News @ M-Media
Tag: hate speech
  • မြိတ်မြို့မှ ဗလီဖျက်ခံရကြောင်း မဟုတ်မမှန် လှုံ့ဆော်နေ
    မြိတ်မြို့မှ ဗလီဖျက်ခံရကြောင်း မဟုတ်မမှန် လှုံ့ဆော်နေ
    ဒီဇင်ဘာ ၂၇  ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .myeik-masjid3
    မြိတ်မြို့မှ ကန်ခေါင်းဗလီကြီးအား ဖြို့ချ ဖျက်ဆီးလိုက်ကြောင်း Kat Tar အမည်ရှိ FB အကောင့်မှ ရေးသားလှုံ့ဆော်လျက်ရှိသည်။
    အသုံးပြုထားသော ဓါတ်ပုံမှာလည်း ပြည်ပနိုင်ငံတခုမှ ဓါတ်ပုံတခု ပြီး မွတ်စလင်မ် မုန်းတီးဆန့်ကျင်ရေး စကားလုံးများ အသုံးပြုပြီး ရေးသား လှုံ့ဆော်ထားခြင်းဖြစ်သည်။
    မြိတ်မြို့ အခြေအနေကို ဆက်သွယ်စုံစမ်းရာမှာတော့ မည့်သည့် ပြသနာမှ ဖြစ်ပွားခြင်း မရှိဘဲ အေးချမ်းလျှက်ရှိကြောင်း အတည်ပြုပေးပါသည်။
    လှုံ့ဆော်နေသူ၏ အကောင့် => https://www.facebook.com/kat.tar.7355
  • မွတ်စလင်ကင်းစင်ကျေးရွာ ဆိုင်းဘုတ် တိုင်း ၄ တိုင်း နှင့် ပြည်နယ် ၃ ခုတွင်ရှိလာ
    မွတ်စလင်ကင်းစင်ကျေးရွာ ဆိုင်းဘုတ် တိုင်း ၄ တိုင်း နှင့် ပြည်နယ် ၃ ခုတွင်ရှိလာ
    အမုန်းမဲ့စကား စာမျက်နှာ မှ သုတေသနပြု စောင့်ကြည့်ဖော်ပြထားသည့် မှတ်တမ်းအား ထပ်ဆင့် မျှဝေဖော်ပြခြင်းဖြစ်ပါသည်။
    https://www.facebook.com/NoHateSpeechMyanmar/
    ================================
    မွတ်စလင်ကင်းစင်ကျေးရွာ ဆိုင်းဘုတ် တိုင်း ၄ တိုင်း နှင့် ပြည်နယ် ၃ ခုတွင်ရှိလာ
    ====================================
    15171161_1695262967453314_5600780102477097541_n
    နိုဝင်ဘာ ၂ရက်တွင် May Yuya Paing facebook account ပိုင်ရှင်ကရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မွတ်စလင်ကုလားများကို ပိတ်ပင်တားမြစ်ထားသည့် စာသားများပါဝင်သော ဆိုင်းဘုတ် စိုက်ထူနေပုံကို ကျေနပ်အားရသည့် ပုံစံဖြင့် ဖော်ပြခဲ့သည်။
    Particular Quote
    ရေတာရှည်က အစ္စလာမ်ကင်းစင်နယ်မြေတဲ့
    ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်
    မေယုကြိုက်တယ် ဟူ၍ ဖော်ပြထားသည်။
    https://web.facebook.com/photo.php?fbid=335009160196317&set=a.102800470083855.1073741828.100010617062742&type=3&theater
    ရေတာရှည်မြို့၊ အရှေ့ခြမ်း ကျောင်း (၂၀) အုပ်စုအစ္စလာမ်ဘာသာကင်းစင်ကျေးရွာ
    (၁) အစ္စလာမ်ဘာသာဝင်များ ညအိပ်၊တည်းခိုခွင့်မပြု။
    (၂) အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားခြင်းမပြု။
    (၃) အစ္စလာမ်ဘာသာဝင်များနှင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ဖောက်ကားခြင်းမပြု။
    ဟူ၍ ဖော်ပြထားသည်။
    ထိုပို့စ်ကို Like and reacted လုပ်သူပေါင်း ၃၃၀၀ကျော်ရှိပြီး၊ ပြန်လည်ဝေမျှမှု ၃၄၂၈ခု၊ မှတ်ချက်ပေါင်း ၃၀၆ခုရှိခဲ့သည်။
    Chit Chit ဆိုသူက မြို့တိုင်း၊ ရွာတိုင်းမှာ ဖြစ်သင့်ပါတယ်။ အပြည့်အ၀ထောက်ခံပါတယ်။ အကြိုက်ဆုံးပါ။ မိတ်ဆွေ ၊ ထာဝရလေးစားလျက်ပါ ဟူ၍ မှတ်ချက်ပြုထားသည်။
