News @ M-Media

Tag: EPL 2017-2018

  • ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းများကို မန်ယူနည်းပြ ဟိုဆေး မော်ရင်ဟိုက ငြင်းပယ်လိုက်ပြီး မဖြစ်နိုင်သော ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စပိန်တွင် အခွန်ရှောင်သည်ဟု စွပ်စွဲခံရမှုအတွက် ရော်နယ်ဒိုမှာ မကျမနပ်ဖြစ်နေပြီး ရီးယဲလ်မှ ထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်နေကာ ၂၀၀၉ ခုနှစ်က ပေါင် သန်း ၈၀ ဖြင့် ထွက်ခွာသွားသည့် မန်ယူသို့ ပြန်လာမည်ဟု ရေပန်းစားနေသည်။

    သို့သော်လည်း ရော်နယ်ဒိုကို ခေါ်ယူရန်မှာ စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် မဖြစ်နိုင်ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    “မဖြစ်နိုင်တဲ့ ကစားသမားအတွက် အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ ရီးယဲအတွက် ရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စီးပွားရေးအရလည်း တော်တော် အရာရောက်ပါတယ်။ ရော်နယ်ဒို ရီးယဲလ်က ထွက်နိုင်တယ်ဆိုတဲ့အတွေးမျိုး တွေးရလောက်တဲ့ အကြောင်းတရား ဘာမှမရှိပါဘူး” ဟု မော်ရင်ဟိုက ဆိုသည်။

    ထို့ပြင် ရီးယဲလ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုရာတာကိုလည်း ခေါ်ယူသွားမည်မဟုတ်ကြောင်း မန်ယူနည်းပြက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • အာဆင်နယ်တွင် ဆက်နေချင်သည်ဟု ပြောကြားလိုက်သည့် အိုဇေးလ်

    အာဆင်နယ်တွင် ဆက်နေချင်သည်ဟု ပြောကြားလိုက်သည့် အိုဇေးလ်

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    – မိမိအနေဖြင့် အာဆင်နယ်တွင်သာ ဆက်နေချင်ပြီး သြစတေးလျနှင့် တရုတ်တို့တွင် ရာသီကြို ခြေစမ်းပွဲများ ကစားပြီးပါက အနာဂတ်အတွက် အသင်းနှင့် ဆွေးနွေးသွားမည်ဟု ကွင်းလယ်လူ မီဆု အိုဇေးလ်က ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ်အိုဇေးလ်၏ သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍လည်း ကောလဟာလများ ထွက်ပေါ်နေသည်။

    “ကျွန်တော် ဒီမှာ ဆက်နေချင်တာ အသေအချာပါပဲ။ အားလုံး လန်ဒန်ပြန်ရောက်ရင် ကျွန်တော်တို့ဟာ ထိုင်ပြီး အနာဂတ်အတွက် ဆွေးနွေးကြမှာပါ။ အာဆင်နယ်မှာ ကျွန်တော် ပျော်တယ်လို့ အမြဲတမ်း ကျွန်တော် ပြောခဲ့ပါတယ်” ဟို အိုဇေးလ်က ယနေ့တွင် ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ သြစတေးလျတွင် ခြေစမ်းပွဲ ၂ ပွဲ၊ တရုတ်တွင် ၂ ပွဲကစားကာ ဇူလိုင်လကုန်ပိုင်းတွင် အင်္ဂလန်သို့  ပြန်ရောက်မည်ဖြစ်သည်။

    အိုဇေးလ်ကမူ လက်ရှိတွင် ရာသီကြိုခြေစမ်းပွဲများအတွက် အာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။ အိုဇေးလ်မှာ ၂၀၁၃ ခုနှစ်တွင် ရီးယဲလ်မှ အာဆင်နယ်သို့ ပေါင်း ၄၂.၄ သန်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

    Ref: BBC

  • အပြောင်းရွှေ့ဈေးကွက်မှာ ရူးနှမ်းစရာကောင်းနေသည်ဟု နယူးကာဆယ်နည်းပြပြော

    အပြောင်းရွှေ့ဈေးကွက်မှာ ရူးနှမ်းစရာကောင်းနေသည်ဟု နယူးကာဆယ်နည်းပြပြော

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – ထိပ်တန်အသင်းများက ငွေကြေးများကို မတန်တဆ သုံးနေခြင်းကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ရူးနှမ်းဖွယ်ရာကောင်းနေသည်ဟု နယူးကာဆယ်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

