News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ

    အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၂

    M-Media

    အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက် နျူကလီးယား လက်နက်မပြန့်ပွားရေးနှင့် ပိတ်ပင်ထားဆီးရေးအတွက် ရည်ရွယ် သည့် အဓိက အစည်းအဝေးတစ်ရကို အစ္စရေးနိုင်ငံက ကန့်ကွက်သည့်အျွှါက် ဖျက်သိမ်းလိုကရကြောင်း Press TV သတင်းတပုဒ်တွင် ဖော်ပြထားပါသည်။

    အဆိုပါ အစည်းအဝေးကိုးမူလက ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့၌ ဒီဇင်ဘာလ လယ်ရက်ပိုင်းများတွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂိုလ် ဗစ်တိုးရီးယား နုလန်းက အရှေ့အလယ်ပိုင်းဒေသ နျူကလီးယားကျင်းစင်ရေး ဆောင်ရွက်လျှင် အစ္စရေး၏ လုံခြုံရေး ထိပါးလာနိုင်သည့် အတွက် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း ဟု ပြောကြားခဲ့သည်။

    အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သော တစ်ခုတည်းသော နိုင်ငံဖြစ်ကာ နျူကလီးယား ထိပ်ဖူးပေါင်း ၂၀၀ မှ ၄၀၀ ကြားလျှို့ဝှက်စွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။

    ကိုးကား AFP

  • အပစ်အခတ်ရပ်ဆဲရေး သဘော တူညီချက်ရအပြီး အစ္စရေးတို့ ပါလစ္စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်

    အပစ်အခတ်ရပ်ဆဲရေး သဘော တူညီချက်ရအပြီး အစ္စရေးတို့ ပါလစ္စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်

    M-Media

    နိုဝင်ဘာ ၂၄၊ ၂၀၁၂

    www.guardian.co.uk

    ဂါဇာနယ်စပ်ရှိ အစ္စရေးခံတပ်မှ စစ်သားများ

    အီဂျစ်တို့ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုနောက်ပိုင်း အစ္စရေးဘက်မှ ပါလစ္စတိုင်း အရပ်ဘက်တစ်ဦးကို အပစ်အခတ်ကင်းမဲ့ဇုံအတွင်း ပစ်သတ်ခဲ့ကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြသည်။ အစ္စရေးတို့ ပစ်ခတ်မှုကြောင့် အခြား ၇ဦး လည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

     

    အသတ်ခံခဲ့ရသူမှာ အသက်နှစ်ဆယ် အရွယ်ကျော်ရှိသည့် အန်ဝါရ် ကုဒီးယာဆို သူဖြစ်ပြီး ၄င်းသည် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိအပြီး ဥယျာဉ်ခြံစိုက် ပျိုးရေး ပြန်လည် လုပ်ကိုင်ဖို့ ဆွေမျိုးများထံသို့ ပြန်အလာတွင် ကြမ္မာငင်ခဲ့ ရခြင်းဖြစ်သည်။ သို့သော် အခြားသတင်းတစ်ခုအရမူ သူသည် ဟားမတ်စ်အလံအား အစ္စရေးအကာအကွယ် ခံတပ်တစ်ခု အနီးတွင် စိုက်ထူဖို့ ကြိုးစားသဖြင့် ၄င်းအား ပစ်သတ် ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

     

    အခြားသော ရာနှစ်ချီသည့် ပါလစ္စတိုင်းများကလည်း အစ္စရေးတို့ကိုအံတုကာ ကိုက် ၃၀၀ ကန့်သတ်ဇုံသို့ဝင်ရောက်ခဲ့ကြသည်။ နှစ်ဘက်စလုံးက တဘက်နှင့် တဘက် အပြန်အလှန် အပစ်အခတ်ရပ်ဆဲရေးသဘောတူညီထားချက် ကို ချိုးဖောက်သည်ဟု စွပ်စွဲနေကြသည်။ အစ္စရေးစစ်တပ် ၏ ပြောခွင့် ရပုဂ္ဂိုလ် အဗီတဲလ် လိုင်ဘိုပစ်ခ်ျကမူ ဂါဇာခံတပ်ကို ဖြတ်ပြီး အစ္စရေးဘက်သို့ ၀င်ရောက်ဖို့ ကြိုးစားခြင်းသည် အပစ်အခတ်ရပ် ဆဲရေး သဘောတူ ထားချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသည်။

