကုမ္ပဏီသည် ကိုယ်ပိုင်အခွင့်အရေးအားချိုးဖောက်ခြင်းဖြစ်ကြောင်း အသုံးပြုသူအပေါင်းကို ကိုယ်စားပြု၍ လူ ၅ ဦးက တရားရုံးသို့ တင်ပြခဲ့သည်။
    ဖေ့စ်ဘွတ်ပြောဆိုခွင့်ရှိသူမှ “ ဒီဖြေရှင်းမှုနောက်ဆုံးအဆင့်ရောက်သွားတဲ့အတွက် ကျွန်တော်တို့ အထူးဝမ်းမြောက်ရပါတယ် ” ဟု ပြောကြားသည်။ အသုံးပြုသူများအား မည်သည့် facebook-paying-ad-usersအချိန်တွင် ချီးမြှင့်မည်ကို ကုမ္ပဏီမှ တစ်စုံတစ်ရာ မှတ်ချက်မပေးသေးချေ။
    ၂၀၁၂ ခုနှစ်အစောပိုင်း နှင့် နောက်ပိုင်း နှစ်ကြိမ်တိုင်တိုင် စီရင်ချက်ချမှတ်မှုအဆင့်သို့ ရောက်ခဲ့သော်လည်း ပြန်လည် ပယ်ဖျက်ခဲ့သည်။ အသုံးပြုသူများအတွက် ချီးမြှင့်မှုမှာ နည်းပါးလှကြောင်း တရားသူကြီးမှ အတည်ပြုခဲ့သည်ဟု BBC မှ တင်ပြသည်။ ဖေ့စ်ဘွတ်သည် ထင်ရှားသောဥပဒေချိုးဖောက်မှုအထောက်အထားမရှိကြောင်း၊ တရားလိုများသည် မိမိတို့၏နစ်နာမှုများကို မဖော်ပြနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
    အသုံးပြုသူများမှ မိမိတို့၏ကိုယ်ရေးအချက်အလက် ပိုမိုထိန်းသိမ်းရေးအတွက် ဖေ့စ်ဘွတ်အနေနှင့် ကြေငြာချက် ထပ်မံထုတ်ပြန်ရန် လိုအပ်နေပေသည်။
  • ဆီးရီးယားစစ် မစခင်ကလေး မှာပင် မီဒီယာကြီးများအား ဆီးရီးယားကတိုက်ခိုက်
    သြဂုတ်လ- ၂၉ ရက်၊ ၂၀၁၃
    Robert Elhose
    130827165721-nytimes-tweet-outage-story-top
    အမေရိကန် မီဒီယာ ကုမ္ပဏီ ကြီးများဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာ၊ ဟဖ် ဖင် တန်ပို့စ် သတင်းစာ၊ နဲ့ Twitter တို့ ရဲ့ ၀ဘ်ဆိုက် များကို အာဆတ်ရဲ့ဆီး ရီးယား အစိုးရ ကိုထောက်ခံ တဲ့ ဆီးရီးယန်း အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ ဟက်ကာ အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့ နံနက်လင်းအားကြီး ၁ နာရီ ခန့်မှ စလို့ ထိန်းချူပ် သိမ်းပိုက် ထားတယ်လို့ အယ်လ်ဂျဇီးရား သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။
    အဆိုပါ မီဒီယာကြီး များရဲ့ ၀က်ဘ်ပေ့ဂ်ျ များကို သြစတေလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အခြေ စိုက်၊ Melbourne IT ဆိုတဲ့ ကုမ္ပဏီ က စီမံခန့်ခွဲနေတာ ဖြစ်ပြီး၊ ၎င်း ကုမ္ပဏီ ကို အဆိုပါ ဟက်ကာ အုပ်စုက ထိုးဖောက် ၀င်ရောက် နိုင်ခဲ့ပြီး၊ ထိုမှ တစ်ဆင့် အထက်ပါ အမေရိကန် မီဒီယာ ကြီးများကို ထိန်းချူပ်လိုက်တယ် လို့ သတင်းမှာဖော်ပြထား ပါ တယ်။
    ထိုကဲ့သို့ ဆီးရီးယန်း ဟက်ကာများ က အမေရိကန်မီဒီယာ ကုမ္ပဏီများကို တိုက်ခိုက် ခြင်းမှာ လာမည့် နာရီပိုင်းအတွင်း တိုက်ခိုက်ဘွယ် ရှိနေသည့် အမေရိကန် ၏စစ်ရေး ရည်ရွယ်ချက် မစတင်မီ နှင့် လည်း တိုက်ဆိုင်လျက်ရှိသည်။