    Aye Mu ဆိုသူက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အစ္စလာမ် ကင်းစင်နယ်မြေ သတ်မှတ်သင့် ဟူ၍ လည်းကောင်း၊ ထောက်ခံသည့်မှတ်ချက်များကို သာ တွေ့ရပါသည်။
    မော်နီတာမှတ်ချက်
    အစ္စလာမ်ကင်းစင်ကျေးရွာဆိုင်းဘုတ်များစိုက်ထူထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင် မွတ်စလင်မုန်းတီးရေးဝါဒဖြန့်ဝေရန် အသုံးချပြီး ဖော်ပြ၊ မျှဝေလေ့ရှိပါသည်။ ကျွန်ပ်တို့၏ လေ့လာထားသည့် မှတ်တမ်းများအရ
    ၁) ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့နယ်၊ မိကျောင်းကြီးအိုင်ကျေးရွာအုပ်စုတွင်လည်းကောင်း၊
    https://web.facebook.com/NoHateSpeechProject/photos/pb.517065971802953.-2207520000.1463988314./578751275634422/?type=3&theater
    ၂) ဧရာဝတီတိုင်းဒေသကြီး၊ သောင်းဒန်ကျေးရွာတွင်လည်းကောင်း၊
    https://web.facebook.com/…/pcb.9865630147…/986562921420038/…
    ၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းကျေးရွာအုပ်စုတွင်လည်းကောင်း၊
    https://web.facebook.com/photo.php?fbid=231365410574811&set=pcb.231365460574806&type=3&theater
    ၄) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်လည်းကောင်း၊
    https://web.facebook.com/NoHateSpeechProject/photos/pb.517065971802953.-2207520000.1463988314./593403970835819/?type=3&theater
    ၅) မွန်ပြည်နယ်၊ မုတ္တမမြို့နယ်၊ ကော့စိုင်ကျေးရွာတွင်လည်းကောင်း၊
    https://web.facebook.com/NoHateSpeechProject/photos/pb.517065971802953.-2207520000.1463988314./582930468549836/?type=3&theater
    ၆) ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်လည်းကောင်း၊
    https://web.facebook.com/photo.php?fbid=463100283888260&set=a.153779501487008.1073741827.100005648771498&type=3&theater&_rdr
    ၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကုန်းသာကျေးရွာတွင်လည်းကောင်း၊
    https://web.facebook.com/photo.php?fbid=844167809061638&set=a.194552967356462.60455.100004052796721&type=3&theater&_rdr
    ၈) မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သပြေစမ်းကျေးရွာတွင်လည်းကောင်း၊
    https://web.facebook.com/NoHateSpeechProject/photos/a.546881035488113.1073741829.517065971802953/648356428673906/?type=3&theater
    အသီးသီးတွေ့ရှိခဲ့ရသည်။
    ကုလားမ၀င်ရဆိုင်းဘုတ်၊ အစ္စလာမ်ဘာသာ ကင်းစင်ကျေးရွာဆိုင်းဘုတ်များသည် ဘာသာရေးပြင်းထန်လွန်းသော ကျေးရွာများတွင် တွေ့ရလေ့ရှိပြီး၊ သက်ဆိုင်ရာအာဏာပိုင်များကလည်း အကဲဆတ်လွန်းသည့် အကြောင်းအရာဖြစ်နေ၍ လျစ်လျူထားသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ယခုထိတိုင်၊ ဘာသာရေးကို အခြေပြု၍ ခွဲခြားနှိမ်ချသော ဆိုင်းဘုတ်များကို ဖြုတ်ချရန် ညွန်ကြားသည့်သတင်းများ မပေါ်ထွက်သေးသောကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘာသာရေးကိုလည်းကောင်း၊ လူမျိုးရေးကိုလည်းကောင်း အခြေခံပြီး ခွဲခြားခြင်းသည် လူ့ဂုဏ်သိက္ခာညှိုနွမ်းစေသော လုပ်ရပ်ဖြစ်ပါသည်။ လူ့အခွင့်အရေးကို ချိုးဖောက်သည့်လုပ်ရပ်ဖြစ်သကဲ့သို့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၈ တွင် ပါရှိသည့် နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ပါသည်။