     

    ဟားမတ်စ်တို့ကမူ အစ္စရေးတို့၏ ဂါဇာဘက်သို့ ပစ်ခတ်မှုကသာလျှင် သဘောတူညီချက်အား ချိုးဖောက်ခြင်းမည်ကြောင်း၊ သို့သော် အပစ်အခတ်ရပ် ဆဲရေးသဘောတူထားချက်ကို ထိမ်းသိမ်းရ မည်ဖြစ်ပြီး ကြားဝင်စေ့စပ်ပေးသည့် အီဂျစ်ကိုလည်း ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်မ လာစေဖို့ သတိပေးကြောင်း ပြောကြားသည်။

     

    အစ္စရေးစစ်တပ်က ယခုကဲ့သို့ပင် အစ္စရေးဘော်ဒါသို့ချဉ်းကပ်သည့် ဂါဇာဘက်တွင်ပင်ရှိနေသေးသော အရပ်သားများကို ပစ်ခတ်လေ့ရှိသည်ဟု ဂါးဒီးယန်းက ဖော်ပြသည်။ အစ္စရေးကမူ အကြမ်းဖက်သမားများ အစ္စရေးသို့ဝင်မလာစေဖို့ ကာကွယ်ခြင်းဖြစ်သည်ဟု အကြောင်းပြပြောဆိုသည်။

     

    ပါလစ္စတိုင်းလူငယ်အချို့က နယ်စပ်ဒေသရှိ အစ္စရေးခံတပ်များကို မခံချင်အောင်ပြောဆိုမှုများရှိကြောင်း၊ ထို့အတွက် အစ္စရေးစစ်တပ်က ပစ်ခတ်မည် ဟု ခြိမ်းခြောက်သော်လည်း ၄င်းတို့က ဆက်လက်ပြုလုပ်ကြသဖြင့် ယင်းသို့သော လူသေမှုဖြစ်လာကြောင်း အေပီသတင်းအရသိရသည်။ ဟားမတ်စ် တို့ကမူ ပါလစ္စတိုင်းတို့အား နယ်စပ်အနီးတွင် မနေကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

  • အိုဗရီကို့စ် သမ္မတဟောင်း ဇနီးအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး(ICC) မှ  စွဲချက်တင် ၀ရမ်းထုတ်

    အိုဗရီကို့စ် သမ္မတဟောင်း ဇနီးအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး(ICC) မှ စွဲချက်တင် ၀ရမ်းထုတ်

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၂

    M-Media

    လူ့အခွင့်အရေးချိုးဖောက်မှု့ ပြစ်မှု့များနှင့် ပတ်သက်၍ အိုင်ဗရီကို့စ် သမ္မတဟောင်း Laurent Gbagbo ၏ ဇနီးဖြစ်သူအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာခုံရုံး (အိုင်စီစီ) မှ ဖမ်းဆီးရန် ၀ရမ်း ထုတ်ပြန်ပြီး ဖြစ်ကြောင်း ကြေငြာလိုက်ပါသည်။

    ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်တဲ့ ဝရမ်းကို Hague အခြေစိုက် နိုင်ငံတကာခုံရုံးမှ ကြာသပတေးနေ့တွင် လူသိရှင်ကြား အတိအလင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ Simone Gbagbo အား လူသားချင်းစာနာမှုကို ဖီဆန်သော လုပ်ကြံသတ်ဖြတ်မှု၊ မုဒိမ်းမှု ၊ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု နှင့် လူမဆန်သော ပြုမူ လုပ်ဆောင်မှုများ အတွက် စွဲချက်တင်ခြင်း ခံထားရပါသည်။

    အနောက်အာဖရိက နိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးသည့်နောက်တွင် ထိုဥပဒေချိုးဖောက်မှုများ ကျူးလွန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု အိုင်စီစီက ဖော်ပြခဲ့ပါသည်။

    အလားတူ စွပ်စွဲချက်များ နှင့် အမှုရင်ဆိုင်နေရာသော Gbagobo သည်  ပြိုင်ဘက်ဖြစ်သူ Alassane Ouattara အား မိမိ၏ အာဏာလွှဲပြောင်းပေးလိုက်ရပြီး မိမိကျဆုံးမှုကို လက်ခံရန်ငြင်းဆိုခဲ့ပြီးနောက် ထိုနိုင်ငံရေး ခလောက်ဆန် မှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ပါသည်။

