News @ M-Media

Month: October 2016

  • ဘိုင်ယန်အား ဝေဖန်မှုမှာ တရားမဲ့သည်ဟု မူလာပြော

    ဘိုင်ယန်အား ဝေဖန်မှုမှာ တရားမဲ့သည်ဟု မူလာပြော

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    muller

    – လတ်တလော ရလဒ်ဆိုးဝါးမှုများအတွက် အသင်းအား ဝေဖန်မှုများမှာ တရားမျှတမှုမရှိဟု ဘိုင်ယန်မြူးနစ်၏ ပါရင့်ကစားသမား သောမတ်စ် မူလာက ပြောကြားလိုက်သည်။

    နည်းပြသစ် အန်ဆယ်လော့တီလက်ထက်တွင် ဘိုင်ယန်မှာ ပြိုင်ပွဲအားလုံးတွင် ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်ပွဲတွင် အက်သလက်တီကိုအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဘွန်ဒစ်လီဂါတွင်လည်း အိမ်ကွင်းတွင် ၁ ဂိုးစီ သရေကျခဲ့သည်။

    မူလာက ထိုရလဒ်ဆိုးရွားမှုများအတွက် တုန့်ပြန်မှုများမှာ လွန်ကျူးနေသည်ဟု ဆိုသည်။

    “ဘိုင်ယန်မှာ နည်းပြသစ်နဲ့ ကျွန်တော်တို့ ပထမ ၈ ပွဲကို နိုင်အောင် ကစားနိုင်ခဲ့ပါတယ်။ ၂ ပွဲလောက် ဆက်တိုက်မနိုင်တာနဲ့ နေလို့ကို မရတော့ပါဘူး။ ကျွန်တော်တို့မှာ တက်ကြွမှု မရှိဘူးလို့ မခံစားရပါဘူး” ဟု မူလာက ပြောကြားခဲ့သည်။

    အန်ဆယ်လော့တီမှာ ပက်ဂွါဒီယိုလာနှင့်ယှဉ်ပါက လျော့တိလျော့ရဲဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး မူလာကမူ ထိုမှတ်ချက်မှာ အခြေအမြစ်မရှိဟု ဆိုသည်။

    “သူ့ရဲ့ သဘာဝက အကျပ်အတည်းဆိုက်လာတဲ့အခါမှာ ကောင်းမွန်ပြီး၊ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူက အရမ်းတင်းကျပ်တာကို ခွင့်မပြုဘူးလေ”

    Ref: Goal

  • အိုအိုင်စီနှင့် တူရကီသတင်းဌာနတစ်ခု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်

    အိုအိုင်စီနှင့် တူရကီသတင်းဌာနတစ်ခု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    turkey-2

    – တူရကီ နိုင်ငံပိုင်သတင်းဌာနဖြစ်သော Anadolu အေဂျင်စီနှင့် အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့မှာ ယမန်နေ့က ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    Anadolu သတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူနှင့် အယ်ဒီတာချုပ် မီတင် မူတာနိုဂလူနှင့် အိုအိုင်စီ သတင်းအချက်အလက်ဌာန ဒါရိုက်တာ မဟာ အကီလ်တို့က သတင်းဌာန၏ တူရကီရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူ ညီချက်တွင် အထွေအထွေ မိတ်ဖက်၊ သတင်းဖလှယ်မှု၊ အချက်အလက် ဖလှယ်မှုနှင့် အိုအိုင်စီနိုင်ငံများအတွင်း သတင်းပြန်နှံ့မှု စသည့် ကဏ္ဍများ ပါဝင်သည်။

