News @ M-Media
Month: October 2016
  • ရမ်ဆေးမှာ လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟု ၀င်းဂါးပြော
    ရမ်ဆေးမှာ လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟု ၀င်းဂါးပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    ramsay
    – ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အာရွန်ရမ်ဆေးမှာ ဂိုးများပြန်သွင်းနိုင်ကာ အာဆင်နယ်အသင်း၏ လမ်းပတ် ဖြစ်လာမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်ရာသီများတွင် အာဆင်နယ်အသင်း၏ အဓိကအားထားရသော ကစားသမားဖြစ်ခဲ့သည့် ရမ်ဆေးမှာ လက်ရှိတွင် ဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်စနေနေ့ ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရဖွယ် ရှိနေသည်။
    “သူက အသင်းကိုမောင်းနှင်ပေးပြီး ရှေ့ဆက်ဖို့လည်း တွန်းအားပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်တာပါပဲ။ သူက လမ်းပတ်လိုပါ။ ဂိုးဧရိယာထဲ ၀င်ရတာနဲ့ အဝေးကနေ ကန်သွင်းရတာကို သူ နှစ်သက်ပါတယ်။ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အရည်အသွေးတွေ ရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အိုမန် မြှင့်တင်မည်
    ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အိုမန် မြှင့်တင်မည်
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    oman
    – ၂၀၄၀ အရောက်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၅ သန်းကျော်ကို ဆွဲဆောင်နိုင်ရန်အတွက် အိုမန်အစိုးရက ကန်ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သစ်တစ်ရပ်ကို စတင်လိုက်သည်ဟု သိရသည်။
    အဆိုပါ အစီအစဉ်အသစ်အရ ကမ္ဘာ့လှည့်ခရီးသွားကဏ္ဍတွင် အိုမန်နိုင်ငံသားများအပါအ၀င် လူငါးသိန်းကျော်ကို အလုပ်အကိုင်ပေးနိုင်ရန် အစိုးရက ခန့်မှန်းထားသည်။ ရင်းနှီးမြှုပ်နှံမှုအတွင်း ဟိုတယ်များ၊ အားလပ်ရပ် အပန်းဖြေအိမ်များ၊ ခရီးသွား အိမ်ယာများ ဆောက်လုပ်မှု ပါဝင်မည်ဖြစ်သည်။
    ဒိုဖာပြည်နယ် မြို့တော် ဆာလာလာသည် အိုမန်ခရီးသွားလာရေးလုပ်ငန်း၏ အချက်အချာကျသည့် နေရာဖြစ်နေပြီး အဆင့်မြင့်ဟော်တည်ကြီးများ ရှိနေသည်။ ထို့ပြင် အုန်းစိုက်ခင်းများ၊ စွန်ပလွံသီးခြံများ၊ တိတ်ဆိတ်သော ကမ်းခြေများ၊ ဘာသာရေးဆိုင်ရာ သမိုင်းဝင်အဆောက်အဦးများလည်း ဒိုဖာပြည်နယ်တွင် ရှိနေသည်။
    အိုမန်နိုင်ငံ၏ စီးပွားရေးသည် ရေနံကို ရှာဖွေမတွေ့ရှိမီအချိန်ထိ စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ ကုလားအုတ်နှင့် ဆိတ်မွေးလုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်းများကို မှီခိုခဲ့ရကာ ပြီးခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း အဆိုပါဘုရင့်နိုင်ငံတော်သည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
