ဇူလိုင် ၁၀ ၊ ၂၀၁၆
M-Media
တင်ဆက်သူ-စတီဗင်
M.Media စာဖတ်ပရိသတ်တွေအတွက် အင်္ဂလိပ်ဘာသာနဲ့ရေးထား ထုတ်ဝေထားတဲ့ အကျိုးရှိစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။
.
စာအုပ်နာမည်ကတော့ Islam and the State in Myanmar ပါ။ မြန်မာနဲ့ ပြည်ပက ကလောင်ရှင်တွေ စုစည်းရေးသားထားတာဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ နယူးဆောက်ဝေးလ် တက္ကသိုလ်က ဥပဒေပညာရှင် Melissa Crouch က တည်းဖြတ်ပေးထားသလို ကိုယ်တိုင်လည်း ၀င်ရေးထားပါသေးတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လကမှ စတင်ဖြန့်ချိထားတာပါ။
.
စာအုပ်ဟာ လက်တွေ့ကိုအခြေခံထားပြီး နှိုင်းယှဉ်ပြတဲ့ ရှုထောင့်ကနေလည်း ရေးသားထားတာတွေ့ရပါတယ်။ အတိတ်ကာလကနေ လက်ရှိအချိန်ထိ အစိုးရအဖွဲ့အစည်း၊ အစိုးရမူဝါနဲ့ မွတ်စလင် အသိုင်းအ၀ိုင်းအကြား ဘယ်လို ထိတွေ့ခဲ့ကြသလဲ ဆိုတာကိုလည်း ဖတ်ရှုနိုင်မှာပါ။ ဒ့ါအပြင် မြန်မာမွတ်စလင်တွေရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ ဘ၀ဖြစ်စဉ်၊ အကြမ်းဖက်ခံရခြင်းနဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေရင်ဆိုင်နေရပုံကိုလည်း အာရုံစိုက်ထားတာတွေ့ရပါတယ်။
.
အရင်က ဒီစာအုပ်နဲ့ အလား သဏ္ဍာန်တူတဲ့ စာအုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ဟောင်း မိုရှေးယေဂါက The Muslims of Burma ဆိုတဲ့ နာမည်နဲ့ ၁၉၇၂ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အခု Melissa Crouch စီစဉ်တည်းဖြတ်တဲ့ Islam and the State in Myanmar စာအုပ်မှာတော့ မြန်မာမွတ်စလင်တွေရဲ့ အတိတ်သမိုင်းကြောင်း၊ နိုင်ငံရေး၊ လူမှုရေး မတူကွဲပြားမှု အပြင် လက်တလော အဖြစ်အပျက်တွေကို ထင်ဟပ်နေအောင် ဖော်ပြထားပါတယ်။
.
ပညာရှင်ရှု့ထောင့်ကရေးပြီး Oxford University Press က ပုံနှိပ်ထုတ်ဝေထားတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ မွတ်စလင်တွေနဲ့ နိုင်ငံတော်အကြား ထိတွေ့ဆက်ဆံမှုကို နားလည် သဘောပေါက်အောင် လေ့လာ လိုသူ ကျောင်းသူ၊ ကျောင်းသားတွေ၊ ပညာရှင်တွေအတွက် မဖတ်မဖြစ် ဖတ်ကိုဖတ်ရမယ့် စာအုပ် တစ်အုပ်လို့ ညွှန်းချင်ပါတယ်။
.
