News @ M-Media

Tag: 2013Hajj

  • ဟဂ်ျညီလာခံအတွက် မက္ကဟ်မြို့တွင် အစ္စလာမ့်ပညာရှင်များရောက်ရှိ

    အောက်တိုဘာ၊ ၇
    M-Media

    9c20a620-d892-4532-96ec-eead9f41ea1c_16x9_600x338

    မက္ကဟ်မြို့တော်တွင်ပြုလုပ်သော ၃၈ ကြိမ်မြောက်နှစ်ပတ်လည်ညီလာခံ၌ သုတေသနစာတမ်း ၃၂ စောင်ကို ဆော်ဒီအာရေဗျ၏ ဟဂ်ျရေးရာဝန်ကြီးဌာနမှ လက်ခံရရှိခဲ့သည်။ ယင်းညီလာခံကို ကမ္ဘာတစ်ဝှန်းရှိ အစ္စလာမ့်ပညာရှင်များ၊ သုတေသီများ နှင့် တွေးခေါ်ပညာရှင်များ ၂၀၀ ဦး တက်ရောက်မည်ဟု မျှော်လင့်ထားကြသည်။

    လာမည့် အင်္ဂါနေ့တွင် စတင်ကျင်းပမည့် သုံးရက်တာညီလာခံတွင် အမျိုးသမီး ၃၂ ဦးနှင့် အမျိုးသား ၁၃၅ ဦးပါဝင်သည့် သုတေသီ ၁၆၇ ဦး ပါဝင်တက်ရောက်မည်ဟု ညီလာခံကြီးကြပ်သူ ဟဂ်ျရေးရာဒုဝန်ကြီး Dr. Issa bin Muhammad Rawas မှ ပြောကြားသည်။

    ဤနှစ်ညီလာခံအကြောင်းအရာမှာ ဟဂ်ျဦးစားပေးကိစ္စများ ဖြစ်ကြောင်း၊ ဘာသာရေးကျင့်ဝတ်ဆောင်ရွက်မှုများ၌ အဓိကဦးစားပေးရန်လိုအပ်ချက်များကို ဘုရားဖူးလာရောက်သူတို့အား သင်ကြားပေးဖို့ ရည်ရွယ်ကြောင်း၊ လူပြည့်ကျပ်ခြင်းကဲ့သို့သော ဘုရားဖူးများကြုံတွေ့လေ့ရှိသည့် အခက်အခဲများကို လျှော့ချရေးနည်းလမ်းအပါအ၀င် ဟဂ်ျကျင့်ဝတ်ညွှန်ကြားချက်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးများအားလုံး အဆင်ပြေချောမွေ့ရေး နှင့် လုံခြုံရေးအတွက် ယင်းညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့သည်။

    Ref: Alarabiya