News @ M-Media
Tag: crime
  • ကလ်ဖိုးနီးယားတွင် ယောက်ျားဖြစ်သူမှ မိန်းမနှင့် သမီး ၂ ဦးအား သေနတ်ဖြင့် ပစ်သတ်
    မေ-၉ ၊ ၂၀၁၃
    M-Media
    shingletown9n-1-web
     ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား(California) ပြည်နယ်တွင်   မိန်းမ နှင့် သမီးနှစ်ယောက်အား သတ်ခဲ့သည်ဟု သံသယ ရှိသူကို အမေရိကန် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေကြောင်း၊ လူသတ်သမား လက်ဝယ်တွင် လက်နက် ရှိပြီး၊ အများပြည်သူများအတွက် အန္တရာယ် ရှိကြောင်း သတိပေးစာလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
    မျက်မြင်များ၏ ပြောပြချက်အရ အင်္ဂါနေ့က ရှိန်းဖရန့်ကလင် မီလာ (Shane Franklin Miller) ဆိုသူသည် သူ၏ မိန်းမ စန္ဒီ(Sandy) အသက် ၃၄ နှစ် နှင့် သမီးများဖြစ်သော ရှလ်ဘီ(Shelby) အသက် ၈ နှစ် နှင့် ရှက်စတာ (Shasta) အသက် ၄ နှစ်တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည် ဟုဆိုသည်။ ဆန်ဖရန်စ္စစ်ကို(San Francisco) နှင့် ၂၃၀ မိုင်(၃၇၀ ကီလိုမီတာ) ဝေးသော ရှင်ဂလ်မြို့(Shingletown) တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    ရှက်စတာ ကောင်တီ(Shasta County) အုပ်ချူပ်ရေး ဌာနမှ ပြောပြချက်အရ “မီလာသည် သေနတ် လက်ဝယ်ရှိပြီး၊ အန္တရာယ်များသူဖြစ်ကြောင်း၊ တရားမ၀င် လက်နက်ကိုင် ဂိုဏ်းများနှင့် ဆက်ဆံမှုရှိကြောင်း” ပြောကြားခဲ့သည်။  ကာလီဖိုးနီးယား(California) ပြည်နယ်တွင် သူ့အား လိုက်လံဖမ်းဆီးနေပြီး၊ ပြည်နယ်အနှံ ရှာဖွေရန် ၀ရမ်းထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။
    အသက် ၄၅ နှစ်အရွယ် မီလာသည် “သုံးလောင်းပြိုင် လူသတ်မှုကို ကျူးလွန်ခဲ့သည်ဟု သံသယရှိသူဖြစ်ကြောင်း” သတင်းထုတ်ပြန်ထားသည်။
    မြို့အနီးရှိ ကျောင်းများကို လုံခြုံမှုတိုးမြှင့်ထားရန် အမိန့်ထုတ်ထားကြောင်းသိရသည်။ ၊ Times သတင်းစာတွင် ဖော်ပြထားသည်မှာ မိုင်လာသည် လွန်ခဲ့သော ၃၊ ၄ ပတ်လောက်က သူ၏သမီးများအား အစိုးရကျောင်းမှ ကျောင်းထုတ်ခဲ့ကြောင်းသိရသည်။
    သူ၏ သမီးများအား ပုဂ္ဂလိက ကျောင်းသို့ပြောင်းရွှေ့ခဲ့ပြီး၊ အိမ်တွင် ဆက်လက် စာသင်ကြားခဲ့သည် ဟု Times သတင်းစာမှဖော်ပြခဲ့သည်။
    :AFP
  • တရုတ်နိုင်ငံတွင် အသားလိမ်လည် ရောင်းချမှုကြောင့် လူ ၉၀၀ ကျော်အားဖမ်းဆီး
    မေ-၃၊၂၀၁၃
    M-Media
    _67392577_166202565
    တရုတ်နိုင်ငံ တွင် လွန်ခဲ့သော ၃ လအတွင်း တွင် လူ ၉၀၀ ကျော်အား မကောင်းတဲ့ အသားလိမ်လည် ရောင်းချမှုကြောင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည် ဟုဆိုသည်။
