News @ M-Media

Tag: InDepth

  • ဒုစရိုက် ဂိုဏ်းစတား ဘ၀မှသည် အစ္စလာမ့် ရပ်ဝန်းသို့

    ဒုစရိုက် ဂိုဏ်းစတား ဘ၀မှသည် အစ္စလာမ့် ရပ်ဝန်းသို့

    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media

    d2ba8530c8b1461bac1d72c44b86b992_18

    တောင်အာဖရိက၊ ကိပ်တောင်းမြို့ ဟာနိုဗာပန်းခြံရပ်ကွက် Hanover Park တွင် အစ္စလာမ့်စည်းဝိုင်းထဲ ၀င်ရောက်လာသူ ဒုစရိုက်ဂိုဏ်းသားဟောင်းတို့မှ လူငယ်များအား အကြမ်းဖက်စက်ကွင်း လွတ်မြောက်ရေး သင်ပြပေးနေကြသည်။

    အဗ်ဒူရာ့ဂ်မာန်း အဘီသည် သူ့အင်္ကျီလက်မောင်းသားများကို ဆွဲလှန်ပြီး သူ၏တက်တူးနေရာ တစ်လျှောက်မှ သေနတ်ဒဏ်ရာ အမာရွတ်များအား ပြသလိုက်၏။ ၎င်းမှာ ဆယ်စုနှစ်တစ်ခုစာမက ကိပ်တောင်းမြို့၌ Backstreets Kids – BSK လူမိုက်ဂိုဏ်သား ဘ၀အတွင်း ကျင်လည်စဉ် ရရှိခဲ့သော အမှတ်အသားများ ဖြစ်ကြသည်။

    “ဒီလက်မောင်းမှာ နှစ်ကြိမ်၊ ခြေထောက်မှာနှစ်ကြိမ် သေနတ်နဲ့ပစ်ခံခဲ့ရတယ်” ဟု အလ်ဂျဇီးရားသို့ ပြောပြသည်။ တဆက်တည်း “သေမင်းခံတွင်းက လက်မတင်လေး လွတ်မြောက်ခဲ့ဖူးတယ်” ဟု သူလည်မျိုအောက်က ဓားဒဏ်ရာကိုပြသရင်း ထိုဇာတ်လမ်းကို နောင်တရစွာဖြင့် ရယ်မောပြောပြလေသည်။

    အဘီနှင့် နောက်ထပ် Backstreets Kids ဂိုဏ်းသားတစ်ဦး လူသတ်တရားခံဖြစ်ဖူးသူ ကီယမ်ဖရေးတို့သည် ယခုအခါတွင် Hanover Park ၏အပစ်အခတ် ပပျောက်ရေး အစီအစဉ်အတွက် လူထု ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရသည်။ ထိုအစီအစဉ်တွင် ဒုစရိုက်ဂိုဏ်းသားဟောင်း ၁၀ ဦးကို အကြမ်းဖက်ကာကွယ်ရေးစံပြ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ထားပြီး၊ ပဋိပက္ခများတွင် ထောက်လှမ်းကြားဝင်ပေးခြင်းဖြင့် လည်းကောင်း၊ လူတစ်ဦးချင်းပေါ်သက်ရောက်နိုင်သည့် အန္တရာယ်ကို ဖော်ထုတ်ဖြေရှင်းခြင်းဖြင့် လည်းကောင်း၊ လူထု၏စံလွဲမှုကို ပြောင်းလဲ တည့်မတ်ပေးခြင်းဖြင့် လည်းကောင်း လူ့အဖွဲ့အစည်း အတွင်း အကြမ်းဖက်မှု မပြန့်ပွားအောင် ဆောင်ရွက်နေကြသည်။

    အဘီနှင့် ဖရေးတို့သည် မွတ်စ်လင်မ်များဖြစ်ကြသည်။ မိမိတို့၏ ယုံကြည်ချက်က ဒုစရိုက်ဂိုဏ်းသားဘ၀မှ ကျောခိုင်းထွက်ခွာရန် သြဇာညောင်းကူညီပေးခဲ့ကြောင်း သူတို့က ဆိုသည်။

    “လူသတ်မှုနဲ့ ထောင်ဒဏ် ၉ နှစ်ကျပြီး လွတ်မြောက်လာတဲ့နောက် အရာရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ပစ်သတ်ခံရတယ်။ မိတ်ဆွေ အများအပြား ဆုံးရှုံးသွားခဲ့တယ်။ ကျွန်တော့်ဘ၀ကို ဘာသာတရားအခြေပြု ပြောင်းလဲလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖရေးက ပြောပြသည်။

