News @ M-Media
Tag: crime
  • လှိုင်သာယာတွင် နိုင်ငံရေး ပါတီတခု၏ ရပ်ကျေး ဥက္ကဌမှ အသက်မပြည့်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွား
    လှိုင်သာယာတွင် နိုင်ငံရေး ပါတီတခု၏ ရပ်ကျေး ဥက္ကဌမှ အသက်မပြည့်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွား
    M-Media
    လမင်း
    ရန်​ကုန်​ ။     ။  ရန်ကုန်တိုင်း၊ လှိုင်​သာယာမြို့နယ်​၌​နေထိုင်​သူဖြစ်​သူ အထည်​ချုပ်​စက်​ရုံမှ အလုပ်သမ မ…….(၁၇)နှစ်​အား လှိုင်​သာယာမြို့နယ်​၊ အမှတ်​(၇) ရပ်​ကွက်​ ဒီမိုကရက်​တစ်​(မြန်​မာပြည်​) ပါတီ ရပ်ကျေးဥက္ကဌဖြစ်​သူသည်​ ​ဖေ​ဖော်​၀ါရီလ ၂၃ ရက်​​နေ့တွင်​ အလိုမတူဘဲသားမယားပြုကျင့်​ခဲ့​ကြောင်း သိရပါသည်​။
    မ……(၁၇)နှစ်​သည်​ အိမ်​ပြန်​ရန်​ကားဂိတ်​သို့ထွက်​လာစဉ်​ ပါတီရပ်​​ကျေးဥက္ကဌမှ ဆိုင်​ကယ်​စီးလာပြီး မိတ်​ဆက်​စကား​ပြော၍ ဆိုင်​ကယ်​ဖြင့်​လိုက်​ခဲ့ရန်​ ကယ်​ရီခလည်း​ပေးစရာမလို​ကြောင်း​ပြောသဖြင့်​ မ……..(၁၇)​သည်​လိုက်​ပါသွားခဲ့သည်​။ ထို့​နောက်​ ထန်းတပင်​မြို့နယ်​ သီတာ​အေးလမ်းဆုံသို့ အရောက်​တွင်​ ထိုအမျိုးသားသည်​ ပိုက်​ဆံအိတ်​ကျန်​ခဲ့သည်​ဟု​ပြောဆိုကာ ဆိုင်​ကယ်​အား​နောက်​​ကြောင်းပြန်​လှည့်​၍ လှိုင်​သာယာမြို့နယ်​ ၅ ရပ်​ကွက်​ရှိ …….တည်းခိုးခန်းသို့​ခေါ်​ဆောင်​လာခဲ့သည်​။ ထို့​နောက်​ သူမအားပြစရာရှိသည်​ဟု​ပြောကာ အခန်းထဲသို့အ​ရောက်​တွင်​ တံခါး​ဂျက်​ထိုးပြီး အလိုမတူဘဲ သားမယားပြုကျင့်​ခဲ့သည်​။ ဆက်​လက်​ပြီး မ……(၁၇)နှစ်​အား ဆိုင်​ကယ်​ဖြင့်​ဆက်​လက်​တင်​​ဆောင်​ကာ ရန်​ကုန်​-ပုသိမ်​လမ်းအတိုင်း ဆက်​လက်​​မောင်း နှင်​ခဲ့ပြီး ……..ရွာထိပ်​သို့အ​ရောက်​တွင်​ ဆိုင်​ကယ်​ကိုမ​ရပ်​ဘဲဆက်​၍​မောင်းနှင်​ခဲ့ရာ မ……. သည်​ဆိုင်​ကယ်​​ပေါ်မှပြုတ်​ကျပြီး ဒဏ်​ရာ ရရှိခဲ့ပါသည်​။
    ထိုပတ်​၀န်းကျင်​အနီးနားရှိလူများမှ ပါတီဥက္ကဌဖြစ်​သူအား ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းကိုထန်းတပင်​မြို့နယ်​ တက်​သစ်​နယ်​​မြေရဲစခန်းသို့ပို့​ဆောင်​ခဲ့သည်​။ မ…….(၁၇)နှစ်​မှလည်း ရဲစခန်းသို့တိုင်​ကြားခဲ့ရာ လှိုင်​သာယာမြို့မရဲစခန်းမှ (ပ) ၂၂၇/၂၀၁၄ ပုဒ်​မ ၃၇၆ ဖြင့်​အမှုဖွင့်​ကာ စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရပါသည်​။
    ပြစ်​မှုကျုးလွန်​သူသည်​ တွံ​တေးမြို့နယ်​ ပန်းလှိုင်​တံတားကျုး​ကျော်​တဲများကို ဖယ်​ရှားစဉ်​ကအကွက်​ချပုံစံများပြုလုပ်​​ရောင်းချခြင်း၊ အိမ်​​ထောင်​စုစာရင်း စာရွက်​များကို ၎င်းအပါအ၀င်​လူ ၆- ဦးတို့မှ အတုပြုလုပ်​၍ လတ်​မှတ်​ထိုး​ပေးထား​သောအ​ထောက်​အထားများကို သိမ်းဆည်းရရှိမိ၍ ခ​လောက်​ချိုက်​ နယ်မြေရဲစခန်းမှ (ပ) ၂၈/ ၂၀၁၄ ပုဒ်​မ- ၄၂၀/၄၆၈ တို့ဖြင့်​ အမှုဖွင့်​စစ်​​ဆေးလျက်​ရှိပြီး ၎င်းအမှုကိုပါဆက်​လက်​အ​ရေးယူ၍ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရှိရပါသည်​။
  • မိတ္ထီလာမြို့ ပြည်သာယာ၌ ဖဲဝိုင်းတွင် လူငယ်ချင်း စကားများရာမှ ဓါးထိုးမှုဖြစ်
