News @ M-Media

Tag: AntiHateSpeech

  • ဘာသာရေးကို ခုတုံးလုပ် အမုန်းတရားဟောပြောမှုများအား မန္တလေးမြို့ ဘာသာပေါင်းစုံ အဖွဲ့ ရှုတ်ချ

    ဘာသာရေးကို ခုတုံးလုပ် အမုန်းတရားဟောပြောမှုများအား မန္တလေးမြို့ ဘာသာပေါင်းစုံ အဖွဲ့ ရှုတ်ချ

    ဇွန်လ ၁၉ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်စီးစေရန် ရည်ရွယ်ပြီး ဘာသာရေးခုတုံးလုပ်က လူနည်းစု ကိုးကွယ်သော ဘာသာတရား အသီးအသီးကို အမုန်းတရားများဖြင့် ဟောပြောဝေဖန်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်တစောင်ကို မန္တလေးမြို့ ဘာသာပေါင်းစုံမှ ယနေ့နေစွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    အဆိုပါ ကြေညာချက်ကို ဘာသာကြီး ၄ ခုမှ သံဃာတော်များ၊ ခေါင်းဆောင်များမှ လက်မှတ်ရေးထိုးထားပါတယ်။

    Image via-Khin Maung Win

  • မွတ်စလင်ကင်းစင်ကျေးရွာ ဆိုင်းဘုတ် တိုင်း ၄ တိုင်း နှင့် ပြည်နယ် ၃ ခုတွင်ရှိလာ

    မွတ်စလင်ကင်းစင်ကျေးရွာ ဆိုင်းဘုတ် တိုင်း ၄ တိုင်း နှင့် ပြည်နယ် ၃ ခုတွင်ရှိလာ

    အမုန်းမဲ့စကား စာမျက်နှာ မှ သုတေသနပြု စောင့်ကြည့်ဖော်ပြထားသည့် မှတ်တမ်းအား ထပ်ဆင့် မျှဝေဖော်ပြခြင်းဖြစ်ပါသည်။
    https://www.facebook.com/NoHateSpeechMyanmar/
    ================================
    မွတ်စလင်ကင်းစင်ကျေးရွာ ဆိုင်းဘုတ် တိုင်း ၄ တိုင်း နှင့် ပြည်နယ် ၃ ခုတွင်ရှိလာ
    ====================================

    15171161_1695262967453314_5600780102477097541_n

    နိုဝင်ဘာ ၂ရက်တွင် May Yuya Paing facebook account ပိုင်ရှင်ကရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မွတ်စလင်ကုလားများကို ပိတ်ပင်တားမြစ်ထားသည့် စာသားများပါဝင်သော ဆိုင်းဘုတ် စိုက်ထူနေပုံကို ကျေနပ်အားရသည့် ပုံစံဖြင့် ဖော်ပြခဲ့သည်။

    Particular Quote
    ရေတာရှည်က အစ္စလာမ်ကင်းစင်နယ်မြေတဲ့
    ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်
    မေယုကြိုက်တယ် ဟူ၍ ဖော်ပြထားသည်။

    https://web.facebook.com/photo.php?fbid=335009160196317&set=a.102800470083855.1073741828.100010617062742&type=3&theater

    ရေတာရှည်မြို့၊ အရှေ့ခြမ်း ကျောင်း (၂၀) အုပ်စုအစ္စလာမ်ဘာသာကင်းစင်ကျေးရွာ

    (၁) အစ္စလာမ်ဘာသာဝင်များ ညအိပ်၊တည်းခိုခွင့်မပြု။
    (၂) အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားခြင်းမပြု။
    (၃) အစ္စလာမ်ဘာသာဝင်များနှင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ဖောက်ကားခြင်းမပြု။
    ဟူ၍ ဖော်ပြထားသည်။

    ထိုပို့စ်ကို Like and reacted လုပ်သူပေါင်း ၃၃၀၀ကျော်ရှိပြီး၊ ပြန်လည်ဝေမျှမှု ၃၄၂၈ခု၊ မှတ်ချက်ပေါင်း ၃၀၆ခုရှိခဲ့သည်။
    Chit Chit ဆိုသူက မြို့တိုင်း၊ ရွာတိုင်းမှာ ဖြစ်သင့်ပါတယ်။ အပြည့်အ၀ထောက်ခံပါတယ်။ အကြိုက်ဆုံးပါ။ မိတ်ဆွေ ၊ ထာဝရလေးစားလျက်ပါ ဟူ၍ မှတ်ချက်ပြုထားသည်။
    Aye Mu ဆိုသူက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အစ္စလာမ် ကင်းစင်နယ်မြေ သတ်မှတ်သင့် ဟူ၍ လည်းကောင်း၊ ထောက်ခံသည့်မှတ်ချက်များကို သာ တွေ့ရပါသည်။
    မော်နီတာမှတ်ချက်
    အစ္စလာမ်ကင်းစင်ကျေးရွာဆိုင်းဘုတ်များစိုက်ထူထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင် မွတ်စလင်မုန်းတီးရေးဝါဒဖြန့်ဝေရန် အသုံးချပြီး ဖော်ပြ၊ မျှဝေလေ့ရှိပါသည်။ ကျွန်ပ်တို့၏ လေ့လာထားသည့် မှတ်တမ်းများအရ
    ၁) ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့နယ်၊ မိကျောင်းကြီးအိုင်ကျေးရွာအုပ်စုတွင်လည်းကောင်း၊

