News @ M-Media

Tag: 88Students_leaders

  • ၈၈မျိုးဆက် ကျောင်းသားများ စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများထံ သွားမည်။

     

    ” ၈၈မျိုးဆက် ကျောင်းသားများ စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများထံ သွားမည်။”

    စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ထံသွားမည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ ခရီးစဉ်အကြောင်းကို ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး နှင့် လေယာဉ်မထွက်ခွာမီ တွေ့ ဆုံ မေးမြန်းမှုမှာ…..

    P – အစ်ကိုတို့သွားမယ့် မြစ်ကြီးနား ခရီးစဉ်အကြောင်းလေး သိပါရစေ။
    ကိုမြအေး – ခရီးစဉ်က မြစ်ကြီးနားမှာ မနက်ဖြန် ၂၄ ရက်နေ့မှာ လုပ်မယ့် ဘာသာပေါင်းစုံ ပွဲပေါ့ ဗျာ မြစ်ဆုံစီမံကိန်း ရပ်သွားပြီးတော့မှ ကျေးရွာတွေ အနေထိုင် မပျက်ပြန်ပြီးနေလို့ ရမယ့် အခြေနေဖြစ်တဲ့ အတွက်ကြောင့် ဘာသာပေါင်းစုံ ကနေပြီးတော့မှ ကျေးဇူးတင်တဲ့ အနေ နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲပေါ့ဗျာ အဲဒီလုပ်တဲ့ပွဲကို ကျွန်တော်တို့သွားတက်မှာ ပါ။ ဒေသခံတွေ ဖိတ်ကြားတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ ၂၄ ရက်နေ့မှာ တက်မှာပါ။ ဒီနေ့တော့ လေဆိပ်ကနေကိုအခုထိမထွက်ရသေးဘူး။

    P – အစ်ကိုတို့ ၁နာရီ၄၅ မိနစ်မှာ ထွက်မယ် ထင်တယ်။
    ကိုမြအေး – ဟုတ်ပါတယ်။

    P – အစ်ကိုစစ်ဘေးသင့်ဒုက္ခသည်တွေကို လှူဒါန်းဖို့ ကိစ္စကရော….
    ကိုမြအေး – စစ်ဘေးသင့် ဒုက္ခသည်တွေကို လှူဖို့တန်းဖို့ကို ကျွန်တော်တို့ကိုနာရေး ကူညီမှု အသင်း က သိန်း ၁၀၀ အပါအ၀င် အားလုံးပေါင်း သိန်း ၁၁၀ ကျွန်တော်တို့ကို လှူမှာ ဖြစ်ပါတယ်။ အဲဒီသိန်း ၁၁၀ ကို မြစ်ကြီးနား ရောက်တဲ့ အခါမှာ စစ်ဘေး သင့်ဒေသတွေ အဲဒီမှာ ရှိတဲ့ ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့မှ ကျွန်တော်တို့က ဘယ်သူတွေ ကို လှူရင် သင့်တော်မလဲ ဆိုတာ အဲဒါဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်မှာပါ။ ဘာလို့ ဆိုတော့ ဒေသခံတွေနဲ့ တိုင်ပင်ပြီး စစ်ဘေး ဒုက္ခသည်တွေ မှာလည်း လိုအပ်တဲ့ စခန်းနဲ့ မလိုအပ်တဲ့ စခန်းတွေ ရှိတဲ့အတွက် ကျွန်တော်တို့က အဲဒါတွေလည်း မသိဘူး ဆိုတော့ အဲဒီက ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့လုပ်မှာပါ။

    P – အစ်ကိုတို့ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
    ကိုမြအေး – ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်

    Credit to Popular Myanmar News Journal