News @ M-Media

Tag: DASSK

  • မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား အကြမ်းဖက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက် (Sydney, Australia)

    မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား အကြမ်းဖက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက် (Sydney, Australia)

    နိုဝင်ဘာ-၂၈ ၂၀၁၃
    Spring Flowers ၏ FB မှ ဘာသာပြန်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

    မေး ။ ။ ကျနော်က သြစတေးလျ မြန်မာမွတ်ဆလင် အသိုင်းအ၀ိုင်းက ဖြစ်ပါတယ် ။ ကျနော်မေးချင်တာကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီးတော့ပါ ။ အထူးသဖြင့် မြန်မာပြည်က မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှုတွေအကြောင်းဆိုပါတော့ခင်ဗျာ ။ ဒီအကြမ်းဖက်မှုတွေ မငြိမ်သက်မှုတွေဟာ လက်ရှိအစိုးရက ဒေါ်စုနဲ့ NLD ကို နိုင်ငံရေးမှာ နာမည်သေသွားအောင် ၊ ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်း ပျက်စီးသွားအောင် တမင်လုပ်နေတာလို့ ထင်ပါသလား ။

    -ဒီအခြေအနေကို ကာကွယ်ဖို့ ဒေါ်စုနဲ့ NLD အနေနဲ့ ဘာတွေများလုပ်နေပါသလဲ ။ -နောက်တစ်ခုကတော့ အမျိုးသားရင်ကြားစေ့ရေးအကြောင်းကို ပြောကြတဲ့အခါ မတူကွဲပြားတဲ့ဘာသာကို ကိုးကွယ်သူများကြားမှာ ရင်ကြားစေ့ရေးလည်း ပါဝင်ပါတယ်လို့ ပြောလို့ရပါတယ် ။ သူတို့ကြားထဲမှာ ကြောက်လန့်မှုတွေ မယုံကြည်မှုတွေ ရှိနေတယ်လို့ သိရပါတယ် ။ သြစတေးလျလိုတိုင်းပြည်အနေနဲ့ ဒီအခြေအနေကို လွန်မြောက်အောင် ဘာတွေများ ကူညီနိုင်တယ်လို့ ထင်ပါသလဲ ။

    ဖြေ ။ ။ ကျမပြောခဲ့သလိုဘဲ မြန်မာပြည်မှာ ရာနှုန်းပြည့် ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး ။ ပွင့်လင်းမြင်သာမှု မရှိတော့ Conspiracy theories (ရှုပ်ထွေးနက်နဲတဲ့ ပူးပေါင်းလုပ်ကြံမှုလို့ ယူဆပြီး ခန့်မှန်းချက်ပေးခြင်း) တွေ အမြဲတမ်း ရှိတတ်ပါတယ် ။

    အုပ်စုအချင်းချင်း အကြမ်းဖက်တိုက်ခိုက်ကြတာတွေ ၊ တင်းမာမှုတွေ ဘာကြောင့်များဖြစ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာတွေ ရှိနေတယ်ဆိုတာ ကျမ သိပါတယ် ။

    ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ လမ်းလွဲသွားအောင် လုပ်ချင်တဲ့ လူတွေကများ ဒီပြသာနာတွေကို ပိုဆိုးအောင် လုပ်နေသလား ၊ ဒီလို လုပ်ခြင်းအားဖြင့် နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်မရအောင် လုပ်နေတာလား စသဖြင့် မှန်းဆတာတွေ ရှိနေပါတယ် ။

    ဒါပေမယ့် ဒါတွေအားလုံးဟာ မှန်းဆက်ချက်တွေ သက်သက်သာ ဖြစ်ပါတယ် ။ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ ပြနိုင်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိပါဘူး ။ တစ်ဖက်ကလည်း အုပ်စုတစ်ခုခုက ရည်ရွယ်ချက် ရှိရှိ လုပ်မနေပါဘူးလို့လည်း သေသေချာချာ ပြောဖို့ အထောက်အထားမရှိပြန်ပါဘူး ။

    ဒီတော့ ကျမတို့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ထားရမှာပေါ့ ။ ဒါပေမယ့် အရေးကြီးတာက တိုင်းပြည်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုမှန်သမျကို အစိုးရက တာဝန်ယူဖို့ပါ ။ တိုင်းပြည်ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖြစ်အပျက်မှန်သမျကို အစိုးရက တာဝန်ယူဖို့ လိုပါတယ် ။ စောစောက ပြောခဲ့သလိုဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက လုံလောက်တဲ့ တာဝန်ယူမှုတွေ လုပ်နေတယ်လို့ ကျမ မထင်ပါဘူး ။

