News @ M-Media

Tag: Daniel Shane

  • ဟော့ဖြစ်တဲ့ တော့ပစ်

    ဟော့ဖြစ်တဲ့ တော့ပစ်

    M-Media

    မတ်လ ၂၆ ရက် ၊ ၂၀၁၆

    ဒန်ငြာရှိန်း ရေးသားသည်။

     

    ဒေါ်အောင်ဆန်းစုကြည်အား ဘီဘီစီမှ မီရျယ်ဟူစိန်က အင်တာဗျူး နေစဉ်

    ဒေါ်အောင်ဆန်းစုကြည်အား ဘီဘီစီမှ မီရျယ်ဟူစိန်က အင်တာဗျူး နေစဉ်

     

    ဒီရက်သတ္တပတ်ထဲမှာ ဟော့ဖြစ်တဲ့ တော့ပစ်တွေများပါတယ်။ အမေရိကန်က ရိုဟင်ဂျာအရေး ဂျီနိုဆိုက်ဒ်မမြောက်ကြောင်း ပြောဆိုလိုက်တဲ့ သတင်းကနေ၊ ရခိုင်ဝန်ကြီးချုပ် သတင်း၊ ပြည်ထောင်စုဝန်ကြီးနှစ်ဦးရဲ့ ဘွဲ့ အတုတွေအကြောင်း စသဖြင့်ပါ။ အခုတစ်ခါ ရုပ်ချည့် ဟော့ဖြစ်လာတဲ့သတင်းက ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်တို့ရဲ့ သတင်းပါ။

    ၂၀၁၃ ခုနှစ် ဘီဘီစီအင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတဲ့သူဖြစ်တဲ့ မီရှယ်ဟူစိန်ရဲ့ မေးခွန်းတချို့အပေါ် ဒေါသထွက်ခဲ့တယ်လို့ ဆိုထားပါတယ်။ မီရှယ်ဟူစိန်က ရိုဟင်ဂျာအပါအ၀င် လူနည်းစုမွတ်စလင်တွေအရေးနဲ့ ပတ်သတ်တဲ့ ဘေးကျပ်နံကျပ်မေးခွန်းတွေ ဒေါ်အောင်ဆန်းစုကြည်ကို မေးခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကဒေါသထွက်ခဲ့ပြီး “အင်တာဗျူးမယ့်လူ မွတ်စလင်ဆိုတာ ငါကြိုမသိခဲ့ရပါလား” ဆိုပြီး ရေရွတ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်သတင်းစာတွေက ရေးလိုက်တာပါ။

    ၂၀၁၃ ခုနှစ်ကတည်းဖြစ်ခဲ့တဲ့ ကိစ္စကို ဒီသတင်းဌာနတွေကို ဘာလို့ခုမှ ရေးလာတာလဲ။ ဆန်းစစ်ကြည့်မယ်ဆိုရင် အဲဒီသတင်းဌာန ၂ ခုလုံး ကိုးကားတဲ့ စာအုပ်ကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ စာအုပ်နာမည်က “The Lady and the Generals” ဖြစ်ပါတယ်။ “The Lady and the Peacock” ရေးတဲ့ ပီတာ ဖိုးဖန် (Peter Popham) ရေးတာပါ။ မတ်လ ၁၀ ရက်နေ့ ၀န်းကျင်ကမှ ထွက်လာတဲ့ စာအုပ် အသစ်ချပ်ချွတ်ပါ။ အဲန်အဲလ်ဒီအစိုးရအသစ်နဲ့အတူ ချိန်သားကိုက်ပြီး ထွက်လာတဲ့ စာအုပ်လို့လည်း ဆိုလို့ရပါတယ်။

    ပီတာဖိုးဖန်နဲ့ သူ့စာအုပ်တွေအကြောင်း မပြောမီ ဟော့ဖြစ်တဲ့ တော့ပစ်ကိုပဲ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မီရှယ်ဟူစိန်ရဲ့မေးခွန်းတွေအပေါ် ဒေါသဖြစ်ခဲ့တယ်ဆိုတာနဲ့၊ “အင်တာဗျူးမယ့်လူ မွတ်စလင်ဆိုတာ ငါကြိုမသိခဲ့ရပါလား” ဆိုပြီး ရေရွတ်ခဲ့တယ်ဆိုတဲ့အကြောင်းနှစ်ခုပါ။ ပီတာဖိုးဖန်က အဲဒီအကြောင်းကို သူ့စာအုပ်မှာ အခုလို ထည့်ရေးထားပါတယ်။

    Some believe it is simply a matter of prejudice: that, as a Burma Buddhist, she shares the same bigoted views as many of her fellow citizens, perhaps reinforced by regular exposure to the opinions of her constant companion, Dr. Tin Mar Aung, an Arakanese Buddhist who it is said – I have seen no evidence of this – is herself strongly anti-Rohingya. One snippet of gossip supports this explanation: after a particularly bruising interview with Mishal Husain of the BBC, Suu was heard to mutter angrily, “No one told me I was going to be interviewed by a Muslim.”

    ဒေါ်အောင်ဆန်းစုကြည်ကလည်း တခြားမြန်မာပြည်သားတွေလိုပဲ မွတ်စလင်တွေအပေါ် တယူသန်အစွဲတွေနဲ့ အမြင်စိမ်းတွေထားတဲ့အကြောင်း၊ အဲဒီအမြင်ကို သူမဘေးက ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီး ဒေါက်တာတင်မာအောင်က မီးစထိုးပေးတဲ့အကြောင်း၊ ဒေါက်တာတင်မာအောင်ကိုယ်တိုင် ရိုဟင်ဂျာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူဖြစ်တဲ့အကြောင်း စတာတွေကို ပီတာဖိုးဖန်က သူ့မူအတိုင်း စီကာပတ်ကုံး ရေးလာပြီးတဲ့နောက် – အောက်ပါအတိုင်း ဆက်လက်ရေးသားထားပါတယ်။

    … One snippet of gossip supports this explanation: after a particularly bruising interview with Mishal Husain of the BBC, Suu was heard to mutter angrily, “No one told me I was going to be interviewed by a Muslim.”

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွတ်စလင်လူနည်းစုအပေါ်ထားတဲ့ သဘောထားကို ပီတာဖိုးဖန်က သူ့စိတ်သဘောအတိုင်း သုံးသပ်ပြီးတဲ့သကာလ၊ သူ့သုံးသပ်ချက်ကို ထပ်ပြီးတော့ ကွန့်ချင်တော့ snippet of gossip လို့ခေါ်တဲ့ ဟိုကကြား ဒီကကြားတဲ့ အတင်းအဖျင်းလေးတစ်ခုကို ညှပ်ထည့်လိုက်ပါတယ်။ “ဘီဘီစီရဲ့ မီရှယ်ဟူစိန်နဲ့ အင်တာဗျူးပြီးတော့ ဒေါ်စုက ဒေါသတကြီး ငါ့ကို အင်တာဗျူးမယ့်လူက မွတ်စလင်ဆိုတာ ဘယ်သူမှ ကြိုမပြောထားပါလား ဆိုပြီး ရေရွတ်ခဲ့ပါတယ်” – အဲလို ရေးထားတာပါ။

    ပီတာဖိုးဖန်ကိုယ်တိုင် အဲဒီစာသားကို snippet of gossip ခေါ် အတင်းအဖျင်းလို့ သုံးနှုံးထားပါတယ်။ ဘယ်က ကြားလို့ ကြားမှန်းမသိတဲ့ အတင်းအဖျင်းဖြစ်တာနဲ့အညီ၊ လုံခြုံစိတ်ချရဖွယ် သတင်းအရင်းအမြစ်ကို ဖော်ပြထားတာမျိုး မရှိပါ။

    အဲဒီစာသားနောက်မှာပဲ ပီတာဖိုးဖန်ဆက်ရေးထားတာက – ” မြန်မာလူနည်းစုမွတ်စလင်အရေးနဲ့ပတ်သတ်ပြီး ဒေါ်စုက နုတ်ဆိတ်ခဲ့ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာ မွတ်စလင်ထုကြီးက သူမအပေါ် အညှိုး အာဃာတတွေ ထားနေကြတယ်။ အဲလို အာဃာတ အမုန်းတရားတွေကြောင့်ပဲ ဒေါ်စုက အခုလို ဒေါသနဲ့ ရေရွတ်လိုက်တာမျိုး ဖြစ်မှာပါ။ မွတ်စလင်ထုက ဒေါ်စုအပေါ်ထားတဲ့ သဘောထားကို ဒေါ်စုကိုယ်တိုင်သံသယ၀င်နေတာဖြစ်နိုင်သလို၊ ဒေါ်စုရဲ့ အယူအဆက အမှန်တရားလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် သူမက မွတ်စလင်တွေကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးတာမျိုး မရှိဘူး။ မုန်းတီးတာမျိုး မရှိဘူးလို့ ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေကလည်း အပြည့်အစုံပဲ။ ” ဆိုပြီး ရေးထားတာပါ။

    “အင်တာဗျူးမယ့်လူ မွတ်စလင်ဆိုတာ ငါကြိုမသိခဲ့ရပါလား” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တယ်၊ မပြောခဲ့ဘူးဆိုတာ ပီတာဖိုးဖန်လည်း အတည်မပြုနိုင်သလို၊ ဒေးလီးမေးလ် နဲ့ တယ်လီဂရပ်ဖ်တို့လည်း အတည်မပြုနိုင်ပါ။ ဒါကြောင့်လည်း ပီတာဖိုးဖန်က semi-apologetic ဆိုတဲ့ အတင်းအဖျင်းတစ်ခုကို ကိုးကားပြီးတော့မှ ပြန်တောင်းပန်သလိုမျိုး အသွင်နဲ့ ဒေါ်စုကတော့ ပုဂ္ဂိုလ်ရေးအရကြည့်ရင် မွတ်စလင်တွေကို မုန်းတီးတာမျိုး မရှိဘူးလို့ ပြန်ဖာထေးထားတာ ဖြစ်ပါတယ်ဆိုပြီး coconuts yagon သတင်းဌာန (http://yangon.coconuts.co/2016/03/25/no-one-told-me-i-was-going-be-interviewed-muslim-comments-attributed-aung-san-suu-kyi) က သုံးသပ်ထားပါတယ်။

    အခု ပီတာဖိုးဖန်ရဲ့ ယုံကြည်စိတ်ချရဖွယ် အခြေအနေကို သုံးသပ်ပါ့မယ်။ “The Lady and the Generals” က မနေ့တနေ့ကမှ ထွက်လာတော့ အဲဒီစာအုပ်ကို ရီဗျူးရေးတဲ့လူ အင်မတန်မှ နည်းနေပါသေးတယ်။ “The Lady and the Peacock” ကိုတော့ လန်ဒန်တိုင်းမ်စ်က ရစ်ချက် ပယ်ရီ အပါအ၀င် ရီဗျူးရေးသူအများအပြားရှိခဲ့ပါတယ်။ storytelling ကောင်းမွန်တဲ့ ပီတာဖိုးဖန်ရဲ့ အရေးအသားကြောင့် “The Lady and the Peacock” ဟာ အောင်မြင်တဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။ ရစ်ချက်ပယ်ရီရဲ့ ရီဗျူးကို ဒီ (http://www.lrb.co.uk/v34/n08/richard-lloydparry/how-confident-should-she-be) မှာဖတ်နိုင်ပါတယ်။

    ပီတာဖိုးဖန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ န၀တ၊ နယက အစိုးရတွေ အုပ်ချုပ်စဉ် မြန်မာပြည်တွင်း ၀င်ထွက်သွားလာခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေအတွင်းမှာပဲ ဒေါ်စုရဲ့ အထုပတ္တိကို ရေးဖို့ အချက်အလက်စုဆောင်းခဲ့တာဖြစ်ပါတယ်။ ပီတာဖိုးဖန်ရဲ့ စာအုပ်ကို ရီဗျူးရေးတဲ့အထဲမှာ ကနေဒါစာရေးဆရာမ ကဲရန်ကော်နယ်လေရဲ့ ရီဗျူး (http://www.theglobeandmail.com/arts/books-and-media/the-lady-and-the-peacock-by-peter-popham/article548907/) က စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ကဲရန်က ပီတာဖိုးဖန်ရဲ့ အားနည်းချက် ၂ ခုကို ထောက်ပြထားပါတယ်။

    – နံပါတ် ၁ က မလိုလားအပ်တဲ့ ပုဂ္ဂလိက သုံးသပ်ချက်ပါ။ “The Lady and the Peacock” မှာ ပီတာဖိုးဖန်က ဒေါ်စုအရမ်းလှတဲ့အကြောင်းကို တခမ်းတနားရေးထားတာပါ။ ကဲရန်က ပီတာဖိုးဖန်ရဲ့ အဲဒီအရေးအသားကို မနှစ်မြို့ဖွယ် (distasteful) အရေးအသားလို့ ဆိုပါတယ်။

    – နံပါတ် ၂ က ပီတာဖိုးဖန်ကိုးကားထားတဲ့ မသိင်္ဂီ (ယခု မြန်မာတိုင်းမ်စ် အယ်ဒီတာ) ဆိုသူ ဂျာနယ်လစ်တစ်ဦးရဲ့ ဒိုင်ယာရီစာအုပ်ပါ။ “The Lady and the Peacock” ဆိုတဲ့စာအုပ်မှာ ပီတာဖိုးဖန်က မသိဂီင်္ရဲ့ ဒိုင်ယာရီစာအုပ်ကို စာမျက်နှာပေါင်းများစွာမှာ ကိုးကားတင်ပြထားပါတယ်။ မသိဂီင်္ဟာ ဒေါ်စုရဲ့ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ကာလတွေအတွက် လူယုံသူငယ်ချင်းတစ်ဦးပါ။ စစ်အစိုးရအာဏာသိမ်းပြီးတဲ့နောက်တော့ မသိဂ်ီဟာဒေါ်စုကို သစ္စာဖောက်ပြီး စစ်အစိုးရအလိုကျ အသုံးတော်ခံခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီအဆိုကို ပီတာဖိုးဖန်က သက်သေသာဓက အသေအချာမရှိဘဲ စာအုပ်ထဲထည့်ရေးခဲ့ခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ပီတာဖိုးဖန်ကိုယ်တိုင် မသိဂီင်္က သူ့ကို လှည့်ဖျားခဲ့ပါတယ်ဆိုပြီး “The Lady and the Peacock” စာအုပ်နောက်ဆုံးပိုင်းမှာ ရေးထားတာပါ။ စစ်အစိုးရလက်ထက်မြန်မာပြည်တွင်း ၀င်ထွက်သွားလာခွင့်ရနေတာကို မသိင်္ဂီက အတို့အထောင်လုပ်လိုက်တာကြောင့် ပီတာဖိုးဖန်တစ်ယောက် မြန်မာပြည်ကို လာလို့ မရဘူးဖြစ်သွားပါသတဲ့။ သူယုံယုံကြည်ကြည် ကိုးကားလာတဲ့ မသိဂီင်္ဟာ သူ့ကိုလည်း လှည့်ဖျားခဲ့ဖူးတယ်ဆိုပြီး ပီတာဖိုးဖန်က ဆိုလိုက်တော့ သူကိုးကားခဲ့သမျှ မသိဂီင်္ဒိုင်ယာရီဟာ အလိုလို အဆင့်လျှောကျပြီး ယုံကြည်လောက်ဖွယ်မရှိတဲ့ သတင်းအရင်းအမြစ် ဖြစ်သွားရပါတော့တယ်။