    ချန်ပီယံရှစ် ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် နယူးကာဆယ်အသင်းမှာ ချယ်ဆီးအသင်းမှ တောင်ပံကစားသမား ခရစ်ရှန် အတ်ဆုနှင့် အိုက်ဘာနောက်ခံလူ ဖလော်ရီယန် လီဂျူနီကိုသာ ခေါ်ယူထားနိုင်သည်။

    အသက် ၅၇ နှစ်အရွယ် ဘင်နီတက်ဇ်ကမူ ပြီးခဲ့သည့်တစ်ပတ် ရာသီကြို လေ့ကျင့်မှုအစီအစဉ်မှ ပြန်မရောက်ခင် လိုအပ်နေသည့် ကစားသမားများကို ၀ယ်ယူရန် စီစဉ်ထားခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

    “ထိပ်တန်းအသင်းတွေက ပိုက်ဆံတွေ ပုံနေပြီး အခြားအသင်းတွေကလည်း သုံးစွဲနေကြပါတယ်။ ဈေးကွက်က ရူးနှမ်းဖွယ်ရာ ကောင်းနေတာကြောင့် အသင်းတော်တော်များများအတွက် မလွယ်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပါ” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီကုန် နယူးကာဆယ်အသင်းမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အသင်းပိုင်ရှင် မိုက်အက်ရှ်လေက နောက်နှစ်အတွက် အသင်းတည်ဆောက်ရန် ကလပ်အသင်း၏ ၀င်ငွေအားလုံးကို ဘင်နီတက်ဇ်နှင့် မန်းနေးဂျင်းဒါရိုက်တာ လီချာန်လေတို့က သုံးစွဲနိုင်သည်ဟု ပြောကြားထားသည်။

    ဘင်နီတက်ဇ်မှာ အသင်းအား အားဖြည့်ရန်အတွက် ပေါင် သန်း ၁၀၀ အထိ သုံးစွဲသွားရန် မျှော်လင့်ထားသည်။

    Ref: BBC

  • အဲဗာတန်သို့ ပြန်လာရခြင်းကို ပျော်ရွှင်သည်ဟု ရူနီပြော

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မိပြီး၊ အသင်းမှာ ရှေ့ဆက် အောင်မြင်နိုင်မည်ဟု အဲဗာတန်သို့ ရောက်ရှိလာသည့် အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် ရူနီ၏ အနာဂတ်မှာ မသေချာတော့ဘဲ အဲဗာတန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။

    “အသင်းဟောင်းကို ပြန်ရောက်လာတဲ့အတွက် ၀မ်းသာပါတယ်။ ကောင်လေးတွေနဲ့တွေ့ဖို့၊ လေ့ကျင်ခန်းဆင်းဖို့ ကွင်းထဲဝင်ကစားဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဲဗာတန်အသင်းမှာ ရှေ့ဆက်သွားကာ အောင်မြင်နိုင်မည်ဟု ခံစားရကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    “ကျွန်တော် အားပေးတဲ့အသင်း၊ ကျွန်တော့်ကို မြေတောင်မြှောက်ပေးတဲ့အသင်း ဆိုတာကြောင့်ပဲ ဒီကို ရောက်လာတာမဟုတ်ပါဘူး။ အသင်းဟာ ရှေ့ဆက်အောင်မြင်နိုင်မယ်လို့ ကျွန်တော် ထင်မြင်ယူဆတာကြောင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်”

    ၂၀၀၄ ခုနှစ်က အဲဗာတန်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ရူနီမှာ မန်ယူအသင်းအတွက် ၅၅၉ ပွဲကစားကာ ၂၅၃ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်၊ FA ဖလား တစ်ကြိမ် ရရှိခဲ့သည်။

    မန်ယူနည်းပြ မော်ရင်ဟိုက ရူနီကိုယ်တိုင် ထွက်ခွာခွင့်တောင်းသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။