News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • ပါလက်စတိုင်းကိစ္စ ခင်ဗျားတို့ရဲ့ အလိမ်အညာကို တစ်ကမ္ဘာလုံးက သိနေတယ်

    ပါလက်စတိုင်းကိစ္စ ခင်ဗျားတို့ရဲ့ အလိမ်အညာကို တစ်ကမ္ဘာလုံးက သိနေတယ်

     ဇူလိုင် ၃၁၊ ၂၀၂၅

    M-Media

    ပါလက်စတိုင်းတွေအပေါ် လူမျိုးသုန်းသတ်ဖြတ်တာကို ခင်ဗျားတို့ ငြင်းရဲတယ်နော်။ ဒီမှာတောင်လာပြီး အလိမ်အညာတွေ လာပြောရဲတယ်။ ခင်ဗျားတို့ ပါလက်စတိုင်းကို ခွဲခြမ်းစိပ်ဖြာပြီး အပိုင်စီးခဲ့တာ ၇၇ နှစ်ရှိပြီး။ ခင်ဗျားတို့က ပါလက်စတိုင်းမြေကို ကိုလိုနီလုပ်နေတာ။ ဒီနေ့ခေတ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်နေတာ ခင်ဗျားတို့ပဲ။ ပါလက်စတိုင်းတွေအားလုံးကို ခင်ဗျားတို့ ရှင်းထုတ်ချင်နေတာ။ ဒါပေမယ့် ခင်ဗျားတို့ မအောင်မြင်ပါဘူး။ ပါလက်စတိုင်းတွေကို ဖြိုခွဲချင်တဲ့ ခင်ဗျားတို့ လုပ်ရပ် မအောင်မြင်ပါဘူး။ အလိမ်အညာတွေပြောပြီး ပါလက်စတိုင်းတွေရဲ့ စည်းလုံးမှုကို ခင်ဗျားတို့ ဖြိုခွဲချင်နေတယ်။ ခင်ဗျားတို့ မအောင်မြင်ပါဘူး။ တစ်ကမ္ဘာလုံးက ခင်ဗျားတို့ ဘာလုပ်နေလဲဆိုတာ မြင်နေတယ်။ တစ်ကမ္ဘာလုံးက ခင်ဗျားတို့ လိမ်နေတာကို သိတယ်။ ခင်ဗျားတို့လုပ်ရပ်ကို မြင်နေတယ်။ တစ်မ္ဘာလုံးက ခင်ဗျားတို့ကို ဆန့်ကျင်လာမှာ။ ဒီလိုဆန့်ကျင်မှုကနေ ပါလက်စတိုင်းတွေ လွတ်မြောက်လာမယ်။ ခင်ဗျားတို့အစိုးရဟာ သူတို့နဲ့ ထိုက်တန်တဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တက်ရလိမ့်မယ်။ 

    (ဘယ်ဂျီယံနှင့် လူဇင်ဘတ်ဆိုင်ရာ အစ္စရေးသံအမတ် Idit Rosenzweig-Abu က ဂါဇာအရေး လော်ဘီလုပ်သည့် ဆွေးနွေးပွဲအတွင်း ဘယ်ဂျီယံ လွှတ်တော်အမတ် Jos D’Haese(ပုံ) ၏ တုန့်ပြန်ပြောကြားမှု)

  • ပါလက်စတိုင်း အငတ်ဘေးအတွက် ကမ္ဘာတစ်၀ှမ်းက ဒယ်အိုး ခေါက်သံများ

    ပါလက်စတိုင်း အငတ်ဘေးအတွက် ကမ္ဘာတစ်၀ှမ်းက ဒယ်အိုး ခေါက်သံများ

    ဇူလိုင် ၂၉၊ ၂၀၂၅

    M-Media 

    ဂါဇာမှာ အစ္စရေးက အငတ်ဘေးဆိုက်အောင် လုပ်ဆောင်ထားမှုကို ဆန့်ကျင်ပြီး ဒါကို ရပ်တန့်ရေး တောင်းဆိုတဲ့ ဒယ်အိုးခေါက် ဆန္ဒပြမှုတွေ ကမ္ဘာတစ်၀ှမ်း ပြန့်နှံ့လာပါတယ်။ 