    အထက်ပါ အချက်နှစ်ချက်ကို ကဲရန်ကော်နယ်လေက ထောက်ပြထားတာပါ။

    နံပါတ် ၁ ပါ အချက်ဖြစ်တဲ့ ပီတာဖိုးဖန်သည် မလိုလားအပ်ဘဲ ပုဂ္ဂလိက မှတ်ချက်မျိုး ထည့်ရေးတတ်သူဖြစ်တယ်ဆိုတဲ့အချက်က၊ အခုသူ့ရဲ့ ဒုတိယစာအုပ်ဖြစ်တဲ့ “The Lady and the Generals” မှာလဲ ထပ်ပြီး ပေါ်လွင်လာဖို့ ရှိနေပါတယ်။ snippet of gossip ခေါ် အတင်းအဖျင်းတစ်ခုကို လုံလောက်တဲ့ သက်သေမရှိဘဲ ပေထက်အက္ခရာတင်တာကြောင့် ဒေးလီးမေးလ်နဲ့ တယ်လီဂရပ်တို့လို tabloid သတင်းခေါ် လူပြိန်းကြိုက် အတင်းအဖျင်း သတင်းစာတွေက ဖွကြပါတော့တယ်။ အချိန်ကိုက် ဖွကြတော့ မြန်မာမွတ်စလင်မ်လူနည်းစုနဲ့ အဲန်အဲလ်ဒီအစိုးရသစ်အကြား မလိုလားအပ်တဲ့ အဖုအထစ်၊ ကနဦးကတည်းက အမြစ်တွယ်ဖို့ စိုင်းပြင်နေတာ သတိထားချပ်စရာပါ။

    နောက်ထပ် ရီဗျူးတစ်ခုကို ထပ်ကြည့်ကြပါတယ်။ ဒီတစ်ခါကတော့ မြန်မာအမျိုးသမီးဖြစ်တဲ့ နှင်းဝသန်ရဲ့ “The Lady and the Peacock” အပေါ် မြင်တဲ့အမြင် (http://www.irrawaddy.com/feature/review-the-lady-and-the-peacock.html) လေးပါ။

    နံပါတ် ၁ – နှင်းဝသန်ကလည်း ကဲရန်ကော်နယ်လေလိုမျိုးပဲ မြင်ထားပါတယ်။ ပီတာဖိုးဖန်က မသိဂီင်္ရဲ့ ဒိုင်ယာရီတွေကို ကိုးကားရေးထားပြီး မသိဂ်ီဟာ ဒေါ်စုကို သစ္စာဖောက်တယ်ဆိုတဲ့အကြောင်း၊ သူ့ကိုလည်း အတို့အထောင်လုပ်ပြီး မြန်မာပြည်တွင်းက မောင်းထုတ်ခံရအောင်လုပ်တယ်ဆိုတဲ့အကြောင်း တွေကို အထောက်အထားအသေအချာမပြဘဲ ထည့်ရေးထားတယ်လို့ နှင်းဝသန်က ဆိုပါတယ်။

    နံပါတ် ၂ – ဒီတစ်ခုက ကဲရန်ကော်နယ်လေရဲ့ နံပါတ် ၁ အမြင်နဲ့ သွားတူပါတယ်။ မလိုလားအပ်ပဲ ပုဂ္ဂလိကအကြောင်းတွေ ထည့်ရေးတာပါ။ နှင်းဝသန်ရဲ့ တိုက်ရိုက်အရေးအသားက ဒီလိုပါ။

    I also wonder about Popham’s intention to include an assumption by Suu Kyi’s friends about how she fell in love with a Pakistani student, who later worked in the Pakistani Foreign Service and who declined to be interviewed for the book, during her second year at Oxford. Was this just an attempt to sensationalize Suu Kyi’s love-life during her younger days?

    “ဒေါ်စုက ပါကစ္စတန်အမျိုးသားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်ဆိုပြီး ပီတာဖိုးဖန်က ယူဆထားတယ်။ အဲဒီခန့်မှန်းချက်ကို ကျမအံ့သြမိတယ်။ “The Lady and the Peacock” မရေးမီ ပါကစ္စတန်နိုင်ငံခြားရေးဌာနမှာ အလုပ်လုပ်ခဲ့တဲ့ ဒေါ်စုရည်းစားဟောင်းဆိုသူကို ဆက်သွယ်ခဲ့ပေမယ့် သူက အင်တာဗျူးအလုပ်မခံခဲ့ဘူးလို့ သိရတယ်။ ဒေါ်စုနဲ့ သူ့ဇတ်လမ်းက ဒေါ်စုရဲ့ အောက်စဖို့ဒ်ဒုတိယနှစ်ကျောင်းသူဘ၀မှာ ဖြစ်တာလို့ ဆိုထားတယ်။ ဒါဟာ ဒေါ်စုငယ်ရွယ်စဉ်ကာလအဖြစ်အပျက်ကို လူထုစိတ်ဝင်စားအောင် ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ တမင်ဖွထားတာမျိုး မဟုတ်ဘူးလား။” ဆိုပြီး နှင်းဝသန်က သုံးသပ်ပါတယ်။

    အခု “The Lady and the Peacock” စာအုပ်ရဲ့ ရီဗျူးနှစ်ခုကိုလည်း တင်ပြပြီးပါပြီ။ “The Lady and the Generals” စာအုပ်ကိုတော့ တိုင်းမ်နဲ့ ဂါးဒီးယန်းသတင်းစာတွေမှာ ဆောင်းပါးတွေရေးပြီး ထင်ရှားတဲ့ ရီဂျင်နယ် မက်ဆေး ( Reginald Massey ) ရဲ့ ရီဗျူးဆန်ဆန် သုံးသပ်ချက်(http://www.confluence.mobi/book-review/reginald-masseys-book-page-the-lady-and-the-generals/) တစ်ခုတော့ ရှိပါတယ်။ ထူးခြားတဲ့အချက်မပါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတွေကို ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး အဆုံးမှာ သုံးသပ်ထားပါတယ်။

    အချုပ်ဆိုရရင်တော့ ဒေးလီးမေလ်းတို့ ၊ တယ်လီဂရပ်ဖ်တို့ဖွတိုင်း မယုံပါနဲ့။ ဘီဘီစီအင်တာဗျူးဗွီဒီယို (http://www.bbc.com/news/world-asia-24651359) ကို တိုက်ရိုက် ကြည့်ပါ။ အဲဒီဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မီရှယ်ဟူစိန်ရဲ့ မေးခွန်းတွေကို စိတ်စနိုးစနောင့်ဖြစ်တဲ့ပုံမပြဘဲ ဖြေကြားခဲ့ပါတယ်။ ဒါ့ပြင် အစွန်းမရောက်တဲ့ မြန်မာမွတ်စလင်မ်တွေဟာ လူများစု (ဗုဒ္ဓဘာသာဝင်တွေ)နဲ့ ကောင်းမွန်စွာ အဆက်အဆံထားရှိနိုင်တယ်ဆိုပြီး ဆိုထားပါတယ်။ ဗွီဒီယိုဖိုင် စက္ကန့် ၅၀ မှာပါ။

    သတိပြုရမှာက ကမ္ဘာ့ထိပ်သီးနိုင်ငံရေးသမားတစ်ဦးကို အင်တာဗျူးမယ့် သတင်းဌာနက ခင်ဗျားကို အင်တာဗျူးမှာကတော့ဖြင့် ဘယ်သူဘယ်ဝါဖြစ်ပါတယ်ဆိုပြီး ကြိုတင်အကြောင်းမကြားထားလေသရော့လား၊ ကြိုတင်အကြောင်းကြားတယ်ထားဦးတော့၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက မီရှယ်ဟူစိန်ဆိုတဲ့နာမည်မြင်တာနဲ့ အဲဒီလူရဲ့ ကိုးကွယ်တဲ့ဘာသာကို မခန့်မှန်းနိုင်လောက်အောက် ပညာအရည်အချင်း နိမ့်ပါးနေလို့လား ဆန်းစစ်ရပါမယ်။

    အဲဒီအင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာမွတ်စလင်မ်တွေနဲ့ လူများစုဗုဒ္ဓဘာသာဝင်တွေအကြား ပြဿနာဟာ အကြောက်တရားကို အခြေခံတဲ့အကြောင်း၊ ဂလိုဘယ်မွတ်စလင်ပါဝါကို မြန်မာလူများစုက ကြောက်တယ်ဆိုတဲ့အကြောင်း၊ မိမိအနေနဲ့ အမုန်းစကားမှန်သမျှကို ဆန့်ကျင်တယ်ဆိုတဲ့အကြောင်းတွေ ပြောထားပါတယ်။

    အကြောက်တရားဖြစ်ရလေအောင် စနစ်တကျဖန်တီးပေးတဲ့ အဓိကအရင်းအမြစ်က စစ်ဝါဒီတွေဖြစ်ပါတယ်။ မွတ်စလင်ဘက်မှာလဲ အကြောက်ပိုလာအောင်၊ ဗုဒ္ဓဘာသာဝင်လူများစုတွေဘက်မှာလည်း အကြောက်ပိုလာအောင် ၀ါဒဖြန့်ပါတယ်။ ISIS လို ကမ္ဘာ့အကြမ်းဖက်သမားတွေပဲ မြန်မာပြည်ထဲရောက်နှင့်ပြီးသယောင် ၀ါဒဖြန့်ချိမှုတွေအထိ ရှိပါတယ်။

    ဒါကြောင့် မြန်မာမွတ်စလင်တွေအနေနဲ့ အစိုးရသစ်လက်ထက် အသွင်ကူးပြောင်းစမှာ tabloid ခေါ် အတင်းအဖျင်း သတင်းစာတွေပြောတာ မယုံဘဲ ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာဆင်ခြင်ရပါမယ်။ ထို့အတူ ဗုဒ္ဓဘာသာလူများစုတွေကလည်း ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အစွန်းရောက်အကြမ်းဖက်ကိစ္စတွေကို ကြည့်ပြီး မြန်မာပြည်တွင်းနေ မွတ်စလင်တွေကို မျက်မုန်းမကျိုးဘဲ၊ မြန်မာပြည်တွင်းနေမွတ်စလင်တွေရဲ့ သမိုင်းအစဉ်အလာ ၊ ရွေးကောက်ပွဲမတိုင်မီကာလနဲ့ လက်ရှိကာလ ပြုမူနေထိုင်ပုံတွေကိုသာကြည့်ပြီး အစိုးရသစ်လက်အောက်မှာ လက်တွဲမပြတ် ဆက်လက်ချီတက်ကြဖို့ လိုတယ်ဆိုတဲ့အကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

  • တိုင်းပြည်ကို မောင်းနှင်မယ့် ဒရိုင်ဘာ

    တိုင်းပြည်ကို မောင်းနှင်မယ့် ဒရိုင်ဘာ

    မတ် ၁၀ ၊ ၂၀၁၆

    ဒန်ငြာရှိန်းရေးသည်။

    ပြည်ပမီဒီယာတွေက အဲန်အဲလ်ဒီရဲ့ သမ္မတလောင်း ဦးထင်ကျော်ကို ဒရိုင်ဘာ လို့ ခေါင်းစဉ်တပ်ပါတယ်။ အေအက်ဖ်ပီသတင်းဌာနက “Ex-driver gears up for Myanmar rule but Suu Kyi still at wheel” လို့ ခေါင်းစဉ်တပ်တာက အစောဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ အဲဒီနောက် ဘန်ကောက်ပို့စ် ၊ စီအင်အေ၊ လန်ဒန် နာမည်ကြီး တယ်လီဂရပ်၊ အိန္ဒိယတိုင်းမ်စ်စတဲ့ သတင်းဌာနတွေ ကလည်း ဒရိုင်ဘာလို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

    ဒါကို မြန်မာလူထုက နှိမ်ချစော်ကားတဲ့ အရေးအသားဖြစ်တယ်ဆိုပြီး မကျေနပ်ကြပါ။

    ဦးထင်ကျော်၏ ကိုယ်ရေးရာဇ၀င်
    =====================
    မြန်မာလူထု အပျော်လုံးစို့ပြီး ဦးထင်ကျော်နာမည်ကို ရေးကြ၊ ပြောကြဆိုကြ ဖြစ်နေတဲ့ အချိန်မှာ နိုင်ငံတကာသတင်းဌာနတွေက ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇ၀င်ကို အသည်းအသန် လိုက်ရှာနေကြတာကို ဒရိုင်ဘာစကားလုံးမကြိုက်တဲ့ အများပရိသတ် သတိထားခဲ့မိဟန် မတူပါ။

    ဘီဘီစီရဲ့ ဂျိုနာဖစ်ရှာ(@JonahFisherBBC) က “NLD lack of info has not made this easy!” ၊ အဲန်အဲလ်ဒီရဲ့ သတင်းအချက်အလက်ထုတ်မပေးနိုင်မှုက ကျနော်တို့ကို အခက်အခဲထဲ တွန်းပို့သလိုပါပဲ ဆိုပြီး ဦးထင်ကျော်ရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်မပြုနိုင်ဖြစ်နေခဲ့တဲ့ နာရီပိုင်းအချိန်တွေအတွက် တွီတာမှာ ညည်းတွားခဲ့ပါတယ်။

    AFP ရဲ့ ဂျေရုမ်တေလာ (@JeromeTaylor) က ဦးထင်ကျော်ဟာ အောက်စဖို့ဒ်ဘွဲ့ရမဟုတ်ပါဆိုပြီး တွီတာမှာ ပထမဆုံးရေးသားခဲ့တဲ့ နိုင်ငံတကာ သတင်းထောက်ဖြစ်ပါတယ်။ အဲဒီလို သူရေးနေတဲ့အချိန် ကမ္ဘာကျော် မြန်မာ့သမိုင်း ပညာရှင်ကြီး ဒေါက်တာသန်းမြင့်ဦးကတော့ ဦးထင်ကျော်သည် အောက်စဖို့ဒ်ဆင်း တစ်ယောက်ဖြစ်တယ်ဆိုပြီး တွီတာမှာပဲ ရေးကောင်းနေတုန်းပါပဲ။