    မိတ္ထီလာမြို့ ပြည်သာယာ၌ ဖဲဝိုင်းတွင် လူငယ်ချင်း စကားများရာမှ ဓါးထိုးမှုဖြစ်
    ဇန်န၀ါရီ ၁၁-၂၀၁၄
    M-Media
    မိတ္ထီလာမြို့ ပြည်သာယာ တောင်ဘက်ကမ်း ရပ်ကွက် ဖဲဝိုင်းတွင် လူငယ်ချင်းစကားများကာ ဓါးထိုးမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။
    ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။
  • မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် လူနေကွန်တိန်နာ မီးလောင်မှုဖြစ်ပွား မြန်မာ တစ်ဦးသေဆုံး
    ဇန်နဝါရီ ၉၊ ၂၀၁၄
    M-Media
    main_nz_016_0901c_24p2
    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Jalan Tiong တွင် လူနေထိုင်သော ကွန်တိန်နာတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား တစ်ဦးသေဆုံးခဲ့ကာ၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ရှို့မီးဟု ယူဆရသည့် အဆိုပါ မီးလောင်မှုမှာ ယမန်နေ့နံနက် ၃ နာရီခန့်က မြန်မာနိုင်ငံသားနှစ်ဦးနေထိုင်သည့် ကားပါကင်အနီးရှိ အဆိုပါကွန်တိန်နာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားနှစ်ဦးမှာ ထိုကားပါကင်အား တာဝန်ယူ စောင့်ရှောက်ရသူများ ဖြစ်သည်။
    မီးလောင်မှုဖြစ်ပွားပြီးနောက် ဆန်တူးလ်နှင့် ဟန်သွာ မြို့နယ်များရှိ မီးသပ်တပ်ဖွဲ့ဝင်များလာရောက်ခဲ့ပြီး၊ မီးငြှိမ်းသတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားတစ်ဦးအား ကယ်တင်နိုင်ခဲ့သည်။ ထို့ပြင် မီးရှို့ရာတွင်အသုံးပြုသည်ဟု ယူဆရသည့် ပလက်စတစ် အမှိုက်ပုံး ၂ လုံးအား တွေ့ရှိခဲ့ရသည်။
    “တင်မင်ရည်ရွယ်ပြီး မီးရှို့ခဲ့တယ်ဆိုတဲ့ အထောက်အထားကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံသား တစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ မီးလောင်ဒဏ်ရာ၊ မီခိုးမွှန်မှုတွေကြောင့် ကွာလာလမ်ပူ ဆေးရုံကို ပို့ဆောင် ထားပါတယ်” ဟု စီအိုင်ဒီအကြီးအကဲ ခိုင်ရီ အဟ်ရာစာက ပြောကြားခဲ့ပြီး၊ ၎င်းတို့အနေဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ အရ စုံးစမ်းစစ်ဆေးနေကြောင်း၊ ထိုကဲ့သို့ မီးရှို့မှုမှာ ကားပါကင်ကိစ္စနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: The Star
  • မလေးရှားနိုင်ငံ မာလာကာတွင် မြန်မာနိုင်ငံသားများ အရက်မူး၍ ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး
    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media
    malacca,Medan_Selera
    – မလေးရှားနိုင်ငံ မာလာကာပြည်နယ် Medan Selera ရှိ Plaza Pandan Malim တွင် မြန်မာနိုင်ငံသားများ အရက်မူး၍ ရန်ဖြစ်ရာမှ တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ဇန်နဝါရီလ  ၁ ရက် နံနက်က မြန်မာနိုင်ငံသား လေးဦးမှာ အရက်မူး၍ ရန်ဖြစ်ခဲ့ကြပြီး  နံနက်၂ နာရီ ၄၀ ခန့်တွင် ပြည်သူတစ်ဦးက ရန်ပွဲဖြစ်ပွားနေသည်ဟု ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုခဲ့ရာ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကျော်ဆွေဦး ဆိုသူမှာ သွေးအိုင်ထဲတွင်သေဆုံးတွေ့ ခဲ့ရသည်။
