ဇွန် ၁၄ ၊ ၂၀၁၆
M-Media
ထွန်းတောက်
.
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ မှ အသောက ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာဏဝံသ ဆရာတော်ဟာ အသတ်ခံခဲ့ရကြောင်း သိရပါတယ်။
.
အဆိုပါ လူသတ်မှုကို ကျူးလွန်သူဟု သံသယရှိသူ အောင်နိုင်ဝင်း အသက် ၂၂ နှစ်၊ ရုံးပင်ကုန်းရပ် နှင့် ကျော်စွာလင်း အသက် ၂၄ နှစ်၊ ရေပြာအိုင်ရွာ တို့ ကို ဖမ်းဆီး ရရှိကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း၊ ဖမ်းဆီရမိသူများကို ရဲ တပ်ဖွဲ့များမှ လူသတ်မှု ကျူးလွန်ခဲ့ပုံကို သရုပ်ပြသခိုင်းခဲ့ကြောင်း ၊ အခင်းဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်နိုင်ဥိးလည်း လာရောက် ခဲ့ကြောင်းကို အဆိုပါ အခင်းဖြစ်ပွားရာနေရာ သို့ ရောက်ရှိခဲ့သူ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်အမာနီမှ သူရဲ့ FB စာမျက်နှာမှာ အဖြစ်မှန်ကို ရေးသားဖော်ထားတာကို တွေ့ရှိရပါတယ်။
.
အဆိုပါ သတင်းအား တရားခံများ ဖမ်းမမိသေးခင် အမျိုးသားရေး အမည်ခံ ဆိုရှယ်မီဒိယာ အကောင့်များမှ လူမျိုးရေး /ဘာသာရေး အသုံးအနှုန်းများ ဖြင့် ချိတ်ဆက်လှုံ့ဆော်ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
.
အဆိုပါ အကောင့်များမှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှ စပြီး ယခုအချိန်ထိ လူမျိုးရေး/ဘာသာရေး မုန်းတီးလှုံ့ဆော်မှုများ ဆက်တိုက်ပြုလုပ်နေသူများဖြစ်ပြီး ယနေ့အချိန်ထိ အရေးယူ ခံရခြင်းမရှိသေးပေ။
Tag: hate speech
-
သံဃာ တပါး အသတ်ခံရမှု၊ လူမျိုးရေး/ဘာသာရေး ပြသနာဖြစ်စေရန် မဟုတ်မမှန် ရေးသား လှုံ့ဆော်
-
လူမှုကွန်ရက်တွင် ဘာသာရေးပြဿနာအသွင် အဖြစ် ဝေမျှနေသည့် သင်္ဃန်းကျွန်း အမှုမှာ အရက်အတူ သောက်ရာမှ ဖြစ်ပွားသည့်အမှုဖြစ်ဟု ရဲတပ်ဖွဲ့ပြော
ဧပြီ ၂၆၊ ၂၀၁၆
ဖိုးတုတ်/7Days
.
လူမှုကွန်ရက်တွင်လူမျိုးရေး၊ ဘာသာရေး ပြဿနာ အသွင် ရေးသားဖြန့်ဝေနေသော သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပြဿနာမှာအရက် အတူသောက်သူချင်းနေအိမ်တံခါး ပိတ်ကာ ဓားခုတ်မှုဖြစ်ပွားခြင်း သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
.
ဧပြီ ၂၄ ရက် ညနေ ၅ နာရီ တွင် အဝေရာလမ်းသွယ်(၂)လမ်း (ခ)ရပ်ကွက်အတွင်းရှိ နေအိမ်၌ အရက်အတူသောက်နေရာ မှ အောင်အောင်(၄၀)နှစ်က မျိုးဝင်း (၄၄) နှစ်ကို ဖုန်းငွေဖြည့် ကတ် ၀ယ်ခိုင်းရာတွင် မှားယွင်းဝယ်ယူခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။
.
‘‘ဓားနဲ့ခုတ်ခံရတဲ့သူက ရပ် ကွက်ထဲမှာ ဆိုက်ကားနင်းတယ်။ အရက်ခေါ်တိုက်တဲ့သူနဲ့လည်း ရင်းနှီးတယ်။ နှစ်ယောက် အတူ သောက်နေရာက ဖုန်းငွေဖြည့် ကတ် ၀ယ်ခိုင်းတော့ သွားဝယ် ပေးတယ်။ ၀ယ်လာတဲ့ကတ်မှား နေတာကို မင်းက လူလိမ်ဆိုပြီး တုတ်နဲ့ရိုက်တယ်။ လည်ပင်းညှစ် တယ်’’ဟု ၎င်းကပြောသည်။
.
ရိုက်နှက်ခံရသူ မျိုးဝင်းသည် နေအိမ်မှ ထွက်ပြေးရန် ပြုလုပ်စဉ် အောင်အောင်က တံခါးချက်ထိုး ပိတ်ပြီးနောက် ဓားကိုင်ကာ တွန်း ထိုးလိုက်သည့် အတွက် နေအိမ် တံခါးပွင့်ထွက်ပြီးနောက် ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။
.