    JeromeTaylor Than Myint U
    စာရှုသူမိတ်ဆွေရော၊ ဦးထင်ကျော်နာမည်ကို လွှတ်တော်မှာ သမ္မတလောင်းအမည်တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းကြားရလျှင် ကြားရချင်း ဦးထင်ကျော်ကတော့ ဘယ်လို လူစားမျိုးလဲဆိုတာ သိပြီးပြီလား၊ မသိသေးဘူးလား မိမိဖာသာ မေးကြည့်ပါ။

    မြန်မာ့သမ္မတလောင်း၏ ကိုယ်ရေး ရာဇ၀င်ကို နိုင်ငံတကာက ရှာဖွေနေစဉ် မြန်မာပြည်တွင်း အခြေစိုက် မီဒီယာတွေ ဘာလုပ်နေသလဲ
    ===================================
    သမ္မတလောင်းဖြစ်မယ့် လူစာရင်းဟာ လွှတ်တော်မှာ အဆိုမတင်မီကတည်းက ပြည်သူလူထုအကြား ခန့်မှန်းချက် အသွင်နဲ့ ပျံ့နှံ့ရောက်ရှိပြီးပါပြီ။ အဲဒီအထဲမှာ ဦးထင်ကျော်နာမည်ပါပါတယ်။ အလဲဗင်း၊ သည်ဗွိုက်စ် စတဲ့ ပြည်တွင်းခေါင်းဆောင်မီဒီယာတွေက ဦးထင်ကျော်သာ အမှန်တကယ် အဆိုတင်သွင်းခံခဲ့ရရင် လူထုသိနိုင်ဖို့အတွက် သူ့ကိုယ်ရေးရာဇ၀င်ကို ကြိုတင်စုံစမ်းပြီး မှတ်တမ်းတင်ချပြဖို့ ပြင်ဆင်ထားတာမျိုး မလုပ်ထားတာကို တွေ့ရပါတယ်။ တဘက်က ဒရိုင်ဘာလို့ ခေါင်းစဉ် တပ်တော့ လူထုရဲ့ တုန့်ပြန်မှုအပေါ် အခွင့်ကောင်းယူပြီး မိမိတို့ မီဒီယာနာမည်ရရေး အတွက် အေအက်ဖ်ပီ ၊ စီအင်အေ၊ စီအင်အင်ရှုံ့ချရေးအတွက် ဖိုတိုဓါတ်ပုံတွေနဲ့ လှုံဆော်ရေးဆန်တဲ့ အရေးအသားတွေရေးပြီး မြန်မာ့ သမ္မတလောင်းကြီးကိုဖြင့် ဒရိုင်ဘာလို့သူတို့ ပြောကြလေခြင်း ဆိုပြီး ဆွပေးကြပါတော့တယ်။

    သည်ဗွိုက်စ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “သမ္မတဖြစ်လာတော့မယ့် ဦးထင်ကျော်ကို မနာလိုစိတ်၊ ပုဂ္ဂိုလ်ရေး လုပ်ကြံချင်စိတ်အားကြီးပြီး ဒီလို မက်ဆေ့မျိုး ပြည်ပသတင်း မီဒီယာတွေကို ပေးလိုက်တာလား၊ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချချင်တာလား၊ ဒါမှမဟုတ် ပြည်ပမီဒီယာတွေကိုယ်တိုင် သမ္မတအဖြစ် အဆိုပြုခံရသူကို အထင်သေးတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။” ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

    ရွေးကောက်ပွဲမတိုင်ခင် အနောက်တိုင်း မီဒီယာကြီးတွေက အဲန်အဲလ်ဒီကို တစုံတရာ တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ ယခုကိစ္စက ပုဂ္ဂိုလ်ရေး လုပ်ကြံချင်စိတ်အားကြီးတယ်၊ မနာလိုတယ်ဆိုတဲ့ စကားလုံးမျိုးတွေ သုံးရအောင် ကြီးကျယ်တဲ့ ကိစ္စတစ်ရပ်လည်းမဟုတ်ပါ။ တကယ်လို့သာ နိုင်ငံတကာက အဲန်အဲလ်ဒီ၊ ဒေါ်စုနဲ့ ဦးထင်ကျော်ကို သိက္ခာချချင်ရင် အခုမှ ထလုပ်တာမျိုး မဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လုပ်နေခဲ့ကြမှာ အသေအချာပါပဲ။

    ဦးကျော်မင်းဆွေရဲ့ သည်ဗွိုက်စ် မီဒီယာက အစ္စလာမ်မစ် အစွန်းရောက်တွေ လူသတ်ကြပြီဆိုရင် သတင်းအရင်းအမြစ်တွေ ကိုးကားပြီး အချိန်နဲ့ တပြေးညီတင်ပေးပေမယ့် ဦးထင်ကျော်ရဲ့ ကိုယ်ရေး ရာဇ၀င်ကိုတော့ ပြည်သူ အာရုံစိုက်လာမယ့်အချိန်မှာ အချိန်နဲ့ တပြေးညီ မတင်ပေးနိုင်ခဲ့ပါ။ ဒါကြောင့်သာ ပြည်သူက ပြည်ပမီဒီယာကို အာရုံထား အားကိုးခဲ့ကြတာဖြစ်ပါတယ်။ သည်ဗွိုက်စ်ဖြစ်စေ၊ အလဲဗင်းဖြစ်စေ မြန်မာ့ခေါင်းဆောင် ဘယ်မီဒီယာကမှ ဦးထင်ကျော်ဟာ အောက်စဖို့ဒ်ဆင်းမဟုတ်ဘူးဆိုပြီး အချိန်မီ သတင်းမထုတ်ပြန်ခဲ့သလို ဦးထင်ကျော်ဟာ ဒေါ်စုရဲ့ ပင်တိုင်ကားမောင်းသမား လည်း မဟုတ်ဘူးလို့ အချိန်ကိုက် တင်ပြခဲ့တာမျိုး မရှိခဲ့ပါ။

    ဦးကျော်မင်းဆွေရဲ့ သည်ဗွိုက်စ်မီဒီယာဟာ ရွေးကောက်ပွဲမတိုင်ခင် အဲန်အဲလ်ဒီအတွက် မားမားမတ်မတ်ရပ်ပေးခဲ့တဲ့ မီဒီယာတွေထဲက တစ်ခုမဟုတ်ပါ။ အခုမှ ဦးကျော်မင်းဆွေက ဒေါ်စုနဲ့အဲန်အဲလ်ဒီအတွက် ၀င်နာပေးတာက မီဒီယာသမားတစ်ယောက်ရဲ့ စိတ်ဝင်စားစရာ လုပ်ကွက်လို့ သုံးသပ်ရပါမယ်။

    ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ကားမောင်းခဲ့ဖူးပါသည်။
    ====================================

    JeromeTaylor2
    ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းအရင်းဖြစ်ပါတယ်။ သူ့ကားကို မောင်းပေးခဲ့ဖူးပါတယ်။ ဒါဟာ အချက်အလက်ပါ။ ဦးထင်ကျော်ရဲ့ ရာဇ၀င်မှာ အမြဲတမ်း ပါဝင်ပတ်သတ်နေမယ့် အချက်အလက်ပါ။ အများပရိသတ် လက်မခံချင်ဘူးဆိုလည်း ဦးထင်ကျော်ရဲ့ သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကို သူငယ်ချင်း ကဏ္ဍအနေနဲ့ဖြစ်ဖြစ် မောင်းပေး ခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ပါ။ ဒါကို အေအက်ဖ်ပီရဲ့ ဂျေရုမ်တေလာက “None of the Myanmar copy I’ve read today suggests Htin Kyaw was just a driver. He’s much more than that. But it’s also something he did” (ကျနော်ဒီနေ့ဖတ်ရတဲ့ မြန်မာသတင်းတွေအားလုံး ဦးထင်ကျော်က ကားဒရိုင်ဘာသက်သက်ပါလို့ ရေးထားတာ မတွေ့ပါဖူး။ ဦးထင်ကျော်က အဲဒီအဆင့်ထက် အဆပေါင်းများစွာပိုပါတယ်။ ဒါပေမယ့် ကားမောင်းတဲ့အလုပ်ကလည်း သူလုပ်ခဲ့တဲ့ အလုပ်တစ်ခုပဲလေ။) ဆိုပြီး ရေးထားပါတယ်။

    အေအက်ဖ်ပီရဲ့ ခေါင်းစဉ် ဘာမှားသလဲ
    ======================
    အထက်မှာ ရေးခဲ့တဲ့ အေအက်ဖ်ပီ သတင်းခေါင်းစဉ် “Ex-driver gears up for Myanmar rule but Suu Kyi still at wheel” က ဘာအမှားပါပါသလဲ။ (ဒေါ်စုရဲ့) ဒရိုင်ဘာဟောင်းကြီးက မြန်မာပြည်ကိုဦးဆောင်မောင်းနှင်ဖို့ ဂီယာတင်ပြီး၊ ဒေါ်စုကတော့ steering wheel ခေါ် စတီယာဘီးကို ကိုင်ပြီးမောင်းနှင်မယ့်သဘော အနေအထားအဖြစ် ရှိနေဆဲဆိုပြီး မြန်မာလိုယေဘုယျ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဘာများမှားပါသတုန်း။

    ကျနော်စာရေးသူ အေအက်ဖ်ပီကို ရှေ့နေလိုက်ပေးတာ မဟုတ်ပါ။ ဒါပေမယ့် သူတို့တပ်ထားတဲ့ ခေါင်းစဉ်က အဆီအလျော်တည့်ပြီး အဓိပ္ဗါယ်လည်း ပါတဲ့အတွက် တစ်စုံတစ်ရာမှားယွင်းတယ်လို့ မမြင်မိပါ။

    ဒါနဲ့ပတ်သတ်ပြီး အေအက်ဖ်ပီရဲ့ ဂျေရုမ်တေလာက “The driver line is a nice way to illustrate how Suu Kyi has chosen an inner circle, close confidante to be her proxy. It’s not an insult” (ဒရိုင်ဘာဆိုပြီး သုံးလိုက်တော့ ဒေါ်စုက သူနဲ့ အနီးကပ်အဆက်အဆံရှိပြီး ယုံကြည်စိတ်ချရတဲ့သူကို ရွေးလိုက်တယ်ဆိုတာ ပိုပြီး ပေါ်လွင်လာတာပေါ့။ ဒါဟာ စော်ကားတိုက်ခိုက်တဲ့ စကားလုံး မဟုတ်ပါဘူး။) ဆိုပြီး တွီတာမှာ ချေပ ရှင်းလင်းထားပါတယ်။

    တခါ ဂျေရုမ်တေလာက “Our profile of Myanmar’s Htin Kyaw makes clear he’s much more than headline grabbing driver” ၊ မြန်မာသမ္မတလောင်း ဦးထင်ကျော်နဲ့ ပတ်သတ်ပြီး ကျနော်တို့ ရေးထားတဲ့ ကိုယ်ရေးရာဇ၀င်မှာ သူဟာ ဒရိုင်ဘာတစ်ယောက်ထက် အဆပေါင်းများစွာသာတယ်ဆိုတဲ့ အချက်တွေ ရှင်းရှင်းလင်းလင်းပါနေပါတယ်။ သတင်းခေါင်းစဉ်ဆိုတာက ဆွဲဆောင်မှုရှိရတယ်လေ။

    ဂျေရုမ်တေလာက သွယ်ဝိုက်စွာနဲ့ မီဒီယာကတော့ စကားလုံးရွေးမှာပဲလို့ ဆိုလိုက်တာပါ။ မီဒီယာက တပ်တဲ့ သတင်းခေါင်းစဉ်နောက်ကို လိုက်မှာလား။ ဒါဆိုရင်တော့ ကျနော်တို့တွေ out of context ဆိုတဲ့ လိုချင်တာလေးတွေကိုသာ ဆွဲယူပြီး စာတစ်ပိုဒ်လုံးကို ဖတ်လေ့ဖတ်ထမရှိတဲ့ အချောင်ခို စိတ်ပိုင်ရှင်တွေ ဖြစ်တော့မပေါ့။

    ခါးသီးသော အမှန်တရား၊ အေအက်ဖ်ပီသည် ဦးထင်ကျော်၏ ကိုယ်ရေးအကျဉ်းကို အတိကျဆုံး တင်ပြသည့် ပထမဆုံး မီဒီယာဖြစ်သည်။
    ============================================

    အေအက်ဖ်ပီက တင်ဆက်တဲ့ ဦးထင်ကျော်ကိုယ်ရေးအကျဉ်းထဲက ကောက်နုတ်ချက်မှာ ဦးထင်ကျော်ဟာ ထင်ရှားတဲ့ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်တဲ့အကြောင်း၊ စကားပြောညင်သာပျော့ပြောင်းပြီး စီးပွားရေးဘွဲ့ရတစ်ဦးဖြစ်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ ဒွန်တွဲပါဝင်ခဲ့သူဖြစ်ကြောင်း စသဖြင့် ရေးသားထားပါတယ်။

    ဒါနဲ့ပတ်သတ်ပြီး ဂျေရုမ်တေလာရဲ့ တွီတာမှာ တင်ထားတဲ့ ဦးထင်ကျော်ကိုယ်ရေး အကျဉ်းကို မူရင်းအတိုင်း ထပ်ပြီး တင်ပြပေးချင်ပါတယ်။

    UHK Bio

    ဦးထင်ကျော်ဟာ ဒေါ်စုရဲ့ အတွင်းစည်းဝင်အဖြစ် နှစ်များစွာ ကျင်လည်ခဲ့ဖူးသလို လွှတ်တော် အမတ်ဖြစ်တဲ့ သူ့ဇနီး ဒေါ်စုစုလွင်ရဲ့ ဖခင်ဟာလည်း အဲန်အဲလ်ဒီရဲ့ပြောခွင့်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉ ၇၀ပြည့်လွန်နှစ်တွေနဲ့ ၁၉ ၈၀ ပြည့်လွန်နှစ်တွေမှာ ဦးထင်ကျော်ဟာ တက္ကသိုလ်ကျောင်းဆရာ၊ စက်မှုနဲ့ နိုင်ငံခြားရေးဌာနတွေမှာ အမှုထမ်းခဲ့ကြောင်းလည်း တင်ပြထားပါတယ်။

    ဒီလိုတင်ပြချက်မျိုးကို ဦးကျော်မင်းဆွေက မနာလိုစွာနဲ့ပုဂ္ဂိုလ်ရေးစော်ကားတိုက်ခိုက်မှု ဆိုပြီး ကင်ပွန်း တပ်ချင်တာလား မေးခွန်း ထုတ်ရမလို ဖြစ်နေပါပြီ။ သည်ဗွိုက်စ်ဂျာနယ် ပြည်သူ့အာရုံကို ဖမ်းစားနိုင်လောက်တဲ့ အထိ ဦးထင်ကျော်ကိုယ်ရေးရာဇ၀င်ကို မတင်ပြနိုင်မီ အေအက်ဖ်ပီက အထက်ပါအတိုင်း တင်ပြနေခဲ့တာပါ။