    https://web.facebook.com/NoHateSpeechProject/photos/pb.517065971802953.-2207520000.1463988314./578751275634422/?type=3&theater

    ၂) ဧရာဝတီတိုင်းဒေသကြီး၊ သောင်းဒန်ကျေးရွာတွင်လည်းကောင်း၊

    https://web.facebook.com/…/pcb.9865630147…/986562921420038/…

    ၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းကျေးရွာအုပ်စုတွင်လည်းကောင်း၊

    https://web.facebook.com/photo.php?fbid=231365410574811&set=pcb.231365460574806&type=3&theater
    ၄) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်လည်းကောင်း၊

    https://web.facebook.com/NoHateSpeechProject/photos/pb.517065971802953.-2207520000.1463988314./593403970835819/?type=3&theater

    ၅) မွန်ပြည်နယ်၊ မုတ္တမမြို့နယ်၊ ကော့စိုင်ကျေးရွာတွင်လည်းကောင်း၊

    https://web.facebook.com/NoHateSpeechProject/photos/pb.517065971802953.-2207520000.1463988314./582930468549836/?type=3&theater

    ၆) ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်လည်းကောင်း၊

    https://web.facebook.com/photo.php?fbid=463100283888260&set=a.153779501487008.1073741827.100005648771498&type=3&theater&_rdr

    ၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကုန်းသာကျေးရွာတွင်လည်းကောင်း၊

    https://web.facebook.com/photo.php?fbid=844167809061638&set=a.194552967356462.60455.100004052796721&type=3&theater&_rdr

    ၈) မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သပြေစမ်းကျေးရွာတွင်လည်းကောင်း၊

    https://web.facebook.com/NoHateSpeechProject/photos/a.546881035488113.1073741829.517065971802953/648356428673906/?type=3&theater

    အသီးသီးတွေ့ရှိခဲ့ရသည်။
    ကုလားမ၀င်ရဆိုင်းဘုတ်၊ အစ္စလာမ်ဘာသာ ကင်းစင်ကျေးရွာဆိုင်းဘုတ်များသည် ဘာသာရေးပြင်းထန်လွန်းသော ကျေးရွာများတွင် တွေ့ရလေ့ရှိပြီး၊ သက်ဆိုင်ရာအာဏာပိုင်များကလည်း အကဲဆတ်လွန်းသည့် အကြောင်းအရာဖြစ်နေ၍ လျစ်လျူထားသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ယခုထိတိုင်၊ ဘာသာရေးကို အခြေပြု၍ ခွဲခြားနှိမ်ချသော ဆိုင်းဘုတ်များကို ဖြုတ်ချရန် ညွန်ကြားသည့်သတင်းများ မပေါ်ထွက်သေးသောကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘာသာရေးကိုလည်းကောင်း၊ လူမျိုးရေးကိုလည်းကောင်း အခြေခံပြီး ခွဲခြားခြင်းသည် လူ့ဂုဏ်သိက္ခာညှိုနွမ်းစေသော လုပ်ရပ်ဖြစ်ပါသည်။ လူ့အခွင့်အရေးကို ချိုးဖောက်သည့်လုပ်ရပ်ဖြစ်သကဲ့သို့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၈ တွင် ပါရှိသည့် နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ပါသည်။

    The Union shall not discriminate any citizen of the Republic of the Union of Myanmar based on race, birth , religion, official position , status , culture, sex and wealth# 2008 Myanmar Constitution , section 348

    ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကု ၊ ကုန်းသာကျေးရွာတွင် ရေနံချေးသုတ် ရန် လာရောက်သည့် မွတ်စလင်ဘာသာဝင် သုံးဦးကို ရွာသားများက စုပေါင်းပြီး မင်းဘူးမြို့နယ်ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ပြီး၊ သက်ဆိုင်ရာ ရဲစခန်းကလည်း ရေနံချေးများ တရားမ၀င်လက်ဝယ်ကိုင်ဆောင်ထားမှုဖြင့် အရေးယူခဲ့သည်။

