News @ M-Media

Tag: Bulgaria

  • ဘူလ်ဂေးရီးယား ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ့်မစ်အဖွဲ့တစ်ခုက အကူအညီများ ပေးပို့

    ဘူလ်ဂေးရီးယား ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ့်မစ်အဖွဲ့တစ်ခုက အကူအညီများ ပေးပို့

    ဧပြီ ၂၇၊ ၂၀၁၆
    M-Media

    IIRSoa

    – ကမ္ဘာ့မွတ်စလင်လိဂ် MWL ရဲ့အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာအစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့ (IIROSA) ဟာ ဘူလ်ဂေးရီးယားနိုင်ငံက ရေဘေးသင့်ဒုက္ခသည် မိသားစု ၂၅၀၀ ကို စားနပ်ရိက္ခာတွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    IIROSA အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ အဟ်ဆန် ဘင် ဆာလေ တိုင်ယစ်ဘ်က အခုပေးပို့လိုက်တဲ့ အကူအညီဟာ ရေဘေးဒုက္ခဒဏ် ခံစားနေရတဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတဲ့ ဝေးလံခေါင်းဖျားတဲ့ဒေသတွေက ပြည်သူတွေဟာ အကူအညီတွေကို အလျင်အမြန် လိုအပ်နေပြီး IIROSA ရဲ့ အခု လှူဒါန်းမှုဟာ ပထမအကြိမ်ဖြစ်ကာ နောက်ထပ် လှူဒါန်းပေးပို့မှုတွေ ပြုလုပ်သွားမယ်လို့လည်း တိုင်ယစ်ဘ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဘူဂေးရီးယားမှ ပရော်ဖက်ဆာတစ်ဦး ကုရ်အာန်ကို မိခင်ဘာသာသို့ ပြန်ဆိုပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဘူဂေးရီးယားမှ ပရော်ဖက်ဆာတစ်ဦး ကုရ်အာန်ကို မိခင်ဘာသာသို့ ပြန်ဆိုပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    quran

    – ဘူဂေးရီးယားမှ အာရဘီဘာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဖတ်ရှုကာ ဘာသာပြန်ဆိုပြီးနောက်ပိုင်း အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။

    ဆိုဖီယာတက္ကသိုလ်မှ ဂန္တ၀င်အာရဘီစာပေဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ စဗီတန် တီယိုဖာနော့ဗ် ဆိုသူဖြစ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်နှင့် ကျမ်းချက်များဆိုင်ရာ အကြောင်းကို သင်ကြားပို့ချပေးသူ ဆရာတစ်ဦးလည်း ဖြစ်သည်။

    တီယိုဖာနော့ဗ်မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တွင် အစ္စလာမ့်ရေးရာ လေ့လာမှုဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မော်စကိုရှိ အရှေ့တိုင်းပညာ တက္ကသိုလ်တွင်လည်း ဒုတိယမြောက် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။

    “လွန်ခဲ့တဲ့ နှစ်အတော်ကြာက နိုင်ငံပိုင် ပုံနှိပ်လုပ်ငန်းကနေ မေတ္တာရပ်ခံမှုကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ဘာသာစပြန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆိုရှယ်လစ်ခေတ်ပါ။ ဒီဘာသာပြန်မှုက မွတ်စလင်တွေအတွက် ဆိုတာထက် တူရကီနိုင်ငံရဲ့ ပေါ်လစီတွေကို ကြေကြေညက်ညက် သိရှိနားလည်ဖို့သာ ဖြစ်ပါတယ်။ ဘာသာပြန်လုပ်ငန်းစပြီး သိပ်မကြာခင် ၁၉၈၉ ခုနှစ်မှာပဲ ဒီမိုကရက်တစ် အပြောင်းအလဲ ဖြစ်ပါတယ်။ နိုင်ငံပိုင် ပုံနှိပ်တိုက်က ဒေ၀ါလီခံသွားတယ်။ ဘူဂေးရီးယားလို ဘာသာပြန်ထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ဟာလည်း အဲဒီနှစ်မှာ မထုတ်လိုက်ရပါဘူး”

    “ဒါပေမယ့် ကျွန်တော် ဆက်ပြီး ကုရ်အာန်ကို ဘာသာပြန်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဘ၀ဟာ ပြောင်းလဲသွားတာပါ။ မြင့်မြတ်တဲ့ ဒီကျမ်းကို ကျွန်တော် ပိုနားလည်လာတယ်။ ပြီးတော့ နှလုံးသာထဲက ဒီကျမ်းတော်မြတ်ကို နှစ်နှစ်ကာကာ လိုချင်လာပါတယ်” ဟု ပါမောက္ခ တီယိုဖာနော့ဗ်က ပြောကြားခဲ့သည်။

