News @ M-Media
Tag: အမေရိကန်
  • အမေရိကန်တွင် ဖုန်းကြားဖြတ်ထောက်လှမ်းရေးများ ဆောင်ရွက်ခဲ့သည့် အိုဘားမားအစိုးရအဖွဲ့မှ NSA တရားစွဲခံရ
    M-Media
    ဇွန်လ ၁၂ ရက်၊ ၂၀၁၃
    NSA
    သမ္မတအိုဘားမားရဲ့ အမျိုးသားလုံးခြုံရေးအေဂျင်စီ (National Security Agency – NSA) အဆောက်အဦ
    အမေရိကန်နိုင်ငံ Civil Liberties Union က သမ္မတအိုဘားမားရဲ့ အမျိုးသားလုံးခြုံရေးအေဂျင်စီ (National Security Agency – NSA) မှာ ပါဝင်တဲ့ အဓိကပုဂ္ဂိုလ်များကို အင်္ဂါနေ့က တရားစွဲလိုက်ပြီဖြစ်တယ် လို့ လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းတစ်ရပ်က ဖော်ပြပါတယ်။
    တရားစွဲဆိုရခြင်းအကြောင်းရင်းကတော့ National Security Agency က တယ်လီဖုန်းဆက်သွယ်မှုတွေမှာ လျှို့ဝှက်စွာ ထောက်လှမ်း စုံစမ်းခဲ့ တာတွေကြောင့်လို့ သိရပါတယ်။ ဒါဟာဆိုရင် အိုဘားမားအစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းရေးစနစ်ကို ပထမဆုံး တရားဝင်စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
    နယူးယောက်မြို့က US District တရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး NSA ရဲ့ တယ်လီဖုန်းဆက်သွယ်မှုတွေမှာ ထောက်လှမ်းစုံစမ်းနေတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။
    “ဒီလို ထောက်ချောက်ဆင်တဲ့ အစီအစဉ်ကတော့ ဒီမိုကရေစီအစိုးရ တစ်ရပ်က သူ့နိုင်ငံသားတွေ ဆန့်ကျင်ပြီးတော့၊ လျှို့ဝှက်ထောက်လှမ်းတဲ့ အကြီးကျယ်ဆုံး အားထုတ်ကြိုးပမ်းမှုတစ်ရပ် မလွဲမသွေဖြစ်နေတယ်။ ဒါဟာဆိုရင် အမေရိကန်နိုင်ငံသားတွေသည် သူတို့နေ့စဉ် သွားရောက် လည်ပတ် နေတဲ့ ကိစ္စရပ်တွေ၊ ဖုန်းပြောဆိုမှုတွေ၊ ဘယ်အချိန်မဆို ဖုန်းကနေ စကားပြောဆို တာတွေ၊ ဖုန်းခေါ်ဆိုမှုက ဘယ်လောက်ကြာမြင့်ခဲ့ သလဲဆိုတာတွေ အားလုံးကို အစိုးရဆီမှာ မှတ်တမ်းတင်နေတာနဲ့ တူတူပါပဲ။ ” ဟု Civil Liberties Union မှ လက်ထောက်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဂျမီးလ် ဂျက်ဖာက ဆိုပါတယ်။
    Verizon ဖုန်းကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဖုန်းထောက်လှမ်းရေးအစီ အစဉ်ကြောင့် အိမ်ဖြူတော်က ပြင်းထန်စွာ ရှုံ့ချဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။
  • မြန်မာတွင် လုံခြုံရေးတပ်များ အထောက်အပံ့ဖြင့် မွတ်စလင်မ်တို့အား နှိပ်ကွပ်ဟု HRW စွပ်စွဲ၊ ယင်းကို ကန်သံရုံး ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ (၂၀၁၂) က ထောက်ပံ့ထား