    The Union shall not discriminate any citizen of the Republic of the Union of Myanmar based on race, birth , religion, official position , status , culture, sex and wealth# 2008 Myanmar Constitution , section 348
    ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကု ၊ ကုန်းသာကျေးရွာတွင် ရေနံချေးသုတ် ရန် လာရောက်သည့် မွတ်စလင်ဘာသာဝင် သုံးဦးကို ရွာသားများက စုပေါင်းပြီး မင်းဘူးမြို့နယ်ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ပြီး၊ သက်ဆိုင်ရာ ရဲစခန်းကလည်း ရေနံချေးများ တရားမ၀င်လက်ဝယ်ကိုင်ဆောင်ထားမှုဖြင့် အရေးယူခဲ့သည်။
    ကုလားမ၀င်ရဆိုင်းဘုတ်တည်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ
    ကုလားမ၀င်င်္ရဆိုင်းဘုတ်တည်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ၂) မကွေးတိုင်းဒေသကြီး၊ ၃) ပဲခူးတိုင်းဒေသကြီး၊ ၄) ဧရာဝတီတိုင်းဒေသကြီး၊ ၅) ကရင်ပြည်နယ်၊ ၆) မွန်ပြည်နယ်၊ ၇) ရှမ်းပြည်နယ် တို့ဖြစ်သည်။
    ၁) စစ်ကိုင်းတိုင်းဒေသကြီး
    စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ ၅,၃၂၅,၃၄၇ ဦးနေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၄,၉၀၉,၉၆၀ ဦး( ၉၂ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၃၄၉,၃၇၇ ဦး ( ၆ ဒသမ ၅ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၅၈၉၈၇ ဦး ( ၁ ဒသမ ၁ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၂၇၉၃ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ရှိသည် ။
    ၂၀၁၃ခုနှစ်၊ သြဂုတ်လပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့သည်။
    ( 1000 strong mob torches homes in Kanbalu )
    http://www.mmtimes.com/…/7967-1000-strong-mob-torches-homes…
    ၂) မကွေးတိုင်းဒေသကြီး
    မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃,၉၁၇,၀၅၅ ဦး နေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၃၈၇၀၃၁၆ ဦး ( ၉၈ ဒသမ ၈ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၂၇၀၁၅ ဦး ( သုည ဒသမ ၇ ရာခိုင်နှုန်း )၊ အစ္စလာမ်ဘာသာဝင် ၁၂၃၁၁ ဦး ( သုည ဒသမ ၃ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၂၃၁၈ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ) တို့ဖြစ်သည်။
    ၃) ပဲခူးတိုင်းဒေသကြီး
    ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၄၈၆၇ ၃၇၃ ဦး နေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၄၅၅၀၆၉၈ ဦး ( ၉၃ ဒသမ ၅ ရာခိုင်နှုန်း )၊ ခရစ်ယာန်ဘာသာဝင် ၂၇၀၁၅ ဦး ( သုည ဒသမ ၇ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၁၂၃၁၁ ဦး ( သုည ဒသမ ၃ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၂၃၁၈ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း) အသီးသီးနေထိုင်ကြသည်။
