News @ M-Media

Tag: children of IDP

  • ရခိုင်က မွတ်စလင် သိန်းချီကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော်ဟာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး´ (ကိုစိုင်းဟန်ထိုက်)

    ရခိုင်က မွတ်စလင် သိန်းချီကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော်ဟာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး´ (ကိုစိုင်းဟန်ထိုက်)

    ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးများ၏ ပန်းချီလက်ရာများအား ပြသရောင်းချ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    မိုးဇက်

    10897124_818105551565250_6112967581468984926_n

    ရန်ကုန်။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ ကိုယ်တိုင် ရေးဆွဲထားသော ပန်းချီကားချပ်များ၊ ကလေးငယ်များ၏ ဘ၀ကို ဖော်ကြူးထားသည့် ဓာတ်ပုံများ၊ ပို့စ်ကဒ်များ၊ အင်္ကျီများနှင့် ပြက္ခဒိန်များကို ပြသကာ ရောင်းချသည့် ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့ ၃၅ လမ်း River Ayeyerwaddy Gallery တွင် ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့ က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ပြပွဲကို ဒုက္ခသည် ကလေးများ၏ စိတ်ခံစားမှုများအား လူအများ သိရှိ၊ နားလည် ခံစားတတ်စေရန်နှင့် အဆိုပါ ဒုက္ခသည်ကလေးများ၏ အလွန်ချို့တဲ့သော ဘ၀များအတွက် အထောက်အပံ့ပေးနိုင်ရေး ရန်ပုံငွေရရှိရန်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီပုံလေးတွေက သူတို့ရဲ့စိတ်ခံစားချက်တွေ၊ သူတို့ရဲ့အကြောင်းအရာတွေကို သူတို့ကိုယ်တိုင် စိတ်ကူးစိတ်သန်းလေးတွေ နဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်” ဟု ယင်းပြပွဲကို စီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။

    ကလေးငယ်များရေးဆွဲထားသော အဆိုပါ ပန်းချီကားတစ်ချပ်၏ ဈေးနှုန်းကို ၁၀၀၀၀ ကျပ်မှ စတင်သတ်မှတ်ထားပြီး ပန်းချီကားပေါင်း ၁၀၀ ကျော်ကို ပြခန်းတွင် ပြသထားသည်။

    စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ကလေးငယ်ပေါင်း ၈၀၀၀၀ ကျော် ရှိနေပြီး ကလေးငယ်များ အနေဖြင့် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုများ ကို အဓိက လိုအပ်နေသည်ဟု သိရသည်။ ယင်းကလေးငယ်များအတွက် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများမှ ကျန်းမာရေးအသိပညာပေးခြင်းများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှု တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေသည်။

    စစ်တွေရှိ ဒုက္ခသည်စခန်းများတွင် ကလေးငယ်များ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေ သူ ကိုစိုင်းဟန်ထိုက် (အပေအတေအကိတ်လေး) က အဆိုပါ ကလေးငယ်များနှင့် ပတ်သက်ပြီး “ကျွန်တော်ကတော့ စခန်းတစ်ခုချင်းဆီက ကလေးငယ်တွေကို သူတို့ပျော်ရွှင်မှုတွေ ရလာအောင် ပြိုင်ပွဲတွေ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အာဟာရကျွေးတာမျိုးတွေကို တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ ကလေးတွေရဲ့ စိတ်အခြေအနေတွေ ကလည်း တိုးတက်လာပါတယ်။ ကျွန်တော့်ကိုလည်း သူတို့တွေ ယုံကြည်မှုအပြည့် ရှိကြပါတယ်။ မွတ်စလင် ၁ သိန်းကျော်ရှိတဲ့နေရာမှာ ကျွန်တော့်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်တည်းနေပေ မယ့်လည်း ကျွန်တော်အခုချိန်ထိ အန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ရှေ့ဆက်လည်း ကလေးငယ်တွေအတွက် တတ်နိုင်သလောက်လုပ်သွားမှာပါ” ဟု ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