‘‘ရိုက်နှက်ထားတဲ့ဒဏ်ရာ တွေကြောင့် ခြေထောက်၊လက်နဲ့ ဦးခေါင်းမှာ ဖူးရောင်ဒဏ်ရာ ရရှိ တယ်။ အခု သူ့ကိုစံပြဆေးရုံမှာ တင်ပေးထားတယ်။ ဒဏ်ရာအ ခြေအနေကတော့ မစိုးရိမ်ရပါ ဘူး။ ပြစ်မှုကျူးလွန်သူကိုလည်း အခင်းဖြစ်ပွားတဲ့ ညမှာပဲ ဖမ်းဆီး ရမိပါတယ်’’ဟု ၎င်းကပြောသည်။
.
ပြစ်မှုကျူးလွန်သူ အောင်အောင် ကို သုဝဏ္ဏရဲစခန်းကပြစ်မှု ပုဒ်မ ၃၂၅/၂၉၄/၃၄၁/၅၀၄/ ၁၉(င)ဖြင့်အမှုဖွင့်အရေးယူစစ် ဆေးနေကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
.
ယင်းဖြစ်ရပ်ကို အွန်လိုင်း တွင် လှုံ့ဆော်ရေးသားသူအချို့က ‘‘သင်္ဃန်းကျွန်း တိုးချဲ့(က)ရပ် ကွက်မှာဖြစ်တဲ့ မွတ်စလင် ကု လားတွေက ဗမာကောင်လေးကို ၀ိုင်းရိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မျိုးချစ်မြန်မာ့ ရဟန်းတော်များ သမဂ္ဂ ဆရာတော်တွေနဲ့အတူ မျိုး ချစ်အဖွဲ့တွေ ရပ်ကွက်ဓမ္မာရုံမှာ ကာယကံရှင်တွေကို မေးမြန်းစုံ စမ်းပြီး သုဝဏ္ဏရဲစခန်းမှာ ခရိုင် မှူး၊ မြို့နယ်မှူး၊ ရပ်မိရပ်ဖတာဝန် ရှိသူတွေနဲ့ တွေ့ဆုံပြီး တရားခံ တွေကို ထိထိရောက်ရောက် အ ရေးယူဖို့ ဆွေးနွေးနေကြောင်း’’ စ သည်ဖြင့် ရေးသားခဲ့သည်ဟု ဧပြီ ၂၄ ရက် အွန်လိုင်းစာမျက်နှာ တွင် ဖော်ပြပြီးနောက် ဖြန့်ဝေသူ ခြောက်ရာခန့်ရှိခဲ့သည်။
.
အဆိုပါအမှုဖြစ်ပွားပြီး နောက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အစ္စလာမ်ဘာသာ ၀င်အမျိုးသား ငါးဦးက အအေး သောက်ရန်လာသည့် အမျိုးသား တစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ သည့်အတွက် လူစုလူဝေးဖြစ်ပေါ် ခဲ့ကြောင်း သတင်းများ ဖြန့်ဝေခဲ့ သော်လည်း ထိုကဲ့သို့ဖြစ်ပွားမှု မ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိ တစ်ဦးကပြောသည်။
.
http://www.7daydaily.com/story/63176ဓါတ်ပုံရှင်းလင်းချက်- သင်္ဃန်းကျွန်းမှ ရန်ပွဲနှင့်ပတ်သက်ပြီး လှုံ့ဆော်ရေးသားမှုအချို့
-
ဦးဝီရသူ ဖြန့်ဝေသည့် အမုန်းပွားစေမည့် ဗီဒီယို ကိစ္စ ကုလနှင့် NLD ရှုတ်ချ၊ တိုင်သူရှိပါက အရေးယူမည်ဟု ရန်ကုန်တိုင်း အစိုးရပြော
ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media– ရခိုင်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို အခြေခံရိုက်ကူးထားသည့် ဗီဒီယို၏ အစိတ်အပိုင်းတစ်ခုအား မဘသ ဘုန်းကြီးတစ်ပါးဖြစ်သူ ဦးဝီရသူက လွှင့်တင်ထားမှုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချခဲ့ကာ Facebook က လည်း ၎င်းတို့၏ စံနှုန်းများကို ချိုးဖောက်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖျက်ပစ်ခဲ့သည်။
ပြည်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကမူ အဆိုပါ ဗီဒီယိုအား မတွေ့ရှိခဲ့သည့်အတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် ထိုဗီဒီယိုအကြောင်းကို ကြားသိခဲ့ရကာ သာသနာရေးဝန်ကြီးဌာနအား ကိုင်တွယ်ရန် အသိပေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြန်ကြာရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇာနည်ဝင်းကလည်း မိမိမှာ ထိုဗီဒီယိုကို မတွေ့ခဲ့ကြောင်း ပြောကြားခဲ့ကာ၊ တိုင်ကြားသူရှိပါက တရားရုံးတွင် အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“တကယ်လို့ ကျွန်တော်တို့ တိုင်ကြားမှုရပြီဆိုရင်၊ ဘာဖြစ်ခဲ့လဲ၊ ဘယ်နေရာမှာဖြစ်ခဲ့လဲ၊ ဘယ်လိုဖြစ်ခဲ့လဲဆိုတာနဲ့ အကျိုးဆက်တွေအတွက် အထောက်အထားတွေ စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
