News @ M-Media
Tag: featured
  • ၀မ်းတွင်းမြို့နှင့် သဲတောမြို့မှ ဗလီများဖျက်ဆီးခံရ
    မတ်လ ၂၂၊ ၂၀၁၂
    M-Media
    ထွန်းတောက်
    ယင်းသတင်းအား တိကျခိုင်မာစေရန် M-Media မှ ဆက်သွယ်နေခဲ့ရာ ဖုန်းလိုင်းများမကောင်း၍ ယခု ဆက်သွယ်ရချိန်တွင် အတည်ပြု နိုင်ခဲ့ပါသည်။
    ယမန်နေ့ ၂၁-ရက် ည ၁၂-နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်သမားတစ်စု ရောက်ရှိလာပြီး ၀မ်းတွင်းမြို့ရှိဗလီအား ၀ိုင်းဝန်းဖျက်ဆီးလိုက်ကြကြောင်း၊ ယင်းနောက် သဲတောမြို့ရှိ ဗလီအားလည်း ဖျက်ဆီးသွားကြောင်း၊ ယင်းဖျက်ဆီးမှုကြောင့် ဗလီများသည် ရစရာမရှိအောင် ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။
  • ဘာသာရေး/လူမျိုးရေး ညွှတ်ကွင်း၊ လောင်းရိပ် နှင့် ကျွန်ုပ်တို့၏မြန်မာပြည်
    စစ်အစိုးရကြောင့် လူတွေ ပညာမတတ်ဥာဏ်နည်းသွားတာလား ၊ ဥာဏ်နည်းသည့်လူတွေကြောင့် စစ် အစိုးရဖြစ်လာခဲ့တာလား မသိ – စဉ်းစားမိ၏၊
    maketila
    ယခု ရခိုင်နှင့် တစ်ထပ်တည်းတူသည့် အရေးအခင်းတစ်ခုကို ပြည်မကြီးထဲသို့ ဆွဲသွင်းလာခဲ့ပြီ။ မကြာခင် တစ်နိုင်ငံလုံး ပြန့်ပေဦးတော့မည်။ ယခု ခေါင်းစဉ်မှာ ရခိုင်တုန်းကလို ခိုးဝင်ဘင်္ဂါလီ တိုက်ထုတ်ရေး မဟုတ်။ မွစ်လင်မ်မှန်လျှင် ကုလား၊ ကုလားအားလုံးနှိမ်နှင်းရမည် ဟူ၏။ ဖြစ်ပေါ်လာမည့် ဆိုးကျိုးရလဒ်ကို တွက်ချက်ထားပုံ မပေါ်ကြ။ အရေးအခင်းနှစ်ခုလုံး plan နှင့် လှုပ်ရှားပုံတွေက အတူတူပင်။ သို့သော် အေးချမ်းစွာဆန္ဒပြသူများ၊ ရဟန်းသံဃာများကိုပင် စိတ်ရှိတိုင်း ပစ်သတ်လေ့ရှိသော စစ်တပ်ကြီးပင်လျှင် ယခုလို ခပ်ညံ့ညံ့စီမံခန့်ခွဲ၊ အကြမ်းဖက်စော်ကားမှုများကို နှိမ်နှင်းခြင်း၊ ကာကွယ်ခြင်း မလုပ်ပေးနိုင်ကြ။ ကျွန်တော်တို့တိုင်းပြည်တွင် အစိုးရ မရှိတော့(သို့) အရပ်သားအစိုးရအသုံးမကျ ဟု အသေအချာ အကွက်ချ Brain wash လုပ်နေပုံရသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံသားများ(လောလောဆယ်တော့ ၉၆၉ လို့အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အသစ်က ကုလားဆန့်ကျင်ရေး၊ လူမျိုးတုန်း သတ်ဖြတ်ရေး ခေါင်းစဉ်နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ်ဘာသာ သက်ဝင်သူများကို လိုက်လံသတ်ဖြတ်နေကြသည်။) သေကြေနေကြရသည်မှာ သနားစရာ။ သူတို့ အများစုသည် သူဆင်းရဲများဖြစ်သည်။ ၀ဋ်လည်ခြင်း၊ ကျိန်စာသင့်ခြင်းများက နောက်မှ … လတ်တစ်လောမှာတော့ တိုင်းပြည် စီးပွားရေးနှင့် နိုင်ငံရေး အတွက် ရင်းနှီးမြုပ်နှံမှု အကူအညီများ ရပ်တန့်သွားပေတော့မည်။ နိုင်ငံရေးပြဿနာ (သို့) ဘာသာရေးပြဿနာများနှင့် အမြဲပြဿနာတက် လုံးထွေးရစ်ပတ်နေတတ်သောနိုင်ငံ၌ မည်သူရင်းနှီးမြုပ်နှံချင်မည်နည်း။