    ရောဘတ်အယ်လ်ဟို့စ် ( ကိုးကား – အယ်လ်ဂျဇီးရား)
    Photo via Getty Images
  • ဆီးရီးယားကို နွယ်ပြီး အီရန် ကို ဘယ်ပြ၊ ညာကစ် ချေမှုန်း တော့မည်လော
    သြဂုတ်လ ၂၈၊ ၂၀၁၃။
    M-Media
    Robert Elhose
    1291410_153652081500399_917128240_n
    မကြာမီပင် ဘရှရ်အယ်လ် အာဆတ် အုပ်ချူပ်နေသော ဆီးရီးယား နိုင်ငံ ကို အမေရိကန် ဦးဆောင်သော နေတိုး မဟာမိတ် နိုင်ငံများက စစ်ဝင်တိုက် ရန် သေချာ သလောက်ဖြစ်နေပြီ။ ဘရှရ် အယ်လ် အာဆတ် ၏ ဆီးရီးယား အစိုးရ တပ်များဖက် မှ အခိုင်မာဆုံး မဟာမိတ်နိုင်ငံ မှာ အီရန် နိုင်ငံဖြစ်သည်။
    အဆုံးတစ်နေ့ ဆီးရီးယားကို အနောက်နိုင်ငံများ က တိုက်ခိုက်လာသော အခါ အီရန် သည် ဆီးရီးယား ဖက်မှ မီးကုန်ယမ်းကုန် ၀င်ရောက် ပံ့ပိုးကူညီ ပေးမည် ဆိုသည်ကို သံသယ ဖြစ်စရာ မလိုလောက်အောင်ကျိန်းသေနေသည်။ အီရန် တို့တွင် တိုက်ချင်း ပစ် ဒုံးပျံစနစ် (Ballastic Missile System) များကိုလည်း ပိုင်ဆိုင် ထားသည့်အပြင် အနုမြူလက်နက် စီမံကိန်း မှာလည်း အတော်လေး ခရီးပေါက်နေပြီ ဖြစ်ကြောင်း အမေရိကန် အပါအ၀င် အားလုံးက လက်ခံထားသည်။
    တစ်ဖက်ကလည်း အမြင်နောက်တစ်မျိုး နှင့် ကြည့်မည် ဆိုပါက အီရန်တို့ အနုမြူ လက်နက် စီမံကိန်းကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တွန်းလုပ်နေသည် အတွက် အမေရိ ကန်၊ အစ္စရေး၊ ဥရောပ နိုင်ငံများ၊ ဆော်ဒီ အပါအ၀င် ပင်လယ်ကွေ့ ဆွန်နီအာရပ် နိုင်ငံများ ကလည်း လုံးဝ ကို စိတ်အနှောက်အယှက် ဖြစ်နေသည် မှာ သိပ်ကျိန်းသေ သည်။ နှုတ်က ထုတ်မပြောသော်လည်း အကယ်၍ အီရန်တို့အား စစ်ရေးအရ ၀င် ရောက် တိုက်ခိုက်လိုက်ပြီး ၎င်း တို့၏ အနုမြူစီမံကိန်း ကို ရပ်တန့်လိုက် နိုင်သည်ဆို က အထက်ပါ နိုင်ငံအားလုံး သည် စိတ်သက်သာ ရာ ရသွားကြပေမည်။
    အီရန်တို့ ညူးကလီးယားအစီအမံ မျာကို စွန့်လွှတ်ရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် စသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါး နိုင်ငံနှင့် ဂျာမနီ တို့် ပါဝင်သည့် (G5+1) အုပ်စု ၏ ၂၀၀၆ ခုနှစ်မှ စပြီး သံတမန်ရေးရာ လမ်း ကြောင်းဖြင့် ကြိုးပမ်းနေမှု များ မှာ လည်း ဘာအရာမှ မထင်လှ။
    သို့သော်ပြဿနာ က အီရန် ကို အသားလွတ်ကြီး စစ်ငင် ပြီး ၀င်တိုက်ဖို့ရာ က နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် တွင် မဖြစ်နိုင်သလောက်နီးပါး ကိစ္စ ဖြစ်သည်။ ခက်ခဲသည် ထက် ပိုနေသည်။ ယခု ဆီးရီးယား နှင့် နွှယ်သည့် ကိစ္စ မှအပ အသား လွတ် ရန်စ နိုင်စရာ အကွက်ကား ရှာမတွေ့။
