ဧပြီ ၁၇၊ ၂၀၁၆
M-Media
– တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံတွင် ပြင်းအား ၇.၈ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု ဒေသစံတော်ချိန် ယမန်နေ့ ည ၈ နာရီခန့်က လှုပ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု များပြားသည်ဟု သိရသည်။
နိုင်ငံအနောက်မြောက်ဖက် မူအစ်နီဒေသကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၁၀ စုနှစ်များအတွင်း အပြင်းထန်ဆုံး ငလျင်လည်းဖြစ်သည်။ ထိုငလျင်ကြောင့် နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ဂွာယာကွီလ်မြို့တွင် ပျက်ဆီးဆုံးရှုံးမှု အလွန်အမင်း များပြားခဲ့သည်။
ကမ်းရိုးတမ်းမြို့တစ်မြို့ဖြစ်သော မန်တာမြို့တွင်မူ လေဆိပ်ရှိ ထိန်းချုပ်ရေးမျှော်စင် ပြိုကျခဲ့သောကြောင့် လေကြောင်း တာဝန်ရှိသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်အား ပိတ်ပစ်ခဲ့ရသည်။ ထို့ပြင် ရေအားလျှပ်စစ်ဆည်များနှင့် ရေနံပိုက်လိုင်းများကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ပစ်ခဲ့သည်။
ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ကမ်းရိုးတန်းများတွင် ဆူနာမီလှိုင်းများ ရောက်ရှိနိုင်သည်ဟု သတိပေးခဲ့သော်လည်း အစိုးရက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.