    အမြဲလိုလိုပင် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထက် စစ်တပ်မှနိုင်ငံရေး ကစားသူများမှာ အမြဲ နှာတစ်ဖျားသာနေတတ်သည်ကို ယခုကိစ္စများက သက်သေခံနေသည်။
    ယခုတော့ ပညာတတ်များ၊ ပညာရှင်များ အလယ်အလတ် အတွေးအခေါ်ရှိသူများသည်ပင် သူတို့ ၏ထောင်ချောက်ထဲရောက်သွားပေပြီ။ ကျွန်တော့် သူငယ်ချင်းများပင်လျှင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ကုလား မုန်းတီးရေး post များ၊ လုပ်ကြံ ဖန်တီးထားသော post များကို အရည်မရအဖတ်မရ Share ကြသည်။ အချင်းချင်း သတင်းပေးကြသည်။ သူငယ်ချင်းအရင်း ခေါက်ခေါက် မွတ်စ်လင်များကိုမြင်လျှင်ပင် မဆက်ဆံချင်သယောင် မျက်နှာပေးများနှင့်ကြည့်ကြသည်။ Facebook လို social network တွေကိုပင် သူတို့သိမ်းပိုက်ထားလိုက်ပြီ။ မြန်မာပြည်သူများကို သူတို့ လိုသလို ပုံသွင်းနိုင်နေပြီ။ ပညာတတ်လူငယ်များကို နောင်မျိုးဆက်ပေါင်းများစွာ ပြဿနာတွေ လက်ဆင့်ကမ်းနိုင်ဖို့ Brain Wash လုပ်ပေးနေကြပြီ။
    ဒီကြားထဲ အရင်ထဲက ပြဿနာပေါင်းများစွာဖန်တီးပြီး တိုင်းပြည်အား ချောက်ထဲထိုးချပေးခဲ့သူတို့၏ မျိုးဆက်တွေကလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနှင့် တိုင်းပြည်ကို ချောက်ထဲ ပြန်လည်တွန်းချဖို့ နိုင်ငံရပ်ခြားမှပြန်ရောက်နေကြပြီး၊ အမျိုးသားရေးအတွက် ဘာသာရေး လှုံ့ဆော်မှုများအားဖြင့် အဓိကရုဏ်းတွေ ဖန်တီးပေးနေကြသည်။ ဘာသာတိုင်းတွင် ဆိုးသွမ်းသောလူများနှင့် အတွေးအမြင်များ ရှိတတ်ကြစမြဲ။ သို့သော် မကောင်းသည့်သူများကိုသာကွက်ကြည့်၍ ဘာသာတစ်ခုလုံးကို လက်ညှိုးထိုးပြီး စော်ကားပုတ်ခတ်ခြင်း၊ ထိုဘာသာဝင်များအား ကောင်းသူ၊ ဆိုးသူမခွဲခြားဘဲ အနိုင်ကျင့်စော်ကားရုံမက အသက်ကိုပါ လူမဆန်စွာ သတ်ဖြတ်ခြင်းများကို မည်သည့်ဘာသာတရားကမျှ ခွင့်ပြုမည်မဟုတ်ပါ။