    မူတာနိုဂလူကမူ Anadolu အေဂျင်စီက မွတ်စလင်ကမ္ဘာ၏သတင်းများ (Muslim World News) ကဏ္ဍဖြင့် တင်ဆက်မှုမှာ မိမိတို့အတွက် အရေးကြီးကြောင်း၊ မိမိတို့အဖွဲ့ကြားတွင် ထိုကဏ္ဍက လစ်ဟာမှုဖြစ်နေကြောင်း ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအကြောင်းအရင်းကြောင့် ကျွန်တော်တို့ဟာ Muslim World News ကဏ္ဍကို ဖန်တီးခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ မွတ်စလင်နိုင်ငံအားလုံးနဲ့ ဆက်သွယ်မှုတွေကို ထူထောင်ချင်ပြီး၊ အဲဒီဆက်ဆံရေးတွေကိုလည်း ခိုင်မာအောင် ကြိုးစားနေတာကြောင့်ပါ”

    ထို့ပြင် မိမိတို့မှာ နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် ရုံးခွဲများရှိပြီး၊ နိုင်ငံ ၈၀ တွင် ကိုယ်စားလှယ်အဖွဲ့များ ရှိခြင်းကြောင့် မိမိတို့ နှစ်ဦးနှစ်ဖက် ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်က အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်က မွတ်စလင်နိုင်ငံများအကြား ဆက်ဆံရေး ခိုင်မာစေရန်ဖြစ်ပြီး အိုအိုင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် အလွန်ပျော်ရွှင်မိကြောင်း မူတာနိုဂလူက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: aa.com

  • အမုန်းစကားများ မဖျက်သည့် Facebook ကို တရားစွဲရန် ဂျာမနီစဉ်းစားနေ

    အမုန်းစကားများ မဖျက်သည့် Facebook ကို တရားစွဲရန် ဂျာမနီစဉ်းစားနေ

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    face

    – လူမျိုးရေးခွဲခြားမှု ပို့စ်များကို ဖျက်ပစ်ရန် ပျက်ကွက်ခဲ့သည့် Facebook နှင့် Twitter တို့မှာ ရာဇ၀တ်ကြောင်းအရ တာဝန်ခံရမည့် အန္တရာယ် ရှိနေသည်ဟု ဂျာမနီ တရားရေးဝန်ကြီး ဟီကို မက်စ်က ပြောကြားလိုက်သည်။

    ဂျာမနီတွင် အွန်လိုင်း အမုန်းစကားများ ပြန့်နှံမှုအတွက် စိုးရိမ်းစိတ်များ မြင့်တက်လာချိန်တွင် မက်စ်၏ ထိုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံတွင် ဆိုရှယ်မီဒီယာများမှာ နိုင်ငံအတွင်းရှိ ဒုက္ခသည်လူ့အဖွဲ့အစည်းကို တိုက်ခိုက်ရာနေရာများ ဖြစ်လာခဲ့ပြီး ၁၉၃၀ ပြည့်နှစ်က ဂျူးများအပေါ် နာဇီတို့၏ အမုန်းဖြန့်ဝေမှု အခြေအနေမျိုးနှင့် ဆင်တူနေသည်။

    အမုန်းတရားဖြန့်ဝေမှုနှင့် နာဇီဝါဒကို အားပေးအားမြှောက်ပြုမှုမှာ ဂျာမနီတွင် ရာဇ၀တ်မှုဖြစ်ပြီး Handelsblatt သတင်းစာနှင့် အင်တာဗျူးတွင် မစ္စတာ မက်စ်ကမူ လူငယ်ကာကွယ်ရေး စောင့်ကြည့်အဖွဲ့ဖြစ်သည့် Jugendschutz တို့ကဲ့သို့ အဖွဲ့များက စော်ကားသည့် မှတ်ချက်များအတွက် Facebook အား သတင်းပေးသည့်အခါတွင် ချက်ခြင်း ဖျက်ပေးသော်လည်း သာမန်လူများ သတင်းပို့သည့်အခါတွင် ၄၆ ရာခိုင်နှုန်းခန့်သာ ဖျက်ပေးကြောင်း၊ Twitter ကမူ ၁ ရာခိုင်နှုန်းသာ ဖျက်ပေးကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ရေးသားမှုများကို မဖျက်သည့်အတွက် ဆိုရှယ်မီဒီယာ ကုမ္ပဏီများမှာ ရာဇ၀တ်ကြောင်းအရ အရေးယူနိုင်ရေး မိမိတို့နိုင်ငံက စဉ်းစားနေသည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    “ဆိုရှယ်မီဒီယာမှာ အဲဒီလိုဓားတွေ သိပ်ထက်နေတယ်။ ကျွန်တော်တို့အနေနဲ့ ပြဌာန်းဥပဒေတွေအရ ဆောင်ရွက်စရာ မလိုဘူးဆိုတာကို သက်သေပြဖို့ သူတို့မှာ အချိန်ရှိပါသေးတယ်”