    ကုလားမ၀င်ရဆိုင်းဘုတ်တည်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ
    ကုလားမ၀င်င်္ရဆိုင်းဘုတ်တည်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ၂) မကွေးတိုင်းဒေသကြီး၊ ၃) ပဲခူးတိုင်းဒေသကြီး၊ ၄) ဧရာဝတီတိုင်းဒေသကြီး၊ ၅) ကရင်ပြည်နယ်၊ ၆) မွန်ပြည်နယ်၊ ၇) ရှမ်းပြည်နယ် တို့ဖြစ်သည်။

    ၁) စစ်ကိုင်းတိုင်းဒေသကြီး
    စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ ၅,၃၂၅,၃၄၇ ဦးနေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၄,၉၀၉,၉၆၀ ဦး( ၉၂ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၃၄၉,၃၇၇ ဦး ( ၆ ဒသမ ၅ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၅၈၉၈၇ ဦး ( ၁ ဒသမ ၁ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၂၇၉၃ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ရှိသည် ။
    ၂၀၁၃ခုနှစ်၊ သြဂုတ်လပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့သည်။
    ( 1000 strong mob torches homes in Kanbalu )
    http://www.mmtimes.com/…/7967-1000-strong-mob-torches-homes…

    ၂) မကွေးတိုင်းဒေသကြီး
    မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃,၉၁၇,၀၅၅ ဦး နေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၃၈၇၀၃၁၆ ဦး ( ၉၈ ဒသမ ၈ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၂၇၀၁၅ ဦး ( သုည ဒသမ ၇ ရာခိုင်နှုန်း )၊ အစ္စလာမ်ဘာသာဝင် ၁၂၃၁၁ ဦး ( သုည ဒသမ ၃ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၂၃၁၈ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ) တို့ဖြစ်သည်။

    ၃) ပဲခူးတိုင်းဒေသကြီး
    ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၄၈၆၇ ၃၇၃ ဦး နေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၄၅၅၀၆၉၈ ဦး ( ၉၃ ဒသမ ၅ ရာခိုင်နှုန်း )၊ ခရစ်ယာန်ဘာသာဝင် ၂၇၀၁၅ ဦး ( သုည ဒသမ ၇ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၁၂၃၁၁ ဦး ( သုည ဒသမ ၃ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၂၃၁၈ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း) အသီးသီးနေထိုင်ကြသည်။

    ၂၀၁၃ခုနှစ်၊ မတ်လပိုင်းတွင်လည်း ပဲခူးတိုင်းဒေသကြီးရှိ မြို့ ရှစ်မြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခဲ့သည်။ အုတ်ဖို၊ ကြိုပင်ကောက်၊ နတ္တလင်း၊ ဇီးကုန်း၊ သဲကုန်း၊ မိုးညို၊ မင်းလှ၊ လက်ပံတန်း စသည့် မြို့နယ် ရှစ်မြို့နယ်တွင် ဘာသာရေးအဓိကရုဏ်ြး ဖစ် ပွားခဲ့ပါသည်။ လူအသေအပျောက်တော့ မရှိခဲ့ပေ။

    ၂၀၁၆ခုနှစ်၊ ဇွန်လပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ရွာသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားမှုကို အစပြုပြီး အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ဖျက်ဆီးခြင်းခံခဲ့ရသည်။

    http://www.rfa.org/…/mosque-destroyed-in-myanmar-village-as…

    ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ အကြမ်းဖက်သမား လေးဆယ်ခန့် ၀င်ရောက်လာသည်ဟု ကောလာဟလ သတင်း ပေါ်ထွက်ခဲ့သည်။

    ၄) ဧရာဝတီတိုင်းဒေသကြီး
    ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆၁၈၄၈၂၉ ဦး နေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၅၆၉၉၆၆၅ ဦး ( ၉၂ ဒသမ ၁ ရာခိုင်နှုန်း )၊ ခရစ်ယာန်ဘာသာဝင် ၃၈၈၃၄၈ ဦး ( ၆ ရာခိုင်နှုန်း )၊ အစ္စလာမ်ဘာသာဝင် ၈၄၀၇၃ ဦး ( ၁ ဒသမ ၄ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၅၄၄၀ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ) အသီးသီးနေထိုင်ကြသည်။

    ၅) ကရင်ပြည်နယ်
    ကရင်ပြည်နယ်တွင် လူဦးရေ ၁၅၀၄၃၂၆ ဦးနေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၁၂၇၁၇၆၆ ဦး ( ၈၄ ဒသမ ၅ ရာခိုင်နှုန်း )၊ ခရစ်ယာန်ဘာသာဝင် ၁၄၂၈၇၅ ဦး ( ၉ ဒသမ ၅ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၆၈၄၅၉ ဦး ( ၄ ဒသမ ၆ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၉၅၈၅ ဦး ( သုည ဒသမ ၆ ရာခိုင်နှုန်း) အသီးသီးနေထိုင်ကြသည်။