    မြန်မာတွင် လုံခြုံရေးတပ်များ အထောက်အပံ့ဖြင့် မွတ်စလင်မ်တို့အား နှိပ်ကွပ်ဟု HRW စွပ်စွဲ၊ ယင်းကို ကန်သံရုံး ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ (၂၀၁၂) က ထောက်ပံ့ထား
    မြန်မာတွင် လုံခြုံရေးတပ်များ အထောက်အပံ့ဖြင့် မွတ်စလင်မ်တို့အား နှိပ်ကွပ်ဟု HRW စွပ်စွဲ၊ ယင်းကို ကန်သံရုံး ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံ စာ (၂၀၁၂) က ထောက်ပံ့ထား
    M-Media
    နိုဝင်ဘာ ၁၈၊ ၂၀၁၂
    မြန်မာပြည်သို့ အမေရိကန်သမ္မတ အိုဘားမား မလာရောက်မီ တစ်ရက်အလိုတွင် စင်ကာပူအခြေစိုက် တူဒေးသတင်းစာက Myanmar forces supported anti-Muslim attacks: Rights group ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖော်ပြခဲ့ပါသည်။
    ယင်းသတင်းအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    လုံခြုံရေးတပ်သားများက ဆိုးဝါးလှသည့် အန္တီမွတ်စလင်မ်အဓိကရုဏ်းများကို အထောက်အပံ့ပေးခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (International Rights Group) က ယနေ့ စွပ်စွဲပြောကြား လိုက်ကြောင်း စင်ကာပူအခြေစိုက် တူဒေးသတင်းတစ်ရပ်က ဆိုသည်။
    ထိုသို့ ပြောကြားချက်မှာ အမေရိကန်သမ္မတ၏ မြန်မာပြည်သို့ သမိုင်းဝင်ခရီးစဉ်မစတင်မီတစ်ရက်အလိုတွင်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးစောင့် ကြည့်မှုအဖွဲ့က ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များအား ဗုဒ္ဓဘာသာဝင်များက တိုက်ခိုက်မှုများကို စစ်တပ်က တားဆီးဟန့်တားခဲ့ခြင်းမျိုးရှိကြောင်း၊ သို့သော်ယင်းဟန့်တားမှုများထက်ပို၍ အစိုးရက နိုင်ငံမဲ့လူနည်းစုများကို အကာအကွယ်ပေးရန်လိုကြောင်း၊ ထိုနိုင်ငံမဲ့လူနည်းစုများ ကို မြန်မာအစိုးရ က နိုင်ငံသားဖြစ်ခွင့်ငြင်းဆိုထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ၀င်လာသူများဟု သတ်မှတ်ထားကြောင်း တူဒေးက ဖော်ပြသည်။
    လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ ဓာတ်ပုံများအရ ဗုဒ္ဓဘာသာဝင်များက ဒုတ်ဓား၊ လေးမြှားတို့ဖြင့် အရွယ်ရောက်သူများကို ခေါင်းဖြတ်ပြီး ကလေး သူငယ်နှင့် အမျိုးသမီးများကို သတ်ဖြတ်ခြင်းမျိုးရှိ ခဲ့သည်ဟု တူဒေးသတင်းက ဆက်လက်ဖော်ပြသည်။
    ထိုသို့သော ရမ်းကားမှုများကို အစိုးရ၏ တရားဝင်ထောက်ပံ့မှုများရှိခဲ့ကြောင်းကို မိမိတို့အား မျက်မြင်သက်သေများ က ပြောဆိုခဲ့သ လို ဂြိုလ်တုဓာတ်ပုံ များ အရလည်း သိခဲ့ရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အာရှဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဘရက်အာဒမ်က ဆိုသည်။ ထို့ပြင် ဘရက်အာဒမ်က ဇွန်လအတွင်းက ဖြစ်ခဲ့သော အဓိကရုဏ်းအတွက် လက်သည်မရှာနိုင်မီ အစိုးရလုံခြုံရေးတပ်များ၏ တိုက်ရိုက်အထောက်အပံ့ဖြင့် ဒုတိယမ္ပိအဓိက ရုဏ်းဖြစ်ပျက်လာကြောင်း၊ ထိုသည်မှာ ရိုဟင်ဂျာများကို အပျောက်ရှင်းဖြစ်ဖို့ ရည်ရွယ်ကြောင်းဖြင့် ပြင်းပြင်း ထန်ထန် ပြစ်တင် ပြောကြား ခဲ့သည်။
