News @ M-Media
Tag: Bodu Bala Sena
  • မြန်မာ-သီရိလင်္ကာ သာသနာရေးကို ဦးဝီရသူ အိုးမဲသုတ် ဟု မွန်လူမျိုး သံဃာတော် တပါးပြောကြား
    မြန်မာ-သီရိလင်္ကာ သာသနာရေးကို ဦးဝီရသူ အိုးမဲသုတ် ဟု မွန်လူမျိုး သံဃာတော် တပါးပြောကြား
    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo-The Republic Square)
    ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရပြီး  သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့ ၉၆၉ လှုပ်ရှားမှု အင်အားစုတို့ လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ပြောကြားခဲ့တဲ့ ဦးဝီရသူရဲ့ မိန့်ခွန်း အပေါ် မွန်လူမျိုး သံဃာတော်တပါးဖြစ်တဲ့ U Ravika က သူသဘောထားအမြင်ကို ၄င်းရဲ့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ U Ravika ရဲ့ ရေးသားမှုကို M-Media စာဖတ်ပ၇ိတ်သတ် ဖတ်ရှုနိုင်အောင် မူရင်းအတိုင်း ကူးပြီးတင်ပြပေးလိုက်ပါတယ်။
    မြန်မာ-သီရိလကာင်္ သာသနာရေးကို ဆရာတော်ဝီရသူ အိုးမဲသုတ်
    အရှင်ပန်စတေးတပ်စ်ကို မန့်ဖို့ စိတ်ကူးပေမဲ့ စကားက နည်းနည်းရှည်နေလို့ ကိုယ့်စတေးတပ်စ်အဖြစ်နဲ့ ရေးတင်လိုက်ပါတယ်။
    ဆရာတော်ဝီရသူကို ဖိတ်ကြားတဲ့ Bodu Bala Sena အဖွဲ့ဟာ မူစလင်ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်လို့ ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပေမဲ့ မကုဋာရာမမြန်မာကျောင်းနာယကဆရာတော်များက ငြင်းဆိုခဲ့ကြောင်း အရှင်ပန်က ရေးတယ်။
    ဆရာတော်ဦးဝီရသူ မိန့်ခွန်းကို မနေ့ကပဲ နားထောင်ခဲ့ပါတယ်။ ထူးထူးခြားခြား မပါလို့ စိတ်မဝင်စားသလို သူ့အကြောင်းကို မန့်ရင် အလကားသက်သက် ၉၆၉ အတွက် အားဆေးတစ်ခွက် ဖြစ်နေမှာစိုးလို့ မရေးခဲ့ပါ။
    ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။ မကုဋာရာမအရေးကို ရင်လေးကြောင်း ဆိုပြီး မဟနက မြန်မာသံရုံးကတစ်ဆင့် သိမ်းဖို့ ကြိုးစားရာ ခုခံသူထဲမှာ မိမိပါခဲ့ပါတယ်။ အရှင်ပန်လည်း ဒီအကြောင်းကို အသိဆုံးပါ။
    ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။
    ဝါသနာ ပါသပဆိုရင် မူစလင်မလေးတွေ နောက်ဖေးမှာ အဝတ်လျှော် အဝတ်လှန် လုပ်ရင် မျက်စိစားပွဲထိုး လုပ်လို့ ရတယ်။ တံတိုင်းတစ်ခုပဲ ခြားတဲ့ မူစလင်အိမ်တွေပါ။ ဒါပေမဲ့ ဘုန်းကြီးများက မူစလင်မလေးများကို စိတ်မဝင်စားသလို မူစလင်များကလည်း မြန်မာကျောင်းကို မျက်စိဒေါက်ထောက် ကြည့်မနေကြပါ။ ဘုန်းတော်ကြီးများက မူစလင်တွေ ရောင်းတဲ့ ဘိုရယာနီ ထမင်းထုပ်ကိုပဲ ဝင်ဆွဲကြပါတယ်။
    ဆရာတော်ဝီရသူက မူစလင်တို့ ကန့်ကွက်နေတဲ့ကြားမှာ သူ့ကို ခွင့်ပြုခဲ့တဲ့ သီရိလကာင်္သမ္မတ မဟိန္ဒရာဇပက္ခကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ဝီရသူ သီရိလကာင်္ရောက်တာနဲ့ ချိန်ကိုက်ပြီး စစ်တပ်အားပေး ဒီမိုယောင်ယောင် လစ်ဘရယ် ဟန်ဆောင်သူ တစ်ယောက်ဟာ သီရိလကာင်္ သမ္မတကို မျိုးချစ်တစ်ဦး အဖြစ် သတ်မှတ်ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သူ ဖြစ်လို့ အာဇနည်တစ်ဦးဖြစ်ကြောင်း အမွှန်းတင်ခဲ့ပါတယ်။
