News @ M-Media

Tag: Copa America

  • စကားတစ်ခွန်းကြောင့် နိုင်ငံတကာပြိုင်ပွဲ ၃ လအပိတ်ခံရတဲ့ မက်ဆီ

    စကားတစ်ခွန်းကြောင့် နိုင်ငံတကာပြိုင်ပွဲ ၃ လအပိတ်ခံရတဲ့ မက်ဆီ

    သြဂုတ် ၃၊ ၂၀၁၉
    M-Media

    ချီလီနှင့် တတိယနေရာလုပွဲတွင် ပထမပိုင်း ၃၇ မိနစ်၌ မက်ဆီ အထုတ်ခံရစဉ်

    -ကိုပါအမေရိက ဘောလုံးပြိုင်ပွဲဟာ ခြစားမှုရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတဲ့ မှတ်ချက်ကြောင့် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာပြိုင်ပွဲတွေကနေ ၃ လ ပိတ်ပင်ခံလိုက်ရပါတယ်။

    ချီလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အနီကဒ်နဲ့ ထုတ်ခံခဲ့ရပြီးတဲ့နောက် ကိုပါအမေရိကဟာ ဘရာဇီးလ်ဖလားရအောင် လုပ်ဆောင်ထားတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ မက်ဆီက ပြောကြားခဲ့တာပါ။

    မက်ဆီဟာ ၃ လပွဲပယ်ပြစ်ဒဏ်အဖြစ် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် Conmebol ကိုလည်း ဒဏ်ငွေ ကန်ဒေါ်လာ ၅ သောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် မက်ဆီဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ကစားမယ့် အာဂျင်တီးနားရဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

    အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ၂၀၂၀ ခုနှစ်မတ်လမှာ စတင် ကစားရမှာ ဖြစ်ပါတယ်။

    ဇွန်လနဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

    အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ဆီမီးဖိုင်နယ်ပွဲမှာ ဒိုင်လူကြီးတွေ အမှားလုပ်ခဲ့တယ်လို့ တိုင်ကြားခဲ့ပေမယ့် Conmebol က ဒီတိုင်ကြားမှုဟာ အခြေအမြစ်မရှိတဲ့ တိုင်ကြားမှုသာ ဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • မက်ဆီ၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရန် ရော်နယ်ဒို မျှော်လင့်နေ

    မက်ဆီ၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရန် ရော်နယ်ဒို မျှော်လင့်နေ

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    messi

    – နိုင်ငံတကာကစားသမားဘ၀မှ မက်ဆီအနားယူသွားခြင်းမှာ မိမိတို့အား စွန့်လွှတ်သွားခြင်းဖြစ်ပြီး ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်စေချင်သည်ဟု ဘရာဇီးလ်ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    မက်ဆီမှာ ကိုပါအမေရိက ဗိုလ်လုပွဲတွင် ချီလီအသင်းအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာကစားသမားဘ၀မှ အနားယူမည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။ ထိုအရှုံးမှာ ၎င်း၏ နိုင်ငံတကာ အဓိကပြိုင်ပွဲ ဗိုလ်လုပွဲများတွင် ၃ ကြိမ်မြောက် ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။

    အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာ၊ အာဂျင်တီးနားသမ္မတို့အပါအ၀င် ထင်ရှားကျော်ကြားသူ အများအပြားမှာ မက်ဆီ၏ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ကြပြီး ရော်နယ်ဒိုကလည်း ထိုအထဲတွင် ပါဝင်လာခဲ့သည်။

    “ဒါဟာ မက်ဆီရဲ့ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်တို့ လေးစားရမှာပါ။ ကျွန်တော်တို့အားလုံးကို စွန့်ပစ်သွားတယ်လို့ ခံစားရပြီး သူ့ဆုံးဖြတ်ချက် ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများကစားနေသည့် ယခုအချိန်တွင် အာဂျင်တီးနားအသင်းမှာ ရလဒ်ဆိုးရွားနေပြီး၊ မက်ဆီက ထိုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲမှ အနားယူခြင်းမှာ အာဂျင်တီးနားအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

    Ref: Goal

  • နိုင်ငံအသင်းအတွက် ပြန်ကစားပေးရန် မက်ဆီကို သမ္မတကိုယ်တိုင် ဖျောင်းဖျ

    နိုင်ငံအသင်းအတွက် ပြန်ကစားပေးရန် မက်ဆီကို သမ္မတကိုယ်တိုင် ဖျောင်းဖျ

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    messi

    – ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင် ချီလီအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူသွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီးအား အာဂျင်တီးနားသမ္မတ မော်ရီစီယို မာဆရီက ဆက်သွယ်ကာ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် ဖျောင်းဖျခဲ့သည်ဟု သိရသည်။

    အာဂျင်တီးနားမှာ ယမန်နေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကိုပါအမေရိကဖိုင်နယ်တွင် ချီလီအသင်းအား ၂ ကြိမ်ဆက် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် မက်ဆီကမူ မိမိ၏ နိုင်ငံတကာ ကစားသမားဘ၀မှာ ပြီးဆုံးသွားပြီဟု ထိုပွဲအပြီးတွင် ကြေငြာခဲ့သည်။

    မက်ဆီ၏ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်အတွက် အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာအပါအ၀င် လူအများအပြားက တိုက်တွန်းခဲ့ကြပြီး ထိုအထဲတွင် သမ္မတ မာဆရီလည်း ပါဝင်ခဲ့သည်။