    သတင်းအရင်းအမြစ် – www.todayonline.com/World/EDC121118-0000040/Myanmar-forces-supported-anti-Muslim-attacks–Rights-group
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှထုတ်ဝေသည့် ၂၀၁၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ (အကျဉ်း)
    burma.usembassy.gov
    ၁)
    ၂)
    ၃)
    ၄)
    ၅)
    ၆)
    ၇)
    ၈)
    အမေရိကန်သံရုံး၏ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာအပြည့်အစုံ –
    မြန်မာဘာသာ – photos.state.gov/libraries/burma/895/pdf/ReligiousReport2012_Burma_.pdf
    အင်္ဂလိပ်ဘာသာ – photos.state.gov/libraries/burma/895/pdf/AnnualReportofUSCIRF2012Burma.pdf
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး – burma.usembassy.gov
  • နိုဝင်ဘာ ၁၇ ရက်နေ့၊ ဟားမတ်စ် – အစ္စရေး သတင်းများ
    နိုဝင်ဘာ ၁၇ ရက်နေ့၊ ဟားမတ်စ် – အစ္စရေး သတင်းများ
    M-Media
    နိုဝင်ဘာ ၁၇၊ ၂၀၁၂
    ဂါဇာတွင် အစ္စရေး-ဟားမတ်စ်တို့ တိုက်ပွဲပြင်းထန်နေရာ နိုဝင်ဘာ ၁၇ ရက်နေ့ထိ အစ္စရေးတို့က လေးရက်ဆက်တိုက် လေကြောင်းမှ အင်အား အဆမတန်သုံးကာ တိုက်ခိုက်နေမှုများရှိကြောင်း သိရသည်။
    နိုဝင်ဘာ ၁၇ ရက်နေ့ အစ္စရေး-ဟားမတ်စ် သတင်းအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
    ဂျော်ဒန်
    အစ္စရေးက ကာကွယ်ရေးအကြောင်းပြတိုက်ခိုက်သဖြင့် အရပ်ဘက်ပြည်သူများသေဆုံးနေရာသည့် ဂါဇာသို့ လူသားချင်းစာနာရေး အကူအညီ များပေးပို့ရန် ဂျော်ဒန်ဘုရင်က စနေနေ့တွင် အမိန့်ထုတ်ခဲ့သည်။
    ဂျော်ဒန်ဘုရင် အဗ္ဗဒွလ္လာဟ် နံပါတ် ၂ က ဂျော်ဒန်ဟာရှီမိုက် လှူဒါန်းရေးအဖွဲ့အစည်းကို လူသားချင်းစာနာရေးအကူအညီများ အားချင်းပေးပို့ဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ဂျော်ဒန်ဘုရင်က သောကြာနေ့တွင် အမေရိကန်နိုင်ငံ၊ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူး ဟီလာရီကလင်တန် ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ဂါဇာကိစ္စဆွေးနွေးခဲ့သည်။
    အီဂျစ်