    သူက ဆက်ပြီး မြန်မာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို သူပုန်လို့ သတ်မှတ်ပြီး မြန်မာပြည်ကို ကရင်ပြည်မဖြစ်အောင် ကာကွယ်နိုင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ကို ကျေးဇူးတင်သင့်ကြောင်း ဖော်ညွှန်းခဲ့ပါတယ်။ တိုင်းရင်းသားများကို အပြုတ်တိုက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆော်အော်ခဲ့ရာ ကြိုက်သူထဲမှာ ဒီမိုအချို့တောင် ရောပါသွားခဲ့ပါတယ်။
    ဒီတော့ ဆရာတော်ဝီရသူမစ်ရှင်ဟာ ငြိမ်းချမ်းရေးမစ်ရှင်တစ်ခု မဟုတ်ဘူး။ ပုဂံခေတ်က ရှိခဲ့တဲ့ မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ မြန်မာဆရာတော်များရဲ့မစ်ရှင်များ၊ ဟံသာဝတီခေတ်က မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အင်းဝခေတ်ရှိမြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ကုန်းဘောင်ခေတ်က ရာမညနိကာယမွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အမရပူရ မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ အင်္ဂလိပ်ခေတ်က မကုဋာရာမစတဲ့ မြန်မာကျောင်းများကို တည်ထောင်ခဲ့တဲ့ မွန်မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ရွှေကျင်သာသနာကို စတင်ခဲ့တဲ့ မြန်မာဆရာတော်များရဲ့ မစ်ရှင်များကို မှေးမှိန်စေပါတယ်။
    သူဟာ ၂၀၀၇ ရွှေဝါရောင်တုန်းက ရခဲ့တဲ့ ရဟန်းများရဲ့ ကမ္ဘာ့ထောက်ခံမှုကို ပျက်စီးအောင် လုပ်ခဲ့သူ ဖြစ်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ကျောင်းသား၊ တိုင်းသူပြည်သား၊ ဘုရားသား(၃)မျိုးထဲမှာ ဘုရားသားတော်ဖြစ်တဲ့ သံဃာတော်များက ဒီမိုကရေစီတိုက်ပွဲကို စိတ်မဝင်စားဘဲ စစ်အာဏာရှင်စနစ်ကို ထောက်ခံလာအောင် စည်းရုံးနေသူ ဖြစ်တယ်။ ဘုရားသားတော်များကို အသုံးချလို့ ပြည်သူပြည်သားများကိုလည်း နိုင်ငံရေးကို စိတ်မဝင်စားစေဘဲ သိန်းစိန်ကို ထောက်ခံအောင် စည်းရုံးနေသူ ဖြစ်တယ်။ အခု မြန်မာသီရိလကာင်္မှာ ရှိနေခဲ့တဲ့ သာသနာရေးဆိုင်ရာကူးလူးဆက်ဆံမှုကိုပါ အိုးမဲသုတ်ခဲ့ပါပြီ။
    မူရင်းလင်ခ် =>https://www.facebook.com/ven.ravika/posts/568065456655027
  • ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း
    ဦးဝီရသူနဲ့ သီရိလင်္ကာ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်း
    10678764_282805781912668_7184040548524533382_n
    တနင်္ဂနွေနေ့က ကိုလံဘိုလေဆိပ်မှာ တွေ့ရတဲ့ ဒေသခံ အစွန်းရောက် Bodu Bala Sena အုပ်စု နဲ့ ဦးဝီရသူ (Photo: Bodu Bala Sena Blog / Facebook)
    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    ဦးဝီရသူက သီရိလင်္ကာမှာရှိတဲ့ မူဆလင်ဆန့်ကျင်ရေးအုပ်စုနဲ့ တွဲဖက် လုပ်ဆောင်မယ်လို့ ကြေညာ လိုက်ပါတယ်။
    သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့  ၉၆၉ လှုပ်ရှားမှု အင်အားစုတို့  လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။
    Bodu Bala Sena (BBS) အင်အားစုက သီရိလင်္ကာမှာရှိတဲ့ မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ်လို့ စွပ်စွဲခံနေရပါတယ်။
    ဦးဝီရသူက သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ထောင်နဲ့ချီတဲ့ သံဃာတွေနဲ့ တွေ့ဆုံခဲ့တာပါ။
    မူဆလင် ဘာသာရေး၊ နိုင်ငံရေး အဖွဲ့တွေက ကန့်ကွက်နေပေမယ့်လည်း သီရိလင်္ကာ အာဏာပိုင်တွေက ဦးဝီရသူရဲ့ ခရီးစဉ်ကို ခွင့်ပြုခဲ့ပါတယ်။
    ဒါကတော့ ဧရာဝတီသတင်းစာမျက်နှာ
    http://www.irrawaddy.org/burma/burmas-wirathu-sri-lanka-buddhist-radicals-join-hands.html မှာ ဖော်ပြထားတဲ့
    Burma’s Wirathu and Sri Lanka Buddhist Radicals Join Hands ဆိုတဲ့ သတင်းကို ဆီလျော်အောင် ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။
    AFP သတင်းတပုဒ်မှာတော့
    ကမ္ဘာတလွှားမှာ အခြိမ်းခြောက်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ၉၆၉ လှုပ်ရှားမှုက BBS နဲ့ ပူးပေါင်းမယ် ဆောင်ရွက်မယ်၊
    ဗုဒ္ဓဘာသာဝင်တွေဟာ ဂျီဟတ်အုပ်စုတွေ ခြိမ်းခြောက်တာကို အကြီးအကျယ်ခံနေရတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သည်းခံမှုက အားနည်းချက်လို ဖြစ်နေပါပြီ၊ ဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ မိဒီယာအဖွဲ့အစည်းတွေက နည်းပညာတွေသုံးပြီး ပါဝင်နေကြတယ် လို့လည်း ဦးဝီရသူက မိန့်ကြားကြောင်း ရေးသားထားပါတယ်။
    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။
    http://blog.irrawaddy.org/2014/09/blog-post_367.html
  • မွတ်စလင် ဆန့်ကျင်သူ ဦးဝီရသူ လာရောက်မှု  သီရိလင်္ကာ မွတ်စလင်ကောင်စီ စိုးရိမ်
    မွတ်စလင် ဆန့်ကျင်သူ ဦးဝီရသူ လာရောက်မှု သီရိလင်္ကာ မွတ်စလင်ကောင်စီ စိုးရိမ်
    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    10678764_282805781912668_7184040548524533382_n
    – မြန်မာနိုင်ငံမှ မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ အဖွဲ့ခေါင်းဆောင်ဆရာတော် ဦးဝီရသူအား သီရိလင်္ကာသို့ လာရောက်ရန် ဖိတ်ကြားခဲ့မှုကြောင့် ရိမ်မှုများ မြင့်တက်နေကြောင်း သီရိလင်္ကာ မွတ်စလင်ကောင်စီက  ကြေညာချက်ထုတ်ပြန်လိုက်သည်။
    မွတ်စလင်ဆန့်ကျင်ရေး ခေါင်းဆောင်ဖြစ်သည့် ဦးဝီရသူ၏ လှုံဆော်ခဲ့မှုများကြောင့် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာပြည်မှ မွတ်စလင်များ သတ်ဖြတ်ခဲ့မှု အတွက် တာဝန်ရှိသူ တစ်ဦးလည်းဖြစ်သည်။