    သူတို့၏ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာအကြမ်းဖက်လှုပ်ရှားသူများအဖွဲ့တစ်ခု မြန်မာနိုင်ငံမှ ထွက်ပေါ်လာရေးအတွက် ဦးတည်နေပုံရသည်။ ယခင် စစ်တပ်ခေါင်းဆောင်ဟောင်းများ၊ ယခု အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားအသစ်များ နှင့် အချို့နိုင်ငံရေး အဖွဲ့အစည်းများမှ ဦးစီးဦးရွက်ပြုနေကြသည်မှာ ပေါ်လွင်နေသည်။ ဦးနေ၀င်းသမီး စန္ဒာဝင်း (ကြံ့ဖွတ်ဆရာ တစည၏မိခင်ကြီး) မှ ၉၆၉ ဘစ်ကားလိုင်း အသစ်ထောင်ကြောင်း ယနေ့မှာပင် post တစ်ခုဖတ်ရသည်။
    နိုင်ငံရေးတိုက်ဆိုင်မှုများ၊ အခြေအနေတိုက်ဆိုင်မှုများကို ရိုးရိုးလေးစဉ်းစားလျှင်ပင် အဖြေပေါ်နိုင်သည်။ NLD ကြားဖြတ်ရွေးကောက်ပွဲ နိုင်သည်။ ကချင်စစ် ပြန်စသည်။ ဆိုင်းတောင်၊ ကံမ တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ရန် ရန်စသည်။ ရခိုင်အရေးဖြစ်ပေါ်သည်။ ၄င်းနောက် လက်ပန်းတောင်းတောင်ကိစ္စ၊ ပြီးလျှင် ကချင်ကိစ္စ ထပ်ရှုပ်ပြန်သည်။ ကချင် အဆင်ပြေရန် ၀ိုင်းဝန်းကြိုးစားနေစဉ် (နှင့်) လက်ပန်းတောင်းတောင်ကိစ္စ လုံးပန်းနေချိန်အတွင်း ၉၆၉ ကို စံနစ်တကျလှုပ်ရှားသည်။ သာကေတတွင် ရန်သွားစသည်။ မရသည့်အဆုံး ယခုတော့ ပြည်တွင်း NLD အမတ်၏နယ်မြေ မိထ္ထီလာမှ ဘာသာရေးအဓိကရုဏ်း စဖန်တီးလာပြီ။ ဘာရယ်မသိ ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ၈၈ နောင်တော်များ၏ အသက်အန္တရာယ်အတွက် စိတ်ပူပန်နေမိသည်။ သမ္မတကြီးနှင့် နိုင်ငံ့အပြောင်းအလဲ
    ဦးဆောင် ကြိုးစားနေသူများအတွက်လည်း ဘယ်အချိန် ထိုးကြွေးခံရလိမ့်မည်နည်း ဟု စိုးရိမ်ပူပန်မိနေသည်။ ရှားရှားပါးပါး ရရှိခဲ့သော ခေါင်းဆောင်ကောင်းများ မဆုံးရှုံးပါရစေနှင့်ဟုလည်း ဆုတောင်းနေမိသည်။
    ယခု ကိစ္စ ဖြစ်သည့်အချိန်မတိုင်ခင်လေးပင် နေရွှေသွေးအောင်မှ ယဉ်ထိန်းရဲ တစ်ဦးကို ပါးရိုက်စော်ကားသည်ဟု သတင်းများ တက်လာသည်။
    ၉၆၉ ဦးဆောင်နေသူ နာမည်ကျော်တစ်ဦး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ၌ တက်ရောက် မိန့်ခွန်းပြောသည်။ ပြီးတော့ နောက်နေ့မှာပင် အရပ်သားနှစ်ဦး အရောင်းအ၀ယ်မတည့်သည်ကို အကြောင်းပြုပြီး အဓိကရုဏ်း စဖြစ်သည်။ ကဲ့ ၊ စဉ်းစားကြည့်တော့… နောက်ပြီး ရိုက်သူများ လူစုဖွဲ့ ရမ်းကားသူများမှာလည်း မြို့ခံများ မဟုတ်။ မြို့ခံဘုန်းကြီးကျောင်းများ၊ မြို့ခံ လူငယ်များမှ သူတို့၏အိမ်၌ဘာသာခြားဆိုသူများကို အကာအကွယ်ပေးထားကြသည်။ သို့သော် အစိုးရ၏လုံခြုံရေးအဖွဲ့ကတော့ ရခိုင်တုန်းကလိုပင် ဒုက္ခသည်များကို Isolate လုပ်ပေးသည်။ ဘေးကင်းရာခေါင်းစဉ်နှင့် နယ်နှင်ဒဏ်ပေးနေသည်။ ဒုက္ခသည်များ၏ ပိုင်ဆိုင်မှုများကို ထိုမြို့ခံမဟုတ်သော အကြမ်းဖက်သူများကို ခွဲဝေယူစေသည်။ နိုင်ငံပိုင်သတင်းနှင့်လည်း လှုံ့ဆော်ပေး၍ ကူညီပံ့ပိုးပေးသည်။ နှစ်ရက်အတွင်း မိထ္ထီလာသည် ရခိုင်ကဲ့သို့ မီးလောင်ပြီးကျန်ခဲ့သော ရပ်ကွက်များနှင့် လူသေအလောင်းများကို မြင်မကောင်း၊ရှုမကောင်း တွေ့နေရပြီဖြစ်သည်။