    “ Simone Gbagbo ဟာ နိုင်ငံရေး အတွေးအမြင်များအရရော လုပ်ငန်းပိုင်းဆိုင်ရာ အရရော သူ့ခင်ပွန်းနဲ့ တော်တော်လေး နီးစပ်မှုရှိခဲ့ပါတယ်… သမ္မတ အဖြစ် ရွေးကောက်ခြင်း မခံရပေမဲ့ သူမဟာ သူမခင်ပွန်းရဲ့ ကွယ်ဝှက်ထားတဲ့ ကိုယ်ကျိုးရှာစိတ်၊ အတ္တစိတ်တွေကို နိုင်ငံတော်အာဏာ နဲ့ ဆုံးဖြတ်ချက်တွေကဲ့သို့ ပြုမူခဲ့တာပါ။“ ဟု ထုတ်ပြန်သော ၀ရမ်းတွင် တင်ပြခဲ့ပါသည်။

    အိုင်ဗရီကို့စ်တွင် ၂၀၁၀-၁၁ ကာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် စစ်သားများ နှင့် တပ်မတော်သည် UN နှင့် လက်ရှိအာဏာရ သမ္မတ Ouattara ကို ထောက်ခံသော ပြင်သစ်ကျောထောက်နောက်ခံများ အား ဆန့်ကျင်တိုက်ခိုက်သော ၎င်းတို့သည် Gbagbo ၏  သစ္စာခံများဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။

    လက်ရှိ အိုင်ဗရီကို့စ်တွင် အကျဉ်းကျခြင်းခံနေရသော Simone Gbagbo သည် လူပေါင်း (၃၀၀၀)ကျော် တို့၏ အသက်စတေးခဲ့ရသော အကြမ်းဖက်မှုများအား ကိုယ်ကျိုးအတွက် ကြိုတင်စီမံမှု နှင့် လုပ်ကြံဖန်တီးမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀ရမ်းတွင်  စွဲချက်တင်ထားပါသည်။

    ကိုးကား:http://www.presstv.ir

  • ဂါဇာမှ ပါလက်စတိုင်း ကလေးများအတွက် ရော်နယ်ဒို ပေါင် ၁.၅ သန်းလှူ

    ဂါဇာမှ ပါလက်စတိုင်း ကလေးများအတွက် ရော်နယ်ဒို ပေါင် ၁.၅ သန်းလှူ

    နိုဝင်ဘာ ၂၁၊၂၀၁၂

    M-Media

    စပိန် နာမည်ကြီးဘောလုံးကလပ် ရီရဲလ်မဒရစ်အသင်းကစားသမားဖြစ်တဲ့ ကမ္ဘာ့ကျော်ဘောလုံးသမား ခရစ်တီရာနို ရော်နယ်ဒိုဟာ ဂါဇာဒေသမှာ ပါလက်စတိုင်းကလေးငယ်များအတွက် ပေါင် ၁.၅ သန်း (US $ ၂.၄ သန်း)  လှူဒါန်းခဲ့ကြောင်းကို ရီရဲလ်မဒရစ်အသင်းရဲ့ အာရဗ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်များမှာဖော်ပြပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ရီရဲလ်ဖောင်ဒေးရှင်းမှ ချီးမြှင့်ခြင်းခံရတဲ့ ရွှေဖိနပ်ကို ရောင်းချခဲ့ပြီး ရခဲ့တာကို ဂါဇာဒေသမှ ကျောင်းများအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

    ရီရဲလ်အသင်းဖောင်ဒေးရှင်းဟာ  ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၆၆ နိုင်ငံက ကျောင်းပေါင်း ၁၆၇ ကျောင်းကို ကူညီထောက်ပံ့လျှက်ရှိတယ်လို့ မှတ်တမ်းများအရသိရပါတယ်။

    ဒါက ရော်နယ်ဒိုရဲ့ ပထမဆုံးအလှူမဟုတ်ပါဘူး ယခင်နှစ်တွေကလည်း ရော်နယ်ဒိုဟာ သူရဲ့ အားကစားဖိနပ်များရောင်းချမှုက ရရှိငွေကနေ ဂါဇာဒေသမှာရှိတဲ့ စာသင်ကျောင်းတွေအတွက် ရန်ပုံငွေ ထူထောင်ပေးခဲ့ပါသေးတယ်။

    ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းမှ ရီရဲလ်မက်ဒရစ်အသင်းသို့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၃.၉ သန်းဖြင့် ပြောင်းရွှေလာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ရီရဲလ်မဒရစ်အသင်းမှာ သူအတွက် တစ်နှစ်ကို လစာ ပေါင် ၁၂ သန်းဖြင့် စာချူပ်ချူပ်ဆိုထားပြိး ကမ္ဘာ့ဝင်ငွေအများဆုံးရတဲ့ ဘောလုံးသများများထဲမှ တယောက်အပါအဝင်ဖြစ်ပါတယ်။

    ဟားမာစ်ထိန်းချူပ်ထားရာ ဂါဇာဒေသကို အစ္စရေးမှ နိုဝင်ဘာ ၁၃ ရက်နေ့မှ စပြီးကျူးကျော်တိုက်ခိုက်ရာမှာ AP မှဖော်ပြထားသော စာရင်းများအရ ယနေ့အထိ ပါလက်စတိုင်း ၁၄၀ ကျော်သေဆုံးသွားပြီး ၄င်းတို့တွင် အရပ်သားအများပြားပါဝင်ပြီး ကလေးငယ်များလဲပါဝင်ကြောင်းသိရပါတယ်။ ဒဏ်ရရှိသူ ၁၁၀၀ကျော်ရှိပြီး ဟားမာစ်တို့ ရဲ့ ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် အစ္စရေး ၅ ဦး သေဆုံးပြိး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိကြောင်း ဖော်ပြထားရှိပါတယ်။

    အစ္စရေးတို့ရဲ့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှု့ကြောင့် ကလေးငယ်များအပါဝင် အရပ်သားအများအပြား သေဆုံးမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျူးလူမျိုးများအပါဝင် ထောင်ပေါင်းများစွာသော ဘာသာပေါင်းစုံ ပြည်သူများ အစ္စရေးရဲ့ လုပ်ရပ်ကို ဆန့်ကျင့်ကန့်ကွက် မှုများဖြစ်ပေါ်လျက်ရှိပါတယ်။

    အမေရိကန်သမ္မတ အိုဗာမားကတော့ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အစ္စရေးနိုင်ငံဟာ မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောဆိုသွားပြီး အစ္စရေးဘက်က ဆက်လက်ရပ်တည်သွားပါတယ်။

     

    ကိုးကား https://rt.com/

  • ဒယ်အိုးဆရာတော် တရားပွဲများ မလေးရှား မြို့ကြီးများမှာ စည်းကားစွာကျင်းပ

    ဒယ်အိုးဆရာတော် တရားပွဲများ မလေးရှား မြို့ကြီးများမှာ စည်းကားစွာကျင်းပ

    နိုဝင်ဘာ ၂၂၊ ၂၀၁၂

    M-Media

    မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) မှ ဒယ်အိုးဆရာတော်ရဲ့ တရားပွဲ ဓါတ်ပုံ Online Radio Media (Malaysia News)

    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ့်  ၂၀.၁၁.၁၂ အင်္ဂါနေ့တွင် မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့ Dewan Taman Sri Tebru Hall ခန်းမလည်းကောင်း၊ ၂၁.၁၁.၁၂ ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမတွင်လည်းကောင်း ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။
    ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာ မြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံသား အများစုမှာ အစ္စလာမ်သာသာကိုးကွယ်သူများဖြစ်ပြီး အခြားသော တရုတ်လူမျိုးများနှင့် အိန္ဒိယနွယ်ဖွားများရဲ့ ကိုးကွယ်ရာ ဗုဒ်ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယျာန်နှင့် နတ်ကိုးကွယ်မှုများကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောနိုင်ငံဖြစ်သည်။ မလေးရှားတွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီပြီးအလုပ်လုပ်ကိုင်လျက်ရှိကြပြီး မြန်မာ ဗုဒ်ဓဘာသာဝင်များရဲ့ ဘုန်းတော်ကြီးကျောင်းများမှာ ကေအလ်မြို့တခုထဲမှာတင် (၅၀) ကျော်ရှိနေပြီဖြစ်သည်။

     

    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ကွမ်တန်းမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ

     

    မလေးရှားနိုင်ငံ ကွမ်တန်းမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ

    ဓါတ်ပုံ Online Radio Media (Malaysia News)