    ၂၀၁၆ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် မြိုင်ကြီးငူဆရာတော်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ဗလီကျောင်းဘေးတွင် ခွင့်ပြုချက်မဲ့ စေတီပုထိုး လာရောက် တည်ထားကိုးကွယ်မှုကို ပြုလုပ်ခဲ့သည်။

    ( Myanmar Monk builds pagodas in church and Muslim areas )
    http://www.channelnewsasia.com/…/myanmar-monk-…/2737768.html

    ၆) မွန်ပြည်နယ်
    မွန်ပြည်နယ်တွင် လူဦးရေ ၂၀၅၄၃၉၃ ဦးနေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၁၉၀၁၆၆၇ ဦး ( ၉၂ ဒသမ ၆ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၃၆၇၉၁ ဦး ( ၁ ဒသမ ၈ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၂၈၇၃၁ ဦး ( ၁ ဒသမ ၄ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၉၇၉၁ ဦး ( သုည ဒသမ ၅ ရာခိုင်နှုန်း) အသီးသီးနေထိုင်ကြသည်။

    ၇) ရှမ်းပြည်နယ်
    ရှမ်းပြည်နယ်တွင် လူဦးရေ ၅၈၂၄၄၃၂ ဦးနေထိုင်ကြပြီး၊ ဗုဒ္ဓဘာသာဝင် ၄၇၅၅၈၃၄ ဦး ( ၈၁ ဒသမ ၇ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၅၆၉၃၈၉ ဦး ( ၆ ဒသမ ၃ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၈၄၀၇၃ ဦး ( ၁ ဒသမ ၄ ရာခိုင်နှုန်း)၊ ဟိန္ဒူဘာသာဝင် ၅၄၄၀ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ) အသီးသီးနေထိုင်ကြသည်။

    ၂၀၁၃ခုနှစ်၊ မေလပိုင်းတွင် လားရှိုးမြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခဲ့ပါသည်။

    Burma Muslim – Buddhist clashed continue in Shan State
    http://www.bbc.com/news/world-asia-22697104

    May Yuya Paing facebook account ပိုင်ရှင်သည် မွတ်စလင်မုန်းတီးရေး အကောင့်ဖြစ်သည်။ May Yuya Paing facebook account သုံးစွဲသူ ၎င်းအမည်တူအကောင့် အနည်းဆုံးသုံးခုဖြင့် (
    https://web.facebook.com/daw.mayyu786 , https://web.facebook.com/mamamayyu.786,
    https://web.facebook.com/profile.php?id=100010617062742
    သုံးစွဲနေသည့် အကောင့်ဖြစ်သည်။ May Yuya Paing facebook account တွင် follower ပေါင်း ၁၄၃၃၈ ဦးခန့်ရှိသည်။ friend list ကိုမူ ဖော်ပြထားခြင်း မရှိပေ။ Page account မဟုတ်ဘဲ personal account သုံးခုဖြင့် မွတ်စလင်မုန်းတီးရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လုပ်ရပ်များကို ဝေဖန်ပုတ်ခတ်နေသည့် အကောင့်လည်းဖြစ်ပါသည်။

  • အမုန်းစကား ရပ်တန့်ရေး ဆွေးနွေးပွဲ ပြုလုပ်မည်။

    အမုန်းစကား ရပ်တန့်ရေး ဆွေးနွေးပွဲ ပြုလုပ်မည်။

    သြဂုတ် ၂၆ ၊ ၂၀၁၆
    M-Media
    .14055015_10205625515077722_3892800397061032510_n
    ” အမုန်းစကားရပ်တန့်ရေးမှသည် ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ တိုက်တွန်း သြဝါဒပေးမှုများ၊ ဥပဒေပညာရှင်များ ဆွေးနွေးအကြံပြုချက်များ ပါဝင်သည့် အစီအစဉ်တရပ်ကို သြဂုတ်လ ၂၇ ရက် (စနေနေ့) နေ့လည် ၂ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့YMCA ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။
     