    ဂျာမနီတွင် အသုံးပြုသူ ၂၉ သန်းရှိသည့် Facebook ကမူ တရားမ၀င်သော ရေးသားမှုများကို မိမိတို့၏ ဖယ်ရှားမှုမှာ သိသာသည့် အခြေအနေမျိုးရှိသည်ဟု ပြောကြားခဲ့သည်။

    အမုန်စကားများ၊ လူမျိုးရေး ခွဲခြားစော်ကားမှု မှတ်ချက်များကို မဖယ်ရှားသည့် ကိစ္စနှင့်ပတ်သက်၍ ဂျာမနီအာဏာပိုင်များနှင့် Facebook အကြား ယခင်ကလည်း တင်းမာမှုများ ရှိခဲ့ပြီး ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ ပြီးခဲ့သည့်လက နယူးယောက်၌ Facebook တည်ထောင်သူ မာခ် ဇူကာဘာဂ့်နှင့် တွေ့ဆုံသည့်အချိန်ကလည်း Facebook ပေါ်တွင် အမုန်းစကားများ ပေါများနေမှုအတွက်လည်း သတိပေးခဲ့သည်။

    Ref: ft.com

  • ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းကို ရွေးချယ်

    ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းကို ရွေးချယ်

    အောကတိုဘာ ၆၊ ၂၀၁၆
    M-Media

    un

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏နေရာကို ဆက်ခံရန်အတွက် ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယို ဂူတာရက်စ်အား ကုလသမဂ္ဂက ရွေးချယ်လိုက်သည်ဟု သိရသည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၆ နှစ်အရွယ် ဂူတာရက်ဇ်မှာ ကုလအတွင်းရေးမှူးချုပ်သစ် ဖြစ်မည်ဟု ပြီးခဲ့သည့်လများအတွင်း တစ်ပြေးနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က လုံခြုံရေးကောင်စီတွင် အများသဘောတူညီချက်ဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    အဆိုပါ ရာထူးအတွက် အမည်စာရင်းတင်သွင်းခံရသူများမှာ အမျိုးသမီ ၇ ဦးအပါအ၀င် ၁၃ ဦးရှိပြီး နောက်ပိုင်းတွင် ၂ ဦးကို ပြန်လည် ဖယ်ရှားခဲ့သည်။

    “ကျွန်တော်တို့အားလုံး သဘောတူတဲ့သူ ရှိပါတယ်။ သူကတော့ အန်တိုနီယို ဂူတာရက်ဇ် ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ဖြစ်ပြီး ယခုလ လုံခြုံရေးကောင်စီ၏ ဥက္ကဌဖြစ်သူ ဗီတာလီ အိုင် ချာကင်က ပြောကြားခဲ့သည်။

    မစ္စတာ ဂူတာရက်ဇ်မှာ နယူးယောက်စံတော်ချိန် ကြာသာပတေးနေ့မနက်တွင် လုံခြုံရေးကောင်စီ၏ တရားဝင် လက်ခံအတည်ပြုမှုကို ရရှိမည်ဖြစ်ပြီး လာမည့်တစ်ပတ်တွင် ကျင်းပဖွယ်ရှိနေသည့် ကုလ၏ အထွေထွေညီလာခံတွင် အတည်ပြုရေး အမည်စာရင်း တင်သွင်းခံရမည်ဖြစ်သည်။