    အစ္စလာမ်ကို သက်ဝင်ပြီ

    ဆိုဖီယာတက္ကသိုလ်တွင် အာရဘီဘာသာစကားကို ဆက်လက်သင်ကြားပို့ချခဲ့သည့် ဒေါက်တာ တီယိုဖာနော့ဗ်က ထိုအလုပ်မှာ မိမိ၏ နှလုံးသားတံခါးများစွာကို ဖွင့်ပေးခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ပညာရှင်ဘ၀မှာ အာရဘီဘာသာစကားကို အလွန်အမင်းစိတ်ဝင်စားမှုက အခြားသော လမ်းတွေကို ပွင့်သွားစေပါတယ်။ ကျွန်တော်စပြီး ဘာသာပြန်တုန်းက ဒီစာအုပ်ကို သာမန်စာအုပ်တစ်အုပ်နေနဲ့သာ မှတ်ယူခဲ့တာပါ။ အချိန်ကြာလာလေလေ ကုရ်အာန်ကျမ်းတော်မြတ်ကို နားလည်လာပြီး စာကြောင်းတိုင်းကို ပိုမို နက်နက်ရှိုင်းရှိုင်း သိရှိလာပါတယ်။ ကောလိပ်မှာတုန်းက ကျွန်တော် ကုရ်အာန် ဘာသာပြန်နဲ့ အဓိပ္ပါယ်ကို ဖတ်ဖူးပါတယ်။ ဒါပေမယ့် တကယ့် ဘာသာပြန် ပြီးဆုံးတဲ့အခါမှာတော့ ရှင်းလင်းထင်ရှားမှုကို ခံစားခဲ့ရပါတယ်။ ကုရ်အာန်နဲ့ဆန့်ကျတဲ့ အခြေအနေနဲ့ ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ပြီး အခုတော့ ကျွန်တော် မွတ်စလင်တစ်ယောက်
    ဖြစ်နေပြီပေါ့လေ”

    တီယိုဖာနော့ဗ်မှာ အာရပ်ကဗျာများကို စတင် ဘာသာပြန်ခဲ့ခြင်း ဖြစ်ပြီး အလယ်ခေတ် အာရဘီစာပေကိုလည်း လေ့လာခဲ့သူဖြစ်သည်။ ထို့ပြင် ကုန်အာန်ကျမ်းတော်မြတ်အပါအ၀င် ၎င်း ဘာသာပြန်ထားသည့် စာအုပ်များကိုလည်း ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချီခဲ့သည်။

    လက်ရှိနောက်ဆုံးထွက်ရှိသည့် ၎င်း၏ စာအုပ်မှာ The Phenomenology of the Prophet ဖြစ်ပြီး သမ္မာကျမ်းစာကို အခြေပြု၍ ရေးသားထားသည့် စာအုပ်လည်းဖြစ်သည်

    “အရှေ့အလယ်ပိုင်းမှာ အရေးပါတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ရိုက်ခတ်မှုကို ကျွန်တော် ဆန်းစစ်ခဲ့ပါတယ်။ ပြီးတော့ ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ်တွေကိုလည်း ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဘာသာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတစ်ခုပါ။ ဒီစာအုပ်မှာ စိတ်ဝင်စားစရာ တော်တော်များပါတယ်။ အောက်တိုဘာလအတွက် အရောင်းရဆုံးစာအုပ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဘာသာတရားနဲ့ ဘာသာတရားတွေရဲ့ မတူညီမှုတွေကို စိတ်ဝင်စားမှုတွေဟာ မြင့်တက်လာနေပါတယ်” ဟု ဒေါက်တာ
    တီယိုဖာနော့ဗ်က ပြောကြားခဲ့သည်။

    Ref: worldbulletin

  • ဘူဂေးရီးယား မှ မွတ်စလင်များအတွက် သမ္မတ ပြုလုပ်ပေးတဲ့ ပထမဆုံး စုပေါင်းဝါဖြေပွဲ

    ဇူလိုင် ၆ ၊ ၂၀၁၄
    M-Media
    BulgariaPresident-Hosts-Muslims-Iftar
    – ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်ကြသည့် နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် စုပေါင်းဝါဖြေပွဲတစ်ခုကို ဘူဂေးရီးယား သမ္မတ ရိုဆန် ပဲလ်ဗ်နီလီဗ်က ဇူလိုင် ၂ ရက်နေ့တွင် ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

    ဘိုယာနာရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ် ကွန်မြူနစ် အာဏာရှင်စနစ် ပျက်သုဉ်းခဲ့ပြီးနောက် ၂၅ နှစ်အကြာတွင် နိုင်ငံအတွင်းရှိ ၁.၅ သန်းသော အစ္စလာမ်ဘာသာဝင်များအတွက် အစိုးရ၏ ဆက်ဆံပုံ ပြောင်းလဲမှုလည်းဖြစ်သည်။