    အီဂျစ်နိုင်ငံကမူ ကာတာခေါင်းဆောင်၊ တူရကီဝန်ကြီးချုပ်နှင့် ဟားမတ်စ်ခေါင်းဆောင် ခါလစ်မီးရှဲလ်တို့ပါဝင်သော ဂါဇာအရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေကြောင်း အီဂျစ်သမ္မတသတင်းရပ်ကွက်မှ သိရသည်။ ထိပ်သီး ခေါင်းဆောင် ၄ ဦးသည် ယနေ့ ၁၇၊ နိုဝင်ဘာတွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်း ရိုက်တာသို့ အီဂျစ်သမ္မတအသိုင်းအ၀ိုင်းမှ ပြောကြားခဲ့သည်။
    အာဖဂန်
    သမ္မတဟာမစ်ကာဇိုင်းက စနေနေ့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို ရှုံ့ချလိုက်ပြီး အရပ်သားများအား ပစ်မှတ်ထားနေခြင်းကို ချက်ခြင်းရပ်တန့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အာဖဂန်သမ္မတရေးရာရုံးမှ သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
    ဟားမတ်စ်တို့က နိုင်ငံခြားသားများကို ဂါဇာမှ ထွက်ခွာခွင့်ပိတ်ပင်
    ဂျာနယ်လစ် ၂၂ ယောက်ပါဝင်နေသော နိုင်ငံခြားသားများကို ဟားမတ်စ်တို့က ဂါဇာမှထွက်ခွာခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း သိရသည်။ အစ္စရေးဘက်ကမူ ဂါဇာနှင့်အစ္စရေးတို့အကြား နယ်နိမိတ်ထိစပ်နေသည့် ဂါဇာမြောက်ဘက်ရှိ အီးရက်ဇ်လမ်းဆုံကို ဖွင့်ပေး ထားကြောင်း ပြောကြားသည်။
    အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ နိုဝင်ဘာတွင် လေးဦးသေ၊ စုစုပေါင်း ၃၄ ဦး သေဆုံးပြီးဖြစ်
    စနေနေ့က အစ္စရေး၏ လေးရက်ဆက်တိုက် တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ဘက်တွင် လူလေးဦးသေဆုံးခဲ့ကြောင်း၊ ယင်းတို့အထဲမှ ၃ ဦးမှာ ပါလစ္စတိုင်းစစ်ဘက်ဆိုင်ရာမှဖြစ်ကြောင်း သိရသည်။
    အခြားတစ်ဦးမှာမူ တောင်ဘက်ပိုင်း ရာဖာမြို့ရှိ ၊ တားလ် အလ်စူလတန်အရပ်၊ လမ်းမပေါ်တွင် ခရီးသွားနေသော ဆိုင်ကယ်စီးသမားတစ်ဦးဖြစ်ပြီး ၄င်းသေဆုံးမှုမှာ တူနီးရှားနိုင်ငံခြားရေးဝန်ကြီး ပါလစ္စတိုင်းသို့ ရောက်ရှိနေခိုက်တွင်ဖြစ်ကြောင်း သိရသည်။
    ဂါဇာရှိ ဟားမတ်စ်အစိုးရအဖွဲ့ကမူ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၄င်းတို့၏ ဌာနချုပ်အဆောက်အအုံပျက်စီးခဲ့ကြောင်း ပြောကြားသည်။ အစ္စရေးက ဌာနချုပ်အဆောက်အအုံကို လေးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဌာနချုပ်မှ လုံးဝပြိုကျပျက်ဆီးခြင်းမရှိသေးဘဲ လူအများအလုပ် လုပ်လျက်ပင်ရှိသေးကြောင်း သိရသည်။
    အစ္စရေး၏ အိုင်ဒီအက်ဖ်တပ်မတော်က ဟားမတ်စ်ဝန်ကြီးချုပ် အစ္စမေးလ် ဟာနိယ၏ ဂါဇာအခြေဆိုက် ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း အစ္စရေးဘက်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
    သို့သော် အခြားသတင်းအရင်းအမြစ်တစ်ခုအရမူ ဟားမတ်စ်တို့၏ ဌာနချုပ် လုံးဝပျက်ဆီးသွားပြီဖြစ်သည်ဟု အေအက်ဖ်ပီသို့ ဟားမတ်စ်တာဝန်ခံကိုယ် တိုင် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