    တိုင်းပြည်ကောင်းရန် ကြိုးစားနေသော နိုင်ငံရေးသမားတိုင်းက ဒီတစ်ခေါက်ဖြစ်သည်ကို အလွန်အန္တရာယ်ရှိကြောင်း ရှုမြင်ကြသည်။ ကျနော်တို့ ၈၈ နောင်တော်ကြီးများကလည်း အားလုံးဝိုင်းထိန်းကြဖို့ ပန်ကြားနေကြသည်။ ဆရာတော်ကြီးများ၊သံဃာတော် အရှင်သူမြတ်ကြီးများကလည်း ၀င်ထိန်းပေးနေသည်ကိုတွေ့ရသည်။
    ကျွန်တော့်သူငယ်ချင်းများကတော့ မဆီမဆိုင် ဘာကြောင့်ရယ်မသိ မွတ်စ်လင်မ် မှန်လျှင် မွေးကတည်းက ပေါင်းသင်းလာသောသူငယ်ချင်းများ၊ ကျောင်းနေဘက်သူငယ်ချင်းများ၊ အလွန်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများကိုပင်လျှင် သံသယနှင့် စကားပြောလာကြသည်။ အနည်းဆုံးတော့ မိတ်ဆွေများ တစ်ဦးနှင့် တစ်ဦးတွေ့လျှင်ပင် နှုတ်ဆက်ဖို့ရှိန်နေကြသည်။ အနာဂတ်တွင် ဘယ်လို လူ့အဖွဲ့အစည်းကြီး မြန်မာပြည်တွင် ပေါ်လာမည်ကို စဉ်းစားတိုင်း ရင်လေးမိသည်။
    မည်သို့ဆိုစေ ဆိုးရွားသောစစ်အစိုးရကြောင့် ကျွန်တော်တို့ ပညာမတတ် ဥာဏ်နည်းခဲ့ရသည် ဆိုလျှင်လည်း နောက်မျိုးဆက်ပေါင်း များစွာမှာ ကျွန်တော်တို့ ဥာဏ်နည်းသည့်အတွက်ကြောင့် ဆိုးရွားသော စစ်အစိုးရနှင့်ပင် စခန်းသွားနေရမည်ဖြစ်ပြီး ၊ ဤကဲ့သို့ပြဿနာများ မြန်မာပြည်တွင် စဉ်ဆက်မပြတ် ဆက်လက် ပေါ်ပေါက်နေမည်မှာ သေချာသလောက် ဖြစ်နေလေပြီ။
    ပြဿနာများ အမြန်ဆုံး ပြေငြိမ်း၍ မြန်မာတစ်နိုင်ငံလုံး အေးချမ်းသာယာပြီး၊ ကမ္ဘာ့အလယ “ မြန်မာနိုင်ငံသား ” ဟုဆိုလိုက်သည်နှင့် မည်သည့် ဘာသာဝင်ကိုမဆို ခန္တီစတရား၊ မေတ္တာတရားကြီးမားသူများအနေနှင့် ပြန်မြင်နိုင်သည်အထိ ၀ိုင်းဝန်းကြိုးစားနိုင်ကြပါစေ ဟုလည်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုမိပါသည်။
    ရေးသားသူ Myo Min ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
  •ဲမြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲကြီးမှ နိုင်ငံတော် သမ္မတထံ အရေးပေါ် စာပေးပို့ထား
    မတ်လ ၂၂ ၊ ၂၀၁၃
    M-Media
ဲမြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲကြီးမှ နိုင်ငံတော် သမ္မတဦးသိန်းစိန်ထဲသို့ အရေးပေါ်စာတစ်စောင်ကို မတ်လ ၂၁ ၊ ၂၀၁၃ ခုနှစ် တွင် ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ အစ္စလာမ်ဘာသာဝင်တို့၏ အသက်အိုးအိမ် လုံခြုံမှုနှင့် စိုးရိမ်သောကများ ကင်းဝေးစေရအတွက် ဥပဒေ} အကာအကွယ် ပြည့်ဝစွာ ဖြည့်ဆည်းပေးရန် အရေးတကြီးလိုအပ်နေကြောင်း တင်ပြချက် ဟူသော ခေါင်းစဉ်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
    တင်ပြသော စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    meik hti lar1meik hti lar22
    meik hti lar english1 meik hti lar english22
  • မိတ္ထီလာမှ မွတ်စလင်များအားအကြမ်းဖက်မှု ယခုတိုင် မရပ်တံ့သေး ယခု ဒိုဘီကုန်း၌ မီးရှို့နေ (22-03-2013 9:00 AM )
    မိတ္ထီလာမှ မွတ်စလင်များအားအကြမ်းဖက်မှု ယခုတိုင် မရပ်တံ့သေး ယခု ဒိုဘီကုန်း၌ မီးရှို့နေ (22-03-2013 9:00 AM )
    မတ်လ ၂၂၊ ၂၀၁၃
    M-Media
    အေးမောင်
    A man stands in front of a mosque as it burns in Meikhtila, March 21, 2013
    အကြမ်းဖက်မိးရှို့ ဖျက်ဆီးခံလိုက်ရတဲ့ မိတ္ထီလာမြို့က ဗလီဝတ်ကျောင်းနှင့် လူနေအိမ်များ
    မိတ္ထီလာ ။ ။ မတ်လ ၂၀-ရက်နေ့မှစတင်ကာ မိတ္ထီလာတစ်မြို့လုံးရှိ မွတ်စလင်မ်များ၏ ဗလီများ၊ လူနေအိမ်များ၊ လူများအား အကြမ်းဖက်ဖျက်ဆီး၊ သတ်ဖြတ်မှုများအား ယခုအချိန်ထိတိုင် ထိန်းသိမ်းနိုင်မှု မရှိသေးကြောင်းသတင်းရရှိသည်။
    မိတ္ထီလာမြို့တွင် မတ်လ ၂၀-ရက်နေ့ စီးပွားရေးအရောင်းအ၀ယ်ကိစ္စကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဘာသာရေးအကြမ်းဖက်မှုများအား ယခုအချိန်အထိ ထိန်းသိမ်းကာကွယ်နိုင်မှုမရှိသေးကြောင်း၊ ယခု မနက် ၉-နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ဒိုဘီကုန်းရပ်ကွက်တွင် တကြော့ပြန်လည်ပြီး မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း၊ အချို့ရပ်ကွက် အတွင်းမှ လူများသည် တောထဲပြေးဝင်ပုန်းအောင်းနေသည့်အတွက် အိမ်များ မပျက်သော်လည်း အိမ်မှာနေရင် လုံခြုံရေးမရှိ၍ ဒုက္ခသည်စခန်း(ဘောလုံးကွင်း)တွင် ပို့ထားမည်ဟုဆိုကာ ရဲများမှ လာရောက်ခေါ်ယူသွားကြောင်း၊ ဒုက္ခသည်စခန်းတွင် သောက်စရာရေမရှိ၍ ဒုက္ခရောက်နေရကြောင်းများ သိရသည်။