    ပြည်တွင်းမီဒီယာတွေက သမ္မတဖြစ်လာမယ့်သူရဲ့ ကိုယ်ရေးရာဇ၀င်ကိုတောင် အသေအချာစိစစ်ပြီး ချက်ချင်း ရေးမတင်နိုင်ပေမယ့် ဒရိုင်ဘာ ကိစ္စကျတော့ incitement ဆန်ဆန်အရေးအသားတွေနဲ့ ချက်ချင်းကြီးကို ဖွကြတော့တာကို တွေရပါတယ်။ like တွေ share တွေနဲ့အတူ အဘိဇ္ဈာများမယ့် စကားလုံးတွေ ကို ဆိုရှယ်မီဒီယာပေါ်မှာ များများစားစားတွေ့မြင်ဖတ်ရှုရအောင် လုပ်လိုက်တာနဲ့ တူပါတယ်။

    နိုင်ငံတကာသတင်းဌာန (အရှေ့တောင်အာရှမပါ) တွေ တော်တော်များများက အဲန်အဲလ်ဒီကို သိက္ခာချခဲ့တာမျိုး မရှိပါ။ သိက္ခာချစရာလည်း ဘာအကြောင်းရင်းခံမှ မရှိပါ။ ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇ၀င်ကို နိုင်ငံတကာက မလိုလားအပ်တဲ့ အသုံးအနှုံးနဲ့ ရေးသားနေခဲ့တယ်ထင်ရင်တောင် အဲဒီအချိန်မှာပဲ ချင်ချင်းပြန်လည်ချေပပြီး ဦးထင်ကျော်ရဲ့ ရာဇ၀င်အမှန်ကို တင်ပြသင့်ပါတယ်။

    တဘက်ကလည်း မီဒီယာသမားတွေထုံးစံအတိုင်း စကားလုံးရွေးပြီး စာဖတ်ပရိသတ်ကို မြူတဲ့အချိန် ကိုယ်တွေကတော့ တဘက်ကို အလျင်အမှားခံ၊ ပြီးမှ အဆုံးစွန်ထိလိုက်ဖွပြီး အများပရိသတ်ကို ထပ်ပြီး မြူဆွယ်ဖို့ ကြိုးစားမယ်၊ မီဒီယာပရိယာယ်ကို မီဒီယာပရိယာယ်နဲ့ပဲ ချေပပြီး ကိုယ့်မီဒီယာ လူသိများ လူကြိုက်များရေးကို ရှေ့တန်းတင်တယ်ဆိုရင်…..၊ တဘက်က အနေသာကြီးပါ။ ပြည်တွင်းမီဒီယာက အခြေအနေမှန်ကို သုံးသပ်ပြပြီး ထိန်းသိမ်းပေးမယ်၊ ပညာပေးမယ်ဆိုရင် မြန်မာ လူထုလည်း နိုင်ငံတကာမှာ ဟန်တင့်လာမှာ အသေအချာပဲဖြစ်ပါတော့တယ်။

  • မီးမွှေးခဲ့သူ ဘယ်သူလဲဆိုတာ စာတတ်သူတိုင်း သိကြပါတယ်

    မီးမွှေးခဲ့သူ ဘယ်သူလဲဆိုတာ စာတတ်သူတိုင်း သိကြပါတယ်

    M-Media
    အောက်တိုဘာ ၃၀ ၊ ၂၀၁၅

    သူ့အမြင်ကဏ္ဍ
    ဆောင်းပါးရှင် – ဒန်ငြာရှိန်း

     

    Smoke rises as people look on in Meikhtila, March 21, 2013. The central Myanmar town declared a curfew for a second night on Thursday after clashes killed 10 people, including a Buddhist monk, and injured at least 20, authorities said. Riots erupted in Meikhtila, 540 km (336 miles) north of Yangon, on Wednesday after an argument between a Buddhist couple and the Muslim owners of a gold shop escalated. REUTERS/Soe Zeya Tun (MYANMAR - Tags: CIVIL UNREST RELIGION) - RTR3F9XV
    Smoke rises as people look on in Meikhtila, March 21, 2013. The central Myanmar town declared a curfew for a second night on Thursday after clashes killed 10 people, including a Buddhist monk, and injured at least 20, authorities said. Riots erupted in Meikhtila, 540 km (336 miles) north of Yangon, on Wednesday after an argument between a Buddhist couple and the Muslim owners of a gold shop escalated. REUTERS/Soe Zeya Tun (MYANMAR – Tags: CIVIL UNREST RELIGION) – RTR3F9XV

    ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ စဖြစ်လျှင် ဖြစ်ခြင်း ဒါဟာ စစ်အစိုးရရဲ့ လက်ချက်ပဲဖြစ်တယ်ဆိုပြီး ထောက်ပြဝေဖန်ခဲ့ကြတဲ့ မီဒီယာတွေအထဲမှာ အမ်မီဒီယာကတော့ မြန်မာစကားနဲ့ တင်ပြတဲ့ ပထမဆုံးမီဒီယာဖြစ်ခဲ့ပါတယ်။

    အမ်မီဒီယာကနေ “ပဉ္စင်္သိခ ဆောင်းကြိုးပြတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရခိုင်အရေး ၊ တောင်ကုတ်လူသတ်မှုတွေအကြောင်းကို တင်ပြထားတဲ့ ဆောင်းပါးတွေ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ – အန္တီအစ္စလာမ် အကြမ်းဖက် အဓိကရုဏ်းကြီးကိုတော့ဖြင့် လက်ရှိစစ်တပိုင်းအစိုးရက ဟိုလူ့လက်ညှိုးထိုး ၊ ဒီလူ့လက်ညှိုးထိုး မလုပ်ဖို့ ၊ “ငါ့-င် ဘယ်သူ့-ျီးတုံး” ဆိုသလို ဟိုလွှဲချဒီလွှဲချမလုပ်ဘဲ ကိုယ့်ခန္ဓာက ထွက်တဲ့မစင်ဟာ ကိုယ့်ကြောင့်သာဖြစ်တယ်ဆိုပြီး လက်သည်တရားခံသည် စစ်တပိုင်းအစိုးရဖြစ်ကြောင်း အထွေအထွေအလီလီသော ကျိုးကြောင်း သက်သေသာဓကတွေနဲ့ တင်ပြခဲ့ပါတယ်။

    အမ်မီဒီယာကနေ ဒီလိုဖော်ထုတ်တင်ပြနေတဲ့အချိန်မှာတော့ ပြည်တွင်းအခြေဆိုက် leading media လို့ခေါ်တဲ့ မြန်မာမီဒီယာလောကရဲ့ ရှေ့ပြေးမီဒီယာတွေဖြစ်တဲ့ အလဲဗင်း ၊ သည်ဗွိုက်စ် စတဲ့မီဒီယာတွေကတော့ လက်သည်တရားခံကို မဖော်ထုတ်ဘဲ “မသီတာထွေးမုဒိန်းမှုနဲ့ ကိုယ့်အိမ်ကိုယ် မီးရှို့တဲ့ လုပ်ဇတ်” တွေကိုသာ တခမ်းတနားရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့်လဲ မိတ္ထီလာ ၊ လားရှိုး စတဲ့နေရာတွေကနေ မန္တလေးမြို့ကြီးအထိ မွတ်စလင် အကြမ်းဖက်အဓိကရုဏ်းမီးကြီး ကူးစက်ပျံ့နှံ့ခဲ့ပါတော့တယ်။

    အဲဒီအတွက် ဘယ်သူတွေက နိုင်ငံရေးအမြတ်ထွက်ခဲ့ကြသလဲ? မီဒီယာတွေလား ၊ ဒါမှမဟုတ် မိဘပြည်သူတွေလား ? စစ်တပိုင်းအစိုးရကသာ နိုင်ငံရေးအမြတ်ကို မြိုးမြိုးမျက်မျက် ရသွားခဲ့ပါတော့တယ်။

    အလ်ဂျဇီးယားရဲ့ ဂျီနိုဆိုက်ဒ်သက်သေလား ၊ ယေးလ်တက္ကသိုလ်ရဲ့ သုတေသန ရလဒ်လား

    ယခု အချိန်ကတော့ – စစ်တပိုင်းအစိုးရက မွတ်စလင်တွေကို အကြမ်းဖက်တဲ့ဝါဒ ဒါမှမဟုတ် မွတ်စလင်မုန်းတီးရေးနည်းလမ်းအားဖြင့် နိုင်ငံရေးအမြတ်ထွက်သွားခဲ့တယ်ဆိုတာ မြန်မာပြည်သူ ပြည်သားတိုင်း သိနားလည် မြင်သာတဲ့ အခြေအနေကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံပါတီရဲ့ မဲဆွယ်ပွဲတွေမှာ ပြည်သူများက စစ်တပိုင်းအစိုးရ မှိုင်းတိုက်ထားတဲ့ မိုးလုံးပြည့်မုသာဝါဒတွေကို ယုံမှားသံသယနဲ့ မေးခွန်းတွေထုတ်ကြလို့လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်ဆိုတာလည်း လူတိုင်းအသိပါပဲ။

    အမေစု အမေစုနဲ့ အဲန်အဲလ်ဒီကိုမှ သဲသဲလှုပ်ထောက်ခံနေကြတဲ့ ၉၀ ရာခိုင်နှုန်းသော ဖေ့စ်ဘွတ်ခ်သုံး မြန်မာ့လူတန်းစားဟာဆိုရင် ဒီကနေ့ အောက်တိုဘာ ၂၈ မှာတော့ ယေးလ်တက္ကသိုလ်ရဲ့ သုတေသနကို “အဲလ်ဂျဇီးယားသတင်းဌာန” ဆိုတဲ့ ကုလားအာရပ်ပိုင်မီဒီယာကြောင့် မျက်စိစုံမှိတ်ပြီး အတင်းကာရောငြင်းချက် ထုတ်နေကြပါတော့တယ်။ ၀မ်းနည်းစရာပါပဲ။ ဒီလိုအခြေအနေကို စစ်တပိုင်းအစိုးရက လိုချင်နေတာဖြစ်ပါတယ်။ အသိသတိရှိကြဖို့ လိုအပ်လှပါတယ်။

    မြန်မာမွတ်စလင်တွေအပေါ် စစ်တပိုင်းအစိုးရရဲ့ မိုက်ရိုင်းပြုမူတံခွန်ထူမှုကို အဲလ်ဂျဇီးယား ကဖွင့်ချတဲ့နေရာမှာ ယေးလ်ဥပဒေတက္ကသိုလ်ရဲ့ စာတမ်းကို အခြေခံထားတယ်ဆိုတာ အထူးသတိချပ်ကြပါ။ ဒါ့ပြင် အဲလ်ဂျဇီးယားသတင်းဌာနရော ယေးလ်ဥပဒေတက္ကသိုလ်ရဲ့ သုတေသနစာတမ်းတွေက မြန်မာလူထုကြီးကို ရှုံ့ချပျက်ရယ်ပြုထားတာမျိုးမဟုတ်ဘဲ လူထုကြီးတရပ်လုံးအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ အာဏာရှင်စစ်တပိုင်းအစိုးရကို အရေခွံခွာပြထားခြင်းသာဖြစ်ပါတယ်။ ဒီနှစ်ခုကို အသေအချာ ကွဲပြားစွာ နားလည်သုံးသပ်နိုင်ဖို့ လိုပါတယ်။

    ဖြစ်ပျက်ခဲ့တဲ့ အန္တီမွတ်စလင်အကြမ်းဖက်မှုတွေသည် စစ်တပိုင်းအစိုးရလက်ချက် သာဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပြခဲ့တဲ့ ယေးလ်တက္ကသိုလ်နဲ့ အဲလ်ဂျဇီးယားသတင်းဌာနရဲ့ လေသံအတိုင်း တသဝေမတိမ်းထွက်ပြခဲ့ဖူးသူ ရှိပါသလား

    အထက်ပါမေးခွန်းရဲ့ အဖြေကတော့ – ဟုတ်ကဲ့ ရှိပါတယ်။ မြန်မာပြည်ရဲ့ leading media လို့ ခေါ်ရမယ့် အလင်းဗင်းဂျာနယ်က ဒေါက်တာ သန်းထွဋ်အောင်ပဲ ဖြစ်ပါတယ်။

    “ဦးနေဝင်းတို့ဦးသန်းရွှေတို့လက်ထက်တုန်းကသာfbookရှိနေခဲ့ရင် သူတို့ကိုထောက်ခံတဲ့ လူတွေprofileပုံတွေပြောင်းလောက်ပြီ။ဒို့ခေါင်းဆောင်တွေပဲလေ။ သူတို့တုန်းက ရိုဟင်ဂျာပြသနာဘာလို့နိုင်ငံတကာ စင်ပေါ်ဘာလို့မရောက်ရတာလဲ။ သီတာထွေးလိုအသတ်ခံ ရတဲ့လူမပေါ်လို့လား။သူကိုသတ်တဲ့သူထောင်ထဲမှာ ဆွဲကြိုးချသတ်မသေသွားလို့လား ။တောင်ကုတ်လူသတ်မှု့ကြီးလို လူအစုလိုက်အပြုံလိုက် လက်သည် မပေါ်အောင်သတ်တဲ့ အမှု့ကြီးတွေမရှိလို့လား။ကြားဖြတ်ရွေကောက်ပွဲမှာ မရှုံးခဲ့လို့လား။ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေမရှိလို့လား။ fbookမှာတောင်ရေးမြောက်ရေးရေးတတ်တဲ့ဝန်ကြီးမရှိလို့လား။
    လာပြောမနေပါနဲ့။ငါတို့လူမျီိုး ငါတို့ဘာသာနိုင်ငံတကာမှာ မျက်နှာငယ်အောင်။ ငါတို့နိုင်ငံသိက်ခါကျအောင်လုပ်ခဲ့တဲ့ ဘာသာရေးမီးမွှေးခဲ့တဲ့လူဟာဘယ်သူလဲ  စဉ်စားတတ်တဲ့လူတိုင်းသိကြပါတယ်။”

    (https://www.facebook.com/than.h.aung.5/posts/1073036216041727)

    12190110_717822951694620_175002246384936191_n (1)