    အမျိုးသား ရင်ကြားစေ့ရေးကို ကျမပြောတဲ့အခါ တိုင်းရင်းသားအဖွဲ့အားလုံး ၊ လူမျိုးအားလုံး ၊ အဖွဲ့အစည်းတွေအားလုံး ၊ နိုင်ငံရေးအင်အားစုအားလုံး ကြားမှာ ရင်ကြားစေ့တာကို ပြောတာပါ ။ ဒါကြောင့်ဘဲ အမျိုးသားရင်ကြားစေ့ရေး ဆိုတာထဲမှာ စစ်တပ်နဲ့ အရပ်သားနိုင်ငံရေးအင်အားစုတွေကြား ရင်ကြားစေ့ရေးလည်းပါတယ်လို့ ကျမပြောခဲ့ပါတယ် ။

    ဒါပေမယ့် ဒီလို ရင်ကြားစေ့ရေးကို ဖော်ဆောင်မြှင့်တင်ရာမှာ သြစတေးလျတစ်ခုတည်းရဲ့အကူအညီကိုသာ ကျမတို့လိုအပ်တာ မဟုတ်ပါဘူး ။ တစ်ကမ္ဘာလုံးက ကျမတို့ကို နားလည်ပေးဖို့ လိုပါတယ် ။

    ဒီတင်းမာမှုတွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ကြောက်ရွံမှုတွေနဲ့ မုန်းတီးမှုတွေ ရှိနေပါတယ် ။ ဒါတွေကို ဖယ်ရှားဖို့ဆိုရင် လုံခြုံစိတ်ချရတဲ့ဝန်းကျင်တစ်ခုကို အစိုးရအနေနဲ့ ဖန်းတီးပေးရပါမယ် ။ လုံခြုံစိတ်ချအန္တရာယ်ကင်းတယ်လို့ မခံစားရဘဲနဲ့ သူတို့ရဲ့အကြောက်တရားတွေ ၊ မုန်းတီးမှုတွေကို လက်လွှတ်ဖြေလျှော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။

    ကျမအနေနဲ့ ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ် ။ မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် …… ကျမကတော့ လုံးဝ မမေ့ပါဘူး ။

    မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီး မှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။

    ဒီတော့ သြစတေးလျရော ၊ တစ်ကမ္ဘာလုံးပါ ကျမတို့ ဒီ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရအောင်လုပ်ရာမှာ ကူညီဖို့ လိုပါတယ် ။

    လက်ရှိအစိုးရကိုလည်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သတိပေးတိုက်တွန်းပေးဖို့လိုပါတယ် ။ ကျမတို့ကို တာဝန်ယူစေချင်တယ်ဆိုရင်တော့ ကျမတို့ကို အစိုးရလုပ်ခိုင်းလိုက်တာ ကောင်းပါလိမ့်မယ် ( ရယ်သံများ ) ။

    ဘာသာပြန်သူ၏ မူရင်း Link=>https://www.facebook.com/photo.php?fbid=579179652153943&set=a.319582384780339.74346.100001857416736&type=1&relevant_count=1

  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲအခမ်းနား နေပြည်တော်တွင်ကျင်းပ

    နိုဝင်ဘာ ၁၈-၂၀၁၃
    M-Media
    သီရိ

    NLD NPD

    နေပြည်တော်။          ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုသဘောထားခံယူပွဲကို ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့(ယနေ့) တွင်ကျင်းပခဲ့သည်။ ထိုသဘောထား ခံယူပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

    “ကျွန်မကို အားပေးချင်တာနဲ့တော့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ မထောက်ခံပါနဲ့၊ တကယ် နားလည်ပြီး ပြင်သင့်တယ်ဆိုမှထောက်ခံကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ယင်းလူထုသဘောထားကောက်ခံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ အဖွဲ့ချုပ်မှ ပညာရှင် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၏ ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီသည့် အချက်အလက်များ၊ နိုင်ငံသားတို့ အခွင့်အရေးများကို ပြန်လည် ကန့်သတ်ထားသော အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အဆိုပါဆွေးနွေးပွဲကို စောစောပိုင်းကဒေသပိုင် အာဏာပိုင်များမှ ခွင့်ပြုမိန့်မပေးခဲ့ဘဲ နောက်ပိုင်းမှသာ ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

    ထိုဆန္ဒခံယူပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူ ၂ သောင်းနီးပါးတက်ရောက်ခဲ့ပြီး ထောက်ခံသဘောတူသူ ၉၀ ရာခိုင်နှုန်းရှိသည် ဟု သိရှိရပါသည်။

    Photo Credit=>RFA Burmese

  • မွန်ဂိုလီးယား သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media

    300px-Tsakhiagiin_Elbegdorj,_President_of_Mongolia_and_Nobel_Peace_Laureate_Aung_San_Suu_Kyi

