အိန္ဒိယနိုင်ငံ ဒေလီမြို့ တွင်ကျင်းပမည့် ဓနသဟာရနိုင်ငံများအားကစားပွဲအတွက် လုံခြုံရေးတပ်များ တင်း ကြပ်ထားပါသည်။ အောက်တိုဘာ ၃ ရက်နေ့ မှစ ၁၂ ရက်တာ ကျင်းပမည့် ကစားပွဲတွင် လုံခြုံရေး စိတ်မချရဟုဆိုကာ အချို့ နိုင်ငံမှ အားကစားသမားများ ကန့် ကွက်နုတ်ထွက်ခဲ့ပါသည်။ ယခုအခါ အိန္ဒိယ အစိုးရက ရဲ ရှစ် သောင်း၊ အရံရဲ နှစ်သောင်း၊ အမျိုးသားလုံခြုံရေး ကွန်မန်ဒို ၁၅၀၀၊ ၁၅၀ ပျောက်ကြားတိုက်ခိုက်မှုခုခံရေးတပ် သား၊ မုခင်းခွေးအကောင် ၃၀၀နှင့် ဗုံးရှာဖွေရေးအသင်းများဖြင့် လုံခြုံရေးတင်းကြပ်ထားပြီး ဈေးဆိုင်များကိုလည်း ပိတ်ထားခိုင်းသဖြင့် ဒေလီမြို့ တွင် ခါတိုင်းနှင့်မတူ လူပြည့်ကြပ်ခြင်းမရှိကြောင်း သိရသည်။ (ကိုးကား – Indiatimes, Oct 2, 2010)
Category: နိုင်ငံတကာသတင်း
နိုင်ငံတကာသတင်းများ
-
တပတ်အတွင်းနိုင်ငံတကာသတင်း (အောက်တိုဘာ ၃၊ ၂၀၁၀)
-
အမေရိကန် ဆေးသုတေသန လူသားဖြစ်မှုကို ဆန့်ကျင်ရာဇ၀တ်မှုဖြစ်နေ
၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း အမေရိကန် ဆေးပညာရှင်များ ကွာတီမာလာနိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနစမ်းသပ်ချက်သည် လူသားဖြစ်မှုကို ဆန့် ကျင်ကျူးလွန်သော ရာဇ၀တ်မှု (Crime against Humanity) ဖြစ်ကြောင်း ကွာတီမာလာ သမ္မတ Alvaro Colom အပြစ်တင်လိုက်ပါသည်။ ထိုအချိန်က ရှားပါးသေးသော ပင်နီစလင်ဆေး အာနိသင် ကို စမ်းသပ်ရန် ကွာတီမာလာနိုင်ငံအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စိတ်ရောဂါဝေဒနာ ရှင် ၇၀၀ ခန့် ကို ဆေးပညာရှင်များက ဆဖလစ် (Syphilis) ဗိုင်းရပ်ထိုးသွင်း စမ်းသပ်ခဲ့ပါသည်။
အဆိုပါ ရောဂါနှင့်ပတ်သက်ပြီး ဒေါက်တာ မြတ်သီရီအေးကပြောကြားရာတွင် -
သာဝကကြီး အုမရ် သခင်အကြောင်း ဒူဘိုင်းမှ ရုပ်ရှင် ရိုက်ကူးရန်စီစဉ်
အနောက်တိုင်း မီဒီယာများမှခေါက်ရိုးကျိုးတင်ပြနေသော အစ္စလာမ်အပေါ် အဆိုးမြင်ထုတ်လွင့်နေမှု များကို တန်ပြန်နှိင်ရန်ကြိုးပမ်းအား ထုတ်မှု တရပ်အဖြစ် ဒူဘိုင်း အခြေစိုက် MBC အုပ်စုမှ မွတ်စလင်တို့၏ ဒုတိယမြောက် ခလီဖာဖြစ်သော အုမရ် ဘင်အလ် ခသဘ် ၏ သမိုင်းရုပ်ရှင်ကားကို ရိုက်ကူးရန် ကာတာ ပြည်သူ့မီဒီယာလုပ်ငန်းနှင့် သဘောလက်မှတ် ရေထိုးလိုက်ကြောင်းသိရသည်။ အဆိုပါဇတ်ကားကို လာမည့်နှစ် ရမဒန်လမြတ်တွင် ကမ္ဘာမွတ်စလင်ထုအတွက် ထုတ့်လွင့်ပြသမည်ဟု ဆိုပါသည်။ ဒုတိယခလီဖာ အုမရ် ဘင်အလ် ခသဘ်၏ ဇတ်ကားကို အာရဘီ၊ အင်္ဂလိပ် ဘာသာဖြင့် တင်ဆက်မည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ကုန်ပိုင်းတွင်လည်း ကာတာအခြေစိုက် အလ်နုရ်းဟိုလ်ဒင်း အုပ်စုမှ တမန်တော်မိုဟမ္မဒ် (ဆွ) ၏ ဘ၀ဖြစ်စဉ်အား
-