    ၂၀၁၃ခုနှစ်၊ မတ်လပိုင်းတွင်လည်း ပဲခူးတိုင်းဒေသကြီးရှိ မြို့ ရှစ်မြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခဲ့သည်။ အုတ်ဖို၊ ကြိုပင်ကောက်၊ နတ္တလင်း၊ ဇီးကုန်း၊ သဲကုန်း၊ မိုးညို၊ မင်းလှ၊ လက်ပံတန်း စသည့် မြို့နယ် ရှစ်မြို့နယ်တွင် ဘာသာရေးအဓိကရုဏ်ြး ဖစ် ပွားခဲ့ပါသည်။ လူအသေအပျောက်တော့ မရှိခဲ့ပေ။
    ၂၀၁၆ခုနှစ်၊ ဇွန်လပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ရွာသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားမှုကို အစပြုပြီး အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ဖျက်ဆီးခြင်းခံခဲ့ရသည်။
    http://www.rfa.org/…/mosque-destroyed-in-myanmar-village-as…
    ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ အကြမ်းဖက်သမား လေးဆယ်ခန့် ၀င်ရောက်လာသည်ဟု ကောလာဟလ သတင်း ပေါ်ထွက်ခဲ့သည်။
    ၄) ဧရာဝတီတိုင်းဒေသကြီး
    ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆၁၈၄၈၂၉ ဦး နေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၅၆၉၉၆၆၅ ဦး ( ၉၂ ဒသမ ၁ ရာခိုင်နှုန်း )၊ ခရစ်ယာန်ဘာသာဝင် ၃၈၈၃၄၈ ဦး ( ၆ ရာခိုင်နှုန်း )၊ အစ္စလာမ်ဘာသာဝင် ၈၄၀၇၃ ဦး ( ၁ ဒသမ ၄ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၅၄၄၀ ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ) အသီးသီးနေထိုင်ကြသည်။
    ၅) ကရင်ပြည်နယ်
    ကရင်ပြည်နယ်တွင် လူဦးရေ ၁၅၀၄၃၂၆ ဦးနေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၁၂၇၁၇၆၆ ဦး ( ၈၄ ဒသမ ၅ ရာခိုင်နှုန်း )၊ ခရစ်ယာန်ဘာသာဝင် ၁၄၂၈၇၅ ဦး ( ၉ ဒသမ ၅ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၆၈၄၅၉ ဦး ( ၄ ဒသမ ၆ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၉၅၈၅ ဦး ( သုည ဒသမ ၆ ရာခိုင်နှုန်း) အသီးသီးနေထိုင်ကြသည်။
    ၂၀၁၆ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် မြိုင်ကြီးငူဆရာတော်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ဗလီကျောင်းဘေးတွင် ခွင့်ပြုချက်မဲ့ စေတီပုထိုး လာရောက် တည်ထားကိုးကွယ်မှုကို ပြုလုပ်ခဲ့သည်။
    ( Myanmar Monk builds pagodas in church and Muslim areas )
    http://www.channelnewsasia.com/…/myanmar-monk-…/2737768.html
    ၆) မွန်ပြည်နယ်
    မွန်ပြည်နယ်တွင် လူဦးရေ ၂၀၅၄၃၉၃ ဦးနေထိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် ၁၉၀၁၆၆၇ ဦး ( ၉၂ ဒသမ ၆ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၃၆၇၉၁ ဦး ( ၁ ဒသမ ၈ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၂၈၇၃၁ ဦး ( ၁ ဒသမ ၄ ရာခိုင်နှုန်း )၊ ဟိန္ဒူဘာသာဝင် ၉၇၉၁ ဦး ( သုည ဒသမ ၅ ရာခိုင်နှုန်း) အသီးသီးနေထိုင်ကြသည်။
    ၇) ရှမ်းပြည်နယ်
