News @ M-Media

Tag: 2014 Eid-ul-Adha

  • အီးဒ်နေ့ က MM ရောင်နတ်ဗလီမှ မိတ္ထီလာတွင် အသားများ ဝေငှခဲ့

    အီးဒ်နေ့ က MM ရောင်နတ်ဗလီမှ မိတ္ထီလာတွင် အသားများ ဝေငှခဲ့

    အောက်တိုဘာ ၁၁၊ ၂၀၁၄
    M-Media
    ဇာဏီ

    10353700_1564178200469302_7044140576707698857_n
    အောက်တိုဘာလ ၆-ရက်နေ့တွင် ကျရောက်ခဲ့သည့် အီးဒ်နေ့တွင် မိတ္ထီလာမြို့ရှိ ဆင်းရဲနွမ်းပါးသူများ၊ အကြမ်းဖက်ခံ ဒုက္ခသည်များအတွက် MM နောင်နတ်ဗလီမှ အသားများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရပါတယ်။

    MM ရောင်နတ်ဗလီမိသားစုဝင်များမှ ကုရ်ဘာနီပြုလုပ်ရန် နွား ၃၅-ကောင် လှူဒါန်းခဲ့ပြီး မိတ္ထီလာမြို့ပေါ်ရှိ အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများဖြစ်သည့် ရေအရင်းအမြစ်၊ ပို့ဆက်၊ ခရိုင်ကွင်း၊ အုတ်ဖို၊ မကျီးကုန်း၊ သာသနာ့ရဏ္ခီတ စခန်းများ၊ ဒုက္ခသည်များ ပြန်လည်နေထိုင်လျက်ရှိသည့် ချမ်းအေးရပ်ကွက်နှင့် စက်ပြစ်တောင်ကျေးရွာ အစရှိသည့် နေရာ ၈-ခုမှ ဆင်းရဲသူများ အိမ်ထောင်စု စုစုပေါင်း ၁၄၀၀ ကျော်ကို တစ်အိမ်ထောင်လျှင် အသား ၂-ပိဿာခွဲစီ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

    1798627_1564792613741194_3047985677046552614_n

    ပုံအညွှန်း –
    * သာဿနာရဏ္ခိတ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းသို့ လှူဒါန်းစဉ်

    * စာရင်းရှင်းတမ်း

  • ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)

    ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များ ဘက္ကဒီးရ် အီးဒ်နေ့မှာ ကုရ်ဘာနီ ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြန်လည် သိရပါတယ်။

    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညပိုင်း M-Media ရဲ့ ကနဦး စုံစမ်းသိရှိတဲ့သတင်းများအရ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့ ကြောင်း သတင်းတပုဒ်ကို တင်ဆက်ပေးခဲ့ပါတယ်။
    M-Media မှ ထုတ်ပြန်ခဲ့သော ဇီးကုန်းမြို့နယ်နဲ့ ပတ်သက်သည့် သတင်း အတိုင်းမဟုတ်ဘဲ ဗလီဂေါပကအဖွဲ့မှ အီးဒ်နေ့အေးချမ်းစွာ ကျင်းပခွင့်ရခဲ့ကြောင်း အတည်ပြု ရှင်းလင်းပါ၍ အဆိုပါသတင်းအား သတင်းကို ပြန်လည် အသိပေးအပ်တယ်။

  • အီးဒ် ပွဲတော်နဲ့ သီတင်းကျွတ် အတွက် ရန်ကုန်ရှိ ကနေဒါသံရုံးမှ နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း

    အီးဒ် ပွဲတော်နဲ့ သီတင်းကျွတ် အတွက် ရန်ကုန်ရှိ ကနေဒါသံရုံးမှ နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    သီဟ
    canada
    ယခု ရက်သတ္တပါတ်အတွင်းမှာ ကျရောက်တဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ အီဒွလ်အဿွာဟာနေ့ ပွဲတော်နှင့် သီတင်းကျွတ် ပွဲတော် အတွက် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံရုံးမှ ၄င်းတို့ရဲ့ တရားဝင် Facebook စာမျက်နှာက တဆင့် ဆုမွန်ကောင်းတောင်းပေးတာကို တွေ့ရပါတယ်။

    ” ဒီအပတ်ထဲမှာတော့ မြန်မာနိုင်ငံမှာ အီဒွလ်အဿွာဟာနေ့ ပွဲတော်နှင့် သီတင်းကျွတ် ပွဲတော် ကျရောက်ပါတယ်။ အီးဒ်ပွဲတော် ကျင်းပကြသော အစ္စလာမ်ဘာသာဝင်များကို မင်္ဂလာရှိသော အီးဒ်နေ့ ဟုပြောကြားလိုပြီး မီးထွန်း ညှိပူဇော်ပွဲများနှင့် သက်ကြီးသူများကို ဂါရ၀ပြု ကန်တော့ကြသော ဗုဒ္ဓဘာသာဝင်များကို မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယဖြစ်ပါစေလို့ နှုတ်ခွန်း ဆက်လိုက်ပါတယ်။ “

