စက်တင်ဘာ ၃၀ ၊ ၂၀၁၄
M-Media

ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရပြီး သီရိလင်္ကာမှာရှိတဲ့ Bodu Bala Sena လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာ အင်အားစု နဲ့ ၉၆၉ လှုပ်ရှားမှု အင်အားစုတို့ လက်တွဲ ဆောင်ရွက်သွားကြမယ်လို့ ပြောကြားခဲ့တဲ့ ဦးဝီရသူရဲ့ မိန့်ခွန်း အပေါ် မွန်လူမျိုး သံဃာတော်တပါးဖြစ်တဲ့ U Ravika က သူသဘောထားအမြင်ကို ၄င်းရဲ့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ U Ravika ရဲ့ ရေးသားမှုကို M-Media စာဖတ်ပ၇ိတ်သတ် ဖတ်ရှုနိုင်အောင် မူရင်းအတိုင်း ကူးပြီးတင်ပြပေးလိုက်ပါတယ်။
မြန်မာ-သီရိလကာင်္ သာသနာရေးကို ဆရာတော်ဝီရသူ အိုးမဲသုတ်
အရှင်ပန်စတေးတပ်စ်ကို မန့်ဖို့ စိတ်ကူးပေမဲ့ စကားက နည်းနည်းရှည်နေလို့ ကိုယ့်စတေးတပ်စ်အဖြစ်နဲ့ ရေးတင်လိုက်ပါတယ်။
ဆရာတော်ဝီရသူကို ဖိတ်ကြားတဲ့ Bodu Bala Sena အဖွဲ့ဟာ မူစလင်ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်လို့ ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားပေမဲ့ မကုဋာရာမမြန်မာကျောင်းနာယကဆရာတော်များက ငြင်းဆိုခဲ့ကြောင်း အရှင်ပန်က ရေးတယ်။
ဆရာတော်ဦးဝီရသူ မိန့်ခွန်းကို မနေ့ကပဲ နားထောင်ခဲ့ပါတယ်။ ထူးထူးခြားခြား မပါလို့ စိတ်မဝင်စားသလို သူ့အကြောင်းကို မန့်ရင် အလကားသက်သက် ၉၆၉ အတွက် အားဆေးတစ်ခွက် ဖြစ်နေမှာစိုးလို့ မရေးခဲ့ပါ။
ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။ မကုဋာရာမအရေးကို ရင်လေးကြောင်း ဆိုပြီး မဟနက မြန်မာသံရုံးကတစ်ဆင့် သိမ်းဖို့ ကြိုးစားရာ ခုခံသူထဲမှာ မိမိပါခဲ့ပါတယ်။ အရှင်ပန်လည်း ဒီအကြောင်းကို အသိဆုံးပါ။
ဆရာတော် မိန့်သလိုသာ ဗုဒ္ဓဘာသာတွေဟာ မူစလင်တွေရဲ့ အကြမ်းဖက်မှုကို ခံနေကြရရင် ဒီတစ်ခုကို ထောက်ပြစရာ ရှိတယ်။ မကုဋာရာမကျောင်းဆိုတာ မူစလင်ရပ်ကွက်မှာ ရှိနေတာ ဖြစ်တယ်။ မူစလင်တွေကြားမှာ နေနေရတာ ဖြစ်တယ်။ မိမိကိုယ်တိုင်လည်း နေခဲ့ဖူးတဲ့ ကျောင်းဖြစ်တယ်။
ဝါသနာ ပါသပဆိုရင် မူစလင်မလေးတွေ နောက်ဖေးမှာ အဝတ်လျှော် အဝတ်လှန် လုပ်ရင် မျက်စိစားပွဲထိုး လုပ်လို့ ရတယ်။ တံတိုင်းတစ်ခုပဲ ခြားတဲ့ မူစလင်အိမ်တွေပါ။ ဒါပေမဲ့ ဘုန်းကြီးများက မူစလင်မလေးများကို စိတ်မဝင်စားသလို မူစလင်များကလည်း မြန်မာကျောင်းကို မျက်စိဒေါက်ထောက် ကြည့်မနေကြပါ။ ဘုန်းတော်ကြီးများက မူစလင်တွေ ရောင်းတဲ့ ဘိုရယာနီ ထမင်းထုပ်ကိုပဲ ဝင်ဆွဲကြပါတယ်။