    ဦးဝီရသူအား သီရီလင်္ကာ၌ ပြုလုပ်မည့် သံဃာကောင်စီသို့ တက်ရောက်ရန် အတွက် သီရိလင်္ကာရှိ Bodu Bala Sena  အဖွဲ့က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ သီရိလင်္ကာမွတ်စလင်ကောင်စီ ဥက္ကဌ မာဟင်ဒါ ရာဂျာပက်ဆာက  သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်စေထံ လိပ်မူပြီး ရေးသား ထားတဲ့ပေးစာမှာ မြန်မာမွတ်စလင်များ အပေါ် အကြမ်းဖက်မှုများစွာ ဖြစ်စေခဲ့သော ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေခြင်းက သီရိလင်္ကာနိုင်ငံက ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုအတွက် ခြိမ်းခြောက်မှု ဖြစ်လာ လိမ့်မည်ဟု ဖော်ပြခဲ့သည်။
    “ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများကဆိုရင် သူဟာ  အစ္စလာမ်သာသနာ ကြီးထွားလာမှုက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို အန္တရာယ်ရှိစေတဲ့ဆိုတဲ့ မီးထိုးပေးတဲ့ တရားဟောပြောမှုတွေပြုလုပ်ကာ မြန်မာမွတ်စလင် လူနည်းစုတွေအပေါ် အကြမ်းဖက်မှုကျူးလွန်ဖို့ လှုံ့ဆော်သူအဖြစ် စွပ်စွဲခဲ့ကြပါတယ်။ သံဃာကောင်စီ အစည်းအဝေးမှာ သူရှိနေမှုနဲ့ သူ့ရဲ့မိန့်ခွန်းပြောမှုဟာ ဇွန်လ အတွင်းက Aluthgama နဲ့ Beruwela မှာ ပဋိပက္ခတွေကိုဖြစ်စေတဲ့ ဟောပြောမှုတွေလုပ်ခဲ့တဲ့ ဘုန်းကြီး Galabode Aththe Ganansara  ရဲ့ မိန့်ခွန်းလိုမျိုး မွတ်စလင်တွေ အပေါ် အကြမ်းဖက်မှုတွေ ဖြစ်လာဖို့ လှုံ့ဆော်တာ မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဦးဝီရသူသာ သီရိလင်္ကာကို ၀င်ရောက်ခွင့်ရခဲ့ရင် သိရိလင်္ကာအစိုးရဟာ တိုင်းပြည်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေ ဖြစ်အောင်လုပ်နေတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့ နည်လမ်းတွေကို အားပေးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာနိုင်ပါတယ်” ဟု ထိုစာတွင် ရေးသားခဲ့သည်။
    ထို့ပြင် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် Bodu Bala Sena  နှင့် ၉၆၉ အဖွဲ့တို့၏ ဆက်စပ်မှုမှာ ပြီးခဲ့သည့်လအနည်းငယ်က Ven. Gnanasara Thero  မြန်မာနိုင်ငံသို့ သွာရောက်ပြီးနောက်ပိုင်း စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
    ထို့ပြင် ဦးဝီရသူအား သီရိလင်္ကာသို့ဝင်ရောက်ခွင့် ဗီဇာထုတ် မပေးရေးအတွက်လည်း သီရိလင်္ကာရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ ကိုယ်စား သီရိလင်္ကာမွတ်စလင်ကောင်စီက အစိုးရကို မေတ္တာရပ်ခံခဲ့သည်။
    သို့သော် ဦးဝီရသူများ ယနေ့ သိရိလင်္ကာနိုင်ငံသို့ေ၇ာက်ရှိသွားပြီဖြစ်ကြောင်းကို သိရိလင်္ကာသတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရှိရပါသည်။
    ref_ colombogazette
    ဓါတ်ပုံအညွှန်း- ဦးဝီရသူ ယနေ့ သီရိလင်္ကာနိုင်ငံ ကိုလံဘို လေဆိပ်သို့ ရောက်ရှိစဉ်
  • ဒေါသူပုန် ထနေတဲ့ ဗုဒ္ဓဘာသာဝင်များ သီရိလင်္ကာပြည်ကြီးကို မွတ်စလင်များ အတွက် ငရဲဘုံအဖြစ် ဖန်တီးနေ
    သဂုတ်လ- ၂၇ ရက်၊ ၂၀၁၃