    ဒေါက်တာသန်းထွဋ်အောင် ဟာ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာမှာ အထက်မှာ ဖော်ပြထားတဲ့အတိုင်းရေးသားခဲ့ပြီး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ အာဏာရှင်စစ်အစိုးရကသာ အမြတ်ထွက်တယ်ဆိုတဲ့အကြောင်းကို အဲလ်ဂျဇီးယားနဲ့ ယေးလ်တက္ကသိုလ်တွေက ၈ လကျော်သုတေသနလုပ်ထားတဲ့ စာတမ်းရဲ့ အနှစ်ချုပ်အဆိုအတိုင်း သွယ်ဝိုက်စွာရေးသားထားခဲ့တာဖြစ်ပါတယ်။ “မီးမွှေးခဲ့သူ ဘယ်သူလဲဆိုတာ စဉ်းစားတတ်သူတိုင်းသိပါတယ်” ဆိုပြီးလည်း ဦးသန်းထွဋ်အောင်က ဆိုထားပါသေးတယ်။

    သို့သော်လည်း ၀မ်းနည်းစရာကောင်းတာက ဦးသန်းထွဋ်အောင်လို စာတတ်တဲ့ ဆေးကုဆရာဝန်တစ်ဦး ဦးဆောင်တဲ့မီဒီယာက နိုင်ငံရေးအမြတ်ထွက်ဖို့ ဘာသာရေးမှိုင်းတိုက်နေတဲ့ “မသီတာထွေးအမှု” မှသည် မြန်မာပြည်ဖွား မြန်မာမွတ်စလင်တွေ အသက်ပျောက်ခဲ့ရတဲ့ တောင်ကုတ်၊ မိတ္ထီလာ၊ လာရှိုး စတဲ့ အဓိကရုဏ်းတွေမှာတော့ မှန်ကန်တဲ့သတင်းရေးသားပုံမျိုးနဲ့ လက်သည်တရားခံကို ကွင်းခနဲကွက်ခနဲပေါ်အောင်မချပြခဲ့ပါ။

    အခုတဖန် အဲလ်ဂျဇီးယားသတင်းဌာနရဲ့ ဂျီနိုဆိုက်ဒ်သက်သေများကို တင်ပြထားတဲ့ဆောင်းပါးမှာလည်း ယူကေအခြေဆိုက် International State Crime Initiative (ISCI) ရဲ့ ဒါရိုက်တာနဲ့ လန်ဒန်တက္ကသိုလ်ရဲ့ ပရောဖက်ဆာ Penny Green ရဲ့ အဆိုကို အခုလိုကိုးကားထားပါသေးတယ်။

    “President Thein Sein (of USDP) is prepared to use hate speech for the government’s own ends, and that is to marginalise, segregate, diminish the Muslim population inside Burma.” မြန်မာပြန် – “ကြံ့ဖွံ့ပါတီ သမ္မတသိန်းစိန်က အမုန်းတရားတွေကို မိမိတို့အစိုးရအကျိုးအလို့ငှာ အသုံးချဖို့ပြင်ဆင်တယ်၊ (အဲသလိုအသုံးချပြီး) ပြည်တွင်းကမွတ်စလင်ထုကို ဖိနှိပ်ဖို့ ၊ အထီးကျန်ဖြစ်စေဖို့နဲ့ အရေအတွက်အားဖြင့် လျော့နည်းလာစေဖို့ ရည်ရွယ်ခဲ့တယ်။”

    Penny Green က ဒီတင်မရပ်သေးဘဲ ဆက်ပြောပြန်တာက “It wasn’t communal violence. It was planned violence.” မြန်မာပြန် – “ဒါဟာ မတူကွဲပြားတဲ့ လူအုပ်စုအကြား ဖြစ်တဲ့ပြဿနာမဟုတ်ဘူး၊ ဒါဟာ ကြိုတင်ပြင်ဆင်အကွက်ချဆောင်ရွက်တဲ့ အကြမ်းဖက်မှုဖြစ်တယ်။”

    (Ref: http://www.aljazeera.com/news/2015/10/exclusive-strong-evidence-genocide-myanmar-151024190547465.html)

    Penny Green က ဒီအဆိုတွေကို ၂၀၁၂ ကတည်းကပြောခဲ့တာပါ။ Penny Green ရဲ့ အဆိုမှားပါသလား၊ ဒေါက်တာသန်းထွဋ်အောင်ကတော့ မမှားတဲ့အကြောင်း သွယ်ဝိုက်စွာထောက်ခံခဲ့ပြီဖြစ်သလို NLD လိုလားတဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လစ်တနာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူထောက်ခံမှုကျဆင်းအောင် စစ်တပိုင်းအစိုးရက ခလောက်ဆန်နည်းမျိုးစုံသုံးကြိုးစားနေတယ်ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးရင်း ခုလို ထောက်ခံခဲ့ပါသေးတယ်။

    “The violence is clearly well orchestrated and not as spontaneous as we are being led to believe. The answer is plain to see – the government is very worried about the support commanded by Suu Kyi. It wants to force her into a position where she has to make a pro-Rohingya public statement…” မြန်မာပြန် – “အကြမ်းဖက်မှုတွေက သေသေချာချာပြင်ဆင်ထားတာ သိပ်ထင်းရှားတယ်၊ ကျွန်တော်တို့ယုံကြည်ရလောက်အောင် သဘာဝကျတဲ့ အထောက်အထားမရှိဘူး။ အဖြေက ရှင်းပါတယ်၊ လက်ရှိအစိုးရက ဒေါ်စုကြည်ရရှိထားတဲ့ လူထုထောက်ခံမှုကို စိုးရိမ်တယ်၊ အဲဒီတော့ သူထောက်ခံမှုကျသွားအောင် သူ့ကို ကျဉ်းထဲကြပ်ထဲ သွင်းပို့လိုက်ဖို့ အစိုးရက အလိုရှိတယ်။ ဒေါ်စုကြည်က ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး တခုခု သတင်းထုတ်ပြန်လိုက်တာနဲ့ သူမရဲ့ ကျော်ကြားမှုကလည်း မှေးမှိန်သွားနိုင်တယ်။” (http://www.theweek.co.uk/asia-pacific/burma/47364/burma-regime-inciting-rakhine-conflict-discredit-aung-san-suu-kyi)

    ဘာတေးလ်လစ်တနာကလည်း မွတ်စလင် အကြမ်းဖက်မှုတွေကို စစ်တပိုင်းအစိုးရက စနစ်တကျပြင်ဆင်ထား တာဖြစ်တယ်လို့ဆိုပါတယ်။

    အခုကျွန်တော်တို့ သက်သေ ၃ ဦးရပါပြီ။ တစ်ဦးက ဦးသန်းထွဋ်အောင်၊ နောက်တစ်ဦးက Penny Green နဲ့ နောက်တစ်ဦးက ဘာတေးလ်လစ်တနာတို့ဖြစ်ပါတယ်။ ဒီသုံးဦးမှာ Penny နဲ့ ဘာတေးလ်လစ်တနာတို့က စစ်တပိုင်း အစိုးရအနေနဲ့ သူတို့အမြတ်ထွက်ဖို့ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်ရေးကို စနစ်တကျပြင်ဆင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ၂၀၁၂ ကတည်းက ဖော်ထုတ်ခဲ့ကြတာဖြစ်ပေမယ့် ဦးသန်းထွဋ်အောင်ကတော့ အောက်တိုဘာ ၂၆ ၊ ၂၀၁၅ နေ့စွဲနဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

    အခုတဖန် အဲလ်ဂျဇီးယားနဲ့ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်တို့က သူတို့သုံးဦးရဲ့ အဆိုအတိုင်း သက်သေသာဓကများနဲ့ ဦးသိန်းစိန်စစ်တပိုင်းအစိုးရကို ပြစ်တင်ယိုးမယ်ဖွဲ့တဲ့အခါကြတော့ မြန်မာပြည်က ပရိုဒီမိုကရေစီတွေက လိုလားပုံမပြကြတာ ဘာလို့များလဲဆိုတာ ထူးဆန်းနေပါတော့တယ်။

    ဦးသန်းထွဋ်အောင်အဆို ခဏငှားသုံးရရင်ဖြင့် – ကမ္ဘာကျော်ယေးလ်တက္ကသိုလ်ရဲ့ credibility ခေါ် ယုံကြည်စိတ်ချရမှုကို ပညာတတ်သူတိုင်း သဘောပေါက်နားလည်ကြပါတယ်ခင်ဗျား။

    ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲကြီးမှာ စစ်တပိုင်းအစိုးရအတွက် အဓိက အကြပ်အတည်းဖြစ်စေတာ ဘယ်အကြောင်းလဲ

    ၂၀၁၅ မြန်မာအထွေအထွေရွေးကောက်ပွဲကြီးမှာ မဲလိမ် ၊ မဲခိုး၊ မဲညစ်၊ မသမာမှုသုံးမဲဆွယ်တာတွေ ဒါတွေအားလုံး တခုမှ လုပ်လို့မရအောင် စစ်တပိုင်းအစိုးရကို အဓိက ဖိအားပေးနိုင်တာ ဘယ်သူတွေလို့ ထင်ပါသလဲ။ ၁၉၉၀ ရလဒ်ကို အကြောင်းအမျိုးမျိုးနဲ့ ခေါက်ပြခဲ့တဲ့ စစ်တပိုင်းအစိုးရကို ၂၀၁၅ ရွေးကောက်ပွဲကြီး တရားမျှတဖို့အတွက် အဓိက တွန်းအားပေးနိုင်တာ ဘယ်သူတွေဖြစ်ကြပါသလဲ။ ပြည်တွင်းအားတွေလား၊ ပြည်ပအားတွေလား?

    အဖြေကရှင်းပါတယ်။ ပြည်ပအားတွေသာဖြစ်ပါတယ်။

    ၁) ဥရောပပါလီမန် ဒုတိယဥက္ကဌ ၊ မြန်မာ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် Alexander Graf Lambsdorff က ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့ကို တနိုင်ငံလုံးစေလွှတ်ထားပြီး နိုဝင်ဘာလကုန်အထိ အချိန်ပြည့်စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။ (http://myanmar.mmtimes.com/index.php/national-news/16304-2015-10-21-05-54-17.html)

    ၂) အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်းအကြံပေး တဦးဖြစ်တဲ့ Ben Rhodes က သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရေးနဲ့ ထင်သာမြင်သာရှိပြီး ပွင့်လင်း မြင် သာ မှုရှိတဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ပြောဆိုခဲ့တဲ့အပြင် ရွေးကောက်ပွဲအတွက် အမေရိကန်အစိုးရရဲ့အဓိက စိုးရိမ်မှုက နိုင်ငံရေးမှာ ဘာသာရေးက ၀င်နှောက်နေခြင်းပဲဖြစ်ပြီး (ပြည်သူ ပြည်သား တွေကြား) မလုံခြုံမှုတွေကနေ အကြမ်းဖက်မှုတွေ မတည်မငြိမ်မှုတွေ ဖြစ်သွားနိုင်ကြောင်းလည်း သူက သတင်း ထောက် တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါသေးတယ်။ (http://burma.irrawaddy.org/news/2015/10/21/97588.html)

    ၃) ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးပက်ထရစ်ကတော့ မြန်မာ့ရွေးကောက်ပွဲ တရားမျှတဖို့အတွက် သူကိုယ်တိုင် ဗွီဒီယိုဖိုင်ရိုက်ကူးပြီး မြန်မာပြည်သူပြည်သားတွေအနေနဲ့ ရွေးကောက်ပွဲတရားမမျှတမှာကို စိုးရိမ်နေတဲ့အကြောင်း၊ (တရားမျှတမှု ရှိစေဖို့အတွက်) နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ ၂၀၀ ခန့်ကို စေလွှတ်မှာဖြစ်ကြောင်း၊ မြန်မာပြည်သား ၅ ထောင်ခန့်ကိုလည်း မိမိတို့စရိတ်နဲ့ လေ့လာစောင့်ကြည့်ရေးသင်တန်းများ ပေးထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် အနာဂတ်ပြောင်းလဲဖို့ မဲရုံများစီအရောက်သွားမေးပေးကြပါလို့ နှိုးဆော်ပါကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ (https://www.facebook.com/skynetdthofficial/videos/1237145179644217/?pnref=story)

    အထက်ပါအကြောင်း ၃ ခုနဲ့တင် မြန်မာစစ်တပိုင်းအစိုးရအတွက် ရွေးကောက်ပွဲတရားမျှတမှု ဖြစ်အောင် ကျင်းပပေးဖို့ လုံလောက်တဲ့ ဖိအားတွေဟာ ပြည်ပနိုင်ငံတွေကသာ ပေးနိုင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ပြည်တွင်းမှာတော့ မြန်မာစစ်တပိုင်းအစိုးရက လက်နက်အားကိုးနဲ့ ကြောက်အောင် ချောက်မှာဖြစ်လို့ ပြည်တွင်းဖိအားက မရှိသလောက်ပါပဲ။

    အတိုက်အခံပါတီက ရွေးကောက်ပွဲရလဒ်အတွက် ဘယ်သူ့ကို အားကိုးသလဲ

    “၁၉ ၉ ၀ကနေ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေးတွက် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အင်အားကြီး ဒီမိုကရေစီနိုင်ငံများက နှစ်ပေါင်း ၃၀ ခန့် တစိုက်မတ်မတ် ရပ်တည်ပေးထားခဲ့ကြောင်း၊ အဲဒီလို ရပ်တည်ပေးမှုရဲ့အကျိုးဆက်ကြောင့် အစိုးရက အာဏာကို ကိုင်ထားချင်သလို ကိုင်ထား၍မရသည်အား သဘောက်ပေါက်ခဲ့ကြောင်း ၊ ရွေးကောက်ပွဲတွင် တရားမမျှတပါက ကမ္ဘာက လက်ခံမည်မဟုတ်ကြောင်း၊ ၁၉ ၉ ၀ကအတိုင်း မဖြစ်ဖို့ ပြည်သူက nld အား ပြတ်ပြတ်သားသား ထောက်ခံရမည်သာဖြစ်ကြောင်း” ၊ စသဖြင့် nld ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ (https://www.facebook.com/IrrawaddyBurmese/videos/1098985666812251/?hc_location=ufi)

    ၁၉ ၉ ၀အတိုင်း nld နိုင်ပေမယ့် အာဏာလွှဲမပေးရင် ဘယ်လိုလုပ်မလဲဆိုတဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေခဲ့တာပါ။ ဒီအဖြေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် ၊ ယူကေနဲ့ ဥရောပနိုင်ငံတွေကို အားကိုးနေတယ်ဆိုတာကို သွယ်ဝိုက်စွာ ရည်ညွှန်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။

    ဒီတော့ – မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများသာမက သာမာန်ထောက်ခံသူ ပြည်သူများအနေနဲ့ ကုလနဲ့ အနောက်နိုင်ငံတွေရဲ့ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်မှုတွေကို ယုံကြည်အားကိုးတန်ဖိုးထားကြရတော့မှာ ဖြစ်ပါတယ်။

