News @ M-Media

Tag: Ban Ki-moon

  • နိုင်ငံတကာနဲ့မြန်မာကြား ငြင်းခုန်နေကြတဲ့ အသုံးအနှုန်း

    နိုင်ငံတကာနဲ့မြန်မာကြား ငြင်းခုန်နေကြတဲ့ အသုံးအနှုန်း

    (ကမာရွတ် မီဒီယာ မှ ကူးယူဖော်ပြသည်။)


    large__17afb-ban-kimoon
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ် က နိုင်ငံမဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ရိုဟင်ဂျာအဖြစ် ဆက်လက်ခေါ်ဝေါ် သွားမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၁၂ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

    ကုလသမဂ္ဂအကြီးအကဲဆီ ပေးပို့တဲ့စာထဲမှာ လူနည်းစုတွေရဲ့အခွင့်အရေးအပေါ် အလေးထားမှုကို နားလည်နိုင်ပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ နှစ်ဖက် လူ့အဖွဲ့အစည်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ အစိုးရရဲ့လုပ်ငန်းစဉ်တွေ ထိခိုက်စေတဲ့အကြောင်း ပေးစာထဲမှာ ဖော်ပြထားပြီး ဒီအသုံးအနှုန်းကြောင့် ကုလသမဂ္ဂနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF လို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဒေသခံတွေက သံသယပိုလာနိုင်တယ်လို့ ဦးမောင်မောင်အုန်းက ဆိုပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းဟာ နိုဝင်ဘာ ၁၃ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ နောက်တစ်ကြိမ် ထပ်တွေ့ခဲ့ပြီး လူ့အခွင့်အရေးအာမခံချက်ရှိဖို့နဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အပေးအယူလုပ်ကြဖို့၊ စေ့စပ်ဆွေးနွေးကြဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတဲ့အကြောင်းအရာတွေကို အသားပေး ပြောဆိုခဲ့ပါတယ်။

    ဒီလူမျိုးစုကို ရိုဟင်ဂျာပဲခေါ်ခေါ်၊ ဘင်္ဂါလီပဲခေါ်ခေါ် ဘာတွေများ ထူးခြားသွားမှာလဲလို့ မစ္စတာ ဘန်ကီမွန်းက ဝန်ကြီးချုပ် မောင်မောင်အုန်းရဲ့ ပေးစာ အပေါ် တုံ့ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ အသုံးအနှုန်း ကိစ္စအပေါ် နားလည်မှုလွဲမှားနေတယ်လို့ သူကယူဆတဲ့ အကြောင်း၊ အရေးကြီးတာက လူသားတိုင်းဟာ လူ့ဂုဏ် သိက္ခာရှိပြီး အကြောက်တရား ကင်းဖို့က အဓိကဖြစ်တယ်လို့ ဆိုပါတယ်။

    ရခိုင်ပြည်နယ်က နိုင်ငံမဲ့ မွတ်ဆလင်ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဘန်ကီမွန်းရဲ့ပြောဆိုချက်ဟာ သူဝန်ကြီးချုပ်ဖြစ်ချိန်ကစလို့ နှစ်ဖက်ကြား နားလည်မှုတည်ဆောက်နေတဲ့လုပ်ငန်းစဉ်ကို ပျက်ပြားစေတယ်လို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တုံ့ပြန်ခဲ့ပါတယ်။

    ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂကြား၊ နိုင်ငံတကာ သတင်းမီဒီယာတွေကြား အပြန်အလှန်ငြင်းခုန်နေ ရဦးမှာဖြစ်ပြီး မြန်မာအစိုးရဘက်ကတော့ မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောခဲ့ပါတယ်။

