News @ M-Media

Tag: cambodia

  • ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ဇူလိုင် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – (၀ဲမှယာ) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနတ်၊ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နှင့် ထိုင်းယာယီ၀န်ကြီးချုပ် ဖွမ်သမ် ၀ီချာယာချိုင်)

    ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်က အပြန်အလှန် ပစ်ခတ်မှုတွေကို ခြွင်းချက်မရှိ အပစ်ရပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူလိုက်ပါတယ်။

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားရဲ့ ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးကို ပူထရာဂျာယာကို ဖိတ်ခေါ်ပြီး ကြား၀င်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အပစ်ရပ်ရေးဟာ ဇူလိုင် ၂၈ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စတင်အသက်၀င်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အပစ်ရပ်ရေး ဆန္ဒရှိနေ

    ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အပစ်ရပ်ရေး ဆန္ဒရှိနေ

    ဇူလိုင် ၂၆၊ ၂၀၂၅

    M-Media 

    ၃ ရက်တာ ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဆန္ဒရှိကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံစလုံးက ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။ 

    ကမ္ဘောဒီးယားဆိုင်ရာ ကုလသံအမတ်က ချက်ခြင်းအပစ်ရပ်ရေး အလိုရှိကြောင်း ပြောကြားခဲ့ပြီး ကုလဆိုင်ရာ ထိုင်းသံအမတ်ကလည်း ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့အတူ ဆွေးနွေးမှု ပြန်စဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ရာစုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားရာကနေတစ်ဆင့် ဖေဖော်၀ါရီ ၂၄ ရက်နေ့မှာ အပြန်အလှန် တိုက်ခိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စစ်သားနဲ့အရပ်သား စုစုပေါင်း ၁၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှာ စစ်သားနဲ့အရပ်သား စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက် လူထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref: The Guardian

  • တစ်ပါတီရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရတာကို ဂုဏ်ယူနေတဲ့ ကမ္ဘောဒီးယား အာဏာရပါတီ

    တစ်ပါတီရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရတာကို ဂုဏ်ယူနေတဲ့ ကမ္ဘောဒီးယား အာဏာရပါတီ

    ဇူလိုင် ၂၄၊ ၂၀၂၃

    M-Media 


    -အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရတော့မယ်လို့ ကမ္ဘောဒီးယား အာဏာရပါတီ CPP က ထုတ်ပြန်ပါတယ်။ 

    ၇ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို မနေ့က ကျင်းပခဲ့တာပါ။ အသက် ၇၀ အရွယ် ၀န်ကြီးချုပ်ဟွန်ဆန်ဟာ သူ့ကိုယှဥ်နိုင်မယ့် အတိုက်အခံပါတီတွေ၊ နိုင်ငံရေးသမားတွေကို ရွေးကောက်ပွဲမ၀င်နိုင်အောင် စီစဥ်ခဲ့ပြီးမှ ကျင်းပတာဖြစ်ပါတယ်။ 

    ရွေးကောက်ပွဲကို CPP နဲ့ အိမ်ဖြည့်ပါတီ ၁၇ ခုက ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ CPP ဟာ လွှတ်တော်နေရာ ၁၂၅ လုံးကို အနိုင်ရဖို့ ရှိနေပါတယ်။ 

    ပါတီပြောရေးဆိုခွင့်ရှိသူ ဆွတ် အိုင်ဆန်က သူတို့ပါတီဟာ တောင်ပြိုကမ်းပြို အနိုင်ရမယ့်အနေအထား ဖြစ်နေပြီလို့ မဲရုံတွေပိတ်ပြီးတဲ့နောက် AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    အခုရွေးကောက်ပွဲဟာ ဟွန်ဆန်က သူ့သားကို အာဏာလွှဲပေးမယ့် အခင်းအကျင်းလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အသက် ၄၅ နှစ်အရွယ် ဟွန်ဆန်ရဲ့သား ဟွန်မာနတ်လည်း အခုရွေးကောက်ပွဲမှာ အမတ်အဖြစ် ၀င်အရွေးခံပါတယ်။  

    ၀န်ကြီးချုပ်ဖြစ်လာရင် ဘာလုပ်ဖို့ စီစဥ်ထားလဲဆိုပြီး AFP သတင်းဌာနက မနေ့က မေးမြန်းရာမှာ ဒီအတွက် မှတ်ချက်မပေးချင်ဘူးလို့ ဟွန်မာနတ်က ဖြေကြားခဲ့ပါတယ်။ 

    Ref: AFP 

  • ကမ္ဘောဒီးယားက အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စစ်ဆေးမည်

    ကမ္ဘောဒီးယားက အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စစ်ဆေးမည်

    ဇန်နဝါရီ ၁၉၊ ၂၀၂၂
    M-Media

    ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ကမ်ဆိုခါ

    -ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ကမ်ဆိုခါအပေါ် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားမှုကို ဒီကနေ့မှာ ပြန်လည်ကြားနာမယ်လို့ သိရပါတယ်။