    ပြီးခဲ့သည့်နှစ်အတွင်း အိုမန်နိုင်ငံသို့ လာရောက်လည်ပတ်သူ ၂.၅ သန်းရှိခဲ့ပြီး ၂၀၄၀ ခုနှစ်တွင် ခရီးသွား ၅ သန်းကျော် ရရှိနိုင်ရေး ဆွဲဆောင်သွားမည်ဟု အိုမန်အစိုးရက ယခုနှစ်အစောပိုင်းတွင် ကြေငြာခဲ့သည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်းက နိုင်ငံစီးပွားရေး၏ ၂.၅ ရာခိုင်နှုန်း ရှိနေကာ အစိုးရက ၆ ရာခိုင်နှုန်းအထိ မြှင့်တင်သွားရန် အစီအစဉ်ရှိနေသည်။
    Ref; IINA
  • မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော
    မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    man-u
    – ပွဲထွက်လူစာရင်း ၁၁ ယောက်တွင် အပြောင်းအလဲမလုပ်ပါက မန်ယူမှာ ယခုနှစ်တွင် အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က ပြောကြားလိုက်သည်။
    စနေနေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင် မန်ယူမှာ စံချိန်တင် ဂိုးသွင်းခွင့်ရခဲ့သော်လည်း ဂိုးရခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးကာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်း ဖြစ်သည်။ ဇယားတွင်လည်း ထိပ်ဆုံးမှ အသင်းများနှင့် ၈ မှတ် ကွာဟနေပြီး အဆင့် ၄ မှ ချယ်ဆီးနှင့်မူ ၇ မှတ် ကွာဟနေသည်။
    ဟားဂရေဗ့်ကမူ မန်ယူအနေဖြင့် ဆိုးရွားသည့် ပြဿနာအချို့ကို မဖြေရှင်းနိုင်ပါက ချန်ပီယံလိဂ် ၀င်ခွင့် လွဲချော်ဖွယ်ရှိသည်ဟု ဆိုသည်။
    “နောက်ခံလူ ၄ ယောက်က တော်တောင်လေးတောင့်တင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဂိုးသမားကလည်း တစ်နိုင်ငံလုံးမှာ အကောင်းဆုံးပါ။ အသင်းလိုက်ဆိုရင်တော့ မန်ယူဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းလောက်မဆို ကောင်းတယ်လို့ ကျွန်တော် အမှန်အကန်ယုံကြည်ပါတယ်။ ဒါပေမယ့် အခုလိုပုံမျိုးနဲ့တော့ ထိပ်ဆုံး ၄ သင်း မ၀င်နိုင်ပါဘူး” ဟု ဟားဂရေ့ဗ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ဇီကာနောက်ဆက်တွဲ ဦးခေါင်းသေးရောဂါကို ဗီယက်နမ်တွင် ပထမဆုံး တွေ့ရှိ
    ဇီကာနောက်ဆက်တွဲ ဦးခေါင်းသေးရောဂါကို ဗီယက်နမ်တွင် ပထမဆုံး တွေ့ရှိ
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    zika
    – ခြင်မှကူးဆက်သော ဇီကာရောဂါနှင့် ဆက်စပ်နေသည့် ဦးခေါင်းသေးရောဂါကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားလိုက်ပြီး နိုင်ငံအတွင်း ပထဆုံး ဖြစ်ပွားမှုလည်း ဖြစ်သည်။
    နိုင်ငံ အလယ်ပိုင်း ဒက်လက်မြို့၌ ကိုယ်ဝန်ဆောင်စဉ် ဇီကာပိုးတွေ့ရှိခဲ့သည့် မိခင်တစ်ဦး၏ လေးလသားကလေးငယ်တွင် အဆိုပါရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။
    “ဇီကာဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်တဲ့ ဦးခေါင်းသေးရောဂါဖြစ်ပြီး၊ ဒီလိုဖြစ်ရပ်မျိုး ဗီယက်နမ်မှာ ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့တာပါ” ဟု ဆေးဘက်ဆိုင်ရာ အထွေထွေဦးစီးဌာနက ၎င်းတို့၏ တရားဝင်ဝဘ်ဆိုက်တွင် ကြေငြာခဲ့သည်။
