News @ M-Media

Tag: DASSK

  • ဇနီးဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ Share ခဲ့မှု ဦးရဲထွဋ်တောင်းပန်၊

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    .ဝေယံ

    ဇနီးဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ Share ခဲ့မှု ဦးရဲထွဋ်တောင်းပန်၊ 

    U Ye Htut Wife
    အမျိုးသားဒီမိုကရေ အဖွဲ့ချူပ် ဥက္ကဌ နှင့် ပြည်သူလွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ စော်ကား တိုက်ခိုက်ထားသည့် ဓါတ်ပုံပါ ပိုစ်တခုကို ပြန်ကြားရေး ဒုဝန်ကြီး နှင့် နိုင်ငံတော်သမ္မတရဲ့ တဦးတည်းသော ပြောေ၇း ဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးရဲထွဋ်၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာထွန်းမှ ၄င်း၏ Facebook စာမျက်နှာမှာ ထပ်ဆင့်မျှဝေခဲ့ပါတယ်။

    အဆိုပါ လုပ်ရပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ထောက်ခံသူများ အကြား ဝေဖန်ပြစ်တင်မှုတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီးနောက် ဒေါ်ခင်စန္ဒာထွန်းမှ ၄င်း Facebook စာမျက်နှာကို ပိတ်ထားခဲ့ကြောင်းတွေ့ရပါတယ်။

    အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဒုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာထပ်မှာ တရားဝင်တောင်းပန်လိုက်ပါတယ်။

    U_Ye_Htut

    တောင်းပန်စာတွင် ၄င်းရဲ့ ဇနီးဖြစ်သူ လုပ်ရပ်ကို ဝန်ခံခဲ့ပြီး အဆိုပါလုပ်ရပ်ဟာ သူလက်ခံထားတဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူများ လိုက်နာရမယ့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ မဖြစ်ရဘူးဆိုတဲ့ ကျင့်ဝတ်နဲ့ လွဲချော်နေကြောင်း ဝန်ခံခဲ့တာကိုတွေ့ရပါတယ်။

    ဒါအပြင် သူဇနီးရဲ့ လုပ်ဆောင်ချက်ဟာ ဒီမိုကရေတစ်စံနှုန်းတွေနဲ့ပါ လွဲချော်နေတဲ့အတွက် ချက်ခြင်း ဖျက်ခိုင်းခဲ့ကြောင်းကို ထည့်သွင်းရေးသားထားပါတယ်။

    ဦးရဲထွဋ်မှ အများလိုက်နာတဲ့ စံနှုန်းတွေကို သူမိသားစုအပေါ်ကို အိမ်ထောင်ဦးစီး တယောက် အနေနဲ့  ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုး ထောက်ခံသူများနဲ့ သူရဲ့ စာဖတ်ပရိတ်သတ်ကို တောင်းပန်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

    အလားတူ ဒေါ်ခင်စန္ဒာထွန်းမှာ ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်ပြီး အမုန်းပွားစေမည့် ပိုစ်များကိုလဲ ထပ်ဆင့်မျှဝေခဲ့တာကို တွေ့ရရှိရပါတယ်။

    တည်ဆဲ အီလက်ထရေနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄ တွင် အဖွဲအစည်းတခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောတစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့) ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ထားမှုများကို ဖြန်ချိခြင်းများ ပြုလုပ်ပါက အရေးယူခြင်းခံရမည်ဟု ပြဌာန်းထားပါတယ်။

  • ကော်မရှင်၏ သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည်

    မေ ၂၇ ၊ ၂၀၁၄
    မိုးမခ မီဒီယာ မှ ကူးယူဖော်ပြပါသည်။
    တူမောင်ညို
    UEC-Tin-Aye
    ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးက သမ္မတပြောခွင့်ရ ဦးရဲထွဋ် ကဲ့သို့ ရိသဲ့သဲ့ မပြော၊ “တည်ဆဲ ဥပဒေစကား” ပဲပြောသည်။

    “တရားဥပဒေစိုးမိုးရေး”စကားပါးစပ်မှ တဖွဖွပြောတတ်သူ၊ လက်တွေ့တွင်လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ရေး ချမ်းရေးကော်မတီ” ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူ ၊ကော့မှူးမြို့နယ် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်း စုကြည်အား “ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ၊ တည်ဆဲဥပဒေများနှင့် အညီဟောပြောရန်” ဗိုလ်တင်အေး ကော်မရှင် သတိပေး လိုက်သည်။

    ဤသတိပေးချက်က “စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ”နှင့် ထို စည်းကမ်းပြည့်ဝသောဒီမိုကရေစီစည်းဝိုင်းထဲက နိုင်ငံရေး ပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦး၏ ဘဝသရုပ်အမှန်ကို ဖော်ပြနေပါသည်။ “ဝင် – ပြင်” ဆိုသည့်လမ်းကိုလျှောက်ခဲ့ကြသူများ လက်ငင်းရင်ဆိုင်နေရသည့် ခါးသီးသော အတွေ့အကြုံနှင့်သင်ခန်းစာလည်းဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေ” ဆိုသည်များ တည်မြဲနေသမျှကာလပတ်လုံး ဤကဲ့သို့သော ဖြစ်ရပ်များကို ရင်ဆိုင်ကြုံတွေ့နေရပေလိမ့်ဦးမည်။

    ကော်မရှင်၏ ဤသတိပေးချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးအမြင်အရ ပြတ်ပြတ်သားသားပြောသူဆို၍ ရှေ့နေဦးကိုနီ၏ ပြောဆို သံကိုသာကြားရပြီး၊  ဒီချုပ်နှင့်၈၈ငြိမ်း/ပွင့်တို့မှ တာဝန်ရှိသူများ(နိုင်ငံရေးသမားများဘက်မှ) ပြောဆိုနေသည်မှာ အမှုလိုက် ရှေ့နေတစ်ဦး တရားရုံး၌ လျောက်လှဲချက် တင်သွင်းနေသည်နှင့် တူနေသေးတော့သည်။

    ရှေ့နေဦးကိုနီ၏ ပြတ်သားမှုကို လှိုက်လှိုက်လှဲလှဲ နှစ်ထောင်း အားရဖြစ်သော်ငြားလည်း သူ့အတွက် အထူးစိုးရိမ်မိပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် လှည့်လည်ဟောပြောစဉ်ကလည်း ရှေ့နေဦးကိုနီတို့၏ ဟောပြောမှုများကို သင်္ကန်းဝတ်စွမ်း အားရှင်များက အစ္စလာမ် ဘာသာဝင်(မူဆလင်)ဖြစ်သည်ဟုဆိုကာ အနိုင်ကျင့် ပိတ်ပင်တားမြစ်ခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ ဒီချုပ် ပါတီဘက်မှ နိုင်ငံရေးအရ တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်မှု မတွေ့မမြင် မိခဲ့ပါ။ (မဘသ)များဂျိုကြွအောင် သွေးထိုးပေးနေ သည့် ယနေ့အချိန်ကာလတွင် ရှေ့နေဦးကိုနီ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

    ဤသို့တစ်ယောက်တစ်မျိုး တုန့်ပြန်ပြောနေကြသည်ထက် ဖြစ်သင့်သည်မှာ ကော်မရှင်၏သတိပေးချက်နှင့်ပတ်သက်ပြီး ဒီချုပ် ပါတီဘက်မှ (သို့မဟုတ်) ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့် ပူးပေါင်းကော်မတီဘက်မှ နိုင်ငံရေးအရ တည်ကြည်လေးနက်စွာ တုန့်ပြန်ဖို့လို အပ်ပါသည်။ အထူးသဖြင့် ဒီချုပ်ဥက္ကဋ္ဌထံ လိပ်မူထားသော ကော်မရှင်၏သတိပေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပွင့်လင်း ပြတ်သားစွာ တုန့်ပြန်ရန် ပို၍ပင်လိုအပ်နေပါသည်။

    “၂၀၀၈အခြေခံဥပဒေ” အပါအဝင် ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ စသဖြင့် “တည်ဆဲ ဥပဒေများ” ဆိုသည်မှာ မတရားသည့် အမိန့်ဥပဒေများပင်ဖြစ်ပါသည်။

    ယခုအခါ ဗိုလ်တင်အေး ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) အရ “ညွန်ကြား/ကြီးကြပ်” နေပါ ပြီ။ ပုဒ်မ ၂၄ (ဂ၊ ဃ၊ င) အရ ကော်မရှင်က ဆက်လက် လုပ်ဆောင်လာခဲ့လျှင် မည်သို့ရင်ဆိုင်ကြမည်နည်း။

    Link => http://www.moemaka.blogspot.com/2014/05/blog-post_3978.html

  • ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ်တွေ့ဆုံ

    မတ်- ၅၊ ၂၀၁၄
    M-Media
    1965048_838962449452491_457746322_n
    အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် အင်္ဂါနေ့က မြန်မာ့ ဒီမိုအိုင်ကွန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်။

    တတိယကြိမ်မြောက် ဘင်းမ်စတက် BIMSTEC ညီလာခံအပြီး ၎င်းတို့နှစ်ဦးသည် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြသည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

    အိန္ဒိယနိုင်ငံ Shri Ram College တွင် ပညာသင်ကြားခဲ့ဖူးသူ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်သည် UPA ဥက္ကဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားမှုအရ ၂၀၁၂ ခုနှစ်က ဂျဝါဟလာလ် နေရူး အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှ သံအမတ်အဖြစ် အမှုထမ်းစဉ် ငယ်စဉ်ဘ၀၌ အိန္ဒိယတွင် နှစ်ပေါင်းများစွာ နေထိုင်ဖူးသည်။ သူမသည် စစ်အုပ်ချုပ်ရေး ကာလအတွင်း နှစ်အတန်ကြာ နေအိမ် အကျယ်ချုပ် ဘ၀နေထိုင်ခဲ့ရပြီး၂၀၁၀ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

    Ref: Agencies

    Photo- NLD

  • ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ခရီးစဉ် ဖိတ်ကြားရန် အချိန်တန်ပြီဟု မြန်မာဆိုင်ရာ တရုတ် သံအမတ်ကြီးပြော

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media
    AunSanSuuKyiMineMar14-621x320

    အတိုက်အခံခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ခရီးစဉ်ဖိတ်ကြားရန် အချိန်တန်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့်နိုင်ငံရေးအရ သြဇာကြီးနေလျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် လိုပါကြောင်း၊ သို့သော် တရုတ်အစိုးရ၏ ဖိတ်ကြားချက်ရှိမှသာ ဖြစ်နိုင်ကြောင်း ဒေါ်စုကြည်မှ ပြောခဲ့သည်။

    ဒေါ်စုကြည်၏ အတိုက်အခံ အုပ်စုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းရှိ နိုင်ငံရေး ပါတီအားလုံး ရင်ကြားစေ့ရေးကို ဘေဂျင်းမှ ဆက်လက် တိုက်တွန်းသွားမည်ဟု သံအမတ်ကြီး ယန်ဟောက်လန် Yang Houlan မှ Sunday Morning Post နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့သည်။

    “ ဒီရာထူးတာဝန်အပ်နှင်းခံရချိန်ကစပြီး ဒေါ်စုကြည်နဲ့ အကြိမ်ကြိမ် ဆုံတွေ့ဖူးပါတယ်။ မြန်မာပြည်သူတွေအကြား သူမရဲ့ နိုင်ငံတကာ ရပ်တည်မှု နဲ့ ထင်ပေါ် လူကြိုက်များမှုအရ တရုတ်ပြည်ရဲ့ ဖိတ်ကြားမှု ဖြစ်လာရပါပြီ ” ဟု သူက ဆိုသည်။

    တစ်ချိန်က တရုတ်ပြည်ရှိ အစိုးရတွဲဖက် အသင်းအဖွဲ့များ၏ ဖိတ်ကြားမှုများကို ဒေါ်စုကြည်မှ အချိုသတ်ရှောင်လွှဲ ခဲ့ဖူးသည်။

    တရုတ်မီဒီယာတစ်ခုနှင့်အင်တာဗျူးစကားကောက်ကြောင်းအရ ဒေါ်စုကြည်သည် တစ်ချိန်ချိန်တွင်တော့ တရုတ်ပြည်သို့ အလည်အပတ် သွားရောက်လိမ့်မည်ဟု ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှ စ၍ သုံးသပ်မှုများ ရှိခဲ့သည်။

    ယမန်နှစ် ဇန္န၀ါရီလအတွင်း တောင်ကိုးရီးယားခရီးစဉ်၌ သူမအနေနှင့် များမကြာမီ တရုတ်ပြည်သို့ သွားရောက်ရန် မျှော်လင့် ထားကြောင်း ပြောဆိုခဲ့သည်။

    ဒေါ်စုကြည်၏အတိုက်အခံပါတီ နှင့် တရုတ်ပြည်အကြား ဆက်ဆံရေးမှာ ယမန်နှစ်က အထူး တိုးတက်လာသည်။ နှစ်ဖက် စလုံးမှလည်း ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပိုမိုချိတ်ဆက် သွားလိုကြောင်း အသွင်ဆောင်နေလျက်ရှိသည်။

    NLD ပါတီမှ ကိုယ်စားလှယ်လေးဦးကို တရုတ်ပြည်သို့ ယမန်နှစ်က စေလွှတ်ပေးခဲ့သည်။ ယမန်နှစ် ဒီဇင်ဘာလ အတွင်း လတ်တစ်လောစေလွှတ်သော အဖွဲ့အား အတိုက်အခံပါတီ အတွင်းရေးမှူး နှင့် ဒေါ်စုကြည်၏အမာခံ လူယုံတစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းမှ ဦးဆောင်ခဲ့သည်။

    “ အနေအထားအသစ်တွေအောက်မှာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်ချက်တွေ ဆက်လက်တိုးမြှင့်သွားနိုင်မယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေနဲ့ပတ်သက်လို့ သူတို့ဖက်က သုံးသပ်ချက်အမြင်တွေကိုလည်း ကျွန်တော်တို့ဖက်က စိတ်ဝင်တစား ကြား သိလိုပါတယ် ” ဟု သံအမတ်ယန် က ပြောပါသည်။

    စစ်တပ်၏နှောင်ကြိုးကြီးမားလှသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကျော်လွှားကာ လာမည့်နှစ်တွင် NLD မှ မဲပြတ်နိုင်လိမ့်မည်ဟု တွက်ဆထားကြသည်။

    သမ္မတဦးသိန်းစိန်ကလည်း ဒေါ်စုကြည်အား ရည်ညွှန်းလျက် မိမိသည် မည်သည့်နိုင်ငံသားကို မဆို နိုင်ငံ့ ဦးသျှောင်ဖြစ်စေမည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည်ဟု ပြောဆိုခဲ့ပြီးလည်း ဖြစ်ပေသည်။

    ဓါတ်ပုံ အညွန်း- ၂၀၁၃ ခုနှစ်အတွင်း လက်ပတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည် စီမံကိန်း နယ်မြေ တနေရာတွင် တွေ့ရစဉ်

    Photo- AP

    Ref: South China Morning Post

  • ဒေါ်စုတောင်ကြီး ဟောပြောပွဲနေရာ ခွင့်မပြု၊ ဆယ်ဘီးကားကို စင်ထိုးဟောခဲ့ရ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ – ကျောက်ခဲ/မင်းကောင်းထွဋ်
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ တောင်ကြီး ဟောပြောပွဲနေရာမှာ စစ်ပိုင်မြေဖြစ်၍ ခွင့်မပြု ၊ ဆယ်ဘီးကားကို စင်ထိုးပြီး ဟောပြောခဲ့ရ
    999930_241531839361424_440363904_n

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် အတွင်း ၂၄.၁.၂၀၁၄ ရက်၊ သောကြာနေ့ညနေ ၅း၃၀ နှင့် ၆ နာရီအကြား တောင်ကြီးမြို့ပေါ်ဖြတ်သန်း သွားရာ လမ်းတစ်လျှောက် မြို့ခံလူထုမှ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

    ခရီးစဉ်မှအပြန် ၂၆.၁.၂၀၀၄ ရက်နေ့တွင် တောင်ကြီးမြို့ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်ဟောပြောပွဲကို သက်ဆိုင်ရာမှ ဟောပြောခွင့်သာပေးသော်လည်း ဟောပြောရန် ခွင့်ပြုချက်တောင်းခံခဲ့သော အဝေရာ မီးပုံပျံကွင်းကို တပ်ပိုင်မြေနေရာဖြစ်၍ ခွင့်ပြုချက် မပေးနိုင်ကြောင်းတုံပြန်ခဲ့သည်။

    ဒါကြောင့် အနောက်မြို့ပတ်လမ်းတွင် ဆယ်ဘီးကား နောက်ပိုင်းပြတ်ပေါ်၌ စင်ထိုးကာ ဟောပြောရှင်းလင်းပွဲကို ညနေ ၄း၁၅ နာရီမှ စတင်ပြုလုပ်ခဲ့သည်။ လူထုပရိသတ်ပေါင်း တစ်သောင်းကျော်ရှိမည်ဟု ခန့်မှန်းရပါသည်။

    ဟောပြောပွဲမှာ မြန်မာပြည်လွတ်လပ်ရေးရတာ နှစ် ၇၀ နီးပါးရှိပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးမရတဲ့ ဒဏ်ပြည်သူတွေခံစားနေရကြောင်း အကြမ်းမဖက်နိုင်ငံရေးယဉ်ကျေးမှု တခု ပေါ်လာဖို့ အားလုံး ကြိုးစားရန်လိုကြောင်း၊ အများလက်ခံတဲ့ အခြေခံဥပဒေတခုပေါ်လာဖို့ အချိန်ယူရအုံးမှာဖြစ်ပေမယ့် အဆိုးဆုံးအချက်တွေကို ပြင်ဆင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို ရရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ လူထုကို ဟောပြောခဲ့ပါသည်။