    ရှမ်းပြည်နယ်တွင် လူဦးရေ ၅၈၂၄၄၃၂ ဦးနေထိုင်ကြပြီး၊ ဗုဒ္ဓဘာသာဝင် ၄၇၅၅၈၃၄ ဦး ( ၈၁ ဒသမ ၇ ရာခိုင်နှုန်း)၊ ခရစ်ယာန်ဘာသာဝင် ၅၆၉၃၈၉ ဦး ( ၆ ဒသမ ၃ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ၈၄၀၇၃ ဦး ( ၁ ဒသမ ၄ ရာခိုင်နှုန်း)၊ ဟိန္ဒူဘာသာဝင် ၅၄၄၀ဦး ( သုည ဒသမ ၁ ရာခိုင်နှုန်း ) အသီးသီးနေထိုင်ကြသည်။
    ၂၀၁၃ခုနှစ်၊ မေလပိုင်းတွင် လားရှိုးမြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခဲ့ပါသည်။
    Burma Muslim – Buddhist clashed continue in Shan State
    http://www.bbc.com/news/world-asia-22697104
    May Yuya Paing facebook account ပိုင်ရှင်သည် မွတ်စလင်မုန်းတီးရေး အကောင့်ဖြစ်သည်။ May Yuya Paing facebook account သုံးစွဲသူ ၎င်းအမည်တူအကောင့် အနည်းဆုံးသုံးခုဖြင့် (
    https://web.facebook.com/daw.mayyu786 , https://web.facebook.com/mamamayyu.786,
    https://web.facebook.com/profile.php?id=100010617062742
    သုံးစွဲနေသည့် အကောင့်ဖြစ်သည်။ May Yuya Paing facebook account တွင် follower ပေါင်း ၁၄၃၃၈ ဦးခန့်ရှိသည်။ friend list ကိုမူ ဖော်ပြထားခြင်း မရှိပေ။ Page account မဟုတ်ဘဲ personal account သုံးခုဖြင့် မွတ်စလင်မုန်းတီးရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လုပ်ရပ်များကို ဝေဖန်ပုတ်ခတ်နေသည့် အကောင့်လည်းဖြစ်ပါသည်။
  • ဒီမိုကရေစီ ဂျာနယ် CEO နှင့် အယ်ဒီတာချူပ် ဦးဇေယျာမြတ်ခိုင်မှ အကြမ်းဖက်ရန် လှုံဆော်သည့် ဗီဒီယိုအား ထပ်ဆင့်ဖြန့်ဝေခဲ့
    ဒီမိုကရေစီ ဂျာနယ် CEO နှင့် အယ်ဒီတာချူပ် ဦးဇေယျာမြတ်ခိုင်မှ အကြမ်းဖက်ရန် လှုံဆော်သည့် ဗီဒီယိုအား ထပ်ဆင့်ဖြန့်ဝေခဲ့
    အောက်တိုဘာ ၊ ၁၄၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    2016_10_13_19-26-00
    သိုက်ဖွား အမည်ဖြင့် ဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဦး ဖြန့်ဝေထားသည့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်ထားသည့် စာသားများရေးသားထားသော ဗီဒိယို ပိုစ်တခုကို ဒီမိုကရေစီ ဂျာနယ် CEO နှင့် အယ်ဒီတာချူပ် ဦးဇေယျာမြတ်ခိုင်မှ ထပ်ဆင့်ဖြန့်ဝေခဲ့တာကို တွေ့ရှိရပါတယ်။
    ဦးဇေယျာမြတ်ခိုင်မှ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းတွေ အဆိုပါ ဖြန့်ဝေမှု ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအခါ ပြန်လည် ဖျက်သိမ်းသွားပြီဟု ယူဆရပါတယ်။
    မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်တွင် ယခု  ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အခွင့်ကောင်းယူ၍ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်သူများ၊ သွေးထိုး လှုံ့ဆော်ရန် ကြိုးပမ်းသူများ ကိုလည်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
    2016_10_14_21-29-15
  • မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    အောက်တိုဘာ ၄ ၊ ၂၀၁၆
    M-Media
    6-ma-ba-tha-posters_aung-myin-ye-zaw