    သေဆုံးသူမှာ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး  ချွန်ထက်သောအရာနှင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ကပ်ကြေးဟု ယူဆရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရောက်လာချိန်တွင် တရားခံများမှာ ထွက်ပြေးသွားခဲ့သော်လည်း နံနက် ၄ နာရီခွဲခန့်တွင် သေဆုံးသူ လုပ်ကိုင်နေသည့် စားသောက်ဆိုင်တွင်ပင် လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ် မြန်မာ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထွက်ပြေး လွတ်မြောက်နေသည့် တရားနှစ်ဦးကိုလည်း ဖမ်းဆီးနိုင်ရန် စုံစမ်း စစ်ဆေးမှုများကိုပြုလုပ်နေကြာင်း မာလာကာ CID အကြီးအကဲ ရာဂျာရှာရွမ် ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။
    ယခုလူသတ်မှုမှာ တပတ်တွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပူချွန်းမြို့တွင် မူးယစ်ရမ်းကားမှုကြောင့် မြန်မာအချင်းချင်း ဓါးထိုးမှုကြောင့် မြန်မာတစ်ဥိးသေဆုံးမှုဖြစ်ပွားခဲ့သည်။
    လူသတ်မှုဖြစ်စဉ် ၂ ခုစလုံးမှာ အရက်သေစာ သောက်စားရာမှ အစပြုဖြစ်ပွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ပါဝင်သူ အားလုံးမှာ မြန်မာနိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြကြောင်း သတင်းများအရ သိရှိရပါသည်။
    Ref: Bernama
  • မလေးရှားနိုင်ငံ ပူချွန်းတွင် မူးယစ်ရမ်းကားရာမှ မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်
    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media
    မလေးရှားနိုင်ငံ ပူချွန်းတွင် မူးယစ်ရမ်းကားရာမှ တအိမ်ထဲနေ မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်ပွား၊ တစ်ဦး သေဆုံး
    1388391684158_461_21z5JepyHlbf1_0_0
    မလေးရှားနိုင်ငံ ပူးချွန်းရှိ Batu Tiga Belas စက်ရုံတစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။
    သေဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ် ဘိုဘိုဟ (မူရင်းသတင်းပါ Bo Bo Ha အတိုင်း) ဆိုသူဖြစ်ပြီး ၂၉ ရက်နေ့ နံနက်ပိုင်း ၂ နာရီ ၅၀ ခန့်က မူးယစ်ရမ်းကားကာ အခန်းဖော်အား စော်ကားမှုများပြုလုပ်ခဲ့သောကြောင့်၊ အခန်းဖော်ဖြစ်သူမှ မကျေမနပ်ဖြစ်ကာ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ဓားဖြင့်ထိုးခံရပြီးနောက် သေဆုံးသူမှာ အကူအညီရရန် မီတာ ၇၀၀ ခန့်အထိ ထွက်ပြေးလာခဲ့ပြီး စက်ရုံ ဂိတ်ပေါက်ဝတွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။
    ဆူဘန်းဒေသရှိ ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ယာဟ်ယာ ရမ်လီက ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား တစ်ဦးနှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ပီနန်မြို့တွင် မြန်မာအမျိုးသမီး နှစ်ဦးအသတ်ခံရပြီး၊ သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးထားသည်ဟု ပီနန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref: NTV7