ဆရာတော်ဝီရသူက မူစလင်တို့ ကန့်ကွက်နေတဲ့ကြားမှာ သူ့ကို ခွင့်ပြုခဲ့တဲ့ သီရိလကာင်္သမ္မတ မဟိန္ဒရာဇပက္ခကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ဝီရသူ သီရိလကာင်္ရောက်တာနဲ့ ချိန်ကိုက်ပြီး စစ်တပ်အားပေး ဒီမိုယောင်ယောင် လစ်ဘရယ် ဟန်ဆောင်သူ တစ်ယောက်ဟာ သီရိလကာင်္ သမ္မတကို မျိုးချစ်တစ်ဦး အဖြစ် သတ်မှတ်ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သူ ဖြစ်လို့ အာဇနည်တစ်ဦးဖြစ်ကြောင်း အမွှန်းတင်ခဲ့ပါတယ်။
သူက ဆက်ပြီး မြန်မာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို သူပုန်လို့ သတ်မှတ်ပြီး မြန်မာပြည်ကို ကရင်ပြည်မဖြစ်အောင် ကာကွယ်နိုင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ကို ကျေးဇူးတင်သင့်ကြောင်း ဖော်ညွှန်းခဲ့ပါတယ်။ တိုင်းရင်းသားများကို အပြုတ်တိုက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆော်အော်ခဲ့ရာ ကြိုက်သူထဲမှာ ဒီမိုအချို့တောင် ရောပါသွားခဲ့ပါတယ်။
ဒီတော့ ဆရာတော်ဝီရသူမစ်ရှင်ဟာ ငြိမ်းချမ်းရေးမစ်ရှင်တစ်ခု မဟုတ်ဘူး။ ပုဂံခေတ်က ရှိခဲ့တဲ့ မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ မြန်မာဆရာတော်များရဲ့မစ်ရှင်များ၊ ဟံသာဝတီခေတ်က မွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အင်းဝခေတ်ရှိမြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ကုန်းဘောင်ခေတ်က ရာမညနိကာယမွန်ဆရာတော်များရဲ့ မစ်ရှင်များ၊ အမရပူရ မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ အင်္ဂလိပ်ခေတ်က မကုဋာရာမစတဲ့ မြန်မာကျောင်းများကို တည်ထောင်ခဲ့တဲ့ မွန်မြန်မာဆရာတော်များရဲ့ မစ်ရှင်များ၊ ရွှေကျင်သာသနာကို စတင်ခဲ့တဲ့ မြန်မာဆရာတော်များရဲ့ မစ်ရှင်များကို မှေးမှိန်စေပါတယ်။
သူဟာ ၂၀၀၇ ရွှေဝါရောင်တုန်းက ရခဲ့တဲ့ ရဟန်းများရဲ့ ကမ္ဘာ့ထောက်ခံမှုကို ပျက်စီးအောင် လုပ်ခဲ့သူ ဖြစ်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ကျောင်းသား၊ တိုင်းသူပြည်သား၊ ဘုရားသား(၃)မျိုးထဲမှာ ဘုရားသားတော်ဖြစ်တဲ့ သံဃာတော်များက ဒီမိုကရေစီတိုက်ပွဲကို စိတ်မဝင်စားဘဲ စစ်အာဏာရှင်စနစ်ကို ထောက်ခံလာအောင် စည်းရုံးနေသူ ဖြစ်တယ်။ ဘုရားသားတော်များကို အသုံးချလို့ ပြည်သူပြည်သားများကိုလည်း နိုင်ငံရေးကို စိတ်မဝင်စားစေဘဲ သိန်းစိန်ကို ထောက်ခံအောင် စည်းရုံးနေသူ ဖြစ်တယ်။ အခု မြန်မာသီရိလကာင်္မှာ ရှိနေခဲ့တဲ့ သာသနာရေးဆိုင်ရာကူးလူးဆက်ဆံမှုကိုပါ အိုးမဲသုတ်ခဲ့ပါပြီ။
မူရင်းလင်ခ် =>https://www.facebook.com/ven.ravika/posts/568065456655027
Leave a Reply
You must be logged in to post a comment.