    အမေရိကန်သမ္မတ အိုဘားမား ၂ဝ၁၂ မြန်မာပြည်ခရီးစဉ်မှာလည်း ရိုဟင်ဂျာလို့ သုံးစွဲခဲ့ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes ကလည်း မြန်မာအစိုးရအနေနဲ့ နိုင်ငံမဲ့ မွတ်ဆလင်တွေကို နိုင်ငံသားဖြစ် ခွင့်ပေးဖို့နဲ့ ဘင်္ဂါလီအဖြစ် စာရင်းပေးဖို့လုပ်နေတဲ့ Action Plan ကို ပယ်ဖျက်ဖို့ နိုဝင်ဘာ ၁၃ရက်နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ် Action Plan ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ထောက်ပြလိုက်ပြီး ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ လုပ်ဆောင်ဖို့ ပြောခဲ့ပါတယ်။

    လူနည်းစုလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေကို မလုပ်ဖို့ သူကထပ်ပြောခဲ့ပြီး ကုလသမဂ္ဂအနေနဲ့ ဒီလိုချိုးဖောက်တဲ့ကိစ္စမျိုးကို အထူးစောင့်ကြည့်နေတယ်လို့ ဘန်ကီမွန်းက ဆိုပါတယ်။ ရခိုင်ပြည်နယ်က လူသားတိုင်း လူသားချင်းစာနာထောက်ထားတဲ့ ဆက်ဆံမှု၊ တန်းတူဆက်ဆံမှု လိုအပ်တယ်လို့ ပြောပါတယ်။ ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းနှစ်ခုကို ခွဲခြားထားတာဟာ ပဋိပက္ခတွေ ဆက်ဖြစ်စေတဲ့အကြောင်း၊ အစိုးရက ရခိုင် Action Plan ကို လုပ်ဆောင်နေတဲ့ကိစ္စ စောင့်ကြည့်နေတယ်လို့ ဘန်ကီမွန်းက ဆိုပါတယ်။

    http://kamayutmedia.com/news/politics/1981

  • ရိုဟင်ဂျာများ၏ အခွင့်အရေးကို လေးစားရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် တိုက်တွန်း

    ရိုဟင်ဂျာများ၏ အခွင့်အရေးကို လေးစားရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် တိုက်တွန်း

    နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    bankimoon
    -ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများက ၎င်းတို့လူမျိုးအား ၎င်းတို့ကိုယ်တိုင် အမည်နာမ သတ်မှတ်ခြင်း နှင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ရိုဟင်ဂျာအဖြစ် လက်ခံထားတာမို့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုပဲ ဆက်ပြီးသုံးစွဲနေတာဖြစ်တဲ့အကြောင်း၊  မြန်မာအစိုးရ အနေဖြင့် ရိုဟင်ဂျာများအား ဂုဏ်သိက္ခာရှိစွာ ဆက်ဆံရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရန်၊ ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်နေမှုများကို ဆန့်ကျင်၍ ခိုင်မာပြတ်သားစွာ ရပ်တည်ရန်နှင့် ဆိုးရွားသော အခြေအနေများအောက်တွင် နေထိုင်နေရသည့် ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ရရှိအောင် ဆောင်ရွက်ပေးရန် အတွက်လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

    ထို့ပြင် နိုင်ငံတကာတွင် ကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သည့် လက်ရှိဆောင်ရွက်နေသော ရိုဟင်ဂျာများအား နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းများကို ပြန်လည်သုံးသပ်ရန်အတွက်လည်း တိုက်တွန်းခဲ့သည်။