    သို့ဖြစ်ပေရာ ယခု ဆီးရီးယား ပဋိပက္ခ ကို အကြောင်းပြုပြီး ၀င်ပါလာမည့် အီရန် ကို အပြုတ်နှံတော့မည် လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ ထိုသို့ အလုံးစုံ စစ်ကြီး ဖြစ်လာမည် ကို အမေရိကန် မှ စစ်ဆန့်ကျင်ရေး အုပ်စုများ ကလည်း ခါးခါး သီးသီး ကန့်ကွက် နေကြသည်။
    အကယ်၍ ထိုဒေသ တွင် အလုံးစုံ စစ်ပွဲကြီး ဖြစ်လာပါ က နကိုယ်ကမှ ချိနဲ့ နေသည့် အမေရိကန် စီးပွားရေး ကိုလည်း ကြီးမား သော သက်ရောက်မှု ရှိလာ စေမည် ဖြစ် သည်။ ယခု တစ်ဂါလံကို ပျမ်းမျှ ၃ ဒေါ်လာ နှင့် လေး ဒေါ်လာ အကြားတွင် သာ ရှိနေ သည့် အရပ်သုံး ဓါတ်ဆီဈေး မှာ ထိုသို့ဖြစ် လာသည် ဆိုသည် နှင့် ၈ ဒေါ်လာ ၉ ဒေါ် လာ ခန့် တက်သွားနိုင်ချေ ရှိနေရာ သာမန်ပြည်သူ အများစု မှာလည်း လက်ခံ နိုင်ကြ လိမ့်မည် မဟုတ်ချေ။
    မည်သို့ပင် ဖြစ်စေ အီရန် တို့ အနုမြူလက်နက် ထုတ်လုပ် ရန် ကြံစည်နေသည့် စီမံ ကိန်း ကိုလည်း ကာလရှည် လျစ်လျူရှု ထား၍ကား မရနိုင်ပေ။ သမ္မတ အိုဘားမား အတွက် ဆုံးဖြတ် ချက် တစ်ခုခု ချရန် လွန်စွာပင် ခက်ခဲ သည့် အနေအထားပင် ဖြစ်သည်။ မဖြစ်မနေ စစ်တိုက်ရတော့မည် ဆိုက စစ်ပွဲကို ရေရှည် အထိ ဆွဲမသွားဘဲ တိုတိုတုတ်တုတ် လက်စသိမ်း နိုင်ဖို့က အသက်တမျှ အရေးပါနေသည်။
    ထိုသို့ဆိုလျှင် စစ်ဇုန် ဖြစ်လာမည့် ဆီးရီးယား နှင့် အီရန် ပတ်ဝန်းကျင် တွင် အခြေ ဆိုက်ထားနိုင်သည့် အမေရိကန် စစ်အခြေစိုက်စခန်း များ က အဆုံးအဖြတ် ပြုမည့် အနေအထား တွင် ပါဝင်ပတ်သက်နေသည်။
    အောက်ပါပုံတွင် အစိမ်းရောင် အီရန် နိုင်ငံ ၏ ပတ်ပတ်လည်တွင် ပုလဲကုံး သဖွယ် ၀န်းရံ ထားသည့် အမေရိကန် စစ်အခြေစိုက် စခန်းများကို တွေ့ရမည် ဖြစ်သည်။ စုစု ပေါင်း စစ်အခြေအစိုက် စခန်းပေါင်း ၄၅ ခုတိတိရှိနေသည်။
    စစ်ဖြစ် လာပြီး ဆိုသည်နှင့် လူသူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ စသည့် စစ်ပွဲအတွက် မရှိမဖြစ် အ ရေးပါ သည့် အင်အားစုများအား အချိန်တိုတို အတွင်း စစ်ဇုန်ထဲ သို့ သွန်အောချ နိုင် ရန် ထိုကဲ့ သို့ စစ်အခြေစိုက် စခန်းကြီး များ ၏ အရေးပါမှု က သိပ်ကို အရေးကြီး သည်။
    အချက်အလက် အလုံးစုံကို ထောက်ချင့်ကြည့်ပါက သည်တစ်ချီတွှုင် အမေရိကန် နှင့် အ နောက်နိုင်ငံ များသည် အီရန် လက်နက်စွမ်းပကား စနစ် ကို အပြုတ်နှံ တော့မည် လား ဆိုသည်မှာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ စောင့်ကြည့်ရမည်ပင်။
    photo credit : Occupy Wall Street
    Robert Elhose  မှ M-Media ကို ပေးပို့လာသော သတင်းဆောင်းပါးဖြစ်ပါတယ်။
  • Facebook အသုံးပြုသူတို့၏ အချက်အလက်များကို ပေးအပ်ရန် အမေရိကန်အစိုးရ တောင်းဆို
    သြဂုတ်လ- ၂၈ ရက်၊ ၂၀၁၃