    သတင်း-သီဟ
  • အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    IMG_6787
    နေပြည်တော်(ဩဂုတ် ၁၉၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးတစ်ခုနှင့်တစ်ခုအကြား၊ ကိုးကွယ်ရာဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းပွား(Hate Speech)စေသည့် ရေးသား၊ ပြောဆို၊ ဖြန့်ဖြူးသူများအား အရေးယူမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီးပြီဖြစ်ပြီး ယင်းဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
    .
    ယင်းဥပဒေကြမ်းအား ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တို့က ရေးဆွဲထားခြင်းဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်တည်းဖြတ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားခြင်းဖြစ်သည်။
    .
    “ကျွန်တော်တို့က နိုင်ငံတော်သမ္မတရုံးကို ဆက်ပြီးတော့ တင်ပြပါ့မယ်။ ပြီးရင် လွှတ်တော်အသီးသီးကို ပေးပို့ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေအပေါ်မှာ ပြင်ဆင်ချက်တွေနဲ့ ဒီ Hate Speech ဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင်တော့ ဒီပဋိပက္ခမှုတွေနဲ့ ပွတ်တိုက်မှုတွေဟာ တော်တော်လေးလျှော့ကျမှာဖြစ်ပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်။
    .
    ၂၀၁၆ခုနှစ်၊ ဩဂုတ် ၁၉ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ဦးဇာနည်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
    .
    သို့သော် ဥပဒေကြမ်းတွင်ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍မူ အသေးစိတ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပေ။
    .
    “အမုန်းစကားဖြန့်ဖြူးတဲ့ကိစ္စတွေက ဘာသာရေးနဲ့ပတ်သက်ပြီးတော့၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ထိလွယ်၊ ရှလွယ်တဲ့ကိစ္စတွေ အများကြီးဖြစ်ပေါ်ပါတယ်” ဟုလည်း ဦးဇာနည်ဝင်းက ဆိုသည်။
    .
    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွန်းကလည်း “သာသနာရေးနဲ့ပတ်သက်လို့ နိုင်ငံတစ်ကာကအတိုင်း ဖွဲ့စည်းပုံအခြေခံနဲ့အညီ လွတ်လပ်စွာ ယုံကြည်၊ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို ကျွန်မတို့က မူဝါဒအနေနဲ့ လက်ခံပြီးသားပါ” ဟု ပြောဆိုသည်။

    ဓါတ်ပုံအညွှန်း- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း(အလယ်) (ဓာတ်ပုံ- အောင်ကျော်/မဇ္ဈိမ)

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://mizzimaburmese.com/article/17139

  • အမုန်းစကားပြောဆိုမှု တားဆီးရေးဥပဒေက လပိုင်းအတွင်း ထွက်နိုင်မယ် – ရှေ့နေ ဦးကိုနီ