    မြန်မာအစိုးရမှာ ဘန်ကီမွန်အပါအ၀င် နိုင်ငံတကာခေါင်းဆောင်များအား ရိုဟင်ဂျာဟူသော စကားလုံးကို မသုံးစွဲရန် မေတ္တရပ်ခံခဲ့ပြီး ဘန်ကီမွန်ကမူ ကုလသမဂ္ဂမှာ လူနည်းစုအခွင့်အရေးကို ကာကွယ်သည့်အနေဖြင့် ရိုဟင်ဂျာဟုပင် ဆက်လက် ခေါ်ဝေါ်သုံးနှုန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ရိုဟင်ဂျာအများစုအား ဒုက္ခသည်စခန်းများတွင် နေထိုင်ရမည့် အစိုးရ၏ “ရခိုင်စီမံချက်” အစီအစဉ်ကိုလည်း ဘန်ကီမွန်က ကန့်ကွက်ခဲ့ပြီး ထိုအစီအစဉ်မှာ ယခုလက်ရှိ ရှိနေသည့် ခွဲခြားဆက်ဆံမှုကို ပိုမိုခိုင်မာသွားစေမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “လူ့အဖွဲ့အစည်းကြားမှာ ပိုပြီးနီးကပ်လာဖို့ ဘာသာပေါင်းစုံဆွေးနွေးပွဲတွေလုပ်ပြီး သဟဇာတဖြစ်မှုကို ဆောင်ကျဉ်းပေးမယ့် အားထုတ်မှုတွေ မဖြစ်မနေ ဆောင်ရွက်ရပါမယ်။ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို လေးစားဖို့ ကျွန်တော်တိုက်တွန်းပါတယ်” ဟု ဘန်ကီမွန်က ထပ်လောင်းပြောကြားခဲ့သည်။

    ဘန်ကီမွန်မှာ ယမန်နေ့အစောပိုင်းတွင် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့သည်။

    ref_DVB

  • တောင်ဆူဒန်ခေါင်းဆောင်များကို အထူးခုံရုံးဖွဲ့ စစ်ဆေးရမည်ဟု ဘန်ကီမွန်းပြော

    မေ ၁၄၊ ၂၀၁၄
    M-Media

    တောင်ဆူဒန် ခေါင်းဆောင်များ၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇတ်မှုများအတွက် အထူးခုံရုံးဖွဲ့ စစ်ဆေးရမည်ဟု ဘန်ကီမွန်ဆို

    un_chief_calls_for_tribunal_on_s_sudan_crimes_m8

    – လွန်ခဲ့သည့် ၅ လမှစတင်ကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း လူသားထုအပေါ် ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသောကြောင့် တောင်ဆူဒန်အား အထူးခုံရုံးဖွဲ့ စုံစမ်းရန်ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ကမ္ဘာ့နောက်ဆုံးနိုင်ငံအသစ်ဖြစ်သည့် တောင်ဆူဒန်တွင် အစိုးရနှင့် အတိုက်အခံတို့ကြား လပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၉ ရက်နေ့က သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဘန်ကီမွန်က ယမန်နေ့တွင် ချီးကျူးခဲ့သည်။ ထို့ပြင် ချက်ချင်း အပစ်ရပ်ရန် တောင်းဆိုခဲ့ပြီး၊ တိုက်ခိုက်မှုများ ဆက်ဖြစ်နေပါက နိုင်ငံလူဦးရေ ၁၂ သန်း၏ ထက်ဝက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ အစာရေစာပြတ်လတ်မှုနှင့် သေဆုံးမှုများလည်း ကြုံတွေ့ရမည်ဟု လုံခြုံရေးကောင်စီအား သတိပေးခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်က တောင်ဆူဒန်သို့ သွားရောက်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ဘန်၏ အစီရင်ခံစာတွင် နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှစ်ဖက်စလုံးက လွန်လွန်းကျူးကျူး ကျူးလွန်နေကြောင်း၊ ထိုကိစ္စအတွက် နိုင်ငံတကာမှ ပါဝင်ကာ အထူးခုံရုံးဖွဲ့ တရားစီရင်ရမည်ဟု ဖော်ပြခဲ့သည်။ မိမိ၏ ယခုအစီရင်ခံစာမှာ အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင် နှစ်ဦး စလုံးကို ပြောဆိုခြင်းဖြစ်ကြောင်း ဘန်က ထည့်သွင်းဖော်ပြခဲ့သည်။

    ကုလလူ့အခွင့်အရေးအကြီးအကဲ နဗီ ပီလေး ပြီးခဲ့သည့် သီတင်းပတ်က နှစ်ဖက်ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လညှ်းင့် ၎င်းတို့၏ စစ်ရာဇ၀တ်မှုများနှင့် လက်အောက်ခံများ၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုကို ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