    ဗီယက်နမ်တွင် ယခုအချိန်ထိ ဇီကာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၉ ခု တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်တွေ့ရှိမှုများကို လာမည့် ရက်အနည်းငယ်အတွင်း အတည်ပြုရန် မျှော်လင့်ထားကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ထရန်ဒက်ဖူးက ရိုက်တာသတင်းသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဇီကာနှင့်ပတ်သက်၍ စိုးရိမ်ရမှုအဆင့်ကို ဗီယက်နိမ်နိုင်ငံက ယခုလအစောပိုင်းတွင် မြှင့်တင်ခဲ့ပြီး နိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောင့်ကြည့်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
    ယခုတွေ့ရှိရသည့် အဆိုပါဦးခေါင်းသေးရောဂါသည် ဇီကာနှင့်ဆက်နွယ်ကြောင်း အတည်ပြုနိုင်မည်ဆိုပါက ဗီယက်နမ်မှာ ထိုင်းနိုင်ငံအပြီး အရှေ့တောင်အာရှတွင် ၎င်းရောဂါတွေ့ရှိရသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
    ဇီကာနှင့် ကလေးများ မွေးရာပါ ဦးနှောက်သေးရောဂါ ဆက်စပ်မှုကို ဘရာဇီးလ်နိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဘရားဇီးလ်တွင် အဆိုပါဦးနှောက်သေးရောဂါ ဖြစ်ပွားမှု ၁၈၀၀ ကျော် ရှိခဲ့သည်။
    Ref : Bangkokpost
  • မက်ဆီက ရော်နယ်ဒိုထက်သာသည်ဟု ဖော်လန်ပြော
    မက်ဆီက ရော်နယ်ဒိုထက်သာသည်ဟု ဖော်လန်ပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    – ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ အဆုံးသတ်ပိုင်းတွင် ပြောစရာမရှိသော်လည်း ဘာစီလိုနာမှ မက်ဆီကဲ့သို့ လက်ဖျားခါလောက်သည့် တစ်ဦးချင်းစွမ်းရည်မျိုးမရှိဟု မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပြာကြားလိုက်သည်။
    ပြီးခဲ့သည့် ၆ နှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၎င်းတို့နှစ်ဦးက ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့ နှစ်ဦးသာ ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည်။ လက်ရှိတွင် ရော်နယ်ဒိုက နှာတစ်ဖျားသာနေသော်လည်း မန်ယူတွင် ရော်နယ်ဒိုနှင့် တွဲကစားဖူးသည့် ဖော်လန်ကမူ ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ပြည့်စုံမှုမရှိဟု ဆိုသည်။
    “သူနဲ့ (မန်ယူမှာ) ကစားတဲ့အချိန်တုန်းကနဲ့ ရီးယဲလ်မှာ သူကစားတဲ့ ပထမဆုံးနှစ်မှာ ရော်နယ်ဒိုဟာ မက်ဆီလိုပဲ အပျော်လုပ်ဖို့ ကစားသမားတွေကို လိမ်ခေါက်ဖြတ်ကျော်ပါတယ်။ အခုတော့ သူက အဆုံးသတ်သမားကြီးဖြစ်နေပြီး ဂိုးရှေ့မှာ ကြောက်စရာကောင်းသူပါ။ မက်ဆီလည်း ဒီလိုပါပဲ။ ဒါပေမယ့် မက်ဆီမှာ ကစားသမား ၂ ယောက်၊ ၃ ယောက်လောက်ကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်နဲ့ ပွဲကိုပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိပါတယ်” ဟု ဖော်လန်က ပြောကြားခဲ့သည်။
    ယခုရာသီတွင် မက်ဆီမှာ ရော်နယ်ဒိုထက် ဂိုးပိုများနေပြီး ပြိုင်ပွဲအားလုံးတွင် ၁၄ ဂိုး သွင်းယူထားနိုင်ကာ ရော်နယ်ဒိုကမူ ၇ ဂိုးသာ သွင်းယူထားသည်။
    Ref: Goal