    သို့သော် ၀မ်းနည်းဖို့ကောင်းတာက မြေပြင်အခြေအနေကို အကြိမ်များစွာ လာရောက်လေ့လာခဲ့ဖူးတဲ့ ကုလသံတမန် ယန်းဟီးလီနဲ့ ကွင်တားနားတို့ရဲ့ အဆိုတွေကတော့ မြန်မာ့လူထုအကြား မဟုတ်မမှန်သတင်းရယ်လို့သာ ပျံ့နှံ့လျက်ရှိနေဆဲပါ။

    မြန်မာ့လူထုအကြား double standard ဆိုတဲ့ ကုလားသတင်းကိုတော့ဖြင့် ကုလနဲ့ အနောက်တိုင်း သတင်းဌာနတွေပြောတာ မယုံနဲ့ ၊ nld သတင်းနဲ့ ရွေးကောက်ပွဲ သတင်းကိုတော့ဖြင့် ကုလနဲ့ အနောက်တိုင်း ပြောတာယုံ ဆိုပြီး တနေရာတမျိုး မတူညီတဲ့ ပေတံတွေနဲ့ တိုင်းတာမယ်ဆိုရင်ဖြင့် အမှားကြီး မှားကြတော့မှာ ဖြစ်တယ်လို့ စေတနာရှေ့ထား သတိပေးချင်ပါတယ်။

    ကုလားအရေးနဲ့ပတ်သတ်ပြီး ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ အလဲဗင်းမီဒီယာဂရုရဲ့ ဂုရုကြီးကရော ရွေးကောက်ပွဲတရားမျှတရေးအတွက် ဘယ်သူ့ကို အားကိုးပါသလဲ။

    “UN US CHINA ASEANအားလုံးကဒီရွေးပွဲကိုတည်တည်ငြိမ်ငြိမ်လုပ်ဖို့diplomatic pressure ပေးထားတယ်။” ဆိုပြီး ဦးသန်းထွဋ်အောင်က အောက်တိုဘာ ၂၆ နေ့စွဲနဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ (https://www.facebook.com/than.h.aung.5/posts/1084304508248231)

    ဦးသန်းထွဋ်အောင်ကြီး ကုလနဲ့ အမေရိကန်တို့ရဲ့သတင်းထုတ်ပြန်မှုတွေကို ဒီတကြိမ်မှာတော့ဖြင့် ယုံကြည်တော့မှာပါ။ သို့သော် ကုလားသတင်းကိုတော့ဖြင့် ကုလက ထုတ်ထုတ်၊ အမေရိကန် ကမ္ဘာကျော်တက္ကသိုလ် ယေးလ်က ထုတ်ထုတ် ယုံကြည်နိုင် ၊ မယုံကြည်နိုင်ဆိုတာက သံသယ ပွားစရာဖြစ်နေဆဲပါ။

    မြန်မာပြည်သူလူထုအကြား အမြင်မှန်တွေ ရှင်သန်ကြီးထွားဖို့ ၊ မြန်မာ့မြေက သစ္စာတော်ခံ ကုလားတွေအပေါ် အမြင်ကြည်လာဖို့အတွက် ရွေးကောက်ပွဲအလွန်မှာ nld နဲ့ ဥသျှောင်မီဒီယာတွေ ဘယ်လို ခြေလှမ်းတွေ လှမ်းကြမလဲဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျား။

  • နွားနို့သောက်ပါ၊ အမဲသားစားပါ၊ သက်သတ်လွတ် ၀ါဒကို ဆန့်ကျင်ပါ။

    နွားနို့သောက်ပါ၊ အမဲသားစားပါ၊ သက်သတ်လွတ် ၀ါဒကို ဆန့်ကျင်ပါ။

    စက်တင်ဘာ ၂၃ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ဒန်ငြာရှိန်း

    12
    သရုပ်ဖော်ပုံ-ကာတွန်း လဂွန်းအိမ်

    မွတ်စလင်တွေရဲ့အိဒ်ပွဲတော်
    —————————–
    အခုလိုအချိန်မျိုးမှာတော့ မက္ကာမြို့မှာ မွတ်စလင်ဘုရားဖူးတွေနဲ့ ပြည့်နေပါပြီ။ ဟာဂ်ျပြုလုပ်မယ့် မွတ်စလင်တွေဟာ မက္ကာနဲ့ မဒီနာမြို့တွေကို ခေါက်တုန့်ခေါက်ပြန်သွားပြီး မိမိတို့ ဖြည့်ဆီးရမယ့် တာဝန်ကို ပြည့်စုံစွာ ဖြည့်ဆီးဆောင်ရွက်ကြရပါတယ်။

    ဟာဂ်ျပြုလုပ်နေသူများအတွက် သတ်မှတ်ထားတဲ့ “ယောင်းမလ် နဟားရ်” ဆိုတဲ့နေ့မှာ ကမ္ဘာတ၀ှမ်းလုံးက မွတ်စလင်တွေဟာ “အီဒ်ဒိလ်အသွဟာ (ဘုရားရှင်အတွက် စွန့်လွှတ်ခြင်း)” ပွဲတော်ကို ကျင်းပကြပါတယ်။

    ပိုက်ဆံငွေကြေးတတ်နိုင်သူတွေက တိရစ္ဆာန်တွေကို သတ်ပြီး လှူဒါန်းကြပါတယ်။ တိရစ္ဆာန်တွေကနေ ရလာတဲ့ အသားနဲ့ ပတ်သတ်ပြီး မွတ်စလင်တွေရဲ့ကျမ်းစာ ကုရ်အာန်က အခုလို ဖော်ပြပါတယ်။

    “ထိုအသားကို စားကြလော့ ၊ ဆင်းရဲချို့တဲ့သူများအားလည်း ၀အောင် ကျွေးမွေးကြလော့” (ကုရ်အာန်ကျမ်း ၂၂း၃၆)

    သာမာန်စဉ်းစားမယ်ဆိုရင်တော့ သားကောင်တွေ စွန့်လှူတာဟာ အလှူဒါန သက်သက်ပဲ၊ ဒီတော့ သားကောင်လှူမယ့်အစား တန်ဖိုးညီမျှတဲ့ ငွေကို လှူလို့မဖြစ်နိုင်ဘူးလားလို့ မေးကြမှာပဲ။ အဲဒီအယူအဆကတော့ အစ္စလာမ့်ရည်ရွယ်ချက်နဲ့ မကိုက်ညီပါဘူး။ အိဒ်နေ့မှာ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေသည်လည်း မက္ကာမှာ ၀တ်ပြုဖို့စုရုံးရောက်ရှိနေတဲ့ မွတ်စလင်တွေရဲ့ နှလုံးသည်းပွတ်မှာ ခံစားရတဲ့ မိမိတို့ဘုရားရှင်အတွက် စွန့်လွှတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးကို ထပ်တူထိတွေ့ခံစားနိုင်ဖို့ ဖြစ်ပါတယ်။

    တိရစ္ဆာန်ကို စွန့်လွှတ်ခြင်းက စွန့်လွှတ်သူရဲ့ ကိုယ်တွင်းမှာရှိတဲ့ တိရစ္ဆာန်စိတ်တွေကိုပါ စွန့်လွှတ်သတ်ပစ်ရမယ်ဆိုတဲ့ သဘောကိုလည်း သက်ရောက်စေပါတယ်။

    (The Working People’s Daily ခေါ် လုပ်သားပြည့်သူ့နေ့စဉ် သတင်းစာ (အင်္ဂလိပ်) ၊ မတ်လ ၂၂ ၊ ၁၉ ၆၇ ပါ Muslim Festivals of Sacrifice ဆောင်းပါးမှ ကောက်နှုတ်ပါသည်။)

    ၁၉၅၉  ခုနှစ် ဆဌသင်္ဂါယနာ အထိမ်းအမှတ် ဟောပြောပွဲ
    ————————————————-
    ၁၉ ၅၉  ခုနှစ်၊ ကမ္ဘာအေးမှာကျင်းပခဲ့တဲ့ ဆဌသင်္ဂါယနာ အထိမ်းအမှတ် ဟောပြောပွဲမှာ အစ္စလာမ်သာသနာ ကိုယ်စားပြုပြီး “အစ္စလာမ့်အကြောင်း သိကောင်းစရာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြဟောပြောခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

    ကြီးမှူးကျင်းပကြသူတွေကတော့ ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်ရဲ့ ဥသျှောင် ဦးဖေအောင်ဖြစ်ပြီး သဘာပတိအဖြစ် အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်ခ်ျတို့ကနေ ဘွဲ့ရခဲ့တဲ့ ဗုဒ္ဓဘာသာဝင် သမိုင်းပညာရှင် ဦးထင်အောင် (ဒေါက်တာ ထင်အောင်) က ဆောင်ရွက်ခဲ့ပါတယ်။

    အဲဒီတင်ပြချက်ထဲက အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    “အစ္စလာမ်ရဲ့ ပဉ္စမမြောက် ဘုရားဝတ်ပြုခြင်း (မဏ္ဍိုင်) မှာ ဘုရားရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြစ်ပါသည်။ အစ္စလာမ်ဘာသာတွင် ဘုရားရှင်အတွက် စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ မွတ်စလင်မဟုတ်သူများ၏ အထင်အမြင်မှားမှု များစွာရှိပါသည်။ ဘုရားရှင်အတွက် စွန့်လွှတ်ခြင်း၌ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို တိရစ္ဆာန်က ယူဆောင် သွားခြင်းကြောင့် ထိုသူ၏ အပြစ်များမှ ပပျောက်သွားသည်ဟု ယူဆကြလေသည်။ အမှန်မှာ စွန့်လွှတ်ခြင်းနှင့် တူသည့် အာရေဗျစကားမှာ နီးစပ်ခြင်း ဟု အဓိပ္ပါယ်ရလေသည်။ မှန်ကန်သော သစ္စာတရားသည် လည်းကောင်း၊ လူအများ၏ ကောင်းကျိုးသည် လည်းကောင်း ကြီးကျယ်မြင့်မြတ်သော အရာများဖြစ်ပါသည်။ ကြီးကျယ်မြင့်မြတ်သည့်အရာများအတွက် နိမ့်ကျသည့် အရာများကို စွန့်လွှတ်ရမည်ဟူသည်ကို သဘောပေါက်ကာ မှန်ကန်သော သစ္စာတရား အတွက်သာ ရည်ရွယ်၍ သားကောင် စွန့်လွှတ်ကြခြင်းဖြစ်ပါသည်။ ကုရ်အာန်တွင် အောက်ပါ အတိုင်း ရှင်းလင်းထားပါသည်။ ‘စွန့်လွှတ်သော (တိရစ္ဆာန်၏ အသွေးသည်လည်းကောင်း၊ အသားသည်လည်းကောင်း၊ ဘုရားသခင်ထံတော်သို့ ရောက်ရှိသည်မဟုတ်။ အသင်တို့၏ ဖြူစင်ဖြောင့်မတ် အပြစ်ရှောင်ခြင်းနှင့် ကောင်းမြတ်မှန်ကန်သော သဒ္ဓါတရားသာလျှင် ဘုရားသခင်ထံတော်သို့ ရောက်ရှိလေသည်။’ (ကုရ်အာန်ကျမ်း ၂၂း၃၇)”

    (Two lectures on Islam, Burmese Translation, ဘာသာရေးဆိုင်ရာ စာမူခွင့်ပြုချက်အမှတ် ၆၉ ၃၆ , စာမျက်နှာ ၉၅ မှ ၉၇)

    ရှေးရှေးတုန်းက
    ———————
    ဟုတ်ပါတယ်။ ၁၉၆၇ ခုနှစ်ဆိုတဲ့ မဆလအစိုးရ လက်ထက်မှာတောင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကနေ မွတ်စလင်တွေရဲ့ အီးဒ်နဲ့ ပတ်သက်ပီး ဘာသာခြားများ အမြင်ရှင်းစေဖို့ အတွက် ဆောင်းပါးတွေ ထည့်သွင်းဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

    ဘာသာရေး လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ ဘာသာဝင်များဟာ မိမိတို့ဘာသာက ပြဌာန်းထားတဲ့ ထုံးတမ်း အစဉ်အလာ ပွဲတော်တွေကိုလည်း လွတ်လပ် လုံခြုံစွာ ကျင်းပ ပိုင်ခွင့် ရှိစေရမှာ ဖြစ်ပါတယ်။

    ဘာသာရေး လွတ်လပ်ခွင့်ကို ထည့်သွင်း အသိအမှတ်ပြုထားတဲ့ တည်ဆဲ ၂၀၀၈ ဥပဒေအရ မြန်မာ အစိုးရဟာ အစ္စလာမ်သာသနာဝင်တွေရဲ့  အယူကို လွတ်လပ်စွာ ကျင့်သုံးခွင့် ပေးရပါလိမ့်မယ်။ ဥပဒေ အထက်မှာ သာသနာပိုင် ဘုန်းကြီးကိုတင်ရင် separation of state and religion ခေါ်တဲ့ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးစပ်ယှက်ခြင်း မပြုရဆိုတဲ့ ဒီမိုကရေစီမူ ကျိုးပေါက် သွားပါလိမ့်မယ်။

    သက်သတ်လွတ်
    —————-
    သက်သတ်လွတ် စားသုံးခြင်းဟာ ဗုဒ္ဓ၀ါဒမဟုတ်ပါ။ ဟိန္ဒူဝါဒသာဖြစ်ပါတယ်။ အိန္ဒိယ တိုက်ငယ်မှာ ပေါ်ထွန်းခဲ့တဲ့ ၀ါဒဆရာကြီး ၆ ဦးကို ဆန့်ကျင်ပြီး ထွက်ပေါ်လာတဲ့ ဗုဒ္ဓ၀ါဒဟာ အဘိပဉ္စ၀ါဒ ခေါ် အသစ်တီထွင် ဆန်းသစ်တာ မဟုတ်ဘဲ ရှိပြီးသား တိမ်မြုပ်နေတာကို ဖော်ထုတ်တဲ့ ၀ါဒ ဖြစ်ပါတယ်။

    ဒါကိုမှမဟုတ်ဘဲ ဥပ္ပါဒက ခေါ် အသစ်တီထွင် ဆန်းသစ်ထားတဲ့ ၀ါဒ သို့မဟုတ် ရှိပြီးသား ဗုဒ္ဓ၀ါဒထဲ တီထွင်မှု  အသစ်တွေ ပူးသတ် ရောထွေးမယ်ဆိုရင်တော့ သံသရာ ၀ဲသြဃထဲမှာသာ တ၀ဲဝဲ လည်နေမယ့် အကြောင်း ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။

    ကုလားကိုလည်း သနားပါ
    ————————-
    နောက်တစ်ခုကတော့ ဗုဒ္ဓ၀ါဒမဟုတ်တာကြောင့် သက်သတ်လွတ်တော့ မစားပြီ၊ နွားကိုတော့ သနားချည့်သေးရဲ့ဆိုတဲ့ အတွေးပါ။