    ဘာသာပြန်ဆို – မြင့်မိုရ်မောင်မောင်
    မူရင်းဆောင်းပါးရှင်- Joseph Cox
    သီရိလင်္ကာတွင် မွတ်စ်လင်မ်တို့ တိုက်ခိုက်ခံနေရသည်။  ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုများသည် လမ်းမများပေါ်ထွက်၍ မွတ်စ်လင်မ်တို့၏လုပ်ငန်းဌာနများ၊ ၀တ်ပြုနေရာများကို တိုက်ခိုက်ဖျက်ဆီးပြီး သွေးထွက်သံယိုများလည်းရှိခဲ့သည်ဟု လက်ရှိသတင်းများက ညွှန်ပြနေသည်။ မချက်ပြုတ်ရသေးသည့် ၀က်သားကို ဗလီဝတ်ကျောင်းများထဲ ပစ်သွင်းခြင်း၊ ဟလာလ်တံဆိပ်များကို တားမြစ်ပိတ်ပင်ခြင်း၊ အစိုးရဝေဖန်ရေး၌ထင်ရှားသူ အာဇဒ် စာလီအား ဖမ်းဆီးလိုက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်များအနက် ထိထိရောက်ရောက်ကိုင်တွယ်လိုက်သည့် ကိစ္စမှာ သီရိလင်္ကာ၏အကြီးမားဆုံးမြို့ ကိုလံဘိုရှိ ဗလီဝတ်ကျောင်းတစ်ခုကို ဗုဒ္ဓဘာသာလူရမ်းကားတစ်စုမှ အဓမ္မပိတ်ပင်စေမှုအပေါ် အစိုးရကွန်မန်ဒိုများက တရားဥပဒေစိုးမိုးရေးအတွက် ဖြိုခွင်းခဲ့သည်။ လူရမ်းကား ၄ ဦး ဒဏ်ရာရခဲ့ပြီး ထိုနေရာတစ်ဝိုက်ကို နေ၀င်မီးငြိမ်း ကာဖျူးအမိန့်ထုတ်ပြန်လိုက်သည်။
    သီရိလင်္ကာတွင် မွတ်စ်လင်မ်တို့၏ ဘာသာရေးနှင့်ဟောပြောမှုလွတ်လပ်ခွင့်များမှာ ခြိမ်းခြောက်ခံနေရကြောင်း အစ္စလာမ့်နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် All Ceylon Jamiyyathul Ulama မှ မော်လ၀ီ ဖဇိလ် ဖာရူးက် က (ဆောင်းပါးရှင်သို့) ပြောကြားသည်။ ၄င်းပြင် အကြမ်းဖက်တိုက်ခိုက်သည့်အဖွဲ့အဖြစ် ကျော်ကြားနေသော (ဗုဒ္ဓဘာသာအင်အားစုတပ်ဖွဲ့ဟု အကြမ်းဖျင်းဘာသာပြန်ရမည့်) Bodu Bala Sena ဂိုဏ်းတည်ရှိရာအား ညွှန်ပြခဲ့သည်။ မွတ်စ်လင်မ်နှင့်ခရစ်ယာန်အုပ်စုများ၏ အန္တရာယ်အောက်သို့ရောက်နေသော ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကာကွယ်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ၄င်းတို့က ဆိုကြသည်။ သီရိလင်္ကာနိုင်ငံရှိလူဦးရေပမာဏအားလုံး၏ ၇၀ % မှာ ဗုဒ္ဓဘာသာဝင်များဖြစ်၍ မွတ်စ်လင်မ်နှင့်ခရစ်ယာန်တို့မှာကား ၁၀ % အောက်မှာသာရှိနေကြသည်။ သို့သော်လည်း မိမိ၏အဖွဲ့အစည်းသည် မည်သည့်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု Bodu Bala Sena ၏ CEO    ဖြစ်သူ ဒီလန်သေး ၀ီသီနေ့ဂ်ျ (Dilanthe Withinage) က ဗြောင်ငြင်းခဲ့သည်။ ၄င်းနောက်တွင်တော့ အတိုင်းထက်အလွန် ကျယ်ပြန့်သွားရသည့်ဖြစ်အင်အပေါ်ကာကွယ်သည့်အားဖြင့် ၄င်းမှ ကျွန်ုပ်(ဆောင်းပါးရှင်)အား ဤသို့ ဖုန်းဖြင့် ပြောကြားသည်။
    “ မနေ့ညက ကျွန်တော် ကိုလံဘိုမြို့ပြင် တစ်နေရာမှာ ရှိနေခဲ့တယ်။ အဲ့ဒီ(အခင်းဖြစ်ပွားတဲ့) နေရာမှာရှိတဲ့ ၈၀ % နှုန်းသောလူတွေက မွတ်စ်လင်မ်တွေပါ။ သူတို့တွေ သွားလာစားသောက်မပျက်ကြပါဘူး။ ဒါက ပြဿနာကြီးတစ်ခုလို့ ကျွန်တော် မထင်ပါဘူး ”။