    မွန်ဂိုလီးယားနိုင်ငံ သမ္မတဖြစ်သူ Tsakhiagiin Elbegdorj မှာ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု မွန်ဂိုလီးယား အာဏာပိုင်များက ယနေ့တွင် သတင်းထုန်ပြန်လိုက်သည်။

    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် လာရောက်ခြင်းဖြစ်ပြီး လာရောက်မည့် ရက်အတိအကျကို ထုန်ပြန်ကြေညာခြင်း မရှိသေးပေ။ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှာ သံတမန် အဆက်အသွယ်များရှိထား သော်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်သာရှိသည်။

    ပြီးခဲ့သည့် ဧပြီလ ကလည်း မွန်ဂိုလီးယားသမ္မတ၏ ဖိတ်ကြားချက်အရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်မှာ မွန်ဂိုလီးယားနိုင်ငံသို့ ၈ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး  Ulaanbaatar မြို့တွင် ကျင်းပသည့် ၀န်ကြီးအဆင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းနှင့်ပတ်သက်သည့် အစည်းအဝေးအား တက်ရောက်ခဲ့သည်။ ထို့ပြင် မွန်ဂိုလီးယား သမ္မတနှင့် ပူးပေါင်းကာ မိန့်ခွန်း ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွန်း(wiki) NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတဖြစ်သူ Tsakhiagiin Elbegdorj  တို့ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံခဲ့စဉ်က
    Ref: xinhu

  • EU-Myanmar Task Force ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

    နိုဝင်ဘာ ၁၄-၂၀၁၃
    M-Media
    သီရိ

    DSC00476 copy

    ရန်ကုန်။ ။ EU-Myanmar Task Force ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၄ ရက်နေ့(ယနေ့)တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

    ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် European Commission ဒုတိယ ဥက္ကဌ Catherine Ashton, European Union ဒုတိယ ဥက္ကဌ Antonio Tajani (Industry and Entrepreneurship) , European Commissioners များဖြစ်ကြသည့်
    Andris Piebalgs ( Development and Cooperation) နှင့် Dacian Ciolos (Agriculture and Rural Development) တို့နှင့် ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် (၁၀၀) ဦးခန့်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဆွေးနွေးခဲ့ပြီး စုစုပေါင်း လူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဥရောပ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ရန်ကုန်၌လည်းကောင်း ၁၅ ရက်နေ့တွင် နေပြည်တော်၌လည်းကောင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဥရောပနိုင်ငံများမှ အကူအညီများ ပေးနိုင်ရန် ၊ စီးပွားရေးကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

     

  • ဒေါ်အောင်ဆန်းစုကြည် သြဇီခရီးစဉ်မှ အခမ်းအနားအားလုံး ကချင်အဖွဲများ မတက်

    နိုဝင်ဘာ ၁၁။ ၂၀၁၃
    M-Media

    ဒေါ်အောင်ဆန်းစုကြည် သြဇီခရီးစဉ်မှ အခမ်းအနားအားလုံး မတက်ဟု သြဇီရောက် ကချင်အဖွဲ့များ စုပေါင်း၍ ကြေညာချက်ထုတ်

    နိုဝင်ဘာလ ၂၇ ရက်နေ့ မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သြစတြေးလျနိုင်ငံကို သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်အတွင်း သြစတြေးလျရှိ ကချင်အဖွဲ့များ တက်ရောက်မည်မဟုတ်ဟု သြစတြေးလျရှိ ကချင်အမျိုးသား အစည်းအရုံး များ၏ စုပေါင်း သဘောထား ကြေညာချက် တစ်စောင် ကို ဒီနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ပါသည်။

    ကြေညာချက်တွင် ကချင်ပြည်နယ်မှ လူ့အခွင့်ရေး ချိုးဖောက်မှုများကို အတိုက်အခံဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှ ရှုံချရမည့်အစား ဗမာစစ်တပ်ကို ချစ်ခင်နှစ်သက်ကြောင်း ပြောကြားခဲ့ခြင်း နှင့် နိုင်ငံတကာမှ ဗမာစစ်တပ်ကို ကူညီ ပံ့ပိုးရန် စည်းရုံးလှုံဆော်ခြင်းဖြင့် ဗမာစစ်တပ်၏ ဆိုးရွားသော လူ့အခွင့်အရေး Kachinချိုးဖောက်မှုများကို မှေးမိန်အောင် ပြောဆိုမှုများမှာ ကချင်လူထု ရင်ဆိုင်နေရသော အခွင့်အရေး ချိုးဖောက်မှုများကို ဥပက္ခာ ပြုရာရောက်ကြောင်း ဖော်ပြထားသည်။