    6683508f5cf545108b3f18cee1ecd0bf_18

    အဘီမှာမူ ထောင်နန်းစံခဲ့ဖူးသော်လည်း သူ၏ ဘ၀အလှည့်အပြောင်းမှာ မွတ်စ်လင်မ်ဖြစ်သော သူ့ဇနီးနှင့် တွေ့ဆုံအိမ်ထောင်ကျသည့် အခါမှ ဖြစ်လာသည်။ မွတ်စ်လင်မ်ဖြစ်ခြင်းက သူ့အား လူမိုက်ဂိုဏ်းသား လောကမှ အပြီးအပိုင်စွန့်ခွာကျောခိုင်းရန် ယုံကြည်ချက် စနစ်တစ်ရပ်ကို ပေးစွမ်းခဲ့သည်။

    ယခုအခါ သူတို့နှစ်ဦးစလုံး အစ္စလာမ့် လမ်းစဉ်ဖြင့် ဒုစရိုက်ဂိုဏ်း အကြမ်းဖက် ကာကွယ်မှု တားဆီး ကာကွယ်ရေးကို ဆောင်ရွက်လျက် ရှိပေသည်။ သူတို့မှာ လူထုကိုယ်စားများဖြစ်သည်နှင့်အညီ အကြမ်းဖက်မှုဆိုင်ရာကြားဝင်စေ့စပ်ရေး၌ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့် ထိန်းကျောင်း ခံရပြီးဖြစ်သည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် ထိုအရေးအတွက် ဟောပြောရာတွင် ကိုယ်ပိုင်နည်းလမ်းများကိုယ်စီ အသုံးပြုကြ၏။ ဒုစရိုက်ဂိုဏ်းသားဘ၀၏ ကိုယ်ပိုင်အတွေ့အကြုံများအပေါ် သင်ခန်းစာချပြခြင်း၊ သို့မဟုတ် ဂိုဏ်းစတားလမ်းစဉ်၌ပါဝင်ပတ်သက်နေသော လူငယ်များထံ မိမိတို့၏အယူဝါဒဖြန့်ချိခြင်း ကဲ့သို့ ဖြစ်ကြသည်။

    Hanover Park ရပ်ဝန်းအတွင်းနေထိုင်ကြသူများသည် မွတ်စ်လင်မ်နှင့် ခရစ်ယာန် ထက်ဝက်စီ ဖြစ်နေကြသည်။

    First Community Resource Centre တည်ထောင်သူ ခရစ်ယာန်ဘုန်းတော်ကြီး Craven Engel က “မွတ်စ်လင်မ်အသိုင်းအ၀ိုင်းဆီကို ကြားဝင်ဆက်သွယ်ဆောင်ရွက်ပေးမယ့်လူတစ်ဦးနဲ့ လက်တွဲဖို့ ကျွန်တော်တို့ အသိဝင်ရပါတယ်။ ဒါဟာ လူမိုက်ဂိုဏ်းထဲရောက်နှင့်နေပြီး အန္တရာယ်ပေးနိုင်ခြေရှိတဲ့ မွတ်စ်လင်မ်နဲ့ ဆက်ဆံရာမှာ ယုံကြည်စိတ်ချမှုကို ရရှိစေပါတယ်” ဟူ၍ ပြောကြားသည်။

    faecf5fa4fad4728b8db1efab4717330_18

    ခရစ်ယာန်များကိုမူ လမ်းညွှန်အတိုင်းသာ ပြောဆိုဆွေးနွေးကြောင်း အဘီက ပြောပြသည်။
    ကိပ်တောင်းမြို့လယ်မှ မိနစ် ၂၀ ကားမောင်းသွားလျှင် Hanover Park အရပ်သို့ရောက်သည်။ Cape Flats ဟုလူသိများသော ဆင်းရဲနွမ်းပါး၍ လျစ်လျူရှုခံ လူ့အဖွဲ့အစည်းများ၏ ရောယှက်နေထိုင်ရာဒေသဖြစ်သည်။ ထိုသို့သော လူ့အသိုင်းအ၀ိုင်းများ၏ နေ့စဉ်ဘ၀ထဲ၌ ဒုစရိုက်ဂိုဏ်းများနှင့် အကြမ်းဖက်မှုများက ပါဝင်နစ်မြုပ်လျက်ရှိကြသည်။

    အသက် ၁၂ မှ ၁၅ နှစ်ကြားရှိ ၉၃.၁ ရာခိုင်နှုန်းလူဦးရေထဲတွင် အမျိုးအစားတစ်ခုထက် ပိုလွန်သော အကြမ်းဖက်စရိုက် လက္ခဏာများ ပေါ်လွင်နေသည်ဟု Hanover Park မှ မြီးကောင်ပေါက်လူငယ်များထံ ကောက်ယူထားသည့် လတ်တလောစစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။