    တိရစ္ဆာန်သနားဖို့ အချိန်သင့်အခါသင့် လှုံဆော်နေကြသူတွေ ၊ တစ်နှစ်မှာ တစ်ခေါက် ခံစားချက်ထား နာကျည်းပြနေသူတွေကို ကြည့်လိုက်ရင်တော့ တိရစ္ဆာန်ကိုတော့ သနားတယ်ဟေ့ ၊ ကုလားကိုတော့ မသနားဘူးလို့ ဆိုနေကြသူတွေများပါတယ်။ ကုလားတွေကို နေစရာ စားစရာ မရှိအောင် လုပ်မယ်ဟေ့လို့ ဓါးကြိမ်း ကြိမ်းနေသူတွေပါ။

    ကုလားဟာ လူပါ။ နွားဆိုတာ တိရစ္ဆာန်ပါ။ တိရစ္ဆာန်ဆိုတာကတော့ လူ့တွေရဲ့ကိုယ်ခန္ဓာ အာဟာရအတွက် အကူအညီအထောက်အပံ့တွေဖြစ်ပါတယ်။

    နွားနို့သောက်ခြင်းအားဖြင့် မိခင်နွားမကြီးကိုရော နွားငယ်ကလေးများကိုပါ ဒုက္ခပေးရာ ရောက်ပါတယ်။ ဒါကြောင့် နွားနို့ မသောက်ကြပါနဲ့လို့ ပြောတာနဲ့ နွားအသက် သတ်တာကိုတော့ သနားပြီ၊ ဒါကြောင့် သက်သတ်လွတ်ပဲ စားပါလို့ ပြောတာ အတူတူပဲ ဖြစ်ပါတယ်။

    ဒေါ်လာရှာပေးတဲ့ ကိုရွှေနွား
    —————————–
    မြန်မာပြည်က နွားကောင်ရေတွေ ဘယ်လို ယုတ်လျော့လာပါသလဲ၊ ကုလားသတ်လို့ကုန်တာလား ? မဟုတ်ပါ။

    မြန်မာဘက်ကနေ ထိုင်းနိုင်ငံဘက်ကို တစ်နှစ်မှာ နွားအကောင်ရေ နှစ်သိန်းထိ ခိုးပို့နေသလို တရုတ်နိုင်ငံကိုတော့ ထိုင်းထက် နှစ်ဆ သုံးဆပိုပြီး ပို့နေတယ်လို့ (http://7daydaily.com/story/7428 ) ဆဲဗင်းဒေးသတင်းက ဆိုပါတယ်။

    “တရုတ်နိုင်ငံမှ နွားအ၀ယ်တော်များ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအထိ လာရောက်ဈေးကောင်းပေး ၀ယ်ယူလျက်ရှိပြီး တောင်သူလယ်သမားများ ကလည်း ရောင်းချလျက် ရှိသည်။” လို့လည်း ဆိုပြန်ပါတယ်။ (http://7daydaily.com/story/4163)

    ဒါတွေကတော့ တခြားနွားမှောင်ခို သတင်းအချို့ပါ။

    ၁) http://7daydaily.com/story/16532
    ၂) http://7daydaily.com/story/7935

    အဲဒီလို ဈေးကောင်းရနေတဲ့ နွားတွေကို ဆွေမျိုးပေါက်ဖော်တွေချည့် စားစေပြီး မြန်မာပြည်တွင်း ဒေါ်လာငွေ ရှာပေးနေတာကြောင့် ပြည်တွင်းမှာ နွားမသတ်ရဆိုတဲ့ ဥပဒေမျိုး လိုချင်နေကြတာ များလားဆိုတာ တစ်နှစ်တစ်ခါ နွား သနားတတ်ကြတဲ့ နွား အက်တီးဗစ်တွေကို မေးခွန်း ထုတ်ရမယ့်ကိန်းပါပဲ။

    မြန်မာ့နွားတွေ ဆွေမျိုးပေါက်ဖော်တွေ စားပါစေတော့ရယ်လို့ စိတ်နှလုံးကို ဒုံးဒုံးချပြီးကာမှ ကုလား သတ်မယ့် နွားကိုတော့ တယ်သနားလှပါတယ်ဆိုနေတဲ့ သူများဟာ အရှုပ်ပြဖို့အတွက် ဖွဲ့စည်းထားတဲ့ လူတစ်စု အသုံးချခံ တွေလား ဆိုတာကလည်း စဉ်းစားစရာပါ။

    လယ်တီဆရာတော်နဲ့ နွားသီးသန့် သနားခန်း
    ——————————————–
    သုတ္တနိပါတ် ပါဠိတော်အရ မိဘသဖွယ်ဖြစ်တဲ့ ကျွဲတွေ နွားတွေကို သတ်ဖြတ် စားသောက်တာကနေ ရောဂါတွေ များပြားလာရပုံကို ကမ္ဘာဦး သမိုင်းနဲ့ချီပြီး ထောက်ပြခဲ့သူ၊ နွားမေတ္တာစာ၊ ဂေါဏမံ သဒီပနီတို့ကို ရေးသားပြုစုခဲ့သူ၊ လူထောင်ပေါင်း များစွာကို ကတိဝန်ခံပြီး ကျွဲနွားရှောင်ကြဉ်သူတွေ နိုင်ငံတ၀ှန်းဖြစ်စေခဲ့သူ လယ်တီ ဆရာတော်ကြီး (၁၂၀၈-၁၂၈၅) က အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသေးတယ်။

    “လယ်တီဆရာတော် ပုသိမ် မြို့သို့ ကြွချီခိုက် နွားသားရှောင် ကြဉ်ခြင်းကို ဆန့်ကျင်သူ ပုသိမ်မှ ဦးပဒုမကိုယ်တော်က သူ၏ ဒကာ၊ဒကာမများကိုလွှတ်ကာ ‘နွားသား ကိုသာ အလှူခံလျှင် ကျန်သတ္တဝါ တို့၏ အသားကို စားစေရာရောက် သဖြင့် ဆရာတော့်မေတ္တာ မျှတပါ ရဲ့လား’ဟု လျှောက်စေခဲ့ပါသည်။ ထိုအခါ ဆရာတော်က ‘အေးဟုတ် တယ်ကွယ့် ငါ့မှာ ဒကာတို့ သိတဲ့ အတိုင်း စာရေးရ၊ စာချရ၊ တရား ဟောရနဲ့ သည်ကြားထဲက နွားက လေး တစ်ကောင်လောက်ကိုပဲ အနိုင်နိုင်ဆွဲရတယ်။ ကျန်တဲ့ ဆိတ်၊ ဝက်၊ ကြက်တွေအတွက် ဒကာတို့ ဆရာတွေရှိသေးသားပဲ လျှောက်ကြပါ ကောင်းပါတယ်’ ဟု မိန့်တော်မူလိုက်ပါသည်။” (ကိုးကား – အမျိုးဘာသာ သာသနာနှင့် အမဲလိုင်စင်ပြဿနာ၊  ဇူလိုင်လ ၄ ရက်၊ ၂၀၁၄ http://7daydaily.com/story/14853)

    ဟိုလီးကောင်း (Holy Cow)
    —————————-
    သက်သတ်လွတ် ၀ါဒ ထွန်းကားရာ အိန္ဒိယကို အားကျပြီး နွားတွေကို မသတ်ဖို့ တားမြစ်ဖို့လည်း မဖြစ်နိုင်ပါ။ အိန္ဒိယမှာတော့ နွားသတ်ခြင်းကို ပိတ်ပင်ပြီး မွတ်စလင်တွေ နွားမသတ်နိုင်အောင် လုပ်ထားတာပဲရယ်လို့ ကောက်ချက် ချရင် အမှားကြီးမှားမှာ ဖြစ်ပါတယ်။

    Holy Cow ခေါ်တဲ့ နွားကို ကိုးကွယ်ကြတဲ့ နိုင်ငံမှာတော့  နွားတွေကို သတ်ပြီး ပြည်ပကို အမဲသား တင်ပို့မှုကလည်း ကမ္ဘာ့ စံချိန်တင်နေဆဲဖြစ်ပါတယ်။

    စီအင်အင် သတင်းကတော့ ကမ္ဘာပေါ်မှာ အမဲသားအများဆုံး တင်ပို့တဲ့နိုင်ငံဟာ အိန္ဒိယနိုင်ငံဖြစ်ပါတယ်လို့ ဆိုပါတယ်။ အမဲသားကနေ နိုင်ငံအတွက် ဒေါ်လာရတော့လည်း ဟိုလီးကောင်းတွေ အသက်ပေးကြရတာပါပဲ။
    (http://money.cnn.com/2015/08/05/news/economy/india-beef-exports-buffalo/)

    လယ်တီဆရာတော်ကို အဟုတ်တကယ်လေးစားလိုက်နာပါလျှင်
    ———————————————————–
    လယ်တီ ဆရာတော်ကို အမှန်တကယ် လေးစား လိုက်နာလိုတယ်ဆိုရင်တော့ ကျွဲနွားတင်မက အခြားသော တိရစ္ဆာန် အားလုံးကို မစားဘဲ လှူဒါန်းလိုက်ကြ ရပါတော့မယ်။ တိရစ္ဆာန်အသား မစားခြင်းကို တနည်းအားဖြင့် သက်သတ်လွတ် လို့ ခေါ်ပါတယ်။

    သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၀ါဒလော၊ မဟုတ်ပါ။ လုံးဝမဟုတ်ပါ။

    လယ်တီဆရာတော်အား လေးစားလိုက်နာလိုသူ အချို့ကတော့ မွတ်စလင်တွေ အိဒ်ပွဲတော် မကျင်းပနိုင်အောင် ဥပဒေတစ်ရပ်ထုတ်ပြန် တားဆီးဖို့ ကြိုးစားနေကြပါတယ်။

    ဒီလိုကြိုးစားနေကြသူတွေကို ကြည့်ပြီး  ဗုဒ္ဓဘာသာ သမိုင်းကြောင်း ပညာရှင် တစ်ဦးဖြစ်တဲ့ Theodore Kern က ခုလို မှတ်ချက်ချခဲ့တာ ဖြစ်နိုင်ကောင်းပါရဲ့။

    “The more we try to remove the difficulty (i.e., in accounting for certain doctrines) the more we are driven to the suspicion that original Buddhism was not exactly that of canonical books.”

    (Indian Buddhism by Theodore kern 1898, page 18)

    မြန်မာပြန် – ကျမ်းချက်အချို့ကို ခက်ရာခက်ဆစ် စိစစ်လေလေ ကျမ်းစာမှာ ရေးသားဖော်ပြထားတာတွေနဲ့ မူရင်း ဗုဒ္ဓ၀ါဒဟာ တထေရာတည်း တူညီ မနေဘူးဆိုတဲ့ သံသယဆီကိုသာ ကျွန်တော်တို့ တွန်းပို့ခံနေရပါတယ်။ (သီယိုဒိုကန်း)

    တဖန် အဝေးသင်တက္ကသိုလ်၊ အရှေ့တိုင်းယဉ်ကျေးမှု ပို့ချချက်၊ သင်္ဂါယနာတင်ပွဲများ ပ ၊ ဒု၊ တ။ မော်ဂျူး နံပါတ်အရ ၂၀၀၄၊ ကုတ်ဒ်နံပါတ် ၄၈၊ စာမျက်နှာ ၂၂၄ မှာ အောက်ပါ အတိုင်း ဖော်ပြထားပြန်ပါတယ်။

    “…. ယခုတောင်ပိုင်း ဗုဒ္ဓဘာသာသည် အမည်သညာ အားဖြင့် ဗုဒ္ဓဘာသာဟု ခေါ်ထားသည်မှ တပါး ဟိန္ဒူ ၀ါဒကို အလေးတင်းထားသော ဘာသာဖြစ်နေသည်။ (The Vedanic Buddhism of The Buddha by J.G Jennings M.A)”

    ဒီတော့ ကျမ်းချက်နဲ့ ကျင့်သုံးမှု  အတူတူဆိုတာပြပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ သမိုင်း ပါမောက္ခများ ကိုးကားတဲ့ Theodore Kern မှားယွင်းကြောင်း သက်သေပြ လိုပါသလား? ဗုဒ္ဓ၀ါဒဟာ ဟိန္ဒူဝါဒကို အလေးတင်းထားတာ မဟုတ်ဘူးဆိုတာကို သက်သေပြလိုပါသလား ?

    နွားနို့သောက်ပါ။

    အမဲသားစားပါ။

    သက်သတ်လွတ်ဝါဒကို ဆန့်ကျင်ပါ။

  • သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ။ ကုလားတွေလည်း ကြောက်တတ်ပါတယ်။

    သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ။ ကုလားတွေလည်း ကြောက်တတ်ပါတယ်။