    “အယူဝါဒတွေ ဘာသာစကားတွေကို ဂရုမထားဘဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ စည်းလုံးမှုကို ဒီကနေ့အချိန်အထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” ဟု အဆိုပါ ၀ါဖြေပွဲအခမ်းအနားတွင် ဘူဂေးရီးယား မွဖ်သီ အလစ်ဟာဂျီက ပြောကြားခဲ့သည်။

    သမ္မတ ပဲလ်ဗ်နီလီဗ်ကလည်း မကြာသေးမီက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှုတွင် ခရစ်ယာန် အော်သိုဒေါ့စ်အသင်းတော်နှင့်အတူ ပါဝင်ဆုတောင်းပေးခဲ့ကြသည့်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းအား ချီးကျူးပြောဆိုခဲ့သည်။ ထို့ပြင် ရေကြီးမှုပြီးနောက် အော်သိုဒေါ့စ် ဘုရားကျောင်း သန့်ရှင်းရေးလုပ်ငန်းများတွင် အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    မွဖ်သီကလည်း ပြည်သူများအား လွတ်လပ်စွာ ယုံကြည့်ကိုးကွယ်ခွင့်ပေးသည့်အတွက် သမ္မတအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ မြို့တော်ဆိုဖီယာရှိ တစ်လုံးတည်းသော ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆုတောင်းရန် မလုံလောက်သည့်အတွက် ၀တ်ပြုရန်နေရာများကို ပြုလုပ်ပေးရန် သမ္မတအား တောင်းဆိုခဲ့သည်။

    အစိုးရမှတ်တမ်းများအရ ဘူဂေးရီးယားနိုင်ငံ၏ လူဦးရေ ၇.၈ သန်းတွင် ၁၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်ဟု သိရသည်။ ဖသ်ဝါခုံရုံးကမူ ဘူဂေးရီးယားတွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

    Ref: OnIslam.net & News Agencies

  • ဘူလ်ဂေးရီးယား မွတ်စလင်မ်တို့ရဲ့ ဝါဖြေပွဲကို မြို့တော်ဝန်နှင့် ခရစ်ယာန် ဘာသာဝင်များ ပါဝင်ဆင်နွှဲ

    ဇူလိုင်-၁၉၊ ၂၀၁၃
    M-Media

    SOFIA- အရှေ့ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သော ဘူလ်ဂေးရီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ကြီးကျယ်မြင့်မြတ်သော ရမဿွာန်လတွင် မွတ်စ်လင်မ်နှင့် ခရစ်ယာန်များသည် အတူတကွ တွေ့ဆုံကာ ဥပုသ် ၀ါဖြေပွဲများပြုလုပ်ကြပြီး၊ မတူညီသော ဘာသာရေးသက်ဝင် ယုံကြည်သူများကြား စည်းလုံးမှုများ ရခဲ့သည်။

    Bulgaria muslims
    ကမ္ဘာအလှပဆုံး ဗလီဝတ်ကျောင်းတော်များမှ တခု ဖြစ်တဲ့ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တော်မှ ဗလီဝတ်ကျောင်းတွင် မွတ်စလင်မ်များ စုပေါင်းဝတ်ပြုနေစဉ်

    “ကျွန်တော်တို့သည် မွတ်စ်လင်မ်တွေရော၊ ခရစ်ယာန်တွေကိုပါ အတူတကွ ဖိတ်ကြားပြီး၊ ကောင်းမွန်တဲ့ အစားအသောက် များကို လှပစွာတည်ခင်းဧည့်ခံပါတယ်” ဟု Timeturk သို့ ဘူလ်ဂေးရီးယားနိုင်ငံ မစ်တန် ပြည်နယ် မြို့တော်ဝန် Akif Mehmet Akif မှ ပြောကြားခဲ့သည်။

    “မြို့အတွင်းမှာ မွတ်စ်လင်မ်တွေနဲ့ ခရစ်ယာန်တွေကြား မည်သို့သော အငြင်းပွားမှုမှမရှိပါဘူး”

    ကမ္ဘာအ၀န်းရှိ သန်းချီသော မွတ်စ်လင်မ်များနည်းတူ ဘူလ်ဂေးရီးယန်း မွတ်စ်လင်မ်များသည် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် စတင်၍ ဥပုသ် စောင့်တည်ခဲ့ကြသည်။

    ရမဿွာန်လတွင် အရွယ်ရောက်ပြီးမွတ်စ်လင်မ်များသည် အစာရေစာ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်မှုရေးရာအား နံနက်နေထွက်ချိန် မှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြရသည်။ ထို့အတူ နေမကောင်း သူများနှင့် ခရီးလွန်နေသူများအား ဥပုသ်မှ ကင်းလွတ်ခွင့် ပေးအပ်ထားသည်။