    လက်တွေ့အခြေအနေတွင်မူ မွတ်စ်လင်မ်တို့မှာကား သီရိလင်္ကာ၌ စိုးတထိတ်ထိတ်ဖြင့် နေထိုင်စားသောက်နေကြရ၏။ သူတို့၏မျက်နှာထံ ၀က်သားဖတ်များဖြင့် တမင်သက်သက် ပစ်ပေါက်ခံရခြင်း စသည်တို့ကိုပင်လျှင် ပြန်လည်တုန့်ပြန်ခွင့် မရကြချေ။
    1d2ca9b3f5e979dc45c7554175833140
    Bodu Bala Sena ဂိုဏ်း၏ အကြီးအကဲတစ်ဦး Dilanthe Withinage (၀ဲဖက်လူ)
    နိုင်ငံတွင်းမွတ်စ်လင်မ်တို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဒုက္ခပေးချက်တစ်ရပ်ဖြစ်သော ဟလာလ်တံဆိပ် ဟန့်တား ပိတ်ပင်မှုနှင့်စပ်လျဉ်း၍ Withinage က “ အဲ့ဒါက မွတ်စ်လင်မ်တွေ နှစ်သက်ခွင့် ရှိပါတယ် ” ဟု ဆိုသော်ငြား “ ဟလာလ်တံဆိပ်ဟာ အစ္စလာမ် နဲ့ မွတ်စ်လင်မ် အခြေခံမူတွေကို အားပေးအားမြှောက်ပြုဖို့ မွတ်စ်လင်မ်အဖွဲ့အစည်းတွေက အသုံးချတဲ့ အရာသာဖြစ်တယ်။ မီဒီယာတွေက အကြမ်းဖက်မှုလို့ ခေါင်းစဉ်တပ်ပါလိမ့်မယ်။ ဖြစ်ပျက်မှုအချို့ကတော့ ရှိပါတယ်။ ဒါပေမယ့် သီရိလင်္ကာမှာ မွတ်စ်လင်မ်တွေနဲ့ဗုဒ္ဓဘာသာဝင် လူ့အသိုင်းအ၀ိုင်းအကြားမှာ ကြီးကြီးမားမား ပဋိပက္ခဖြစ်နေတယ်လို့ မထင်မိပါဘူး ” ဟုလည်း တစ်ဖက်လှည့်ထောက်ပြခဲ့ပြန်သည်။
    ကိုယ်တိုင်ကိုယ်ကျကြုံဆုံမှု မရှိပါလျှင် ဘာသာရေးစော်ကား နှိပ်ကွက်မှု မဟုတ်လောက်ပါဟု အလွယ်တကူ ကောက်ချက်ချမိပေလိမ့်မည်။ ကျွန်ုပ်သည် အစ္စလာမ်အပေါ် တစ်ဖက်သတ် အမုန်းပွားရွံကြောက်မှုဆိုင်ရာ ဖြစ်ရပ်ပေါင်း ၁၃၀ ထက်မနည်း မှတ်တမ်းတင် သုတေသနပြုပြီးမှ ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်သည်။  ယင်းမှတ်တမ်းတင်ချက်များ၌ မွတ်စ်လင်မ် လုပ်ငန်းရှင်များကို ပြန်ပေးဆွဲရန် ကြိုးပမ်းခြင်း၊ မွတ်စ်လင်မ်အိမ်များရှေ့တွင် ၀က်ခေါင်းများကို ချိတ်ဆွဲပြသခြင်း စသည်တို့လည်းပါဝင်သည်။ ထိုလုပ်ရပ်များက Bodu Bala Sena ဂိုဏ်း၏ လှုံ့ဆော်မှုများနှင့် တိုက်ရိုက် ပတ်သက်လျက်ရှိပေသည်။
    သီရိလင်္ကာရှိ မွတ်စ်လင်မ်နှင့် ဗုဒ္ဓဘာသာဝင်တို့အကြား တင်းမာမှုနှင့်စပ်လျဉ်း၍ Bodu Bala Sena ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သော Withinage ၏ အဆိုမှာ အဖြစ်မှန်နှင့်များစွာ ကွာဟနေသည်။
    “ ဗုဒ္ဓဘာသာဝင်တွေရဲ့နောက်ထပ် ပစ်မှတ်ဟာ မိမိတို့ဘဲ ဖြစ်တော့မလား (လူတွေကိုတိုက်ခိုက်မှုဖြစ်လာမလား) ဆိုပြီး မွတ်စ်လင်မ်တွေ ကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။ ဒီကိစ္စဟာ အနှေးနဲ့အမြန်ဆိုသလို ပွင့်အံတော့မယ်လို့ သူတို့ထင်မြင်နေကြပါတယ် ” ဟု ဆိုသူကဆိုကြသည်။ ဤအနေအထားက တစ်သမတ်တည်းတော့ မဟုတ်ပေ။ ဗလီဝတ်ကျောင်းတစ်လုံးအား တိုက်ခိုက်ခံရစဉ်က ထိုဒေသရှိ မွတ်စ်လင်မ်တို့သည် အင်အားအလုံးအရင်းဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း Perera ဆိုသူမှ ကျွန်ုပ်အား ပြောပြခဲ့သည်။
    သို့ဖြစ်လျှင် အကြမ်းဖက်မှုအား အမှန်တကယ် ဖြစ်ပွားစေသည်မှာ အဘယ်အရာပါနည်း ? ဒေသတွင်း  မတည်ငြိမ်မှု လှိုင်းထခြင်း ထပ်မံဖြစ်ပွားခြင်း နောက်ကွယ်အကြောင်းရင်းမှန်က အဘယ်အရာပါနည်း ?