    ယမန်နှစ် စက်တင်ဘာလအတွင်း မျိုးစောင့်ဥပဒေလေးရပ် အတည်ပြုခံရခြင်း အခမ်းအနား၌ မဘသအဖွဲ့မှ ခင်းကျင်းဆင်ယင်ထားသည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး ပိုစတာနှင့် ဓာတ်ပုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)
    မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် တော်လှန်ရေးမှာ အမှောင်ဖုံးလွှမ်းနေဆဲပင်။
    ဖေ့စ်ဘွတ်ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသည် ဆဲလ်ဖီဓာတ်ပုံများ၊ စတစ်ကာများ၏နောက်ကွယ်တွင် အမုန်းတရားအမုန်းစကားများ ပျိုးထောင်သန်စွမ်းရေးအတွက် အခင်းအကျင်းသစ်တစ်ခု ဖြစ်လို့နေသည်။
    အမုန်းစကားပြန့်ပွားမှု (တစ်နည်း) လူ့အခွင့်အရေးဆိုင်ရာအပိုဒ် ၁၉ ရည်ညွှန်းချက်ဖြစ်သည့် “နိုင်ငံသား၊ လူမျိုး၊ ကိုးကွယ်ရာဘာသာတရားအပေါ် အခြေခံသော အမုန်းရန်ငြိုးကို အားပေးအားမြှောက်ပြုခြင်း” ဟူသည် ဤနိုင်ငံထဲတွင် သမိုင်းနှင့်ချီ၍ ကြာမြင့်လာလေပြီ။
    ထို့ပြင် ဆယ်စုနှစ်များတစ်လျှောက် မီဒီယာကဏ္ဍမှာ အပြောင်းအလဲ ဖြစ်လာကြသော်လည်း စိတ်ကူးစိတ်သန်း အများစုမှာမူ ထူးမခြားနားသေးပေ။
    ၁၉၃၀ ခုနှစ်များမှ နာမည်ကြီးသီချင်းတစ်ပုဒ် ရှိ၏။ ၎င်း၌ အိန္ဒိယသားနှင့် မွတ်စ်လင်မ်တို့အပေါ် “ငါတို့၏အကျိုးစီးပွားကို ဖျက်ဆီးသူ၊ ငါတို့အမျိုးသမီးတို့ကို လူမျိုးရေးအရ ၀ါးမျိုးသူ” အဖြစ် အဆိုးမြင်သဘောဖြင့် စပ်ဆိုသီကုံးထားခဲ့သည်။
    ၁၉၉၆ ခုနှစ်အရောက်တွင်လက်ကမ်းစာစောင်တစ်ခု၌ “မြန်မာနိုင်ငံသားတို့ သတိပြုကြ။ မွတ်စလင်မ်တို့သည် မြေ၊ ငွေ၊ အမျိုးသမီးနှင့် အာဏာများကို တိတ်တဆိတ် ရယူခြင်းဖြင့် ဗုဒ္ဓဘာသာအား ဖျက်ဆီးကာ ၎င်းတို့၏ သာသနာကို ပြန့်ပွားအောင် ကြံဆောင်ကြိုးစားနေကြသည်” ဟူ၍ ပြင်းထန်စွာ ရေးသားထားကြောင်း တွေ့ရပြန်သည်။
    လတ်တလောသမယများမှာတော့ အမျိုးသားရေးဝါဒီဆိုသူများက စီဒီ၊ ဒီဗီဒီခွေများဖြင့် အလားတူ သွေးထိုးလှုံ့ဆော်သည့် သတင်းစကားတို့ကို ထည့်သွင်း၍ ကျေးလက်ဒေသအဆင့်ထိပင် ပုံဟန်အမျိုးမျိုးဖြင့် ဖြန့်ချိနေလျက်ရှိကြ၏။
    တစ်ချိန်တစ်ခါက ဤအခြင်းအရာမှာ အရင်းအမြစ်၊ လူအင်အား၊ ပထ၀ီဝင်အနေအထားများအရ အတိုင်းအတာတစ်ရပ်အထိ အကန့်အသတ် ရှိခဲ့သော်လည်း ယခုအခါမှာတော့ အင်တာနက်ဆက်သွယ်မှု ပေါ်ထွက်လာခြင်းက မကြုံစဖူးလောက်အောင် ကျယ်ပြန့်လာစေတော့သည်။
    ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းသုံးစွဲမှု တိုးတက်နှုန်းမှာ ၄ ရာခိုင်နှုန်းမျှသာရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ ယမန်နှစ်၌ ၆၃ ရာခိုင်နှုန်းအထိပင် ရောက်ရှိသွားကြောင်း ဆိုကြသည်။
    ရန်ကုန်မြို့အခြေစိုက် Amara Digital Marketing Agency ၏အဆိုအရ ဖေ့စ်ဘွတ်အသုံးပြုသူ အရေအတွက်မှာ တစ်နှစ်မပြည့်မီကာလအတွင်း နှစ်ဆမြင့်တက်ပြီး ၉.၇ သန်းအထိ များပြားလာခဲ့သည်။
    Telenor နှင့် MPT ၏ အခမဲ့အသုံးပြုနိုင်မှု အစီအစဉ်ကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူ အရေအတွက် ဤမျှအထိ မြင့်တက်လာရပေသည်။ ယင်းကွန်ရက်နှစ်ရပ်ပေါင်း၏ ပုံမှန်ငွေဖြည့်အသုံးပြုနေကြသူများမှာ ၃၆.၉ သန်း အနိမ့်ဆုံး ရှိနေ၏။