    M-Media
    NSA Facebook
    အမေရိကန်အစိုးရသည် Facebook သုံးစွဲသူ အနည်းဆုံး လူပေါင်း ၂၀,၀၀၀ ၏ ကိုယ်ရေးအချက်အလက်များအား ပေးအပ်ရန်တောင်းဆိုခဲ့သည် ဟု အင်္ဂါနေ့တွင် Facebook မှ ဖွင့်ဟဖော်ပြခဲ့သည်။
    Facebook က ဆက်လက်ပြောကြားသည်မှာ သူတို့ထံ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အပြင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ တောင်းဆိုစာများကိုပါ လက်ခံရရှိခဲ့ပြီး၊ ၄င်းစာများအား ပြည်နယ် ဥပဒေ ထိန်းသိမ်းရေးအရာရှိများ နှင့် နိုင်ငံတော်လုံခြုံရေး ဌာနများမှ ရေးသားပေးပို့ခဲ့သည် ဟု ဆိုသည်။
    Facebook မှ ယင်းတောင်းဆိုချက်၏ ၇၉ ရာခိုင်နှုန်းကို လိုက်လျောခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
    “ တောင်းဆိုချက်တိုင်းကို မတုံ့ပြန်မှီ ကျွန်တော်တို့ရဲ့ စည်းမျဉ်းများ၊ ဥပဒေကြောင်းအရစာပေးစာယူ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီမှုရှိမရှိကို သေချာ စစ်ဆေးပြီးမှ ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ တောင်းဆိုချက်တိုင်း အတွက် တရားဝင်ခြင်းနဲ့ကြောင်းကျိုးပြ အသေးစိပ် ရှင်းလင်းချက်တွေကို ပေးဖို့လိုအပ်ပါတယ် ” ဟု Facebook ၏ အတိုင်ပင်ခံ ကောလင်း စထရက်ခ်ျ (Colin Stretch) က ဆိုသည်။
    “ တောင်းဆိုချက်များကို ကျွန်တော်တို့ တတ်နိုင်သမျှငြင်းဆိုခဲ့ပါတယ်။ ထို့အတူ ဥပဒေနဲ့အကျုံးမ၀င်တဲ့၊ ရှင်းလင်းစွာဖော်ပြမှု မရှိတဲ့ တောင်းဆိုချက်များ ကို ပြန်ပို့ခြင်းအားဖြင့် တော်တော် များများ တုန့်ပြန်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ဆီ တောင်းဆိုချက်တစ်ခုရောက်လာလို့ ပေးရမယ်ဆိုယင် အသုံးပြုသူရဲ့ အမည်နာမ စတဲ့ အခြေခံအချက်အလက်များကိုသာပေးအပ်လေ့ရှိပါတယ် ” ဟု စထရက်ခ်ျ ၏ ပြောကြားချက်ကို The Hill မှ ဖော်ပြခဲ့သည်။
    Facebook သည် အမေရိကန်ထံမှ ရရှိသော ပြည်ပထောက်လှမ်းရေး နှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ဖွင့်ချဖော်ပြခွင့်မရှိကြောင်း ဥပဒေမှ တားမြစ်ထား၏။
    အမေရိကန်လူမျိုးသတင်းပေး အက်ဒ်ဝါဒ် စနိုးဒန် (Edward Snowden) မှ နိုင်ငံတော်လုံခြုံရေးဌာန၏ သူလျှိုလုပ်ငန်းအကြောင်း ဖော်ထုတ်ခဲ့ပြီးနောက် အင်တာနက် နှင့် ဆက်သွယ်ရေးဆိုင်ရာကုမ္ပဏီအသီးသီးတို့သည် ယခုအခါတွင် ဖိအားပေးမှုများစွာကို ခံနေကြရသည်။
    အလားတူစွာပင် နည်းပညာ နှင့် အင်တာနက်ဆိုင်ရာ အခြားကုမ္ပဏီများဖြစ်သော Google ၊ Microsoft နှင့် Twitter တို့သည်လည်း ထိုကဲ့သို့သော တောင်းဆိုမှုနှင့် ပတ်သက်သည့် သတင်းများအား ထုတ်ပြန်ခဲ့သည် ဟု သိရသည်။
    AT/HJ