    အထွေထွေညီလာခံမှ အတည်ပြုပြီးပါက ဂူတာရက်ဇ်မှာ ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် ဘန်ကီမွန်၏ နေရာတွင် ဆက်ခံရမည်ဖြစ်သည်။

    Ref : nytimes

  • ကာတာရှိ အစ္စလာမ့် အနုပညာ  ပြတိုက် တွင် နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး ခမ်းနားစွာ ကျင်းပမည်။

    ကာတာရှိ အစ္စလာမ့် အနုပညာ ပြတိုက် တွင် နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး ခမ်းနားစွာ ကျင်းပမည်။

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media

    museum_of_islamic_arts_sop
    ကာတာဖေါင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး အခမ်းနားအား ယခုအပတ်၌ အစ္စလာမ့် အနုပညာ  ပြတိုက် တွင်  ပြုလုပ်မည်ဖြစ်ပြီး  ကာတာ ကလေးသူငယ် များ၏ စိတ်ကူးစိတ်သန်းများအား စိတ်ပါဝင်စားလာအောင် ဆွဲဆောင်ကြ ပါလိမ့်မည်။

    ‘ပညာရေးဖျော်ဖြေမှု့ ‘ မျိုးစုံ တင် ဆက်ပြသခြင်းနှင့်အတူ၊ ခလေးများအား ပုံပြောပြိုင်ပွဲတွင် ပါဝင်စေခြင်း၊ လက်ဆင့်ကမ်း ဆော့လို့ရသည့် ပုံမှန်ထက်ကြီး သည့် ဂိမ်းများ၊ နှင့် ရသမျိုးစုံပေးနိုင်သော စာအုပ်လဲဖတ်လို့ရသည့် အစီစဉ်များလည်း ပါဝင်ကြပါသည်။

    ထို့အပြင်၊ ပြတိုက်၏ အသစ်တီထွင်ထားသော စာဖတ်၍ရသည့်  ရွေ့လျား စာကြည့်တိုက် အနေဖြင့် အသုံးပြု၍ရသည့် ထရပ်ကား-ကိုလည်း ခလေး စာအုပ်များ ခင်းကျင်းပြသထားသည့် ပြပွဲရုံနှင့် မလှမ်းမကမ်းနေရာတွင် ရပ်တန့်ထားပေလိမ့်မည်။

    ယခုသတင်း တစ်ပတ်၏ ဆောင်ရွက် လှုပ်ရှားမှု့သည် လှုပ်ရှားမှု့တစိတ်တဒေသ၏ လက်ရှိသွားနေသော လူ့အဖွဲ့စည်းအား ထောက်ကူမှု့ပေးခြင်း၏ ပမာဏခြေလှမ်း ဖြစ်ကြောင်း သိရှိရသည်။

    ယင်းက စာအုပ်စာပေကို ချစ်မြတ်နိုးတတ်သော ယဉ်ကျေးမှု့တစ်ရပ် ထွန်းကားလာအောင် ရည်ရွယ်ပြီး၊ စာအုပ်စာပေများကို ဖတ်ရှု့ခြင်း၊ ဖျော်ဖြေရေး ပွဲလမ်းသဘင်များကြည့်ရှု့ခြင်းနှင့် အကျိုးရှိ သော မိသားစု အချိန်များ အားလုံးကို ပေါင်းစပ်ထားမှု့၏ အရေးကြီးပုံကို ခလေးများနှင့် မိဘများကိုပါ သရုပ်ဆောင်ပြသ သွားမည် ဖြစ်သည်။

    လွန်ခဲ့သော အပတ်က နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး အခမ်းအနားကို ဟာယသ် ပလာဇာ Hyatt Plaza တွင် အစီစဉ်မျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

    Museum of Islamic Art Park to host National Reading Campaign Extravaganza   ကို “ရဲဗလမင်းထင်” ဘာသာပြန်ဆိုသည်။

    ref: qatar-tribune