    ဗုဒ္ဓတရားနှင့်ဆန့်ကျင်၍ (အထက်ဖော်ပြပါအတိုင်း) နှိပ်စက်စော်ကားကြသည့် လုပ်ရပ်များကြောင့်ဖြစ်ကြောင်း သိသာထင်ရှားနေပါ၏။
    သို့သော် ၂၀၀၃ ခုနှစ်တွင် တမီလ်ကျားအဖွဲ့အား အပြီးသတ်ဖြိုခွင်းသည့် သွေးချောင်းစီးပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ရာ လူပေါင်းတစ်သိန်းမျှ သေကြေပျက်စီးခဲ့သည်။ ထိုအချိန်မှစ၍ လူများစုဖြစ်သော ဆင်ဟာလီလူမျိုးတို့အတွင်း အစွန်းရောက်အမျိုးသားရေးအမြင်က စိမ့်ဝင်ကြီးထွားလာသည်။
    b9b52cbb35f54768009b037e0e4fb6f4
    ( ယခုနှစ်အစောပိုင်းတွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးသမားတစ်ဦးက ဗလီတစ်ခုကို ဆေးမှုတ်ရေးခြစ်ရမ်းကားနေစဉ်)
    “ ကိုလံဘိုက မွတ်စ်လင်မ်ဝတ်ကျောင်း တစ်ခုအပေါ် တိုက်ခိုက်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်ဟာ  လွန်ခဲ့တဲ့အချိန်ကာလထက်စာယင် ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားဝါဒီတွေ အဆမတန်ကြီးထွားလာတဲ့ လက္ခဏာာကို ပြသနေတာပါဘဲ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အတွေးထဲမှာ သီရိလင်္ကာကို ဗုဒ္ဓဘာသာတိုင်းပြည်လို့ ထင်နေကြတယ်။ (ပြီးခဲ့တဲ့) စစ်ပွဲကို အနိုင်ရဖို့အတွက် အစိုးရက ဒီအမျိုးသားရေးဝါဒကို အသုံးချခဲ့တာဖြစ်တယ်။ အစိုးရက သူတို့ကိုယ်ကျိုးအတွက် ပျက်လို ဖျက်ဆီးဖြစ်ပွားစေတာမျိုးပါ ” ဟု Perera မှ ရှင်းလင်းသုံးသပ်ပြ၏။
    အကြမ်းဖက်မှုများ ကျယ်ပြန့်လာလင့်ကစား ရဲတပ်ဖွဲ့ဝင်တို့မှ မဆိုစလောက်မျှသာ ဟန့်တားနေခြင်းက ဤအချက်ကြောင့် ဖြစ်ပေလိမ့်မည်။
    “ ဗုဒ္ဓဘာသာဝင်တွေက မွတ်စ်လမ်မ်တွေကို ဆန့်ကျင်ပြီး ဘာသာရေး တင်းမာမှုဖြစ်ပွားလာယင် အစိုးရအတွက် လွတ်လမ်းတစ်ခု တိုးတာပေါ့။ အစိုးရက သူတို့နောက်ကွယ်မှာ ဗုဒ္ဓဘာသာဝင်တွေကို အင်အားစုအဖြစ်အသုံးချမှာဖြစ်လို့ ဟုတ်တိပတ်တိ တုန့်ပြန်အရေးယူမှာ မဟုတ်ဘူး ” ဟု ထိုသူကပင် ထပ်မံပြောပြလေသည်။
    သီရိလင်္ကာဖြစ်ရပ်များသည် မြန်မာနိုင်ငံမှပုံ ရိပ်များ၏ ရောင်ပြန်ဟပ်မှုဖြစ်လာပြီလောဟု စိုးရိမ်စရာ ရှိပါသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စ်လင်မ်များအပေါ် ဗုဒ္ဓဘာသာဝင်တို့၏အကြမ်းဖက်မှုမှာ (တစ်နိုင်ငံလုံးရှိ အခြား မွတ်စ်လင်မ်များအထိ) ကြီးထွားကျယ်ပြန့်လာသည်နှင့်အမျှ ရိုဟင်ဂျာအချို့သည် လှေငယ်များဖြင့် ပင်လယ်ဖြတ်စွန့်စားခဲ့ကြကုန်သည်။ “ မြန်မာအစိုးရကဖြစ်စေ ဗုဒ္ဓဘာသာဝင်မြန်မာတွေကဖြစ်စေ ဒီလိုရှေ့ဆက်မှုကို မရပ်တန့်ဘူးဆိုယင် အလ်ကိုင်ဒါရဲ့မိတ်ဖက် အစ္စလာမ်အစွန်းရောက်တွေကို ဒီဒေသတွင်းထဲရောက်လာအောင် လက်ယပ်ဖိတ်ခေါ် နေရာရောက်ပါတယ် ” ဟု သမိုင်းပညာရှင်နှင့်စာရေးဆရာ ဂျပ်စ်တင် ၀င်းထဲလ်(Justin Wintle) မှ ပြောဆိုသည်။
    “ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်တည်မှုအရေးနဲ့ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်တယ်။ သူတို့ဟာ တိုင်းတစ်ပါးသားတွေအဖြစ် သတ်မှတ်ခံနေရတယ် ” ဟု HRW မှ Meenakshi Ganguly ကလည်း ကျွန်ုပ်အား ပြောပြသည်။
    သီရိလင်္ကာမွတ်စ်လင်မ်များသည် မြန်မာမွတ်စ်လင်မ်များထက်တော့ လုံခြုံမှုများစွာ ရှိနေပါသေးသည်။ ၄င်းတို့အဖို့ နိုင်ငံသားကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်လာရန်လည်း အကြောင်းမမြင်ပါ။ သို့ရာတွင် သီရိလင်္ကာ၌ မွတ်စ်လင်မ်ဆန့်ကျင်ရေး မှိုင်းတိုက်မှု ပိုမိုအားကောင်းလာလျှင် ရှေ့ဆက်ဘာဖြစ်မည်ကို မဆိုနိုင်သေးချေ။ Jehan Perera ထံမှရရှိသော အထောက်အထားများအရ အချို့က မွတ်စ်လင်မ်တို့အား နိုင်ငံ၏အရပ်ဒေသတစ်ခုသို့ တစ်ဦးမကျန် ထွက်ခွာသွားစေရန် လှုံ့ဆော်နေကြလေသည်။
    “ သီရိလင်္ကာနိုင်ငံဟာ ကြောက်ခမန်းလိလိ ထိခိုက်သေကြေမှုတွေနဲ့အတူ ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရပြီးပါပြီ ” ဟု Ganguly မှ ထပ်မံဆိုလိုက်သည်။
    ၂၀ ရာစုနှောင်းပိုင်းအတွင်း သွေးမြေအကျဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာရှိ စော်ကားမှုအခံရဆုံးမွတ်စ်လင်မ်တို့မှ ကြုံနေရသည့် အကြမ်းဖက်မှုများအပေါ် လက်တုန့်ပြန်လာခဲ့မည် ဆိုပါက အဖြစ်ဆိုးကြီးတစ်ရပ် ကြုံဆုံရပေတော့မည်။ သီရိလင်္ကာအစိုးရအနေနှင့် ဤပဋိပက္ခများကို ပြတ်သားစွာဖြင့် ကိုင်တွယ်ခြင်း မစတင်ပါလျှင် နှစ်အနည်းငယ် သက်တမ်းမျှသာရှိသေးသော ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမှာ နောက်ကြောင်းပြန်လှည့် ပျက်သုဉ်းရခြင်းကို ကျွန်ုပ်တို့မှ တွေ့မြင်ရတော့မည်ဖြစ်ပါ၏။
    Joseph Cox ၏ Furious Buddhists Are Making Life Hell for Sri Lanka’s Muslims ဆောင်းပါးကို  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုရေးသားသည်။
    Ref: http://www.vice.com/