၆ မိနစ်စာရှိသည့် အဆိုပါ ဗီဒီယိုမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြနယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်အမျိုးသမီးငယ် မသီတာထွေး အဓမ္မပြုကျင့်သတ်ဖြတ်မှုခံရမှုကို အခြေခံရိုက်ကူးထားသည့် “အမည်းရောင်နေ့စွဲများ” ဟု အမည်ရသော ဗီဒီယိုမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုအတိုတွင် မသီတာထွေးမှာ ကုလားများ၏ မုဒိမ့်ကျင့်သတ်ဖြတ်မှုကိုခံရသည်ဟု လူမျိုးရေး အမုန်းတရားကို လှုံ့ဆော်ထားသော နာက်ခံစကားပြောမှုလည်း ပါဝင်သည်။
အဆိုပါ အဓမ္မပြုကျင့်အား အသုံးချလှုံ့ဆော်ကာ မွတ်စလင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၆၇ ဦးသေဆုံးကာ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘာသာရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် စစ်အာဏာရှင်လက်ထက်တွင် ထောင်ဒဏ်ကျခံရဖူးသည့် ဦးဝီရသူကမူ အဆိုပါ ၆ မိနစ်စာ ဗီဒီယိုမှာ အမြည်းသဘော ပြသခြင်းဖြစ်ပြီး၊ ဗီဒီယိုအပြည့်အစုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာရယူမည့် မတ်လနှောင်းပိုင်းတွင် ဖြန့်ချီသွားမည်ဟု မြန်မာ့တိုင်မ်းစ်သတင်းစာသို့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
“အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်မှုကို ဦးစားပေးဆောင်ရွက်ဖို့လိုတယ်ဆိုတာ NLD အစိုးရကို ပြသချင်ပါတယ်” ဟု ဦးဝီရသူက ပြောကြားခဲ့သည်။
NLD အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဝင်းထိန်ကမူ ဦးဝီရသူ၏ ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နိုင်ငံအတွင်း ပြဿနာဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု ဆိုသည်။
“အဲဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးအစစ်လား ဒါမှဟုတ် စိတ်ယုတ်စိတ်ပုတ်နဲ့ ပြည်သူလူထုအတွင်းမှာ ပြဿနာဖြစ်အောင် ဖန်တီးနေတာလားဆိုတာ ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ်” ဟု Facebook တွင် ဦးဝီရသူလွှင့်တင်ထားသည့် ဗီဒီယိုအတိုကို မဖျက်ပစ်မီ ဦးဝင်းထိန်က ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း NLD ကို မဘသအဖွဲ့က တိုက်ခိုက်မှုကိုလည်း ဦးဝင်းထိန်က ပြန်လည် ရည်ညွှန်းပြောကြားခဲ့သည်။ ဦးဝီရသူအပါအ၀င် မဘသအဖွဲ့ဝင်အချို့မှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်ပေးခဲ့ကြသည်။
“(ဦးဝီရသူရဲ့) ဒီလိုခြိမ်းခြောက်မှုတွေကို ကြောက်နေမယ်ဆိုရင် ကျွန်တော်တို့ အသုံးမကျတဲ့သူတွေ ဖြစ်သွားမှာပေါ့ဗျာ” ဟု ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့သည်။
ဦးဝီရသူလွှင့်တင်ထားသည့် ဗီဒီယိုနှင့်ပတ်သက်၍ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်သည် ကြေငြာချက်တွင်
“အမုန်းတရား၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှုနဲ့ အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးကိုမဆို ကုလက ပြင်းပြင်းထန်ထန်၊ ပွင့်ပွင့်လင်းလင်း ရှုတ်ချပါတယ်။ ဒီဗီဒီယိုဟာ လွတ်လပ်စွာဖော်ပြခွင့်ကို တလွဲသုံးတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရန်ညှိုးထားမှု ဖြစ်စေနိုင်တဲ့ အဖျက်သဘော အတွေးအခေါ်တွေကို သွတ်သွင်းပေးတာလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ပုံရိပ်ကို ညစ်ထေးစေတာဖြစ်ပြီး၊ မြန်မာပြည်သူတွေရဲ့ ယဉ်ကျေးပျူငှာ၊ သနားကြင်နာမှု စိတ်ဓာတ်နဲ့ ဗြောင် ဆန့်ကျင်နေပါတယ်။ ပြီးတော့ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံက ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု စိတ်ဓာတ်ကိုလည်း ပျက်ဆီးစေပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်တွင်းအန်ဂျီအိုတစ်ခုဖြစ်သော အက္ခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာဖြစ်သူ မထားထားက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသေးစိတ်ဖော်ပြထားသည့် အဆိုပါဗီဒီယိုမှာ ရွံ့စရာကောင်းသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဦးဝီရသူ၏ ရည်ရွယ်ချက်မှာ အောင်မြင်မည်မဟုတ်ဟု ဆိုသည်။
“လူတွေက တကယ့်အခြေအနေမှန်ကို နားလည်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကို ဆန့်ကျင်ပြီး အပြောင်းအလဲအတွက်၊ တိုင်းပြည်ရှေ့ဆက်သွားဖို့အတွက် NLD ကို မဲပေးခဲ့ကြတာပါ” ဟု မထားထားက ပြောကြားခဲ့သည်။
သေဆုံးသွားသူ အမျိုးသမီးငယ်၏ ကျူးလွန်ခံခဲ့ရမှုများကို ဖော်ပြခြင်းမှာ သေဆုံးသူ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ လူ့ကျင့်ဝတ်နှင့် လူ့ဂုဏ်သိက္ခာကို နားမလည်သူ၏ အပြုအမူသာဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ အကြီးတန်း သုတေသနပညာရှင်ဖြစ်သူ ဒေးဗစ် မက်သီဆန်ကမူ ဦးဝီရသူမှာ “အစ္စလာမ်ကြောက်ရောဂါ ပုံစံအသစ်ကို လှုံ့ဆော်ရန် ကြိုးစားနေသည်” ဟု ပြောကြားခဲ့သည်။
“ဒီဗီယိုထွက်လာတဲ့အချိန်ကိုက သံသယဖြစ်စရာကောင်းပြီး NLD အစိုးရကို အရှက်ရအောင် လုပ်သလိုမျိုးပါပဲ။ ၀ီရသူပဲ့ကိုင်တဲ့ မဘသက အမြတ်ထုတ်တဲ့ ဒီဗီဒီယိုဟာ အခုအချိန် တိုင်းပြည်မှာဖြစ်လို့မရတဲ့ အကြမ်းဖက်မှုကို ပုံဖော်တဲ့ ပုံစံတစ်မျိုးပါပဲ။ ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် စစ်မှန်တဲ့ စုံစမ်းစစ်ဆေးမှု လိုအပ်သလို၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကြည့်ရှုအရသာခံဖို့မဟုတ်ဘဲ စုံစမ်းစစ်ဆေးအပြစ်ပေးရမယ့် ရာဇ၀တ်မှုတစ်ခု ဖြစ်တယ်ဆိုတာကို သတ်မှတ်ထားတဲ့ ဥပဒေစနစ်တစ်ခုလည်း လိုအပ်ပါတယ်” ဟု မက်သီဆန်က ထည့်သွင်းပြောဆိုခဲ့သည်။
မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုတွင် ပါဝင်သည့် ဦးဝီရသူကမူ အကြမ်းဖက်မှုအား လှုံ့ဆော်နေသသည်ဟု ပြောကြားချက်များကို ငြင်းဆန်ခဲ့ပြီး ထိုဗီဒီယိုအတိုကို ဇန်န၀ါရီ ၃၀ ရက်နေ့က လွှင့်တင်ခဲ့သည်ဟု အတည်ပြုခဲ့သည်။ Facebook မှ ထိုဗီဒီယိုအား ဖြုတ်ချခဲ့ပြီးနောက် မြန်မာ့တိုင်းမ်စ်သို့ ပြောကြားရာတွင် ထိုကဲ့သို့ ပယ်ဖျက်မှုကို ဂရုမစိုက်ဘဲ DVD ခွေ ထွက်လာရန်သာ ရည်ရွယ်လုပ်ဆောင်နေသည်ဟု ဆိုသည်။
ကိုးကား – Myanmar Times
-
သတင်းအမှားကို ဘာသာရေးနွယ်ပြီး တိုက်ခိုက်ရေးသားထားမှု ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ထပ်ဆင့်ဖြန့်ဝေ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား အမုန်းစကားများဖြင့် တိုက်ခိုက်ရေးသားမှုများ ပြုလုပ်နေသည့် “Chit”(ကိုရင်လူထွက် ငပိချက်) အမည်ဖြင့် Facebook တွင် ရေးသားထားသည့် ဘာသာရေး နှင့် ဆက်နွယ်ပြီး တိုက်ခိုက်ထားမှု ပိုစ်တခုအား ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်မှ ထပ်ဆင့် ဖြန့်ချိခဲ့သည့်ကို တွေ့ရှိရပါသည်။ref:
https://www.facebook.com/ohnmyintmlfrd/posts/459875867543338
https://www.facebook.com/maung.maung.56614/posts/484697498379526 -
ဘာသာရေး လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးသူတွေရှိနေပြီလား
By ထက်အာကာကျော်ဖြိုးဝေလင်း
.
မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်ဆိုသော သတင်းတစ်ပုဒ် ၂၀၁၄ ဇွန်လ ၃၀ ရက်တွင် အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာများ၌ ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ သတင်း နောက်ဆက်တွဲရလဒ်အဖြစ် မန္တလေးမြို့၌ ဘာသာရေး၊ လူမျိုးရေးအသွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသူများ၊ အဆောက်အအုံများနှင့် မော်တော်ယာဉ် ဖျက်ဆီးခံရမှုများ ဖြစ်ပွားခဲ့သည်။ အဆိုးဆုံးမှာ ယဉ်ကျေးမှုမြို့တော် မန္တလေး၏ ပုံရိပ်ကို ထိခိုက်ခဲ့ရပြီး စည်းလုံးလှသော မြို့ခံများကြား သံသယပွားစေခဲ့ခြင်းဖြစ်သည်။ အဖြစ်မှန် ပေါ်ပေါက်လာသောအခါ အမှုမှာ လိမ်လည်တိုင်ကြားထားခြင်းဖြစ်သည်။သည်ဖြစ်ရပ်က လူမှုကွန်ရက်တွင် အစပြုခဲ့သည့် သတင်းအမှားတစ်ပုဒ်ကြောင့် မန္တလေးမြို့ကို ရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွားသွားစေခြင်းဖြစ်သည်။ ထိုစဉ်က အဆိုပါသတင်းကို သစ်ထူးလွင်ဝက်ဘ်ဆိုက်က ရဲမှတ်တမ်းနှင့်တကွ အဦးဆုံးဖော် ပြခဲ့ခြင်းဖြစ်သည်။ ထူးခြားသည်က ထိုကဲ့သို့ လူမျိုးရေး၊ ဘာသာရေးအသွင် ပြဿနာများ ဖြစ်ပွားစေနိုင်သော သတင်းများ၊ ကောလာဟလများ ဖြန့်ချိခဲ့သူများမှာ ဘယ်သောအခါမှ အရေးယူ မခံရခြင်းဖြစ်သည်။ အစိုးရက ထိုကဲ့သို့ အမုန်းစကားများ၊ အန္တရာယ်စကား များ ဖြန့်ဝေသူများ၊ အွန်လိုင်းမှ သွေးထိုးလှုံ့ဆော်သူများကို မျက်ကွယ်ပြုထားခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခ၊ မိတ္ထီလာ အဓိကရုဏ်း၊ ဥက္ကံ၊ လားရှိုး စသည့် လူမျိုးရေး၊ ဘာသာရေးအသွင်ပဋိပက္ခများ တွင် လှုံ့ဆော်သူများက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အများဆုံးအသုံးချလှုံ့ဆော်ခဲ့သည်။ မန္တလေးတွင် ဖြစ်ပွားပြီးနောက်ပိုင်း၌ လူမှုကွန်ရက်များမှ လှုံ့ဆော်မှုများ တဖြည်းဖြည်း လျော့ပါးခဲ့သည်။ ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးတွင်လည်း လူမျိုးရေး၊ ဘာသာရေးပြဿနာ ပေါ်ပေါက်မည်ကို စိုးရိမ်သော်လည်း သိသာထူးခြားသည့် ဘာသာရေးပဋိပက္ခအသွင် ဆောင်စေမည့် လုပ်ဆောင်မှုမျိုး အလွန်နည်းပါးခဲ့သည်။
သို့သော် သွေးထိုးလှုံ့ဆော်မှုများသည် ရွေးကောက်ပွဲပြီးဆုံးသည်နှင့် ပြန်လည်ခေါင်းထောင်လာသည်ဟုဆိုရအောင် သံသယဖြစ်ဖွယ်အဖြစ်အပျက်အချို့ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ အစ္စလာမ် ဘာသာဝင်များနှင့် ပတ်သက်၍ အစဉ်တစိုက် ဆန့်ကျင်ရေးသားနေသည့် အကောင့်ပေါင်း များစွာက ပြဿနာများကို အစဆွဲထုတ်လာသည့် အခြေအနေများ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
ယခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် လုပ်ကြံဖန်တီးသည့် မမှန်သတင်းများ၊ ကောလာဟလ သတင်းများကြောင့် ဘာသာရေးအဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ဝင်များ အလုပ်ရှုပ်ခဲ့ရသည်။
ဒီဇင်ဘာ ၁၀ ရက်က အဆင့်မြင့်လူနေတိုက်ခန်းတစ်ခုမှ အမည်းရောင်အလံလွှင့်ထူထားမှုကို ‘‘ဒီအလံဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ အလံပုံစံဖြစ်ပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ရှိသူများ မေးမြန်းစုံစမ်းကြပါ။ အများသိအောင်လည်း Share (မျှ ဝေ)ပေးကြပါ’’ဟု ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုက ဖော်ပြခဲ့သည်။ ယင်းပို့စ်ကို Like ပြုလုပ်သူ တစ်ထောင်ကျော်နှင့် ပြန်လည် မျှဝေသူ ထောင်ပေါင်း များစွာ ရှိခဲ့သည်။ အဆိုပါပို့စ်ကို ယုံကြည်၍ဖြစ်စေ၊ မယုံကြည်၍ဖြစ်စေ Like ပြုလုပ်ထားသူနှင့် မျှဝေထားသူ အရေအတွက်ကို ကြည့်ရှုလျှင် သေချာသည်မှာ ယင်းပို့စ်မှာ အွန်လိုင်းပေါ်သို့ ပျံ့နံှ့မှုနှုန်းများခဲ့သည်။