    Agencies

  • မြန်မာ့မိတ်ဆွေအဖွဲ့က မြန်မာ ဒီမိုကရေစီ တိုးတက်မှုကို ချီးကျူးသော်လည်း လူမျိုးရေး အကြမ်းဖက်မှုများကို သတိပေး

    စက်တင်ဘာ၊ ၂၇၊
    M-Media

    489312-friendsmyanmar

    မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင်ပါဝင်သည့် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများက မြန်မာ့ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုများကို ချီးကျူးလိုက်သော်လည်း လူမျိုးရေး အကြမ်းဖက်မှုများက အပြောင်းအလဲကို ထိခိုက်နိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။

    ယမန်နေ့ကကျင်းပပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် သီးခြားအနေဖြင့် မြန်မာ့မိတ်ဆွေအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပြုလုပ်ခဲ့ပြီး ထိုအစည်းဝေးမှ ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာ အစိုးရ အနေဖြင့် ရိုဟင်ဂျာများ၏ စီးပွားရေးနှင့် နိုင်ငံရေး နစ်နာမှုများကို အမြန်ဆုံး ကိုင်တွယ်ဖြရှင်းရန် လိုအပ်နေသည်ဟု ဖော်ပြထားပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုအတွက်လည်း မေးခွန်းထုတ်ထားသည်။

    လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များမှာ လူများစု ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မှုများကို ဆိုးရွားစွာခံစားခဲ့ရပြီး တစ်ခါတရံ ထိုအကြမ်းဖက်မှုများတွင် လုံခြုံရေးတပ်ဖွဲ့များပါ ပါဝင်ကျူးလွန်ခဲ့ကြသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထိုကဲ့သို့ပြစ်မှုကျူလွန်သူများအား ၎င်းတို့၏ ပြစ်မှုများအတွက် အပြစ်ပေးနိုင်ရန် လုပ်ဆောင်စရာ များစွာရှိနေသည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မြန်နိုင်ငံအပေါ် ဆက်ဆံရေးပြောင်းလဲခြင်း လက္ခဏာအဖြစ် “မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့” (Group of Friends on Myanmar) ၏ ထိုအစည်းအဝေးတွင် ယခင်အပယ်ခံ မြန်မာနိုင်ငံအား ပထမဦးဆုံးကြိမ်ဖိတ်ကြားခဲ့သည်။

    Ref: AP

  • ပြုပြင်ရေးကတိ အကောင်အထည်ဖေါ်ဖို့ ဘန်ကီမွန်းတိုက်တွန်း

    ဇူလိုင်-၁၁၊၂၀၁၃
    VOA (မြန်မာပိုင်း) မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။

    Ban Ke-Moon and U Thein Sein

    သမ္မတ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ပြဿနာတွေ ကြုံနေရတာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း ပြောခဲ့ကြတာပါ။

    အပြောင်းအလဲတွေ စတင်လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လက်တွေ့ ဖြေရှင်းသွားဖို့ အရေးတကြီး လုပ်ဆောင်စရာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း အစိုးရနဲ့အတူ လူထုကလည်း ၀ိုင်းဝန်းပံ့ပိုးကြဖို့ လိုအပ်တဲ့အကြောင်း အလေးထား ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

    “နောက်ကြောင်း ပြန်မလှည့်ဘဲ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဦးတည်တဲ့ လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းပြီး၊ အားလုံး ခွဲဝေခံစားနိုင်တဲ့ တိုးတက်မှုတွေ ရရှိအောင် ဆောင်ကျဉ်းတဲ့အခါ အစိုးရနဲ့ လူထုရဲ့ အားပေးပံ့ပိုးမှုတွေ လိုအပ်တဲ့အကြောင်း အဖွင့်အမှာစကား ပြောကြားရာမှာ အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ အပါအ၀င် ပြီးခဲ့တဲ့နှစ်အတွင်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းခဲ့တာကိုလည်း အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။”

    အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံတွေကလည်း မကြာသေးခင်နှစ်တွေက တိုးတက်ဖြစ်ထွန်းမှုတွေကို အသိအမှတ်ပြု လက်ခံခဲ့ကြပေမဲ့ စိမ်ခေါ်မှုတွေ ရှိနေတာကိုလည်း အလေးထား ပြောခဲ့ကြတဲ့အကြောင်း ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ နိုင်ငံရေးအရ အဖြေရှာဖို့ အပါအ၀င် မကြာသေးခင်တုန်းက ကချင်လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ ဆွေးနွေးသဘောတူညီမှုတွေ ရရှိခဲ့တာကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့ကြပါတယ်။

    မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ် အများစုကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ဆွေးနွေးမှုတွေကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူပြီး တခြားလက်နက်ကိုင် အဖွဲ့တွေပါ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဦးတည်တဲ့အထိ ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

    တချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်ထဲ လူပေါင်း ၂၀၀ လောက် သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ တခြားမြို့ရွာတွေမှာပါ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆွေးနွေးပွဲမှာ လွှမ်းမိုးနေခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Nesirky က ပြောပါတယ်။

    “လူမှုအသိုင်းအ၀ိုင်းကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် အကြီးအကျယ် စိတ်ပျက်ရတာကိုလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တယ်လို့ ဆိုတဲ့အပြင်၊ လူသားချင်း စာနာထောက်ထားရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့လည်း စိတ်အနှောက်အယှက် ဖြစ်တာကို ပြောသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အစွန်းရောက်တဲ့ အခြေအနေတွေ ပေါ်ပေါက်နေတာဟာ အန္တာရာယ်ကြီးမားလှပြီး၊ တိတိကျကျ အရေးတကြီး မဖြေရှင်းဘူး ဆိုရင်တော့ ရှိနေတဲ့ တင်းမာမှုတွေကနေ အုံကြွမှုတွေ ပိုမိုကြီးထွားလာရာက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သလို၊ ဒေသတွင်းမှာလည်း အနှုတ်လက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ပြောပါတယ်။”
    ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ လူမှုအသိုင်းအ၀ိုင်းကြားက တင်းမာမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး ဒီမိုကရေစီ အခြေခံတွေ တည်ဆောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့ အကြောင်းလည်း အတွင်းရေးမှူးချုပ်က ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်း စာနာမှုဆိုင်ရာ စိမ်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂအနေနဲ့ ဆက်လက် အားပေးကူညီသွားဖို့လည်း ကတိပြုခဲ့တာပါ။

    အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေ အပါအ၀င် မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ နောက်ဆုံး ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း ကျင်းပခဲ့တာဖြစ်ပြီး၊ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေမှာ မြန်မာအစိုးရက ပါဝင်ဖို့ အတွက်လည်း ဖိတ်ခေါ်ထားတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

    အတွင်းရေးမှူးချုပ်နဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ အစ္စလာမ်အဖွဲ့ချုပ် (OIC) ကလည်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြီး မြန်မာနိုင်ငံတွင်းက မူဆလင်တွေအပေါ် တိုက်ခိုက်ခံနေရတဲ့အပေါ် အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။

    နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကောင်းမြင် သဘောထားတွေ ပြောဆိုနေကြပေမဲ့လည်း လက်တွေ့မှာတော့ မူဆလင်လူနည်းစုတွေဟာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗီးယား သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင် အများစုက ကျူးလွန်နေတာ မဟုတ်ပေမဲ့လည်း လူမဆန်တဲ့ လုပ်ရပ်တွေကိုလည်း လက်မခံသင့်ဘူးလို့ OIC တာဝန်ရှိသူတွေက ပြောဆိုသွားခဲ့ကြပါတယ်။

    VOA မူရင်းသတင်းလင်ခ် => http://burmese.voanews.com/content/un-burma/1699404.html
    Secretary-General Statement Link=>Click Here