    ဤသို့ ရုတ်တရက် တအုံတကျင်း အသုံးပြုလာမှုသည် အများနှင့် ပုဂ္ဂလဆိုင်ရာ ဆွေးနွေးချက်တို့နှင့် ဒွန်တွဲဖြစ်တည်လာခြင်း မဟုတ်သောကြောင့် အကြောင်းအရာများအပေါ် ဝေဖန်ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများစွာတို့မှ စိုးရိမ်မိကြောင်း The Myanmar Times သို့ပြောကြားသည်။
    မြန်မာနိုင်ငံသည် မီဒီယာနှင့် သတင်းအချက်အလက်ပညာအပေါ် ခွဲခြားသိမြင်မှု အဆင့်နိမ့်ပါးနေသေးသည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ယူနက်စကို(မြန်မာ)ရုံး၏ အဆိုအရ သိရသည်။
    လူပေါင်းများစွာတို့သည် စူးစမ်းသော (၀ါ) ခွဲခြမ်းစိပ်ဖြာသော အမြင် မရှိဘဲ မြင်မြင်သမျှ အဟုတ်အမှန်ဟု ယုံကြည်နေတတ်သည်ကို ဤအချက်က ညွှန်းဆိုပြသနေသည်။
    “(အသုံးပြုသူအချို့က) ဘယ်ဟာက အဖြစ်မှန်၊ ဘယ်ဟာက လုပ်ကြံဖန်တီးချက် ဆိုတာကို ဝေဖန်ပိုင်းခြားမှု မလုပ်တတ်ကြဘူး” ဟု NGO ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
    အမျိုးသားရေးဝါဒီများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အွန်လိုင်းကျင့်ဝတ်ချိုးဖောက်၍ လူနည်းစုဝင်များအား သွေးခွဲချိုးနှိမ်နှိမ့်ချခြင်း၊ အကြမ်းဖက်မှုဖြစ်ပေါ်အောင် အွန်လိုင်းပေါ်မှတွန်းအားပေးခြင်း စသည်တို့ကို လုပ်ဆောင်နေကြကြောင်း အမုန်းစကားစောင့်ကြည့်ရေး အဖွဲ့အစည်းအသီးသီးက The Myanmar Times သို့ ပြောပြကြ၏။
    စောင့်ကြည့်လေ့လာရေးအဖွဲ့များက ဘာသာရေးနှင့် လူမျိုးရေးဆန့်ကျင်ခွဲခြားခြင်းကို အတုအယောင်လုပ်ကြံသတင်းများနှင့် သိမှတ်ဖွယ်အသွင်ဆောင်အချက်အလက်ပို့စ်များအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှ လမ်းကြောင်းဖော်လျက်ရှိသည်ဟု ဖွင့်ချအသိပေးခဲ့ကြသည်။
    “အွန်လိုင်းပေါ်က အမုန်းစကားရဲ့ တာသွားမှုကို တစ်ယူသန်အစွန်းရောက်တွေက ကောင်းကောင်း သိနေကြပြီး ဒါကိုပဲ ထပ်ခါတလဲလဲ အသုံးချနေကြပါတယ်။ သတင်းအတုအယောင်တွေ၊ မုသားအချက်အလက်တွေအပေါ် like ပေး၊ comment ရေး၊ share လုပ်တဲ့အရေအတွက်ဟာ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်ရှင်” ဟု PEN Myanmar Center ပညာပေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာ မဇာခြည်ဦးက ပြောဆိုလိုက်ပါသည်။
    ×××××××××××××××
    မြင့်မိုရ်မောင်မောင်
    The Myanmar Times မှ Nick Baker ၏ How social media became Myanmar’s hate speech megaphone ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • အမုန်းစကား ပြောဆို၊ ရေးသားသူတွေကို ထောင်(၃)နှစ်ချမယ့် ဥပဒေ လာတော့မယ်
    အမုန်းစကား ပြောဆို၊ ရေးသားသူတွေကို ထောင်(၃)နှစ်ချမယ့် ဥပဒေ လာတော့မယ်
    panzagar
    နေပြည်တော်(စက်တင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနှင့် လူထုဆက်သွယ်ရေးနည်းလမ်းမှ တဆင့် ပြုလုပ်ဆောင်ရွက်မှုများ အား ထောင်ဒဏ်(၃)နှစ်ထိ ကျခံစေရမည်ဟူ၍ ရေးဆွဲထားသော ဥပဒေကြမ်းတစ်ခု လွှတ်တော်သို့ မကြာခင် တင်သွင်းရန် ရှိနေသည်။
    .