သို့သော်ဖြစ်စဉ်အမှန်မှာ ရှီးဟိုက်မွတ်စလင်များ နှစ်စဉ်ပြုလုပ်နေကျ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့လည်း တရားဝင်ခွင့်ပြုချက်ရယူခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများအား ရှင်း လင်းပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးပိုင် လက်ဖက်ရည်ဆိုင်တွင် ဗုဒ္ဓဘာသာဝင်တစ်ဦးက လက်ဖက်ရည်ဖိုးပေးချိန်၌မပေးဘဲ ဆိုင်ရှင်အား မိုက်ကြေးခွဲစိန်ခေါ်ခဲ့ပြီး နောက် တစ်ခေါက် ပြန်ရောက် လာချိန်တွင် မဘသ အဖွဲ့ဝင်များက နောက်မှလိုက်လာကာ အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုက ဖော်ပြခဲ့သည်။ သို့သော် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ 7Day News ဂျာနယ်အား အတည်ပြုပြောကြားသည်။
ထို့အပြင် ဒီဇင်ဘာလဆန်းကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ အစုလိုက်အပြုံလိုက်တွေ့ရှိရပြီး ၎င်းတို့အထဲတွင် IS အကြမ်းဖက်သမားများ ပါဝင်လာပါက အန္တရာယ်ရှိကြောင်း ရေးသားထားသည့် ပို့စ်တစ်ခုကို လူမှုကွန်ရက်၌ မျှဝေသူအများအပြားရှိခဲ့သည်။ ဖြစ်စဉ်အမှန်မှာ အစ္စလာမ်ဘာသာဝင်များမဟုတ်ဘဲ ဟိန္ဒူဘာသာဝင်များဖြစ်ပြီး လူအရေအတွက်မှာလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပြောသကဲ့သို့ မများကြောင်း သက်ဆိုင်ရာက အတည်ပြုသည်။
အလားတူဖြစ်စဉ်မျိုး ယခုလအတွင်းမှာပင် ပုသိမ်မြို့၌ အစ္စလာမ်ဘာသာရေး အဆောက်အအုံတစ်ခုတွင် လူအများအပြားစုဝေးကာ လက်ထဲတွင်လည်း မသင်္ကာစရာ အထုပ်များတွေ့မြင်ရကြောင်း လူမှုကွန်ရက်တွင်ပျံ့နှံ့ ခဲ့ပြန်သည်။ ဖြစ်ရပ်မှန်မှာ အစ္စလာမ်ဘာသာဝင် မင်္ဂလာအခမ်းအနားတစ်ခုတွင် နှစ်ဖက်အမျိုးများက လက်ဖွဲ့ပစ္စည်းကိုင်ဆောင်ထားခြင်းဖြစ်သည်။ ယင်းအပေါ် တမင်တကာလုပ်ကြံချဲ့ထွင် ရေးသား၍ သတင်းအမှားဖြန့်ချိခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် ဘာသာရေးပဋိပက္ခများတွင် ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားမှုက အရေအတွက် အများဆုံးဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဘာသာကြီးနှစ်ခု၏ နှစ်ဖက်ခေါင်းဆောင်များအပါအ၀င် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး စသော အဖွဲ့အစည်းများက ပြည်တွင်း၌ မည်သည့်ပြဿနာ၊ မည်သည့်ပဋိပက္ခကိုမျှ မဖြစ်ပွားစေရန် လုပ်ဆောင်နေပြီး ဘာသာရေးလှုံ့ဆော်မှုများရှိလာပါကလည်း အပြန်အလှန် ယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဖြေရှင်းကြရန် တိုက်တွန်း ပြောကြားထားကြသည်။
‘‘ဖေ့စ်ဘွတ်ခ်ကိုနိုင်ငံရေးမှာ အသုံးချတာတွေရှိတယ်။ အဲဒါတွေကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ ကိုယ်တိုင်ရော၊ အသုံးမပြုတဲ့သူတွေရောကို ဖေ့စ်ဘွတ်ခ်ပေါ်မှာရှိတဲ့ လော်ဘီတွေရဲ့အလှော်တွေကို သိပ်ပြီးတော့ ယုံကြည်မှုတွေမထားဖို့ သတိပေးချင်တယ်’’ ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။
အမုန်းတရားဖြစ်ပွားစေမည့် စကားလုံးများကိုလည်း မည်သည့်ဘာသာဝင်ဖြစ်စေ မသုံးစွဲ၊ မပြောဆိုဘဲ ရှောင်ကြဉ်ပါက မြန်မာနိုင်ငံသည် ငြိမ်းချမ်းသည့်တိုင်းပြည်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် အစွန်းမရောက်သော ဘာသာရေးအမြင်၊ သေချာစွာ ဆင်ခြင်သုံးသပ် ခြင်းဖြင့် အွန်လိုင်းစာမျက်နှာမှ အကြောင်းအရာများကို ချင့်ချိန်ယုံကြည်စေချင်ကြောင်း ရွှေညဝါဆရာတော်က ဆက်လက်မိန့်ကြားသည်။