    အမုန်းစကားပြောဆိုမှု တားဆီးရေးဥပဒေက လပိုင်းအတွင်း ထွက်နိုင်မယ် – ရှေ့နေ ဦးကိုနီ

    U Ko Ni
    DVB မှ ကူးယူဖော်ပြသည်။
    .
    ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို အကာအကွယ်ပေးနိုင်မယ့် အမုန်းစကားဖြန့်ဝေမှုတွေ တားဆီးရေး ဥပဒေ မူကြမ်းတခုကို ရေးဆွဲဖို့ဆုံးဖြတ်ထားကြောင်း သာသနာရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဥပဒေ မထွက်ပေါ်လာသေးခင်မှာတော့ အမုန်းစကားဖြန့်ဝေပြောဆိုသူ မည်သူကိုမဆို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။
    .
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အမျိုး၊ ဘာသာ၊ သာသနာအဖွဲ့ (မဘသ) ကို သံဃာ့စည်းမျဉ်းနဲ့မညီညွတ်ဘူး၊ နိုင်ငံတော်သံဃာဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကနေ အသိအမှတ်ပြုတာမရှိဘူးလို့ ထုတ်ပြန်ပြီးကာစ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ၀န်ကြီးက ဖြေဆိုခဲ့တာပါ။
    .
    အမုန်းစကား (Hate Speech) ပြောကြားချက်ဟာ ၂၀၁၀ ခုနှစ်မှာ စတင်အုပ်ချုပ်တဲ့ သမ္မတ ဦးသိန်းစိန်သက်တမ်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တာတွေ့ရှိရပြီး ထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ကြုံခဲ့ရပါတယ်။
    .
    အစိုးရကတော့ ဒီအကြမ်းဖက်မှုတွေနောက်ကွယ်မှာ၊ အမုန်းစကားတွေ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေကို သိထားကြောင်းနဲ့ အရေးယူခံရမှာဖြစ်ကြောင်းသာ ပြောဆိုသတိပေး ခဲ့တာတွေ့ရပြီး ဖော်ထုတ်အရေးယူတာ ကျေနပ်လောက်ဖွယ်မရှိပါဘူး။
    .
    အခု ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့တွေ ၀ိုင်းဝန်းရေးဆွဲနေကြတဲ့ အမုန်းစကားဖြန့်ဝေမှုတား ဆီးရေး ဥပဒေကြမ်းဟာ စင်ကာပူနိုင်ငံမှာ ကျင့်သုံးတဲ့ Maintenance of Religious Harmony Act အခြေပြုရေးဆွဲထားပြီး ဒီနှစ်မကုန်ခင် ဥပဒေအသက်ဝင်လိမ့်မယ်လို့ ယူဆကြောင်း ရှေ့နေဦးကိုနီက ဒီဗွီဘီနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
    .
    သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက အမုန်းတရားပြောဆိုရေးသားထုတ်လွှင့်မှုကို အရေးယူ ကိုင်တွယ်ဖို့အတွက် ဥပဒေမူကြမ်းတရပ် ရေးဆွဲနေတယ်လို့ ပြောပါတယ်။ အဲဒါမူကြမ်း ပြီးစီးနေတယ်လည်းကြားလို့ အဲဒီထဲမှာ ဘယ်လိုအချက်တွေကို ဦးစားပေး ရေးသားထားလဲ သိချင်လို့။
    .
    “ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီးတော့မှ ခွဲခြားဆက်ဆံမှုပြုတာတို့၊ အမုန်းတွေဘာတွေ ဟောတာ ပြောတာတို့ မလုပ်နိုင်အောင်၊ လုပ်လာလို့ရှိရင် လုပ်လာတဲ့လူတွေကို အပြစ်ပေးနိုင်အောင် ဥပဒေပြဌာန်း နိုင်တယ်လို့ ပုဒ်မ ၃၆၄ မှာ ပါတယ်ဗျ။ ဒါက အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။ ဒီလို သဘောတရားမျိုးပဲ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ မှာလည်း ပါတယ်။ တာဝန်ရှိသူတွေနဲ့ အစိုးရလွှတ်တော်တို့အနေနဲ့ပေါ့ ဥပဒေတရပ်ပြဌာန်းရမယ်ဆိုတာပါတယ်။ အလားတူ ဒီလိုသဘောတရားပဲ ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်။ အဲဒီလိုမျိုးပါပေမယ့်လို့ လက်ရှိတာဝန်ရှိတဲ့လူတွေက အဲဒါကို မလုပ်ခဲ့ကြဘူး။ ကျနော်ဆိုလိုတာက ခေတ်အဆက်ဆက် discrimination (ခွဲခြားမှု) ဘာသာရေး၊ လူမျိုးရေးကိုအကြောင်းပြုပြီး ခွဲခြားတာ၊ နှိမ့်ချတာ၊ Hate (အမုန်းစကား) ပြောတာတွေကို အရေးယူဖို့ အစဉ်အဆက် တာဝန်ရှိပါလျက်နဲ့ ဥပဒေတွေကို မပြဌာန်းခဲ့ကြဘူး။”