    “အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေ” ဟူ၍ အမည်ပေးထားသည့် ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ တို့က ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းအား ဥပဒေအဖြစ်ပြဌာန်းပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။
    .
    လက်ရှိတွင်မူ ဥပဒေမူကြမ်းအား  ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပြောင်းလဲ၊ ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်ဟူသည့် အကြံပြုချက်များပြီးပါက သမ္မတရုံးသို့ပေးပို့ပြီးနောက် လွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက မဇ္ဈိမကို ပြောသည်။
    .
    ဥပဒေကြမ်း၏ တားမြစ်ချက်ပါ ပုဒ်မ(၉)တွင် “မည်သူမျှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းမှတဆင့် ပြုလုပ်ဆောင်ရွက်ခြင်းမပြုရ” ဟူ၍ ထည့်သွင်းရေးဆွဲပြီး ဖောက်ဖျက်ပါက အများဆုံးထောင်ဒဏ်(၃)နှစ် ကျခံရမည်ဖြစ်သည်။
    .
    “အဲ့ဒီပုဒ်မ(၉)ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ်(၆)လမှ အများဆုံး(၃)နှစ်အထိ ကျခံစေရမည်ဆိုပြီး ရေးဆွဲထားပါတယ်။  ပြစ်မှု၊ ပြစ်ဒဏ်တွေက လွှတ်တော်မှာ ပြင်ချင်လည်း ပြင်ဦးမှာပေါ့။ အတည်တော့ယူလို့မရသေးဘူးပေါ့” ဟု ဦးဇာနည်ဝင်းက ပြောသည်။
    .
    လူမျိုး၊ ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းပွားစေသည့် လှုံ့ဆော်၊ ပြောကြားမှုများကို ဥပဒေဖြင့်ကာကွယ်မည့်အပေါ် Equality Myanmar(ညီမျှခြင်းမြန်မာ) မှ ဒါရိုတာဖြစ်သူ ဦးအောင်မျိုးမင်းက ကြိုဆိုလိုက်ပြီး “တစ်ဖက်မှာလည်း ဒီလိုမျိုးပြဌာန်းခြင်းကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်ဖို့က လိုအပ်တယ်။ တိတိကျကျ မသတ်မှတ်ထားရင် လိုသလိုတွေးပြီးတော့ လိုသလိုဆွဲတာလည်း ဖြစ်လာနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
    .
    ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဖေသန်းကမူ “အမုန်းစကား” ဟူသည့် ဝေါဟာရအပေါ် တိတိကျကျအဓိပ္ပာယ်ဖွင့်ဆိုသင့်သည်ဟု ဆိုသည်။
    .
    “အဓိကတော့ အမုန်းစကားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ လိုတာပေါ့။ အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက် မပြည့်စုံရင် ရလဒ်တွေလွဲသွားနိုင်တယ်။ ဆိုပါတော့ဗျာ။ ဦးဖြိုးမင်းသိန်းက မဘသ(အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) မလိုဘူးလို့ပြောလိုက်တာကို အမုန်းစကားလို့ပြောလို့ မရဘူးလား။ ဒါလည်း အဖွဲ့တစ်ဖွဲ့ကို ထိခိုက်စေတယ်လေ။ အဲ့ဒါမျိုးဆိုရင်တော့ တော်တော့ကို အဓိပ္ပာယ်ဖွင့်ရ ခက်လိမ့်မယ်” ဟု ဦးဖေသန်းက ပြောသည်။
    .
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    http://mizzimaburmese.com/article/17792