အလားတူ ဒီဇင်ဘာ ၁၀ရက်၌ပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗလီတစ်ခုတွင် အထောက်အထားမဲ့ အစ္စလာမ်ဘာသာဝင် ၁၀၀ ကျော် တွေ့ရှိဟူ၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး သုံးစွဲကြသူများအကြား ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးပိုင်းက သွားရောက်စစ်ဆေးရာတွင် ကလေးငယ်များ စာသင်ကြားနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ချက်ချင်းသတင်းထုတ်ပြန်ပေးခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဗလီအတွင်း ဘာသာရေး စာသင်ကျောင်းနှင့် တွဲဖက်ကာ ဘာသာရေးစာပေများကို နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးလျက်ရှိကြောင်း၊ စာသင်ကျောင်းသားများသည် အသက် (၁၀) နှစ်မှ (၂၀)နှစ်အတွင်းရှိပြီး ရန်ကုန်နှင့် အခြားမြို့နယ်များမှ လာရောက်သင်ကြားသူများဖြစ်ကြောင်း တရားမဝင် ခိုးဝင်လာသူများမရှိကြောင်း စစ်ဆေးတွေ့ရှိချက် ကို ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများအကြား သတင်းအမှားများ မပျံ့နှံ့စေရန် တာဝန်ရှိသူများက ဖြစ်ရပ်အမှန်ကို အချိန်မီသတင်းထုတ်ပြန်ခဲ့သော်လည်း အွန်လိုင်းစာမျက်နှာထက်တွင် သတင်းအမှားများက အချိန်တိုအတွင်း ပျံ့နှံ့ခဲ့သည်။
အထက်ပါ သတင်းအမှားများထွက်ပေါ်ချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးအချိန်ဖြစ်သော အာဏာလွှဲပြောင်းရေး ကာလဖြစ်သည်။ ထိုသို့ သတင်းအမှား ဖြန့်ချိသူများသည် တိုင်းပြည်အကျိုးမလိုလားသူများက ဖျက်ဆီးလိုသည့်စိတ်ဖြင့် လုပ်ဆောင်နေ သည်ဟုယူဆပြီး ပြည်သူများ အလွယ်တကူ မယုံကြည်ကြရန်နှင့် ပဋိပက္ခတစ်ခုဖြစ်ပွားစေရန် လမ်းစတစ်ခုကို တမင်ဖန်တီးသူများရှိနေကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးလွင်က သုံးသပ်သည်။
‘‘အဲဒါတိုင်းပြည်အကျိုးမလိုလားသူတွေရဲ့စနက်လို့ ကျွန်တော်ထင်တယ်။ ဒါကိုပြည်သူတွေ မယုံကြည်ကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။ ဆန်းစစ်လို့ရပါတယ်။ ဗလီမှာဖြစ်တယ်ဆို ဗလီကို လိုက်လေ့လာလို့ ရပါတယ်။ ပြီးမှအမှန်တရားလေးကို ဖော်ထုတ်ပေးဖို့ပါ’’ဟု အစ္စလာမ်ဗိမာန်ဦးဆောင်ဆော်သြရေးမှူးလည်းဖြစ်သူ ဦးအေးလွင်ကပြောသည်။
ပြည်သူအများစုစိုးရိမ်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲသည် ငြိမ်းချမ်းစွာ ပြီးဆုံးသွားပြီဖြစ်သော်လည်း ရွေးကောက်ပွဲရလဒ်မှာ အကောင်အထည်မပေါ်သေးသည့်အတွက် (တစ်နည်းအားဖြင့်) အစိုးရအကူးအပြောင်းကာလ မပြီးဆုံးသေးသည့်အတွက် ပြည်သူလူ ထုအနေဖြင့် သွေးထိုးလှုံ့ဆော်မှုများရှိလာပါက ဘာသာမတူသူ၊ လူမျိုးမတူသူတို့အကြား အပြန်အလှန်သည်းခံမှု၊ နားလည်မှုတို့ရရှိရန်လိုအပ်ကြောင်း အနိုင်ရတိုင်းဒေသကြီးလွှတ်တော်အမတ် ဘလော့ဂါ ကိုနေဘုန်းလတ်က တိုက်တွန်းပြောကြားသည်။
ရွေးကောက်ပွဲအကြိုကာလတွင် ဘာသာရေးနှင့်ပတ်သက်၍ သတင်းအမှားများ အင်တာနက်စာမျက်နှာထက်တွင် ကြိမ်ဖန်များစွာ ဖော်ပြမှုများရှိခဲ့သလို ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ဖေ့စ်ဘွတ်ခ်သုံးစွဲသူဦးရေမှာ ရှစ်သန်းခန့်ရှိနေသော်လည်း လူတစ်ဦးလျှင် ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုထက်မက သုံးစွဲနေခြင်းကလည်း သတင်းအမှားများကို ထိန်းချုပ်ရန် အခက်တွေ့စေသည်။
သို့သော် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြန့်ချိနေမှုကို တားဆီးရန်နှင့် အရေးယူမှုအပိုင်းမှာ လက်ရှိအစိုးရသက်တမ်း တစ်လျှောက် မစွမ်းဆောင်နိုင်ခဲ့ပေ။ ၂၀၁၀ အစိုးရသက်တမ်းကုန်ခါနီးအချိန်တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို မလျော်ကန်စွာ ရေးသားချက်များ နှင့်ပတ်သက်၍သာ ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ်ဥပဒေတို့ဖြင့် အရေးယူမှုရှိခဲ့သည်။ လူမျိုးရေး၊ ဘာသာရေးပြဿနာ ဖြစ်စေနိုင်သော ကောလာဟလများဖြန့်ချိမှုနှင့်ပတ်သက်၍ အရေးယူမှုအပိုင်း အားနည်းခဲ့သည်။
အရေးယူမှုအားနည်းခြင်းမှာ ဆိုက်ဘာလုံခြုံရေး၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့်ဥပဒေများ မရှိသေးခြင်း၊ အွန်လိုင်းတွင်အသုံးပြုသည့် မြန်မာစာဖောင့်စနစ်မှာ စံစနစ်အဖြစ် တညီတညွတ်တည်းဖြစ်မနေခြင်း မိုဘိုင်းဆင်းမ်ကတ် စတင်ဝယ်ယူချိန်တွင်မှတ်ပုံတင်ခြင်း မပြုလုပ်မှုများတို့ကြောင့်လည်းဖြစ်ကြောင်း ပြည်တွင်းနည်းပညာနှင့် ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုသည်။
‘‘အရင်ခေတ်က သတင်းအမှောင်ချခဲ့ခြင်းရဲ့ အကျိုးရလဒ်က ကောလာဟလတွေဆိုရင် အယုံလွယ်နေကြတာပဲ။ အခုနောက်ပိုင်းတော့ လူတွေက ဆင်ခြင်တုံတရားပိုရှိလာတယ်။ ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးသူတချို့ရှိနိုင်ကြပေမယ့် အလွယ်တကူ မယုံကြည်ကြတော့ဘူး’’ ဟု Myanmar Expert EU South East Asia IPR Help desk မှ ဦးမင်းတေဇညွန့်တင်က သုံးသပ်သည်။
ထို့အတွက် ဖေ့စ်ဘွတ်ခ်နှင့် အွန်လိုင်းပေါ်မှ သတင်းဖြန့်ချိမှုများကို ယုံကြည်သင့်၊ မသင့်သည် မူလဖော်ပြသူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သုံးစွဲသူတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသည့်သဘောဖြစ်သည်။ ထို့ကြောင့်ပန်းစကားကဲ့သို့ အရပ်ဘက်အဖွဲ့ အစည်းများက ‘‘လူသားအချင်းချင်းအမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့’’ စသည်ဖြင့် လှုပ်ရှားမှုကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအကြား တိုက်ရိုက်မိတ်ဆက်ခဲ့ကြ သည်။
‘‘အွန်လိုင်းက အကြောင်းအရာတွေကို အယုံမလွယ်ရအောင် သတိထားရမယ်။ ဒါတွေကို ပျောက်သွားအောင်၊ လျော့နည်း သွားအောင် တစ်ဖက်ကလုပ်ရမှာ ဖြစ်သလို သတင်းစားသုံးသူတွေ၊ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေအနေနဲ့လည်း စိတ်ရှည်ပြီး ချင့်ချိန်ယုံကြဖို့လည်း အသိပညာပေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်’’ ဟု ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်သည့် MIDO အဖွဲ့အစည်းမှ မထိုက်ထိုက်အောင်က အကြံပြုပြောကြားသည်။
၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ များတွင် ဖြစ်ပွားခဲ့သည့် ရခိုင်၊ မိထ္တီလာနှင့် မန္တလေးဘာသာရေး အဓိကရုဏ်းများကို ပြန်ကြည့်လျှင် အွန်လိုင်းမှ စတင်ကာ တဖြည်းဖြည်း ပြဿနာကြီးထွားလာသည်ကို ကြုံခဲ့ရဖူးပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ဘာသာရေး ပဋိပက္ခဖြစ်စဉ်များကို ပြန်ကြည့်လျှင် အွန်လိုင်းမှ သွေးထိုးလှုံ့ဆော်မှုများသည် ထိပ်ဆုံးမှ ပါဝင်သည်။ ဖေ့စ်ဘွတ်ခ် ယဉ်ကျေးမှုနှင့် အသားမကျသေးသည့် ပြည်သူများအား အွန်လိုင်းမှတစ်ဆင့် ဘာသာရေး မှိုင်းတိုက်ခြင်းမှာ အောင်မြင်သည့် အသုံးချ နည်းလမ်းတစ်ခုလည်းဖြစ်သည်။ တိုင်းပြည်မငြိမ်မသက်ရန်နှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုကို ထိုးနှက်တိုက်ခိုက်ရန် အကောင့်တု၊ အကောင့်ပုန်းများဖြင့် ဝါဒဖြန့်ခြင်းမှာ မြန်ဆန် ထိရောက်ခဲ့သည်။ ယင်းဖြစ်စဉ်များမှာ လက်ရှိအစိုးရလက်ထက်တွင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။
အစိုးရအနေဖြင့် တိုင်းပြည်တစ်ခုလုံးဆူပွက်စေရန် မဟုတ်မမှန်လှုံ့ဆော်နေသည့်ဖေ့စ်ဘွတ်ခ် အကောင့်များနှင့် ဖန်တီးနေသူများကို ဖော်ထုတ်အရေးယူရန် လိုအပ်နေကြောင်း အထက်ပါပုဂ္ဂိုလ်များက သုံးသပ်ပြောကြားသည်။
7Days မှ တဆင့် ကူးယူဖော်ပြပါသည်။
http://www.7daydaily.com/story/53816