    ဂရိ၊ တောင်ကိုရီးယား၊ နယ်သာလန်၊ အိုင်ယာလန်၊ ဂျာမနီ၊ အမေရိကန်အပါအ၀င် ကမ္ဘာ၀ှမ်းမှာ လူထောင်သောင်းချီ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူ အရေအတွက်ဟာ ၆ သောင်းနားကပ်လာပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ကို ကမ္ဘာတစ်၀ှမ်းက အကူအညီတွေ ၀င်မရအောင် အစ္စရေးက လုပ်ဆောင်ထားတာကြောင့် အငတ်ဘေးဆိုက် သေဆုံးမှုဟာ ၁၂၂ ဦးအထိ ရှိလာပါပြီ။ 

    ကမ္ဘာတစ်၀ှမ်းက ၀ေဖန်မှုတွေ မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးက အကူအညီတစ်ချို့ကို ၀င်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အကူအညီလာယူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

    Video Credit – Aljazeera

  • တရားမ၀င်နေထိုင်သူတွေ တိုက်ခိုက်ခဲ့တဲ့ ခရစ်ယာန်ရွာ

    တရားမ၀င်နေထိုင်သူတွေ တိုက်ခိုက်ခဲ့တဲ့ ခရစ်ယာန်ရွာ

    ဇူလိုင် ၂၈၊ ၂၀၂၅

    M-Media 

    မီးရှို့ခံထားရသည့် ကားတစ်စီး

    ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက ခရစ်ယာန်ဘာသာ၀င်တွေနေထိုင်တဲ့ တိုင်ဘာမြို့ကို တရားမ၀င် ဂျူးအခြေချသူတွေက ဇူလိုင် ၂၇ ရက်နေ့မှာ ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    ကားတွေမီးရှို့တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ ဘာသာရေးအမုန်းစကားတွေရေးသားတာ စတာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုင်ဘာမြို့ကို ဂျူးအခြေချသူတွေ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ပိုမို မြင့်တက်လာခဲ့ပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကစလို့ ပါလက်စတိုင်းက ခရစ်ယာန် မြို့ရွာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရပါတယ်။ 

    Video Credit – TRT World

  • ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ဇူလိုင် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – (၀ဲမှယာ) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနတ်၊ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နှင့် ထိုင်းယာယီ၀န်ကြီးချုပ် ဖွမ်သမ် ၀ီချာယာချိုင်)

    ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်က အပြန်အလှန် ပစ်ခတ်မှုတွေကို ခြွင်းချက်မရှိ အပစ်ရပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူလိုက်ပါတယ်။

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားရဲ့ ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးကို ပူထရာဂျာယာကို ဖိတ်ခေါ်ပြီး ကြား၀င်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အပစ်ရပ်ရေးဟာ ဇူလိုင် ၂၈ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စတင်အသက်၀င်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

    ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

    ဇူလိုင် ၂၇၊ ၂၀၂၅

    M-Media

    အစ္စရေးက တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဂါဇာမှာ ဇူလိုင်လ ၂၇ ရက်နေ့က အဟာရ ပြတ်လပ်သေဆုံးသူ ၆ ဦး ထပ်မံ တိုးလာခဲ့ပြီး စုစုပေါင်း ၁၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

    သေဆုံးသူတွေထဲက ၈၇ ဦးက ကလေးငယ်တွေဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အစ္စရေးဟာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချခဲ့တာကြောင့် ကမ္ဘာနိုင်ငံတွေရဲ့ ၀ေဖန်မှုကို ခံခဲ့ရပါတယ်။

    နိုင်ငံတကာ အကူအညီတွေကို အစ္စရေးက ၀င်ခွင့်မပေးတာကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်ခဲ့တာဖြစ်ပါတယ်။

    ဂါဇာက ပါလက်စတိုင်းပြည်သူတွေ အငတ်ဘေးဆိုက်တဲ့ ဓာတ်ပုံတွေကို နာဇီလက်ထက် ဂျူးတွေကို အငတ်ထားညှင်းဆဲတဲ့ ပုံတွေနဲ့ ယှဥ်တွဲဖော်ပြမှုတွေလည်း ဆိုရှယ်မီဒီယာမှာ မြင့်တက်လာပါတယ်။

    Ref: Aljazeera