စာအုပ်ကိုတော့ Amazon အွန်လိုင်းစာအုပ် စတိုးမှာလဲ ဝယ်ယူနိုင်ပြီး စာအုပ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၇.၀၇ ဖြစ်ပါတယ်။
Tag: စာအုပ်အညွှန်း
-
ပြည်တွင်း/ပြည်ပ ကလောင်ရှင်တွေ စုစည်းရေးသားထားတဲ့ Islam and the State in Myanmar စာအုပ် (စာအုပ်အညွှန်း)
-
ဒေါက်တာ သန်းထွဋ်အောင် ရေးသားတဲ့” ပြောပြချင်ပါတယ် ” (M-Media စာအုပ်အညွန်း ကဏ္ဍ)
ဧပြီ-၂၈-၂၀၁၃
M-Media
ဗေဒါလမ်း
၂၀၁၃ ဧပြီလထုတ်ပါ။စာမျက်နှာပေါင်း ၁၆၃ မျက်နှာ။အခန်း(၁)မှာပြောပြချင်ပါတယ် အခန်းဆက်ဆောင်းပါ ၁၁ ပုဒ် ပါရှိပြီး၊ အခန်း ၂ မှာ မိန်.ခွန်း ၂ ခု ၊ အခန်း(၃)မှာ ရနံ.သစ်မဂ္ဂဇင်းနဲ.အင်တာဗျုး စတာတွေပါရှိပါတယ်။ပြောပြချင်ပါတယ်စာအုပ်စာမျက်နှာ ၉၀ မှ UWSA “ဝ”တပ်ဖွဲ.အကြောင်းကောက်နုတ်တင်ပြချက်
“ဝ” ဒေသမှာ “ဝ” လူမျိုးခြောက်သိန်းခန်.ပဲရှိပြီး “ဝ” အမြဲတန်းစစ်တပ်နဲ.အရန်တပ်အင်အား သုံးသောင်းကနေ ငါးသောင်းအထိရှိပါတယ်။ခေါင်းဆောင်အများစုကတရုပ်နိုင်ငံအတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ “ဝ” ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီးတရုပ်စာကရုံးသုံးစာလိုဖြစ်ပါတယ်။တရုပ်ငွေကြေးကိုသာသုံးစွဲပြီးတရုပ်နိုင်ငံနဲ.သီးခြားနိုင်ငံခြားဆက်ဆံရေးရှိပါတယ်။တရုပ်ဘာသာနဲ.ထုတ်လွှင့်တဲ့ရုပ်မြင်သံကြားဌာနတခုလည်းရှိပါတယ်။
တရုတ်နိုင်ငံက စီးပွါးရေး လုပ်ငန်းရှင်များဟာ ခဲမဖြူ တူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲလုပ်ကိုင်ပါတယ်။ ဆိုလိုတာက “ဝ” ဒေသဟာ State Within The State ပါ။ “ဝ” ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တခုပေးနိုင်တဲ့ အနေအထားမှာမရှိပါဘူး။ တရုတ်နိုင်ငံကို ရုရှား၊ မြန်မာကို ဂျော်ဂျီယာ၊ “ဝ” ဒေသကို သြဇက်တီးရှား ဒေသလို. နှိုင်းယှဉ်ရင် “ဝ” ပြည်နယ် တောင်းဆိုမှုဟာ ရိုဟင်ဂျာကိုတိုင်းရင်းသား အဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းတာထက် အဆပေါင်းများစွာ အန္တရယ်ကြီးတယ်ဆိုတာကိုတော့ သတိပြုရပါမယ်။
-
လူ့အခွင့်အရေး လက်စွဲ (M-Media စာအုပ်အညွှန်း ကဏ္ဍ)
မတ်လ ၊ ၁၈ ၊ ၂၀၁၃
M-Media
ဗေဒါလမ်းလူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ် ဖြစ်ပါတယ်။
စာအုပ်မှာ အခန်း(၁၄) ခန်းပါဝင်ပြီး လူ.အခွင့်အရေးဆိုတာဘာလဲ? လူ.အခွင့်အရေးသမိုင်းကြောင်း၊ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူ.အခွင့်အရေးဥပဒေများ၊ အမျိုးသမီးနှင့်ကလေးအခွင့်အရေး၊ NGO များအကြောင်း၊ လူ.အခွင့်အရေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊ တွေ.ဆုံမေးမြန်းခြင်း၊ ပညာပေးခြင်း၊ သတင်းဌာနများနှင့် ဆက်သွယ်ခြင်း၊လူ.အခွင့်အရေးနှင့် ပတ်သက်သော စာချုပ်စာတန်းများ စသည့် အကြောင်းအရာများပါဝင်ပါသည်။လူ.အခွင့်အရေးဆိုတာ လူသားအားလုံးအပေါ် ခွဲခြားခြင်းမရှိဘဲ မွေးရာပါ ဂုဏ်သိက္ခာနှင့်အတူ လူတိုင်းရရှိ ခံစားခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊လူ.အခွင့်အရေးအကြောင်း လူတိုင်းနားလည် သဘောပေါက်လာလျှင် လူတဦးခြင်း၏ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို လေးစား တန်ဖိုးထားတက်တဲ့ ယဉ်ကျေးမှု ထွန်းကားလာမှာဖြစ်ကြောင်း စာရေးသူက စာအုပ်အမှာမှာ ရေးသားထားပါတယ်။
ဒီစာအုပ်က ပြည်ပမှာ ၄ ကြိမ်ရိုက်နှိပ်ခဲ့ဖူးပေမယ့် ပြည်တွင်းမှာတော့ ပထမဆုံးအကြိမ် ဖြန့်ချီတာဖြစ်ပါတယ်။ လူ.အခွင့်အရေးနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်း အချက်အလက်များကို ယခုအကြီမ်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။
တန်ဖိုး–၂၀၀၀ ကျပ်ပါ။