အစ္စရေး နျူးကလီယား လက်နက်များ စစ်ဆေးနိုင် ရေး ဥပဒေ မူကြမ်း ပယ်ချခံရ
အာရဘ်နိုင်ငံများတင်သွင်းသော ဥပဒေမူကြမ်း ဖြစ်သည့် အစ္စရေးနိုင်ငံအား နိုင်ငံတကာ နျူကလီးယားလက်နက်မပြန်ပွားရေးစာချုပ် (NPT) တွင် ပါဝင် လက်မှတ်ထိုးရန်တောင်ဆိုချက်ကို နိုင်ငံတကာ အနူမြူ စွမ်းအင် အေဂျင် စီ ညီလာခံတွင် ထောက်ခံမဲ ၄၆မဲ၊ကန့်ကွက်မဲ ၅၁မဲ၊ကြားနေမဲ ၂၃မဲဖြင့် ပယ်ချလိုက်ပါသည်။ အာရဘ်နိုင်ငံများဦးဆောင်တင်သွင်းသော အဆိုပါ ဥပဒေကြမ်းက အနာဂတ် အရှေ့အလယ်ပိုင်း လုံခြုံရေး ဆိုင်ရာတွင်အစ္စရေးနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို အခက်တွေ့ စေနိုင်ကြောင်း ညီလာခံတွင်ခြိမ်းခြောက် ခဲ့သည်။ ဒါကို အတည်ပြုမယ်ဆိုရင် အရှေ့ အလယ်ပိုင်း တည်ငြိမ်ရေးကို ပြန်သုံးသပ် ရပါမယ် ” ဟု အစ္စရေး ကိုယ်စားလှယ် က မဲမခွဲခင် သတိပေးပြော ဆိုခဲ့ပါသည်။
-
မအောင်မြင်ခဲ့သော ကုရ်အာန်မီးရှိုမည့် အစီစဉ်၏ နောက်ဆက်တွဲ
Youtube ဗွီဒီယို ၀က်ဆိုက်တွင် ကျမ်းမြတ်ကုရ်အာန် စာ နှစ် အုပ်အားမီးရှိုခဲ့ပုံ အား ၉-၁၁ နှစ်ပတ်လည်နေ့တွင် လွင့်တင် ခဲ့သော ဗြိတိန်လူငယ် ၆ဦး အမှုရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဗီဒိယိုပြကွက်တွင် လက်ကိုင်ပ၀ါလည်ပင်း တွင်ပတ်ဆင်ထားလူများက ကုရ်အာန်ကျမ်းစာကိုမီးရှိုကာ …ဒါက အာဖဂန်နစ္စတန် ကျဆုံးသွားတဲ့ ဗြိတိန်စစ်သားတွေ အတွက် ၊ ၉-၁၁မှာသေဆုံးသွား တဲ့သူတွေအတွက် ….ဟု သူတို့ ရည်ရွယ်ချက် ကို အော်ဟစ် ကြွေးကြော် ကြခဲ့သည်။ Youtube တွင်ယင်း ဗီဒိယို ထွက်ပေါ် လာပြီး ၆ရက် အကြာတွင် ၄င်းတို့အားဆက်တိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစသည်။ ရဲတပ်ဖွဲ၏ ပြောဆိုချက်အရ ၄င်းတို့ သည် ကုရ်အာန် ကျမ်းစာအား မီးရှို့ခဲ့သည်ဟု ၀န်ခံသော် လည်း Youtube တွင်ထုတ်လွင့်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားကြောင်း မွတ်စလင် များနှင့် လူဖြူ အင်္ဂလိပ်များကို သာမန် စိတ် အနှောက်ယှက်ဖြစ် စေအောင် သာရည်ရွယ် ကြောင်းသည်ဟု သိရသည်။ ကုရ်အာန် မီးရှိုခဲ့ သူများကို စက်တင်ဘာ ၁၅ရက် နေ့တွင်နှစ်ဦးနှင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ၄ဦးဖမ်းဆီး မိခဲ့ကြောင်း ယင်း လူငယ်များမှာ အင်္ဂလန်မြောက်ပိုင်း Gateshead တွင် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇နှစ် ကျခံရမည်ဖြစ် ကြောင်း ရဲတပ်ဖွဲကဆိုပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အုံအား လေယာဉ်ဖြင့် တိုက်ခိုက်ခံ လိုက်ရသော ၉-၁၁ နှစ်ပတ်လည်နေ့တွင် အမေရိကန် ဖလော်ရီဒါပြည်နယ်ရှိ ချာခ်ျဘုရားကျောင်း တစ်ခုမှ် ကုရ်အာန် မီးရှို့ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း (more…)