News @ M-Media

မြို့နယ် အုပ်ချုပ်ရေးမှူး တမင်ညစ်၍ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့

အောက်တိုဘာ ၆၊ ၂၀၁၄
M-Media
ဇာဏီ

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များအနေဖြင့် မနက်ဖြန်မှာ ကျရောက်တဲ့ အစ္စလာမ်သာသနာဝင်တို့ရဲ့ အီးဒ်နေ့အား ပြုလုပ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။

အီးဒ်နေ့မှာ ပြုလုပ်မယ့် သားကောင်များအတွက် မြို့ပြင်က သားသတ်ရုံမှာ မနက် နေမထွက်ခင် အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ပြဿနာတစ်ခုခုဖြစ်ပွားခဲ့ရင် တာဝန်မယူနိုင်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည့်အတွက် မွတ်စလင်များအနေဖြင့် စိုးရိမ်ကာ အီးဒ်နေ့ မလုပ်ဖြစ်တော့ဘူးဟု ဆိုပါတယ်။

“နှစ်တိုင်း အီးဒ်နေ့ရောက်ရင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်က အီးဒ်နေ့ အဆင်မပြေအောင် အမြဲညစ်ပါတယ်။ သူက ရခိုင်လူမျိုးပါ။ ဒီနှစ်မှာလည်း အခက်အခဲ ဖြစ်အောင် ညစ်နေတယ်။ အီးဒ်နေ့ သားကောင်လုပ်မှာကို မြို့ပြင်က သားသတ်ရုံမှာ နေမထွက်ခင် အပြီးလုပ်ရမယ်။ နေမထွက်ခင်ထိပဲ လုံခြုံရေးပေးမယ်။ နေထွက်မှ လုပ်ရင် တခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီလိုပြောခဲ့တော့ ၂၀၁၃-ခုနှစ်မှာ ဖျက်စီးခံခဲ့ရဖူးတဲ့ ဇီးကုန်းမြို့က မွတ်စလင်မ်တွေလည်း ကြောက်စိတ်နဲ့ အီးဒ် မလုပ်ဖြစ်တော့ဘူးလို့ အားလုံး တညီတညွတ်ထဲပြောနေတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံး သတိရ ဒုအာ(ဆုတောင်း)ပေးစေချင်ပါတယ်။”လို့ ဇီးကုန်းမြို့ခံက M-Media ကို ပြောခဲ့ပါတယ်။

============================

ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)

အောက်တိုဘာ ၇ ၊ ၂၀၁၄
M-Media
ဇာဏီ
ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များ ဘက္ကဒီးရ် အီးဒ်နေ့မှာ ကုရ်ဘာနီ ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြန်လည် သိရပါတယ်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညပိုင်း M-Media ရဲ့ ကနဦး စုံစမ်းသိရှိတဲ့သတင်းများအရ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့ ကြောင်း သတင်းတပုဒ်ကို တင်ဆက်ပေးခဲ့ပါတယ်။

M-Media မှ ထုတ်ပြန်ခဲ့သော ဇီးကုန်းမြို့နယ်နဲ့ ပတ်သက်သည့် သတင်း အတိုင်းမဟုတ်ဘဲ အီးဒ်နေ့အေးချမ်းစွာ ကျင်းပခွင့် ရခဲ့ကြောင်း ဗလီဂေါပကအဖွဲ့မှ အတည်ပြု ရှင်းလင်းပါ၍ အဆိုပါသတင်းကို ပြန်လည် အသိပေးအပ်တယ်။

http://www.m-mediagroup.com/news/32668

http://mmedianews.blogspot.com/2014/10/blog-post_59.html

 

Comments

Leave a Reply