    .
    “အဲဒီတော့ ဒီဥဒေကို ကျနော် ၂၀၁၃ ခုနှစ်က တင်ခဲ့ဖူးတယ်။ မိတ္ထီလာအရေးအခင်းပြီးတော့ ကျနော် လွှတ်တော်ကို တင်တယ်။ ကျနော်တို့ ရှေ့နေတွေရယ်၊ ပညာရေးဌာနက ဆရာ၊ ဆရာမတွေပါ ပါပြီးတော့ပေါ့ဗျာ လူ ၂၀ လောက် ကျနော်တို့လက်မှတ်ထိုးပြီး တင်ခဲ့ပါသေးတယ် ၂၀၁၃ ထဲမှာ။ ဒါပေမယ့်လို့ ကျနော်တို့က အဲလိုတင်ပေမယ့်လို့လည်း ကျနော်တို့တင်ခဲ့တဲ့ဥပဒေကြမ်းဟာ ဘာမှကို အရာရောက်မလာဘူး၊ နောက်ဆုံး ပျောက်ကိုသွားတယ်။ အခု ဒီဘက်အာဏာအပြောင်းအလဲမှာ ကျနော်ပြန်စုံစမ်းတော့ အဲဒီဥပဒေကြမ်း သူတို့ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာရော မရှိဘူးလို့ ကျနော့်ကိုပြောပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ သမိုင်းကြောင်းလေးတခုပါ။”
    .
    “အဲဒီတော့ ဒီဘက်မှာ အစိုးရသစ်ဖွဲ့ပြီးတဲ့အခါမှာ အစိုးရအဖွဲ့သစ် သာသနာရေးဝန်ကြီး ဦးအောင်ကိုက ဘာသာပေါင်းစုံက အဖွဲ့တွေနဲ့ ရန်ကုန်မှာတွေ့တယ် မန်းတလေးမှာ တွေ့တယ်။ အဲဒီလိုတွေ့တဲ့အခါမှာ သူက ပြောခဲ့တယ်။ Hate Speech တွေကို ကာကွယ်ဖို့ Discrimination တွေကို ကာကွယ်ဖို့အတွက် ဥပဒေရေးကြပါ၊ လုပ်ကြပါ၊ တင်ပြပါလို့ သူက ဖိတ်ခေါ်ခဲ့တာ ရှိတယ်။ အဲဒီဖိတ်ခေါ်ချက်နဲ့အတူ ကျနော်တို့ ဒီက ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကလည်း လုပ်နေပါတယ်။ အဲဒီတော့ ကျနော်ကလည်း အရင်ကျနော်လုပ်ထားတဲ့ဟာလေးရှိတယ်။ အဲဒါကို ကျနော်က ပြန်ပြီးမျှပေးပါတယ်။ အခု အဲဒါ တော်တော်များများ စီအက်စ်အိုတွေကြားထဲမှာလည်း လုပ်နေပါတယ်။ အဲဒီ Interfaith (ဘာသာပေါင်းစုံ) အဖွဲ့တွေကြားထဲမှာလည်း အဲဒါတွေကို လုပ်နေပါတယ်။ ကျနော့်ဟာကတော့ ရေးလို့ပြီးတာ ၂၀၁၃ ကတည်းက ပြီးပြီးသားပါဗျာ။ အဲဒါလေးကို ပြန်ပြီးဆွေးနွေးနေတယ်။ အခုလက်ရှိအနေအထားမှာ ဒါ တော်တော်လေးကို လိုအပ်နေတယ်။ ဒီလို Hate တွေပြောတာ၊ Discrimination တွေ လုပ်တာ ရှိနေပေမယ့်လို့လည်း တကယ့်တကယ်ကျတော့ သူ့ကို ထိထိရောက်ရောက် တိတိကျကျ အရေးယူနိုင်ဖို့အတွက် ဥပဒေက မရှိဘူး။ အဲဒီတော့ ကျနော်တို့ က သွယ်ဝိုက်သောနည်းတွေနဲ့ပဲ ကျနော်တို့က အရေးယူနေရတယ်။ ဘာသာ၊ သာသနာကို နာကျည်းအောင်လုပ်တယ်ဆိုတာမျိုး၊ လူမျိုးစုတစုနဲ့တစုအကြား ပြဿနာဖြစ်အောင် လုပ်တယ် ဆိုတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေမှာပါတဲ့ နှီးနွယ်တဲ့ပုဒ်မတွေကို ဆွဲပြီးတော့ သုံးနေရတာပေါ့။ တကယ့်တကယ်တော့ အဲဒါဟာ မထိရောက်ဘူး။ ဒီတော့ ဟုတ်လား Hate ပြောတယ်ဆိုရင် ဒါ ဘာသာတခုကို စော်ကားတာပဲ၊ ဘာသာနှစ်ခုအကြားမှာ အမုန်းပွားအောင်လုပ်တာပဲဆိုပြီးတော့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား အရေးယူနိုင်တဲ့ ဟာမျိုး၊ ထိထိရောက်ရောက် အပြစ်ပေး နိုင်တဲ့ ဥပဒေမျိုးက လိုအပ်တာအမှန်ပဲ။ အဲဒီတော့ ကျနော်ထင်ပါတယ် မကြာခင်မှာပဲ ပြန်စမယ့် လွှတ်တော်မှာကို တင်နိုင်အောင် ဒီဘက်က အဖွဲ့အစည်းတွေ၊ အထူးသဖြင့်တော့ Interfaith အဖွဲ့အစည်းတွေက လုပ်နေကြတယ်။”