    တာဝန်ရှိသူများမှ ပြောကြားသည်မှာ ဤကဲ့သို့ အလားသဏ္ဍန်တူသည့် ရာဇ၀တ်မှု ၄၀၀ ကျော်အား တွေ့ရှိခဲ့ပြီး အသားအတု တန် ၂၀၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့သည် ဟုဆိုသည်။
    တရုတ်ပြည်နယ် သတင်းဌာနမှ ပြောကြားခဲ့သည်မှာ ဖြစ်စဉ်တွင် မြေခွေး၊ မြွေပါကတိုး၊ ကြွက် အစရှိသည်တို့၏ အသားများကိုယူကာ ဓာတုဗေဒဆေးဝါး များဖြင့်ပေါင်းစပ်ကာ သိုးသားအဖြစ် လိမ်လည်ရောင်းချခဲ့သူများလည်းပါဝင်သည် ဟု ဖော်ပြထားသည်။
    ဤအရေးယူဆောင်ရွက်မှုသည် တရုတ်နိုင်ငံ အစားအသောက်ဘေးကင်းရေးနှင့် နှင့် စပ်လျဉ်းပြီး အလေးထားဆောင်ရွက်နေမှုဖြစ်သည်။
    မမှန်ကန်သော ပြုလုပ်မှုများတွင် ကြက်ခြေထောက်ကို မပုတ်သိုးစေရန် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ကိုအသုံးပြုခြင်း၊ ကြက်သားကို အလေးချိန် တိုးစေရန် ရေထိုးခြင်းတို့ ပြုလုပ်မှုများလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
    ဆင်ဟွာ သတင်းဌာနမှ ပြောကြားသည်မှာ ဤဖမ်းဆီးမှုသည် နိုင်ငံတော်အဆင့် မမှန်ကန်မှုများ လုပ်ဆောင်မှု တားဆီးရေးစီမံချက်၏ အစိတ်အပိုင်း တခု ဖြစ်ကြောင်းနှင့် အသားထွက်ပစ္စည်းများကို အဓိကထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယမန်နှစ်ကလည်း  ပဋိဇီဝဆေးဝါးထုတ်လုပ်မှု အချို့တွင် စားသောက်ဆိုင်များ၏ အညစ်ကြေးမှ ထွက်ရှိသောဆီများကို ကုန်ကြမ်းအဖြစ် ထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
    အလားတူ အညစ်ကြေးမှ ထုတ်လုပ်ထားသော ဆီကို ဟင်းချက်ဆီဖြစ်၎င်း အစားသောက်ထုတ်လုပ်ရေး အသုံးပြုခဲ့သည့် ဖြစ်စဉ်လဲ ယမန်နှစ်က ဖြစ်ပေါ်ခဲ့သည်။
    ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံထုတ် နို့မှုန့်များတွင် မယ်လမင်းများ ရောနှောခြင်းပြု လုပ်ခဲ့ခြင်းကြောင့် သောက်သုံးမိတဲ့ ကလေးငယ် သိန်းနှင့် ချီပြီး နေထိုင်မကောင်းဖြစ်ခဲ့ပြီး တရုတ် ပြည်သူလူထုသည် ယခုတိုင် နှို့မှုန့်သုံးစွဲရန် စိုးရိမ်ပူပန်မှု များရှိသေး ကြောင်းသိရှိရသည်။
    Ref:BBC
  • ပင်လောင်းမြို့တွင် လင်မယားချင်း ရန်ဖြစ်ပြီး သေဆုံးသည့် ကိစ္စ ဒေသခံ မွတ်စလင်များအပေါ်ရိုက်ခတ်
    မေ-၃-၂၀၁၃
    M-Media
    ကျောက်ခဲ
    Pin Laung, Shan, Burma
    ဒီနေ့  သောကြာနေ့ မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ နယ်အတွင်းမှာ ပအိုဝ့် တိုင်းရင်းသား လင်မယားနှစ်ဦး အချင်းချင်း ရန်ဖြစ်ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။
    ယင်းသို့ သေဆုံးမှုအပေါ် အချို့ မွတ်စလင် မုန်းတီးရေးပြုလုပ်သူများက မွတ်စလင်များ၏ လက်ချက်သဖွယ် ပြောဆိုခဲ့ခြင်းကြောင့် ပင်လောင်းမြို့ မှာ ဒီနေ့ လူထုကြားမှာ အနည်းငယ်တင်းမာမှုဖြစ်ပွားခဲ့ပါတယ်။
    ဒီနေ့  သောကြာနေ့  ၀တ်ပြုမှုကိုပင် ဗလီမှာမပြုလုပ်နိုင်သေးပဲ ပြဿနာများ ဇစ်မြစ်ကိုရှာဖွေစုံစမ်းခဲ့ကျပါတယ်။
    လက်ရှိအခြေအနေမှာ လုံခြုံရေးများ ချထားပေးပြီး ပအိုဝ့်အဖွဲ့ လူကြီး တစ်ယောက်က တာဝန်ခံကာ ယင်းကိစ္စကို မှုခင်း ဖွင့်ထားပေးတယ်လို့ သိရပါတယ်။
    “ဒီကိစ္စကဗျာ… လင်မယားချင်း အချင်းများပြီး မိန်းမဖြစ်သူက လည်ပင်းဓါးဒဏ်ရာနဲ့ သေဆုံးနေတာ နောက်ပြီး လင်ယောင်္ကျားဖြစ်သူကလည်း မိမိကိုယ်ကိုယ်ကြိုးဆွဲချသွားတာပါ။ ကျွန်တော်ကတော့ အဲဒီလိုသိရတယ်” လို့ အောင်ပန်းက ပုဂ္ဂိုလ်တစ်ဦးက M Media ကို့ပြောပြပါတယ်။
    ” ဒီလို ထင်ယောင်ထင်မှားနဲ့  ပြည်သူလူထုကြား အမုန်းတရားကြီးထွားပြီးပြဿနာတွေဖြစ်အောင်လုပ်တာက ၉၆၉လေဗျာ။ အောင်ပန်း၊ ပင်လောင်းတစ်ဝိုက်မှာ တရားပွဲတွေလုပ် ၉၆၉ အခွေတွေရောင်း၊ ရိုးသားတဲ့ တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ မွတ်စလင်တွေနဲ့ အမုန်းစိတ်ဝင်အောင် သွေးခွဲ ဖျက်ဆီး သွားတာတွေပေါ့ဗျာ” လို့ လည်းပြောကြားသွားပါတယ်။
    အဆိုပါသတင်းနှင့် ပတ်သက်ပြီး အင်တာနက်လူမှု့ရေး ကွန်ရက် စာမျက်နှာများတွင် သွေးထိုးလှုံဆော် ရေးသားမှုများ ဖြစ်ပေါ်ခဲ့ပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေရဲ့ FaceBook လူမှုရေးကွန်ရက် စာမျက်နှာတွင်လည်း မွတ်စလင်မ်များမှ သတ်ဖြတ်ခဲ့သည့် ပုံစံရောက်စေမည့် လှုံဆော်ရေးသားမှုများ ပြုလုပ်ခဲ့ပြိး ယခုအခါ အဆိုပါရေးသားချက်ကို ပြန်လည် ဖျက်သိမ်းသွားကြောင်း တွေ့ရှိရပါသည်။
    ဦးနေမျိုးဝေမှာ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း (သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ (င) ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရ .. အဆိုပါအချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အခြေခံဥပဒေမှာ တရားဝင် အသိအမှတ်ပြူထားသော အစ္စလာမ်သာသနာနှင့် အစ္စလာမ် ဘာသာဝင်များ အပေါ် စော်ကားရိုင်းစိုင်းမှုများနှင့် ဘာသာရေး အဓိကရုဏ်းများ ဖြစ်စေနိုင်သည့် လှုံ့ဆော်မှုများ ရေးသားလက်ရှိပေသည်။ အဆိုပါ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မည်သည့် အရေးယူ ဆောင်ရွက်မှု့မျှ ပြုလုပ်ခြင်း အလျဉ်းမရှိသေးသည်ကို တွေ့ရှိရပါသည်။
  • မလေးရှား : နိုင်ငံခြားသား မူးယစ်မှောင်ခိုမှုတွင် မြန်မာနိုင်ငံသားများ ဦးဆောင်
    မလေးရှား : နိုင်ငံခြားသား မူးယစ်မှောင်ခိုမှုတွင် မြန်မာနိုင်ငံသားများ ဦးဆောင်
    M-Media
    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၂
    The Star
    ကွာလာလန်ပူ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ယခုနှစ်တွင် အဖမ်းအဆီးခံရသည့် နိုင်ငံခြားသားများထဲမှ အများစု မှာ မြန်မာနိုင်ငံ သား များဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလန်လန်ပူအခြေစိုက်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု ဌာန၏ အကြီးအကဲဖြစ်သူ ဆပ်အဓ္နန် အဇီဇန်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း မလေးနိုင်ငံ၊ ဘနားမားသတင်းက ဖော်ပြသည်။
    ဇန်န၀ါရီမှ အောက်တိုဘာအတွင်း မူးယစ်ဆေးဝါးအမှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူများကို ဖမ်းဆီးထားရာ နိုင်ငံခြားသားစုစုပေါင်း ၃၉၃ ဦးပါ ၀င်ကြောင်း ၄င်းက ဆိုသည်။ “ဒီထဲကမှ ၁၇၉ ဦးကတော့ မြန်မာတွေပါပဲ၊ ပြီးရင် အင်ဒိုက ၅၁ ဦးနဲ့ ဒုတိယအများဆုံး၊ အီရန်က ၃၅ ဦး၊ အဲဒီနောက် ကတော့ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်တွေပါပဲ” ဟု သောကြာနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အဓ္နန်က ပြောကြားခဲ့သည်။
    ထို့ပြင် အဓ္နန်က မြန်မာနိုင်ငံသားများသည် ဟီရိုအင်းခေါ်ဘိန်းဖြူမှောင်ခိုရောင်းချသည့် အဓိကတရားခံများဖြစ်ကြောင်း၊ ၄င်းတို့သည် ထိုသို့ရောင်းချမှု ကို ကုန်စည်ဒိုင် လက္ကားဈေးများတွင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
  • ကားနဲ့တိုက်မိတယ်လို့ လုပ်ကြံပြောဆိုပြီး ငွေ ၅ သိန်း ညစ်တဲ့ ဦးတေဇနိယ
    ကားနဲ့တိုက်မိတယ်လို့ လုပ်ကြံပြောဆိုပြီး ငွေ ၅ သိန်း ညစ်တဲ့ ဦးတေဇနိယ
    အောက်တိုဘာ ၂၈၊ ၂၀၁၂
    M-Media
    သတင်း – အေးမောင်
    အောက်တိုဘာလ ၂၄-ရက်နေ့ မနက် ၈-နာရီခွဲအချိန်ခန့်မှာ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း-၃၀ အနီးမှာ ယာဉ်ကြောပိတ်ဆိုမှုကြောင့် ယာဉ်ရပ်တန့်စောင့်ဆိုင်းနေတဲ့ ကား၏ ကားမောင်းသူမှ ကားဖြင့်တိုက်မိပါသည်ဟု လုပ်ကြံပြောဆိုပြီး ဦးတေဇနိယဘွဲခံ ဘုန်းကြီးတစ်ပါးမှ ငွေညစ်ယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
    ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄-ရက်နေ့ မနက် ၈-နာရီခွဲခန့်မှာ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း-၃၀ အနီးမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတာကြောင့် မောင်းနှင်လာသော ကားအား ရပ်တန့်ပြီး သွားလာရန်စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း၏ ညာဘက် ကားဘေးတံခါးအား ဘုန်းကြီးတစ်ပါးမှ လာခေါက်ပြီး တံခါးဖွင့်ခိုင်းကြောင်း၊ ယာဉ်မောင်းမှ ကားတံခါး ဖွင့်ပေးလိုက်စဉ် ဘုန်းကြီးမှာ ကားထဲသို့ဝင်ထိုင်ပြီး ကားသော့ကို ဆွဲဖြုတ်ယူကာ “မင်းကားနဲ့ ငါ့ကို တိုက်တာ၊ မင်း