    “ခုနကပဲ ဒိုဘီကုန်းမှာ မီးရှို့နေပါတယ်။ ကျွန်တော့်အသိတစ်ယောက်ဆို စစ်တပ်ထဲ ရောက်နေပါတယ်။ သူ့လုံခြုံရေးအရ စစ်တပ်က အသိမိတ်ဆွေကခေါ်သွားတာပါ။ ဒိုဘီကုန်းမှာ မီးရှို့နေလို့ ဆိုင်ကယ်မောင်းပြီးထွက်ပြေးသွားတဲ့ ကျွန်တော့်မိတ်ဆွေ သားအဖနှစ်ယောက်ကို အကြမ်းဖက်လူတွေက ၀ိုင်းတားပြီး ရိုက်သတ်လိုက်တာ အဲဒီနေရာမှာပဲ သေသွားပါတယ်။ သူတို့ကို ၀ိုင်းရိုက်သတ်တာကို ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့မြင်တာပါ။ အခုတော့ ကျွန်တော် ဒုက္ခသည်စခန်းမှာရောက်နေပါတယ်။”လို့ မိတ္ထီလာမြို့ခံ အကြမ်းဖက်ခံရမှု ဒုက္ခသည်တစ်ယောက်မှ M-Media ကို ပြောပြလာပါတယ်။
  • မိထ္တီလာမြို့နေ ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် (မတ်လ ၂၂ မနက် ၈ နာရီ)
    မိထ္တီလာမြို့နေ ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် (မတ်လ ၂၂ မနက် ၈ နာရီ)
    မတ်လ ၂၂၊၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး
    ယနေ့နံနက်၈နာရီက မိထ္တီလာမြို့နေ ဒေသခံတစ်ဦးအား M-Media သတင်းထောက်မှ တိုက်ရိုက် အင်တာဗျူးခဲ့ပါသည်။
    “ နန်းတော်ကုန်းရပ်ကွက်မှာ ကျွန်တော်နေတာပါ။ ကျွန်တော့်အိမ်ထဲမှာ ရှိတဲ့ အတွင်းပစ္စည်းတွေ အကုန်ထုတ်ပြီး မီးရို့ကြတယ်။ဆိုက်ကယ် ၂စီး၊နာရီ ပစ္စည်းသိုလှောင်ထားတာတွေလည်း အကုန်ကုန်ပါပြီ ဗျာ။ဘာမှကို မကျန်တော့ပါဘူး။ကျွန်တော်တို့ ရပ်ကွက်ထဲက မွတ်စလင်ဆိုင်ပဲ ရိုးရိုးလေး စားသောက်ဆိုင်လည်း အဖျက်ဆီး ခံလိုက်ရတယ်။ကျွန်တော့် မိန်းမနဲ့ ကလေးတွေကတော့ မန္တလေးဘက်ကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ကျွန်တော်ကတော့ ကျွန်တော်အမေ ဆီးချိုအနာကြောင့် ခွဲစိတ် ရမှာမို့လို့ မိထ္တီလာပြည်သူ့ဆေးရုံကြီးမှာ အမေနဲ့အတူ ကျန်နေခဲ့ပါတယ်။ဆေးရုံကြီးထဲမှာတော့ ရိုက်ခွဲခံရလို့ရောက်လာတဲ့ လူတွေအများကြီးပဲ။ အများစုကတော့ မွတ်စလင်တွေကြီးပဲ အဲဒီမှာ ဘာသာခြား သုံးလေးယောက်ပါတယ်။ အများကြီးပဲ ခုလောလောဆယ် ကျွန်တော့် အတွက်ကတော့ ဆေးရုံကြီးထဲမှာ နေရတာ အပြင်မှာနေရတာထက်စာရင် ပိုပြီးလုံခြုံမူ ရှိပါတယ်။ မွတ်စလင်တွေကြီးပဲနေတဲ့ ရပ်ကွက်တွေမှာ ဆိုရင် လုံခြုံရေး ခုထိ လုံးဝ မရှိပါဘူး။ အဲဒီ ထဲမှာပဲ ပိတ်မိနေပြီး အိမ်မှာမနေရဲကြလို့ အကုန်လုံး တောတွေ လယ်ကွင်းတွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။သူတို့ အတွက် အကူအညီ လိုအပ်နေပါတယ် ခင်ဗျား” ဟု M-Media သို့ပြောသည်။