    ဇွန် ၁၈ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ဒန်ငြာရှိန်း
    .no more yellow journalism
    ကုလားဆိုတဲ့စကားလုံး။ ဒီစကားလုံးကို မြန်မာမွတ်စလင်တွေက သူတို့ကို နှိမ်ပြီးခေါ်တဲ့ အသုံးအနှုံးလို့ ယူဆကြတယ်။ စကားလုံးရဲ့ အဓိပ္ပါယ်က ဘယ်လိုပဲ ရှိပါစေ၊ အဲဒီစကားလုံးကို သုံးပြီး တဖက်သား နစ်နာရအောင် ပြုမူပြောဆိုမယ်ဆိုရင် ဒီစကားလုံးက ခွဲခြား ဆက်ဆံတဲ့ စကားလုံးပါပဲ။
    .
    အချို့အခြေအနေတွေမှာတော့ စကားလုံးတစ်လုံးကို မိမိကိုယ်တိုင် မကြိုက်ပေမယ့်လဲ တဘက်လူနားလည်ဖို့ အဲဒီစကား အတိုင်း ပြောဆိုပေး ရတတ်ပါတယ်။ ဒါက အခုဆောင်းပါးမှာ ကုလားလို့သုံးလိုက်ရတဲ့ အကြောင်းရင်း။
    .
    တိုင်တန်းမှုတွေ ရှိနေပါလျက်ကယ်နဲ့ ခြိမ်းခြောက်တာတွေ ၊ အမုန်းပွားဖို့ ဆောင်ရွက်တာတွေ တွင်တွင်လုပ်ခွင့်ရနေတဲ့ ဦးနေမျိုးဝေက မြန်မာသတင်းထောက်တွေကို လည်လှီးမယ်လို့ ဆိုပါတယ်။ ဒီအဆိုကို စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ‘‘အဓိကကတော့ မိမိအနေနဲ့ ကန့်ကွက်ရှုတ်ချတယ်။ ဒါကို ခွင့်ပြု တာဟာ အစိုးရမှာ တာဝန်ရှိ တယ်။ ပြောတဲ့သူက ပြောပေမယ့်ခွင့်ပြုတဲ့သူမှာ တာဝန်ရှိတယ်။ ပြောတဲ့သူက စည်းမဲ့ကမ်းမဲ့ပြော ပေမယ့် အစိုးရက ဘာကြောင့် ခွင့်ပြုရတာလဲ။ သူဟာ ဘယ်လိုလူ စားလဲဆိုတာ အားလုံးလည်း သိပါတယ်။..” (http://7daydaily.com/story/38192) စသဖြင့် တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    .
    မဘသဂျာနယ်များဖြစ်ကြတဲ့ အောင်ဇေယျတု ၊ သာကီသွေးစတဲ့ ဂျာနယ်တွေမှာ အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး မဟုတ်မတရားတွေ ရေးတာကြောင့် အစ္စလာမ့် အဖွဲ့အစည်းတွေက သမ္မတဦးသိန်းစိန် နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာပို့တိုင်ကြားခဲ့ကြတယ်။ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး သမ္မတက ပြန်ကြားရေးကိုလွှဲ၊ ပြန်ကြားရေးက  စာနယ်ဇင်းကောင်စီထံ ဘောလီဘောပြန်ပုတ်။ ဒီအခါမှာ စာနယ်ဇင်းကောင်စီက မဘသနဲ့ မွတ်စလင်အဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းကြဖို့ အကြောင်းပြန်ပါတယ်။ ဂျာနယ်ပါ ဆောင်းပါးတွေရဲ့ အရေးအသားနဲ့ပတ်သက်ပြီး တိုင်တန်းတာကို မှားသည် မှန်သည် မဖြေရှင်းဘဲ နှစ်ပါတီ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခိုင်းခဲ့တာဖြစ်ပါတယ်။
    .
    ဦးနေမျိုးဝေက လည်ပင်းလှီးမယ်ဆိုတော့ ” ပြောတဲ့သူက ပြောပေမယ့်ခွင့်ပြုတဲ့သူမှာ တာဝန်ရှိတယ်။” ဖြစ်လာပါရော။ စာနယ်ဇင်းကောင်စီက လေလုံးထွားတဲ့ ဦးနေမျိုးဝေကို ကြောက်စရာ ဘာမှမရှိဘူးဆိုပေမယ့် နောက်ကွယ်က လက်မည်းကြီးတွေ အချက်ပြရင် တကယ်အတီးခံရမှာပဲလို့တော့ တွေးမိကြပါလိမ့်မယ်။
    .
    ကုလားတွေကတော့ ဦးနေမျိုးဝေကိုရော၊ မဘသကိုရော ကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနေမျိုးဝေတို့က မြန်မာ ဂျာနယ်လစ်တွေကို တကယ် လုပ်ချင်လည်းလုပ်မယ်၊ မလုပ်ချင်လည်းမလုပ်ဘူး၊ ကုလားကိုကျ တကယ်လုပ်မှာကိုး။ မဘသ ဂျာနယ်တွေနဲ့ မ.ဘ.သ အွန်လိုင်းအကောင့်တွေ ၀ါဒဖြန့်တာကြောင့် ပြည်ထောင်စု ကုလားတွေ သွေးထွက်သံယိုဖြစ်ခဲ့ဖူးတယ်၊ ထပ်ပြီးတော့လည်း ဖြစ်လာနိုင်စရာ ရှိ/မရှိကိုလည်း ဘယ်သူမှ အာမမခံနိုင်ဘူး။ အဲသလို ရှိလေတော့ စာနယ်ဇင်းကောင်စီကို ကျနော်တို့ ပြည်ထောင်စုကုလား မြန်မာမွတ်စလင်တွေက  “ပြောတဲ့သူက ပြောပေမယ့် ခွင့်ပြုတဲ့သူမှာ တာဝန်ရှိတယ်။” ဆိုပြီး မေးခွန်း ထုတ်ပိုင်ခွင့်ရှိပါသလား ခင်ဗျား။
    .Tomorrow IS 3500
    မဘသ ဂျာနယ်တွေလိုမျိုး အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ် တူမော်ရိုး(Tomorrow) ဂျာနယ်က  ဇွန် ၁၆ ရက်နေ့ထုတ်၊ အတွဲ ၂ အမှတ် ၁၅မှာ အိုင်အက်စ် အကြမ်းဖက်သမားတွေ မြန်မာနိုင်ငံထဲကို ၂၀၁၃ ကတည်းက ရောက်နေပြီး ဖြစ်တယ်ဆိုပြီး သွေးထိုး လှုံဆော်ထားပါတယ်။ တူမော်ရိုး ကို ဦးဆောင်ကြတဲ့ သူတွေထဲမှာ  မြန်မာနိုင်ငံ  စာနယ်ဇင်းကောင်စီအဖွဲ့ဝင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU) အဖွဲ့ဝင် အဖြစ်ပါဝင်နေတဲ့ ဦးဇော်သက်ထွေး တို့လို လူမျိုးတွေပါနေပါတယ်။ အိုင်အက်စ် အကြမ်းဖက်တွေ မြန်မာနိုင်ငံထဲ စိမ့်ဝင်ပြီးဖြစ်နေတာ တကယ်ဆိုရင်တော့ ဒါဟာ အန္တရာယ်ပဲ။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စု ကုလားတွေလည်း အိုင်အက်စ်ကိုကြောက်ပါတယ်၊ အစ္စလာမ်ဘာသာရေး သွန်သင်ချက်တွေကနေ သွေဖည်နေတဲ့ အိုက်အက်စ်ရဲ့ အတွေးအခေါ်တွေကြောင့် ကြောက်ရတာပါ။
    .
    တူမော်ရိုးဂျာနယ်က ဆိုထားတဲ့ အိုင်အက်စ်တွေ မြန်မာပြည်ထဲရောက်နေပြီးပြီဆိုတာကို အတည်ပြုဖို့ အတည်ပြုခံရလောက်ဖွယ် (authentic source) ခေါ် သတင်းအချက်အလက် လိုအပ်ပါတယ်။ တူမော်ရိုးကတော့ https://themuslimissue.wordpress.com ဘလော့ကနေ ကိုးကားထားတာပါ။ ဒီဘလော့က authentic source ဖြစ်ဖို့နေနေသာသာ သူ့ဘလော့မှာပါတဲ့ hate speech ခေါ် အမုန်းတရားကြီးထွားဖွယ်ရာ ဆောင်းပါးတွေကို မှန်မမှန် စစ်ဆေးဖို့ အချိန်မပေးနိုင်ကြောင်း အဲဒီဘလော့ရဲ့ about စာမျက်နှာ အတိအလင်း ကြေညာထားပြီးသားဖြစ်နေတယ်။ ဖော်ပြပါ ဘလော့ရဲ့ about စာမျက်နှာ inaccuracies ခေါ် မတိကျမရေရာ မသေချာမှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခုလိုရေးထားပါတယ်။
    .
    “The public provides articles for us to publish. If you have any objections or find inaccuracies in these articles or posts, please provide evidence and post your comment and a link to the article under the article.”
    .
    ပက်ဘလစ်လို့ခေါ်တဲ့ အစ္စလာမ်ကို မုန်းတီးသူ မည်သူမဆို အဲဒီဘလော့ကို စာတွေရေးပြီး ပေးပို့နိုင်ပါတယ်။ သူတို့ကတော့ စိစစ်ပြီးမှ တင်တာမဟုတ်ဘဲ ၊ မုန်းတီးရေးဆိုပြီးရော ၊ ဘာလာလာ အကုန်တင်ပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့တင်ထားတဲ့ ဆောင်းပါး အာတီကယ်တွေမှာ တစုံတရာ မှားယွင်းချက်တွေရှာဖွေဖို့ ပက်ဘလစ်ကိုပဲ ပြန်ပြီး တာဝန်ပေးထားလို့ပါပဲ။
    .
    ကျနော်တို့အနေနဲ့ တူမော်ရိုး အားကိုးတကြီး ကိုးကားထားတဲ့ https://themuslimissue.wordpress.com ဘလော့ပါ အိုင်အက်စ် တွေ ၂၀၁၃ ကတည်းက မြန်မာပြည်ထဲ ရောက်နေပြီးဖြစ်တယ်ဆိုတာကို မှားယွင်းကြောင်း သက်သေပြဖို့ authentic source ခေါ် ယုံကြည်ဖွယ် အထောက်အထားကို ခက်ခက်ခဲခဲ ရှာနေစရာ မလိုတော့ပါဘူး။ အဲဒီအချက်က လေဖမ်း ဒန်းစီးထားတဲ့ ချောက်လုံး တစ်ခုသာဖြစ်တာကြောင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်သတင်းစာ The Mainichi ကို မြန်မာပြည်ကို ခြိမ်းခြောက်လာစရာရှိတဲ့ အိုက်အက်စ် အန္တရာယ်နဲ့ပတ်သက်ပီး အခုလို အဖြေပေးခဲ့တာပေါ့။
    .
    ဗိုလ်ချုပ်မှူးကြီးက “အချို့လည်း ကျွန်တော်တို့ သတင်းတွေရတာတော့ ရှိပါတယ်။ အခုချိန်ထိတော့ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေအထားမျိုး မတွေ့သေးပါဘူး။ ဒါပေမယ့် အခြေအနေကို သတိထားနေတဲ့ အနေအထားလို့ ကျွန်တော်ပြောလိုပါတယ်။” ဆိုပြီး အဖြေပေးခဲ့တာပါ။ (www.facebook.com/seniorgeneralminaunghlaing/posts/1021163294584825:0)
    .
    တကယ်လို့ ၂၀၁၃ ကတည်းကသာ မြန်မာပြည်ထဲ အိုက်အက်စ် ရောက်ပြီး တိတ်တိတ်ပုန်းနေတာဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မချွင်းမချန် ဖွင့်ဟတော့မှာပါ။ ကျနော်တို့လို ပြည်ထောင်စုကုလား မြန်မာမွတ်စလင်တွေကတော့ ဗိုလ်ချုပ်မှူးကြီး တို့ကို ယုံပါတယ်။ ဘာကြောင့်လဲဆိုတော့ အကယ်၍သာ ၂၀၁၃ကတည်းက အိုက်အက်စ်တွေ မြန်မာ့မြေထဲရောက်နှင့်ပြီးသည်ထားဦးတော့ ၊ ပြည်ထောင်စုကုလားတွေကို ဖိနှိပ်တာတွေ ဖုံးကွယ်နိုင်ဖို့ “အိုက်အက်စ်အကြမ်းဖက်” ဆိုတာက ကမ္ဘာကို အကြောင်းပြချက် လှလှပပ ထယ်ထယ်ဝါ၀ါကြီး ပေးနိုင်တဲ့ ကိစ္စရပ်ပဲ မဟုတ်ပါလားဗျာ။ ကျနော်တို့ ယုံကြည်ရတဲ့ ဗိုလ်ချုပ်မှူးကြီးတို့က ဒီအချက်ကို ဘယ်ချန်ထားရစ်ခဲ့ပါ့မလဲ။ နိုင်ငံတကာဖိအားကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်နေရတဲ့ မြန်မာအစိုးရအတွက်လည်း “အကြမ်းဖက်အိုင်အက်စ်” ဆိုတာက ဆိုင်းနိုင်း ကန္တာရထဲ လမ်းပျောက်နေတဲ့ ပါလစ္စတိုင်း ကုလားလေးတစ်ယောက် အိုအေဆစ် ကြီးသွားတွေ့ သလို ဖြစ်ရပါလိမ့်မယ်။ အဆီတ၀င်းဝင်းနဲ့ အခွင့်ထူးကြီးပါ။
    .
    အရှေ့တောင်အာရှနိုင်ငံတွေကို အိုက်အက်စ် အကြမ်းဖက်က လူသူအင်အားဖြည့်တင်းဖို့အတွက် ပစ်မှတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီအဆိုကို စင်ကာပူနိုင်ငံ နန်ယန်တက္ကသိုလ်အောက်က S.Rajanatham School of International Studies က သုတေသီ ဂျက်စ်မင်ဒါဆင်းက ဆိုတာပါ။ အခုလို authentic source ခေါ် အတည်ပြုလောက်ဖွယ် သုတေသနဌာနက လာတဲ့ သတင်းကိုကျ ပစ်ပယ်လို့မရတော့ဘူး။
    .
    S.Rajanatham School of International Studies က သုတေသီ ဂျက်စ်မင်ဒါးဆင်းရဲ့ စာတမ်းက စင်ကာပူဝန်ကြီးချုပ်အထိ တာသွားထိရောက်ခဲ့တဲ့ စာတမ်းပါ။ ဒီတော့ ဂျက်စ်မင်ဒါဆင်းရဲ့ စာတမ်းမှာ အရှေ့တောင်အာရှ တစ်နိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာတော့ဖြင့် ၂၀၁၃ ကတည်းက အိုင်အက်စ်တွေ အခြေချပြီးဖြစ်တယ်ဆိုတာ ဖော်ပြထားသလား ဆန်းစစ်ကြည့်တဲ့အခါ တွေ့ရတာက – ဂျက်စ်မင်ဒါဆင်းရဲ့ ဟောဒီ စာတမ်း (www.rsis.edu.sg/wp-content/uploads/2015/05/CO15126.pdf) မှာပေါ့ဗျာ ၊ မြန်မာဆိုတဲ့စကားလုံး တစ်လုံးတောင် မတွေ့ရပါဘူး။ အဲဒီတော့ တူမော်ရိုးဂျာနယ်ရဲ့ တာဝန်ခံ ပုဂ္ဂိုလ်ကြီးတွေဟာ ပြည်ထောင်စု ကုလားတွေကို အခြေအနေတစ်ခုဆီတွန်းပို့ပြီး သူတို့တွေဟာ အိုင်အက်စ် ပစ်မှတ်တွေလို့ ဆိုတာထက် သူတို့ထဲမှာ အိုက်အက်စ်တွေရှိနေပြီလို့ အခြေမခိုင်တဲ့ လေဖမ်းဒန်းစီးထားတဲ့ အန်တီ အစ္စလာမ်ဘလော့ကို ကိုးကားပြီး ဆိုလိုက်တယ်၊ အဲဒီအဆိုကြောင့် ပြည်ထောင်စု ကုလားတွေခမြာ စာနယ်ဇင်းကောင်စီကို ” ပြောတဲ့သူက ပြောပေမယ့်ခွင့်ပြုတဲ့သူမှာ တာဝန်ရှိတယ်။ ပြောတဲ့သူက စည်းမဲ့ကမ်းမဲ့ပြော ပေမယ့် အစိုးရ (စာနယ်ဇင်းကောင်စီ) က ဘာကြောင့် ခွင့်ပြုရတာလဲ။” လို့ မေးလဲမေးချင်ပါရဲ့ ၊ မေးလဲမမေးရဲပါခင်ဗျား။
    .
    ကျန်းမာချမ်းသာကြပါစေ။