    အာဏာကို နှစ်ပေါင်း ၃၀ ကြာ ချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် အစိုးရဟာ ကမ်ဆိုခါကို ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ပါတီ CNRP ကိုလည်း ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မတရားအသင်းအဖြစ် ကြေငြာကာ ပါတီဝင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

    အတိုက်အခံမရှိတဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ ဟွန်ဆန်ရဲ့ပါတီ CPP က ၁၀၀ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။

    ကမ်ဆိုခါဟာ ၂၀၁၉ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် နိုင်ငံရေး ဆောင်ရွက်လို့ မရပါဘူး။

    အမေရိကန်နဲ့ ပူးပေါင်းပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ကြီးချုပ်ဟွန်ဆန်အစိုးရက ကမ်ဆိုခါကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ တရားရုံး ကြားနာမှုကို ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်တာ ရပ်ဆိုင်းထားရကနေ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

    ကမ်ဆိုခါက ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဖနွမ်းပင်မြို့ အမေရိကန်သံရုံးကလည်း အတိုက်အခံတွေအပေါ် နိုင်ငံရေးအရ နှိပ်ကွပ်လိုတဲ့ တရားစွဲဆိုမှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယား တရားရေးဝန်ကြီးဌာနက တရားစွဲဆိုမှုဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာမျိုးမဟုတ်ဘဲ အမေရိကန်အနေနဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့ တုန့်ပြန်ခဲ့ပါတယ်။

    ကမ်ဆိုခါက တရားရုံးအနေနဲ့ စွဲချက်ကို ပယ်ဖျက်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်တစ်ခု ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ကမ္ဘောဒီးယားမှ သူရဲကောင်းမိုင်းရှာကြွက် ကွယ်လွန်

    ကမ္ဘောဒီးယားမှ သူရဲကောင်းမိုင်းရှာကြွက် ကွယ်လွန်

    ဇန်နဝါရီ ၁၃၊ ၂၀၂၂
    M-Media

    -မြေမြှုပ်မိုင်း အလုံး ၁၀၀ ကျော် ရှာဖွေပေးခဲ့ပြီး သူရဲကောင်းဆုတံဆိပ် ရရှိခဲ့တဲ့ ကမ္ဘောဒီးယားက နာမည်ကျော် ကြွက်ကလေး မာဂါဝါဟာ တနင်္ဂနွေ​နေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

    မာဂါဝါကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အငြိမ်းစားပေးခဲ့တာပါ။ သူ့ကို မိုင်းရှာဖို့ လေ့ကျင်သင်ကြားပေးခဲ့တဲ့ အကူအညီပေးရေးအဖွဲ့ APOPO က ပြီးခဲ့တဲ့တစ်ပတ် အစပိုင်းမှာ ကျန်းမာရေးကောင်းခဲ့ပေမယ့် စနေနေ့လောက်မှာ လှုပ်ရှားသွားလာမှုနှေးကွေးကာ အစားမစားတော့ဘဲ တနင်္ဂနွေနေ့မှာတော့ သေဆုံးသွားခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ကွယ်လွန်ချိန်မှာ မာဂါဝါဟာ အသက် ၈ နှစ် ရှိပါပြီ။

    ပြည်တွင်းစစ် ဆယ်စုနှစ်ချီဖြစ်ပွားတဲ့ ကမ္ဘောဒီးယားဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းအများဆုံးရှိရာ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဧရိယာ ၃၈၆ စကွဲယားမိုင်လောက်က မိုင်းတွေပြည့်နေတာဖြစ်ပါတယ်။

    ဘလ်ဂျီယံအခြေစိုက် APOPO အဖွဲ့ဟာ အာဖရိကက အမဲလိုက်ကြွက်တွေကို မိုင်းရှာဖို့ လေ့ကျင့်သင်ကြားပေးကာ အသုံးပြုနေတာဖြစ်ပါတယ်။ သူတို့ကို ‘သူရဲကောင်းကြွက်များ’ လို့ အမည်ပေးထားပါတယ်။

    လူတွေမိုင်းရှာဖို့ အန္တရာယ်အလွန်များတဲ့ ဒေသတွေမှာ ဒီမိုင်းရှာကြွက်တွေက အလွန်အသုံးဝင်ပါတယ်။ မာဂါ၀ါဟာ တင်းနစ်ကွင်းပမာဏလောက်ရှိတဲ့ ဧရိယာကို မိနစ် ၃၀ အတွင်း မိုင်းရှာနိုင်ပြီး လူတွေရှာမယ်ဆိုရင် ၃ ရက်လောက် ကြာမြင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။

    မာဂါဝါရဲ့ သူရသတ္တိနဲ့ တာဝန်ကျေပွန်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ယူကေအခြေစိုက် People’s Dispensary for Sick Animals အဖွဲ့က ၂၀၂၀ ခုနှစ်မှာ သူရဲကောင်းဆု ချီးမြှင့်ခဲ့ပြီး မာဂါဝါဟာ ဒီဆုကိုရတဲ့ ပထမဆုံးကြွက်အဖြစ် မှတ်တမ်းဝင်ပါတယ်။

    တန်ဇန်းနီးယားမှာပေါက်တဲ့ မာဂါဝါဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယားကို ရောက်ရှိကာ မိုင်းရှာရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters