News @ M-Media

Tag: Ecuador

  • အီကွေဒေါ ပြန်လည်တည်ဆောက်ရေး အီရန်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

    အီကွေဒေါ ပြန်လည်တည်ဆောက်ရေး အီရန်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    – ယခုနှစ်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်ဆီးသွားသည့် ဒေသများအား ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အီရန်နိုင်ငံက အီကွေဒေါ်အား ကန်ဒေါ်လာ သန်း ၁၀၀ ချေးရန် သဘောတူညီခဲ့သည်ဟု သိရသည်။

    ထိုသဘောတူညီချက်ကို အီကွေဒေါနိုင်ငံသို့ ရောက်ရှိသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဇာရစ်ဖ်နှင့် အီကွေဒေါ နိုင်ငံခြားရေ၀န်ကြီး ဂူလာယူမီ လောင်းတို့ ယမန်နေ့က ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

    အီကွေဒေါနိုင်ငံတွင် ဧပြီလက ရစ်ခ်ျတာစကေး ၇.၈ ပြင်းအားရှိသည့် အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်သွားပြီး လူ ၃၀၀ နီးပါး သေဆုံးခဲ့သည်။

    ဇာရစ်ဖ်ကမူ အဆိုပါချေးငွေကို သိပ္ပံ၊ နည်းပညာနှင့် သုတေသနနယ်ပယ်များတွင် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပြီး အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးကလည်း အီရန်နိုင်ငံ၏ နည်းပညာ၊ သိပ္ပံနှင့် ဇီဝနည်းပညာနယ်ပယ်များတွင် တိုးတက်မှုများကို လေးစားအားကျမိသည်ဟု ဖွင့်ဟခဲ့သည်။

    အီကွေဒေါနှင့် အီရန်တို့မှာ ဘဏ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂ ခု ရရှိခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ရေးရာနဲ့ ပြည်သူ့ဝန်ဆောင်မှု အပိုင်းတွေနဲ့အတူ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးကဏ္ဍတွေနဲ့ပက်သက်လို့ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်” ဟု ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    Ref : IINA

  • အီကွေဒေါငလျင် လူ ၇၀ ကျော်သေဆုံး

    အီကွေဒေါငလျင် လူ ၇၀ ကျော်သေဆုံး

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    ecuador

    – တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံတွင် ပြင်းအား ၇.၈ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု ဒေသစံတော်ချိန် ယမန်နေ့ ည ၈ နာရီခန့်က လှုပ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု များပြားသည်ဟု သိရသည်။

    နိုင်ငံအနောက်မြောက်ဖက် မူအစ်နီဒေသကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၁၀ စုနှစ်များအတွင်း အပြင်းထန်ဆုံး ငလျင်လည်းဖြစ်သည်။ ထိုငလျင်ကြောင့် နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ဂွာယာကွီလ်မြို့တွင် ပျက်ဆီးဆုံးရှုံးမှု အလွန်အမင်း များပြားခဲ့သည်။

    ကမ်းရိုးတမ်းမြို့တစ်မြို့ဖြစ်သော မန်တာမြို့တွင်မူ လေဆိပ်ရှိ ထိန်းချုပ်ရေးမျှော်စင် ပြိုကျခဲ့သောကြောင့် လေကြောင်း တာဝန်ရှိသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်အား ပိတ်ပစ်ခဲ့ရသည်။ ထို့ပြင် ရေအားလျှပ်စစ်ဆည်များနှင့် ရေနံပိုက်လိုင်းများကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ပစ်ခဲ့သည်။

    ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ကမ်းရိုးတန်းများတွင် ဆူနာမီလှိုင်းများ ရောက်ရှိနိုင်သည်ဟု သတိပေးခဲ့သော်လည်း အစိုးရက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    Ref: Aljazeera