    ယခုကဲ့သို့ ပန်းချီကားများ၊ အလှဓာတ်ပုံများ၊ အင်္ကျီနှင့် ပြက္ခဒိန်များကို ရန်ပုံငွေအဖြစ် ရောင်းချသည့် ပွဲတော်ကို ယခင်ကလည်း တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး စုစုပေါင်း ရန်ပုံငွေ ၃၆ သိန်းကျော်မျှ ရရှိခဲ့ကြောင်း သိရသည်။

    10885397_818105521565253_2758535379600346022_n

    10885491_818105478231924_5849639002145186326_n10891623_818105448231927_3364142314486031398_n10891961_818105388231933_5127614020918620310_n

  • အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများမှ ကလေးများ၏ ပန်းချီလက်ရာများ ပြပွဲပြုလုပ်

    ဇွန် ၁၊ ၂၀၁၄
    M-Media
    လမင်း

    9
    ရန်ကုန်။     ။ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ရသော ရခိုင်ပြည်နယ်နှင့် မိထ္ထီလာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ ပန်းချီလက်ရာများကို ဧရာဝတီ ပန်းချီပြခန်း၌ ပန်းချီပြပွဲတစ်ရပ်အား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

    ယခုလိုပန်းချီပြပွဲပြုလုပ်ရခြင်းမှာ ဒုက္ခသည်စခန်းတွင် ရှိနေသည့် ကလေးသူငယ်များ၏ ခံစားချက်များကို အပြင်လောကလူတွေနဲ့ထိတွေ့ပေးချင်သောကြောင့် ဖြစ်ပါတယ်လို့ ပန်းချီပြပွဲကိုစီစဉ်သူ ကိုစိုင်းဟန်ထိုက်(အပေအတေ အကိတ်လေး) ကဆိုသည်။

    “စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ဒုက္ခသည်စခန်းတွေကို သွားဖြစ်ချင်မှ သွားဖြစ်လိမ့်မယ်။ အဲ့လိုမရောက်တဲ့လူတွေကို ဒုက္ခသည်စခန်းမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်တွေရဲ့ပန်းချီကားတွေကို ပြပေးချင်တာပါ။ ပန်းချီကားတွေထဲမှာ ကလေးငယ်တွေရဲ့ အဓိပ္ပါယ်ရှိတဲ့အရာတွေပါဝင်နေတာတွေရှိပါတယ်။ သူတို့ထိခိုက်ခံစားနေရတာတွေကို လူတွေသိလာစေချင်လို့ အခုလိုလုပ်ဖြစ်တာပါ” ဟု ၎င်းမှ ယခုကဲ့သို့ ပန်းချီပြပွဲလုပ်ဖြစ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

    ယခုကဲ့သို့ ပန်းချီကားများရရှိရန် ကလေးငယ်များထံမှ အချိန် ၁ နှစ်ကျော်ကြာအောင် စုဆောင်းခဲ့ရပြီး ၎င်းတို့လိုအပ်နေသော စိတ်ပျော်ရွှင်မှု၊ စိတ်ဓာတ်ခွန်အားများ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကလေးတွေဆိုတာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခုရဲ့အနာဂတ်ပါ။အဲ့လိုကလေးတွေရဲ့ ပျော်ရွှင်မှု၊ စိတ်ဓာတ်တက်ကြွမှုဆိုတာ လိုအပ်ကြောင်း၊ ယခု့ကဲ့သို့ ပန်းချီကားများကို ကြည့်ရရုံဖြင့် ကလေးငယ်တို့၏စိတ်ထဲကို ထိုးဖောက်မြင်ရကြောင်း ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှု့သူတစ်ဦးဖြစ်သူ တာမွေမြို့နယ်မှ မသက်မြတ်နိုး မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

    ဓါတ်ပုံများ ကြည့်ရန် Click Here