    ကုလက အရေးပေါ်အစည်းအဝေးခေါ်၊ အမေရိကန်တို့ အစ္စရေးဘက်က ရပ်တည်ပြန်
    အမေရိကန်တို့က ထုံးစံအတိုင်း အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကို ရှုံ့ချဖို့ ကုလသမဂ္ဂအား ပိတ်ပင်တားဆီးထားကြောင်း truth-out.org တွင် သတင်းဖော်ပြသည်။ ကုလသမဂ္ဂတွင် အစ္စရေး-ဂါဇာအရေးကိစ္စအတွက်သာမက အစ္စရေးတို့၏ အနောက်ဘက်ကမ်းခြေအခြေချနေထိုင်မှုများ အတွက်ပါ အရေးပေါ်အစည်းအဝေးများကျင်းပခဲ့ကြောင်း၊ နိုဝင်ဘာ ၆ တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကုလက အစ္စရေးတို့ကို အနောက်ဘက်ကမ်းခြေဒေသအတွင်း စိုက်ပျိုးရေးဆိုင်ရာ ကျူးလွန်ချိုးဖောက်မှုများအတွက် ပြစ်တင်မှုများရှိခဲ့ကြောင်း၊ အစ္စရေးတို့၏ ချိုးဖောက်မှု မှာ အနောက်ဘက်ကမ်းခြေရှိ သံလွင်ပင်များကို အမြစ်မှနေ၍ နုတ်ပစ်ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ယင်းမှာ ၄င်းတို့၏ ပေါ်လစီတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ကုလအနေဖြင့် ယင်းကိစ္စကို အစ္စရေးအား မေးမြန်းဖို့ စဉ်ဆက်မပြတ်ကြိုးစားမှုများရှိနေကြောင်း truth-out.org ဖော်ပြသည်။
    သို့သော် အမေရိကန်တို့ကမူ အဖြေထုတ်ရှာကြံဖို့ နည်းလမ်းပေါင်းစုံအား ပိတ်ဆို့ခဲ့ကြောင်း၊ အမေရိကန် သံအမတ် ဆူဆန် ရိုက်စ်က အစ္စရေးတွင် အပြစ်တင်စရာမရှိဘဲ ဟားမတ်စ်တို့တွင်သာ အပြစ်တင်စရာရှိသည်ဟု ပြတ်ပြတ်သားသားပြောဆိုခဲ့ခြင်းမျိုးရှိကြောင်း၊ ကုလအနေဖြင့် နိုင်ငံ ၂နိုင်ငံ အချင်းဖြစ်နေသည့်ကိစ္စတွင်  ၂နိုင်ငံစလုံးအား အပြစ်တင်ဖို့လိုနေသော်လည်း အမေရိကန်တို့ကမူ အစ္စရေးကို အပြစ်တင်ရေးတွင် ကန့်ကွက်နေကြောင်း၊ သို့သော် အခြေခံအားဖြင့်မူ အစ္စရေး၏ ဆောင်ရွက်ချက်မှာ မသင့်တော်သည့် စစ်ဆင်ရေးမျိုးဖြစ်နေပြီး ဤအချက်ကိုပင် အီဂျစ်ဘက်မှ ထောက်ပြနေခြင်းဖြစ်ကြောင်း သိရသည်။
    သတင်းအရင်းအမြစ်များ –
    ၁) http://www.timeslive.co.za/world/2012/11/17/the-latest-in-the-israel-palestine-clash-17-november-2012
    ၂) http://truth-out.org/news/item/12782-un-holds-urgent-security-council-meeting-us-stands-with-israel
  • Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် မြန်မာပါဝင်ဖို့ စင်ကာပူ ကြိုဆို
    နိုဝင်ဘာ ၁၇ ၊၂၀၁၂
    M-Media
    www.asiaone.com