    အထက်ပါအတိုင်း နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းပေးလိုက်တာပါ။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံများမှ သံရုံးများနည်းတူ ယခု ကနေဒါ သံရုံးဟာလည်း ဆိုရှယ်မီဒီယာ စာမျက်နှာမှ တဆင့် မြန်မာပြည်သူနဲ့ ထိတွေ့ ဆက်ဆံလာတာကိုတွေ့ရပါတယ်။

    ကနေဒါသံရုံးရန်ကုန်၏ တရားဝင်ဖေ့(စ်)ဘွတ်(ခ်) စာမျက်နှာ ကိုအောက်ဖော်ပြပါ လင်ခ် အတိုင်း သွားရောက်လေ့လာနိုင်ပါတယ်။

    https://www.facebook.com/canadayangon

  • မြို့နယ် အုပ်ချုပ်ရေးမှူး တမင်ညစ်၍  ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့

    မြို့နယ် အုပ်ချုပ်ရေးမှူး တမင်ညစ်၍ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့

    အောက်တိုဘာ ၆၊ ၂၀၁၄
    M-Media
    ဇာဏီ

    ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များအနေဖြင့် မနက်ဖြန်မှာ ကျရောက်တဲ့ အစ္စလာမ်သာသနာဝင်တို့ရဲ့ အီးဒ်နေ့အား ပြုလုပ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။

    အီးဒ်နေ့မှာ ပြုလုပ်မယ့် သားကောင်များအတွက် မြို့ပြင်က သားသတ်ရုံမှာ မနက် နေမထွက်ခင် အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ပြဿနာတစ်ခုခုဖြစ်ပွားခဲ့ရင် တာဝန်မယူနိုင်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည့်အတွက် မွတ်စလင်များအနေဖြင့် စိုးရိမ်ကာ အီးဒ်နေ့ မလုပ်ဖြစ်တော့ဘူးဟု ဆိုပါတယ်။

    “နှစ်တိုင်း အီးဒ်နေ့ရောက်ရင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်က အီးဒ်နေ့ အဆင်မပြေအောင် အမြဲညစ်ပါတယ်။ သူက ရခိုင်လူမျိုးပါ။ ဒီနှစ်မှာလည်း အခက်အခဲ ဖြစ်အောင် ညစ်နေတယ်။ အီးဒ်နေ့ သားကောင်လုပ်မှာကို မြို့ပြင်က သားသတ်ရုံမှာ နေမထွက်ခင် အပြီးလုပ်ရမယ်။ နေမထွက်ခင်ထိပဲ လုံခြုံရေးပေးမယ်။ နေထွက်မှ လုပ်ရင် တခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောတယ်။

    မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီလိုပြောခဲ့တော့ ၂၀၁၃-ခုနှစ်မှာ ဖျက်စီးခံခဲ့ရဖူးတဲ့ ဇီးကုန်းမြို့က မွတ်စလင်မ်တွေလည်း ကြောက်စိတ်နဲ့ အီးဒ် မလုပ်ဖြစ်တော့ဘူးလို့ အားလုံး တညီတညွတ်ထဲပြောနေတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံး သတိရ ဒုအာ(ဆုတောင်း)ပေးစေချင်ပါတယ်။”လို့ ဇီးကုန်းမြို့ခံက M-Media ကို ပြောခဲ့ပါတယ်။

    ============================

    ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များ ဘက္ကဒီးရ် အီးဒ်နေ့မှာ ကုရ်ဘာနီ ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြန်လည် သိရပါတယ်။

    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညပိုင်း M-Media ရဲ့ ကနဦး စုံစမ်းသိရှိတဲ့သတင်းများအရ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့ ကြောင်း သတင်းတပုဒ်ကို တင်ဆက်ပေးခဲ့ပါတယ်။

    M-Media မှ ထုတ်ပြန်ခဲ့သော ဇီးကုန်းမြို့နယ်နဲ့ ပတ်သက်သည့် သတင်း အတိုင်းမဟုတ်ဘဲ အီးဒ်နေ့အေးချမ်းစွာ ကျင်းပခွင့် ရခဲ့ကြောင်း ဗလီဂေါပကအဖွဲ့မှ အတည်ပြု ရှင်းလင်းပါ၍ အဆိုပါသတင်းကို ပြန်လည် အသိပေးအပ်တယ်။

    http://www.m-mediagroup.com/news/32668

    http://mmedianews.blogspot.com/2014/10/blog-post_59.html

     

  • မွတ်စလင်တွေရဲ့ အီးဒ်ဒွလ်အသွဟာ ပွဲတော်အတွက် သမ္မတ အိုဘားမား နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း

    မွတ်စလင်တွေရဲ့ အီးဒ်ဒွလ်အသွဟာ ပွဲတော်အတွက် သမ္မတ အိုဘားမား နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း

    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    Obama waves to reporters after returning via Marine One helicopter to the White House in Washington
    – ကမ္ဘာတစ်ဝှမ်း အောက်တိုဘာ ၅ရက်နှင့် ၆ ရက်နေ့များတွင် ကျရောက်မည့် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာပွဲတော်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ဟု သိရသည်။

    အောက်တိုဘာ ၄ ရက် စနေနေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဟဂ်ျဘုရားဖူး ခရီးသွားကြသူများအတွက်လည်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မွတ်စလင် အိမ်နီးချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေဟာ အီးဒ်ပွဲ ဆင်နွှဲဖို့ စုရုံးနေကြတဲ့အချိန် ကမ္ဘာ့အကြီးမားဆုံးနဲ့ လူမျိုးအစုံဆုံး ဟဂ်ျကျင့်စဉ်ကို ဆောင်ရွက်နေကြတဲ့ သန်းပေါင်းများစွာသော မွတ်စလင်တွေထဲမှာ အမေရိကန်မွတ်စလင် ထောင်ပေါင်းများစွာဟာလည်း ပါဝင်နေပါတယ်။ ဒါဟာ လူမျိုးတွေ၊ အုပ်စုတွေ၊ ဘာသာအယူဝါဒတွေ၊ ကျား၊ မ၊ အသက်အရွယ်မတူတာတွေ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ တူညီတဲ့လူသားတွေဖြစ်တယ်ဆိုတာကို သတိပေးနေတာလည်း ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    အီဒွလ်အသွဟာနေ့ရက်တွင် အစ္စလာမ်ဘာသာဝင်များမှာ ဆင်းရဲသားများအား အသားဝတ္ထုများ လှူဒါန်းခြင်း၊ ဆာလောင်မွတ်သိပ်နေသူများ၊ နာမကျန်းဖြစ်နေသူများ၊ ဖိနှိပ်ချုပ်ချယ်ခံရသူများနှင့် ပဋိပက္ခဒဏ်ကို ခံစားနေရသူများအား အကူအညီပေးခြင်းဖြင့် အခြားသော လူ့အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောက်ရွက်မှုများကိုလည်း ပြုလုပ်ကြသည်။

    အိုဘားမားကမူ အစ္စလာမ်ဘာသာဝင်များ ထိုကဲ့သို့ ဆောင်ရွက်မှုများက တမန်တော်ကြီး အီဗရာဟင်၏ အယူဝါဒများ၏ ရင်းမြစ်များကို မျှဝေခြင်း၊  ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှုကို မျှဝေရာတွင် လူ့အဖွဲ့အစည်းများအားလုံး မည်ကဲ့သို့ အတူတကွ ဆောင်ရွက်နိုင်မည်ကို ပြသသည့် ခိုင်မာသော ပြယုဂ်တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “အမေရိကန်ပြည်သူတွေကိုယ်စား ဒီအားလပ်ရပ်အတွင်း ကျွန်တော်တို့ဟာ အနွေးထွေးဆုံး နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဟဂ်ျကျင့်စဉ်တွေကို ဆောင်ရွက်သူတွေရဲ့ ငြိမ်းချမ်းရေးတောင်းဆု၊ ကမ္ဘာတစ်ဝှမ်း ဘာသာအယူဝါဒအားလုံးက လူတွေရဲ့ ငြိမ်းချမ်းရေးတောင်းဆုတွေအားလုံး ပြည့်ဝကြပါစေ။ အီးဒ်မူဘာရက်ပါ” ဟု နောက်ဆုံးတွင် အိုဘားမားက ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

    အာရပ်ကမ္ဘာ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပနိုင်ငံများတွင် မွတ်စလင်များမှာ အီဒွလ်အသွဟာကို အောက်တိုဘာ ၅ ရက်နေ့တွင် ပြုလုပ်ကြမည်ဖြစ်ပြီး၊ အိန္ဒိယနှင့် အိန္ဒိယတိုက်ငယ်အတွင်းရှိ နိုင်ငံများမှာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    ref_ Whitehouse News