    မွတ်စ်လင်မ်များသည် ရမဿွန်လရှိ အချိန်များကို တန်ဖိုးရှိစွာအသုံးချ၍ အလ္လာဟ်အရှင်မြတ်နှင့် ပိုမို နီးကပ်မှုရှိစေရန် ဘုရားဝတ်ပြုခြင်း၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း နှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း များပြုလုပ်ကြသည်။

    ဥပုသ်သီလစောင့်ခြင်းသည် မွတ်စ်လင်မ်များအား စိတ်ရှည်သည်းခံခြင်း၊ မိမိ၏ရုပ်နှင့်နာမ်ကို ထိန်းချုပ်ခြင်းတို့ကို သင်ကြားပေးသည်။ ရမဿွာန်၏အချိန်သည် ၀တ်ပြုမှုများ၊ ကုရ်အာန် ဖတ်ရွတ်မှုများ နှင့် ကောင်းမှုကုသိုလ်ရေး လုပ်ရပ်များဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်စေရန် (အရှင့်နှစ်မြို့မှုပိုမိုရရှိစေရန်) လုပ်ဆောင်ရသော ကာလဖြစ်သည်။

    ပြည်နယ်ရှိ မွဖ်သီ Kardzhali Beyhan Mehmed က ပြောကြားသည်မှာ မွတ်စ်လင်မ်များသည် ကုရ်အာန်ဖတ်ရွတ် ရန် နှင့် သရာဝီးဟ် ဟုခေါ်သော ညဘက် (အထူး) ၀တ်ပြုခြင်းကို ဆောင်ရွက်ရန် ဗလီကျောင်းတော်များသို့ စုပေါင်းရောက်ရှိလာကြသည် ဟု ဆိုသည်။

    ဒီနှစ် ကျရောက်သော ရမဿွန်သည် ဘာသာရေး ယုံကြည်မှုများကို ဖလှယ်ပေးသော ၀ါဖြေပွဲများကြောင့် ပိုမို၍ ဂုဏ်ကျက်သရေ တိုးပွားခဲ့သည်။

    ဘူလ်ဂေးရီးယား လူမျိုး စတန်ကာမတ်တီဗာ (Stanka Miteva) သည် သူမ၏ မွတ်စ်လင်မ် သူငယ်ချင်းများနှင့်အတူ ဥပုသ်ဖြေဆိုပွဲသို့ တက်ရောက်ခဲ့ပြီး၊ ထိုအတွေ့အကြုံ သည် သူမအား မွတ်စ်လင်မ်များ၏ ဓလေ့ထုံးစံများကို ပိုမိုနားလည်စေခဲ့သည် ဟုဆိုသည်။

    “ကျွန်မတို့ဟာ အတူတကွ ငြိမ်းချမ်းစွာနေထိုင်နေကြတယ်” ဟု မတ်တီဗာက ဆိုသည်။

    “ကျွန်မတို့အတူတကွ ဘာသာရေးပွဲတော်များကို ဆင်နွှဲကြတယ်။ မွတ်စ်လင်မ်များ တစ်ခါမှ လွဲမှားတဲ့ အပြုအမူမျိုးလုပ်တာ ကျွန်မတော့မတွေ့မိပါဘူး”

    တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ ဥရောပအတွင်းသို့ မွတ်စ်လင်မ်များ အဓိကအားဖြင့် အော်တိုမန် အင်ပါယာ (Ottoman Empire) မှ တူရကီလူမျိုးစုများသည် ၀င်ရောက်လာခဲ့ကာ ဘူလ်ဂေးရီးယားနိုင်ငံ၏  လူဦးရေ ၇.၈ သန်း တွင် ၁၂ ရာခိုင်နှုန်း မှာ မွတ်စလင်မ်များ ဖြစ်ကြောင်းသိရသည်။

    အစ္စလာမ်ဘာသာရေးဆိုင်ရာ ဦးဆောင်ရေး အသင်း (Fatwa House) ကတော့ ထို မြင့်တက်လာ ခဲ့သော ရာခိုင်နှုန်းသည် ၂၅ ရာခိုင်နှုန်း ၀န်းကျင် ရှိကြောင်း ပြောကြားခဲ့သည်။

    မွတ်စ်လင်မ်များသည် တစ်ပြည်တည်းသား ခရစ်ယာန်ဘာသာဝင်များနှင့် အတူသင့်မြတ်စွာနေထိုင် ကြပြီး၊ ၄င်း သင့်မြတ်စွာနေထိုင်ခြင်းကို ဘူလ်ဂေးရီးယား ဘာသာစကားအရ Komshuluk သို့မဟုတ် အိမ်နီးချင်းများ ဆက်ဆံရေး ဟု ခေါ်တွင်သည်။