    နိုင်ငံအများစုပေါင်းပါဝင်သည့် လာမည့်နှစ် Exercise Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံအနေဖြင့် လေ့လာသူအဆင့်မှ ပါဝင်နိုင်ဖို့ ကြိုဆိုကြောင်း စင်ကာပူနိုင်ငံ၊ ကာကွယ်ရေးစီနီယာ ၀န်ကြီး၊ ချန်ချွန်ဆင်းက စင်ကာပူပါလီမန်တွင် ယနေ့ (နိုဝင်ဘာ ၁၆) ပြောကြားလိုက်ကြောင်း စင်ကာပူပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
    စင်ကာပူပါလီမန်အတွက် မန်ဘာအဖြစ် အဆိုပြုခံထားရသူ မစ္စတာ နီကိုလပ်စ်ဖန်း၏ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် ဒေသဆိုင်ရာလုံခြုံရေးကိစ္စကို စင်ကာပူပါလီမန်တွင် မေးမြန်းခဲ့ရာ ချန်ချွန်ဆင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
    Cobra Gold သည် ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ၊ နှစ်စဉ် ၂ နိုင်ငံပူးပေါင်းလေ့ကျင့်သည့် စစ်ရေးအစီအစဉ်ဖြစ်သည်။ ယခုနှစ်တွင်မူ စင်ကာပူ၊ မလေး၊ အင်ဒို၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ပါ ပါဝင်လေ့ကျင့်ခဲ့ကြသည်။ ဘရူနိုင်း၊ လာအို၊ တရုတ်၊ နယ်သာလန်၊ ရုရှ၊ တောင်အာဖရိက၊ သီရိလင်္ကာနှင့် ယူအေအီးတို့က ယခုနှစ် Cobra Gold  သို့ စောင့်ကြည့်လေ့လာရန် အဖွဲ့များစေလွှတ်ခဲ့ကြသည်။
    အောက်တိုဘာလကမူ မြန်မာနိုင်ငံအား ယင်းအစီအစဉ်တွင် လေ့လာရေးအဖွဲ့စေလွှတ်ဖို့ ဖိတ်ကြားမည်ဟု ကြေငြာခဲ့သည်။ ကျွမ်းကျင်သူများကမူ အမေရိကန် အနေဖြင့် မြန်မာစစ်တပ်နှင့် ယင်းသို့ ပြန်လည် ဆက်ဆံခြင်းဖြင့် မြန်မာ၏ တရုတ်အပေါ်မှီခိုနေခြင်းအား ယုတ်လျော့သွားစေနိုင်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။
  • ကန် ရွေးကောက်ပွဲ အိုဘားမား အောင်ပွဲခံ – ယခုလ ၁၉ ရက်တွင် မြန်မာပြည်လာမည်
    M-Media
    နိုဝင်ဘာ ၇ ၊ ၂၀၁၂
    AFP
    နောက်လေးနှစ်သက်တမ်းအတွက် အရွေးချယ်ခံရသည့် အမေရိကန်သမ္မတ ဘာရက် ဟူစိန် အိုဘာမားသည် ယခုလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦး က အေအက်ဖ်ပီ သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
    သို့သော် အိမ်ဖြူတော်ကမူ တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။ အတိုက်အခံပါတီ အန်အဲလ်ဒီမှ ဦးအုန်းကြိုင်ကမူ အိုဘားမားလာရောက်မည့်သတင်းကို ကြိုဆိုပါကြောင်း၊ ရွေးကောက်ပွဲတွင်ထပ်မံအနိုင်ရ ရှိခြင်းအတွက်လည်း ၀မ်းမြောက်ကြောင်း အေအက်ဖ်ပီသို့ပြောကြားသည်။
    “နှစ် ၅၀ ကျော်အတွင်း ဘယ်အမေရိကန်သမ္မတမှ မြန်မာနိုင်ငံကိုမလာဖူးဘူး ” ဟု ဦးအုန်းကြိုင် က ပြောကြားသည်။
    သမ္မတ အိုဘားမား၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို အလ်ဂျဇီးယားသတင်းမှ အောက်ပါအတိုင်း တင်ဆက်ထားပါသည်။
    http://www.youtube.com/watch?feature=player_embedded&v=ICqp4DYo9bY