ကုလား၊ မင်းလူပါးဝတာ”ဟု ဆိုကာ ဆဲဆိုကြောင်း၊ ကားမောင်းသူမှ ဦးဇင်းအား တပည့်တော်ကားနှင့်မတိုက်မိပါဟု အတန်တန်ပြောသော်လည်း မရသောကြောင့် ဒါဆို ဘာလုပ်ပေးရမလဲဟု မေးလိုက်စဉ် ဘုန်းကြီးမှ “ခြေထောက်ကိုင်တောင်းပန်ခိုင်း”တဲ့အတွက် အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်သူ ယာဉ်မောင်းမှ ဘုန်းကြီးအား ခြေထောက်ကိုင် တောင်းပန်ခဲ့သည်ကို အနီးဝန်းကျင်တွင် မျက်မြင် ၁၀၀-ခန့်ရှိကြောင်း သိရသည်။ ယင်းဘုန်းကြီးသည် မနက်ပိုင်းအာရုဏ် ဆွမ်းခံချိန်တွင် အမြဲတစေ ၎င်းနေရာဝန်းကျင် တ၀ိုက်တွင် ရှိနေတတ်သော ဘုန်းကြီးဖြစ်ကြောင်း သိရသည်။
    ယင်းသို့ တောင်းပန်ခဲ့ပြီးသည့်နောက် ၂၆-ရက်ညနေတွင် ယာဉ်ထိန်းရုံးမှ ယာဉ်မှုစစ်က ယာဉ်မောင်းအား ခေါ်ပြီး ဘုန်းကြီးကို ကားတိုက်ထားတဲ့အတွက်ခေါ်ကြောင်းပြောခဲ့ပြီး ဘုန်းကြီးနှင့် အပြေအလည်ညှိနှိုင်းရန် ပြောကြားခဲ့သည်။ ယင်းကိစ္စအတွက် ယာဉ်မောင်း၏မိတ်ဆွေ ဗုဒ္ဓဘာသာတစ်ဦးမှ လိုက်လံကူညီ ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။ ယာဉ်မောင်းသူဘက်မှ မတိုက်မိခဲ့ကြောင်းပြောဆိုပြီး ဘုန်းကြီးအားပြေလည်စွာ တောင်းပန်သော်လည်း ဘုန်းကြီးမှ ခြိမ်းခြောက်ခဲ့ကြောင်း၊ ‘အခုလိုအချိန်မှာ မင်းတို့ဘာဖြစ်သွားမယ်မှတ်လဲ၊ အခု အခြေအနေကို မသိဘူးလား၊ ငါက NLD နဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်၊ ငါက တစ်ခြားဘာမှမလိုချင်ဘူး ငွေပဲလိုချင်တယ်’ စသဖြင့် ခြိမ်းခြောက်ပြီး ငွေ သိန်း-၂၀ လျော်ကြေးတောင်းခဲ့သည်။ ယာဉ်မောင်းသူမှ အဲလိုပေးစွမ်းနိုင်မှု မရှိကြောင်းပြောဆို တောင်းပန်သောကြောင့် ငွေ ၅-သိန်း ပေးလိုက်ရသည်။ ယင်းကိစ္စအတွက် ၂၆-ရက်နေ့ ညနေ ၅-နာရီခန့်မှ စတင်ဆွေးနွေးခဲ့ပြီး ည ၇-နာရီခန့်တွင် ယာဉ်ထိန်းရုံး ယာဉ်မှုစစ်များရှေ့၌ပင် ဆွေးနွေးမှုပြီးဆုံးသွားပြီးနောက် စာချုပ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရာ၌ ယာဉ်မောင်းသူမှ မိမိသဘောဆန္ဒအလျောက် ဘုန်းကြီးအား ငွေ ၅-သိန်း ပေးလှူပါသည်ဟု ရေးသားခဲ့ရကြောင်း သိရသည်။ ဘုန်းကြီးဦးတေဇနိယ တစ်ဦးတည်းပြန်သွားခဲ့ကြောင်း သိရသည်။
    ဦးတေဇနိယသည် အင်လျားကန်ပြား တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သံဃာမှတ်ပုံတင်အမှတ် ၁၂/ဗဟန(သ)၀၀၂၇၆၃ ကိုင်ဆောင်ထားကြောင်းလည်း သိရသည်။
    ယင်းကိစ္စအား လိုက်ပါကူညီပေးသူ ဗုဒ္ဓဘာသာဝင် မိတ်ဆွေမှ “ဒီကိစ္စက သက်သက်မဲ့ ညစ်တာ။ ခင်ဗျားတို့ကို မွတ်စလင်မ်မှန်းသိလို့။ ကျုပ်တို့ အချင်းချင်းသာဆို သူမလုပ်ရဲဘူး။ ကျုပ်တို့သာဆို ငါးသိန်းမပြောနဲ့ ငါးပြားတောင် မပေးဘူး”ဟု ပြောကြားခဲ့ကြောင်း M-Media မှ စုံစမ်းသိရှိရပါသည်။