    .
    ဦးကိုနီ ၂၀၁၃ ခုနှစ်မှာ လွှတ်တော်တင်ခဲ့တဲ့ ဥပဒေမူကြမ်းက ဘယ်အဖွဲ့အစည်းကိုပေးပြီး ဘယ်လိုပျောက်သွားတယ်ဆိုတာလေးကို ပြောပြပါလား။
    .
    “ကျနော်ပေးတာက ပြည်သူ့လွှတ်တော်ကိုပေးလိုက်တာခင်ဗျ။ ပြည်သူ့လွှတ်တော်မှာမေးတော့ ပြည်သူ့လွှတ်တော်မှာမရှိဘူး။ သူတို့က ထင်ကြေးက အမျိုးသားလွှတ်တော်ဘက် ရောက်သွား တယ်နဲ့ တူတယ်လို့ ပြောလို့ ကျနော် အမျိုးသားလွှတ်တော်ဘက်ကို ကျနော့်မိတ်ဆွေတွေကနေ တဆင့်မေးကြည့်တယ်။ ကျနော်တို့ဥပဒေမူကြမ်းလေးတခုတင်ထားတာရှိတယ်ဆိုပြီးတော့၊ အဲဒါ ဘယ်မှာ သွားသတိရလို့မေးတာလည်းဆိုတော့ အခုလောလောဆယ် အထူးကိစ္စရပ်များ ကော်မတီ ဥက္ကဋ္ဌကြီး ဦးရွှေမန်းတို့ ဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့ ဥပဒေပေါင်း ၁၄၂ ခုကိုပေါ့ဗျာ သူက ဒါ ပြင်ရမယ့်ဟာတွေ၊ ဖျက်ရမယ့်ဟာတွေ၊ အသစ်ရေးရမယ့်ဟာတွေရယ်ပေါ့ ၁၄၂ ခုကို တင်တော့ အဲဒီမှာ ကျနော်ကြည့်လိုက်တော့ ကျနော့်ဟာကို မတွေ့ရတာဗျ။ မတွေ့တာနဲ့ မေးကြည့်တော့ မတွေတာဆိုတော့ မရှိတာပေါ့ဗျာ။ ဒီထဲလည်း ပါမလာတော့ဘူး။ သူက အရေးတကြီးပြဌာန်းဖို့လိုတဲ့ ဥပဒေ ၈ ခုတောင် ထောက်ခံထားတယ် ဦးရွှေမန်းတို့အဖွဲ့က။ အဲဒီမှာ ကျနော့်ဟာ ပါမလာဘူး။ ကျနော်က အဲဒီမှာ စ သတိပြုမိတာ။ သတိပြုမိတာနဲ့ ဒီဘက်ကလည်း အချိန်ကိုက်ပေါ့ဗျာ ကျနော်တို့က ဒါလေးကိုပြန်ပြီးတော့။ ကျနော်ကလည်း လုပ်ချင်တယ်၊ အာသီသရှိတယ်၊ ဆန္ဒရှိတယ်၊ ဒါ တိုင်းပြည်တည်ငြိမ်ရေးအတွက်။ ဒီဘက်က လည်း သာသနာရေးဝန်ကြီးကလည်း ဒါကို ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ နည်းနည်းလေး အချိန်ကိုက်ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေကြမ်းဟာ လွှတ်တော်သွားနိုင်ပြီလို့တော့ ထင်တာပဲ။”
    .
    အခု ဇူလိုင်လဆိုတော့ ဒီဥပဒေကြမ်းက ဒီနှစ်ကုန်ပိုင်းလောက်ဆို အပြန်အလှန်ဆွေးနွေး အတည်ပြုပြီးလောက်တဲ့ ဥပဒေချောအဖြစ် ထွက်နိုင်လောက်တဲ့ အချိန်လုံလောက်မလား။
    .
    “ဒီနှစ်ကုန်ကို မဟုတ်ဘူး။ ဒီဥပဒေက တော်တော်လေးမြန်မယ်။ ဘာကြောင့်တုန်းဆိုတော့ ဒီဥပဒေက ပါးပါးလေး။ နည်းပညာပိုင်းတွေ ဟုတ်လား ဥပမာ. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလိုမျိုး ဒီလောက်ရှုပ်ထွေးတာ မဟုတ်ဘူး။ ဒီဟာက ပါးပါးလေး။ Maintenance of Religious Harmony Act ဆိုတာရှိတယ် စင်ကာပူမှာ။ ကျနော်တို့က အဲဒါလေးကို base လုပ်ထားတာ။ ပါးပါးလေး ဒီဥပဒေသည် ထွက်လာလို့ရှိရင် ၄၊ ၅၊ ၆ မျက်နှာထက်ပိုမှာမဟုတ်ပါဘူး။ နည်းဥပဒေမှာသာ အသေးစိတ်ပါချင်ပါလာလိမ့်မယ်။ ဆိုလိုတာက တဘာသာနဲ့တဘာသာ အပြန်အလှန်လေးစားကြဖို့။ တဘာသာနဲ့တဘာသာ အပြန်အလှန်ယိုင်းပင်းကြဖို့၊ အပြန်အလှန် လေ့လာပြီးတော့ တယောက်ကိုတယောက် ပံ့ပိုးဖို့၊ Diversity (မတူကွဲပြားမှု) ကို ညီညီညွတ်ညွတ်နဲ့ဖြစ်အောင် စုစည်းပြီးတော့မှ ကျနော်တို့က တိုင်းပြည်အားကောင်း အောင်လုပ်ဖို့၊ တကယ်လို့များ အမုန်းတွေပြောလာရင်၊ Hate တွေ ပြောလာရင်၊ စော်ကားမော်ကားတာတွေ ပြောလာလို့ရှိရင် ဒီပုဒ်မ၊ ဒီလိုအရေးယူမယ်၊ ဒီလိုအပြစ်ပေးမယ်၊ ဒီလောက်ပါပဲ။ ကျနော်ထင်တယ် မြန်မြန်ပြီးစီးသွားနိုင်ပါတယ်။

    http://burmese.dvb.no/archives/159913