    “သမ္မတကြီးအနေနဲ့ မက်ဆီကို ဖုန်းခေါ်ခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်မှုအတွက် သူ့အနေနဲ့ ဂုဏ်ယူရကြောင်း၊ ဝေဖန်မှုတွေကို နားယောင်ဖို့မလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မော်ရီစီယို မာဆရီမှာ မက်ဆီကိုထောက်ခံအားပေးကြောင်း Twitter စာမျက်နှာတွင်လည်း ရေးသားခဲ့သည်။

    Ref: Goal

  • ကိုပါအမေရိက ဆီမီးတွင် ရင်ဆိုင်ရမည့် အမေရိကန်ကို လျှော့မတွက်သင့်ဟု မာတီနိုသတိပေး

    ကိုပါအမေရိက ဆီမီးတွင် ရင်ဆိုင်ရမည့် အမေရိကန်ကို လျှော့မတွက်သင့်ဟု မာတီနိုသတိပေး

    ဇွန် ၁၉၊ ၂၀၁၆
    M-Media

    martino

    – အင်္ဂါနေ့တွင် ကစားမည့် အမေရိကန်နှင့် ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်အသင်းအား အခွင့်အရေး ယောင်၍ပင် မပေးမိစေရန် အာဂျင်တီးနားနည်းပြ တာတာ မာတီနိုက အသင်းသားများအား သတိပေးပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့ပြီး ဗင်နီဇွဲလားအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ကွာတားဖိုင်နယ်ပွဲတွင် ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေသည့် အာဂျင်တီးနားအသင်းမှာ ပထမပိုင်းပြီးကာနီး ၁၅ မိနစ်အလို၌ ဟန်ချက်ပျက်သွားခဲ့ပြီး ချေပဂိုးများ ပေးရနီးနီးအထိ ဖြစ်ခဲ့သည်။

    မာတီနိုကမူ ထိုအဖြစ်အပျက်ကို မကျေနပ်ဘဲ ဆီးမီးဖိုင်နယ်တွင် ထိုအခြေအနေမျိုး ထပ်မဖြစ်စေရန် ကစားသမားများအား တိုက်တွန်းခဲ့သည်။

    “ကျွန်တော် အမြဲတမ်းပြောသလိုပါပဲ။ အမေရိကန်အပါအ၀င် ပြိုင်ပွဲရဲ့ ဒီလိုအဆင့်ကိုရောက်လာတဲ့ ဘယ်လိုအသင်းမျိုးမဆို ကြက်ကန်းတိုးလာတာမျိုး မဟုတ်ပါဘူး။ အမေရိကန်ဟာ အုပ်စုကြပ်ကို ဖြတ်သန်းခဲ့ရပြီး အဖွင့်ပွဲမှာကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပြန်အဖတ်ဆယ်နိုင်ခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်ပွဲအတွက် သူတို့ရဲ့ ကစားသမားတစ်ချို့ ပွဲပယ်ခံထားရတယ်ဆိုတာ မှန်ပေမယ့် ဒီလိုအဆင့်ကို ရောက်လာတာနဲ့ အိမ်ရှင်အသင်းဖြစ်တယ်ဆိုတဲ့ အချက်တွေက ပြိုင်ဘက်တွေ တော်တော်လေး ဂရုစိုက်ရမယ့် အချက်ပါပဲ။ သူတို့ဟာ ထိပ်တန်းပြိုင်ဘက်အသင်းတစ်သင်းပါ။ သူတို့ကို အခွင့်အရေးသွားမပေးဖို့ ကျွန်တော်တို့ ကြိုးစားရပါလိမ့်မယ်။ ဗင်နီဇွဲလားနဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးနည်းနည်း ပေးခဲ့မိပါတယ်” ဟု မာတီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အထုတ်ခံမည်ကို မကြောက်တော့ဟု ဘရာဇီးလ်နည်းပြပြော

    အထုတ်ခံမည်ကို မကြောက်တော့ဟု ဘရာဇီးလ်နည်းပြပြော

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    brazil

    – ကိုပါအမေရိကဖလားတွင် အုပ်စုမှ ထွက်ခဲ့ရခြင်းအတွက် မိမိအနေဖြင့် တုန်လှုပ်မိပြီး အနာဂတ်အတွက်လည်း စိုးရိမ်မှုမရှိတော့ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ပီရူးအသင်းနှင့်ပွဲတွင် ဘရာဇီးလ်မှာ အငြင်းပွားဖွယ် လက်ထိဂိုးပေးခဲ့ရကာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကိုပါအမေရိကဖလား ၈ ကြိမ် ရရှိထားသည့် ဘရာဇီးလ်မှာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

    ပထမကြိမ်ကိုင်တွယ်စဉ် ၂၀၁၀ ကမ္ဘာဖလား ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရမှုကြောင့် အထုတ်ခံခဲ့ရသည့် နည်းပြ ဒွန်ဂါမှာ ယခုရလဒ်ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

    “ကျွန်တော်တို့ လုပ်ခဲ့တာတွေ၊ ကြိုးစားခဲ့တာတွေကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက သိပါတယ်။ ဘရာဇီးလ်အသင်းအတွက် အလုပ်လုပ်မယ်ဆိုရင် ရလဒ်မကောင်းတဲ့အခါ ဝေဖန်မှုတွေကို သောသောညံမယ်ဆိုတာ သိထားရပါမယ်။ ဘရာဇီးလ်မှာ မျက်စိတစ်မှိတ်အတွင်း အားလုံးပြောင်းလဲတာမျိုး လိုချင်ကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ စိတ်ရှည်ရတယ်ဗျ။ အထုတ်ခံရမှာ ကျွန်တော် မကြောက်ပါဘူး။ သေမှာတစ်ခုတည်းပဲ ကြောက်ပါတယ်” ဟု ဒွန်ဂါက ပြောကြားခဲ့သည်။

    Ref: Goal