    ထိုသို့သောလူ့အဖွဲ့အစည်းဝင် လူငယ်တို့သည် ငွေကြေးချို့တဲ့မှု၊ အလုပ်အကိုင်ရှားပါးမှု အနေအထားအရ အိမ်တွင်းရေးပြဿနာများကြောင့် ပလက်ဖောင်း မင်းသား ဘ၀သို့ဖြစ်စေ၊ အကာအကွယ်ရှိရေး သို့မဟုတ် လူလေးစားခံရရေးအတွက် လူမိုက်ဂိုဏ်းထဲ သို့ဖြစ်စေ ရောက်သွားလေ့ရှိသည်။

    ဤအခြေအနေ၏ရလဒ်များပေါ်မူတည်၍ ကိပ်တောင်းအာဏာပိုင်များက အနောက်ပိုင်းကိပ်တောင်းပြည်နယ်အတွင်း ဒုစရိုက်ဂိုဏ်းပေါင်း ၁၀၀ မှ ၁၂၀ အထိ၊ အဖွဲ့သားများမှာ ၈ သောင်းမှ တစ်သိန်းအထိ ရှိနေမည်ဟု ခန့်မှန်းထားကြသည်။

    အဆိုပါဒေသများအတွင်း နိုင်ငံတကာဘာသာရေးလှုပ်ရှားမှုများနှင့် ဂိုဏ်းအုပ်စုဖြစ်ပေါ်မှုများအကြားရှိ အစွန်းရောက်မှုကို အဘီက ချိတ်ဆက်ဖော်ပြခဲ့သည်။

    “လူတွေက ဘာကြောင့် အစွန်းရောက်ကုန်သလဲ ဆိုတာ ခင်ဗျားတို့ သိပါသလား။ ဖိနှိပ်ခံရခြင်းနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်တယ်။ လူဆိုးဂိုဏ်းတွေနဲ့ပတ်သက်ရင်လည်း အလားတူနီးနီးပါပဲ။ အိမ်ထဲမှာ နေရာမရဘူး၊ အလုပ်အကိုင် မရှိဘူးဆိုရင် သူဟာ အစွန်းရောက်အောင် တွန်းပို့ခံရတော့တာပါပဲ”။

    ထိုအနေအထားမှစတင်၍ အသက် ၁၀ နှစ်မျှသာရှိသော လူငယ်တို့သည် ဂိုဏ်းသားသွတ်သွင်းခြင်း၏ပစ်မှတ်များ ဖြစ်ရသည်။ ငွေ၊ အ၀တ်အထည်၊ မူးယစ်ဆေး တို့ဖြင့် လူမိုက်ဂိုဏ်းထဲဝင်ရောက်စေရန် သွေးဆောင်ခံရတော့သည်။

    “ကျွန်တော် သူတို့ကို အပစ်အခတ်ပပျောက်ချုပ်ငြိမ်းရေးလမ်းညွှန်တွေပေးတယ်။ အဲ့ဒီနောက်မှာမှ ကျွန်တော့်ဘာသာတရားယုံကြည်ချက်ကို တင်ပြပါတယ်။ သူတို့ကို လူကို လူလိုနားလည်တတ်ကြလို့ပါပဲ” ဟု ဘာသာရေးသွန်သင်မှုနှင့်တွဲ၍ ဂိုဏ်းဝင်များနှင့် လက်တွဲလုပ်ဆောင်ပုံကို သူက ရှင်းပြသည်။

    ပစ်ခတ်သတ်ဖြတ်မှုကင်းပျောက်ရေးအစီအမံ၏ ဂိုဏ်းအုပ်စုပြဿနာများ ဖြေရှင်းမှုသည် ကျားမလူငယ်များအား ဂိုဏ်းဝင်များဘ၀မှ  နှုတ်ထွက်အောင်လည်း လမ်းကြောင်းပေးပါသည်။

    817dd15e27444360b13ba7f661a2ef28_18

    လက်ရှိတွင် ၆ ပတ်တာ ပြန်လည်ထူထောင်ရေးစခန်းထဲရောက်နေသော အသက် ၃၁ နှစ်အရွယ် မွတ်စ်လင်မ်ဖြစ်သူ သဆီးရ်ကယ်လီ Tathir Kelly က သူ့ဘ၀အား ပြန်ပြောင်းတွေးလျက် “ကျွန်တော်ဟာ တကယ့်ပြဿနာကောင် ဖြစ်ခဲ့တယ်” ဟု ၀န်ခံခဲ့သည်။

    လူသတ်ရန်ကြိုတင်ကြံစည်မှု ၁၄ မှုစွဲချက်ဖြင့် လေးနှစ်ထောင်ဒဏ်ကျခံခဲ့သည့် Terrible Westsiders ဂိုဏ်းသားဟောင်း ကယ်လီမှာ ယခုအခါ ထိုအမှုမျိုးကို အပြီးအပိုင် ကျောခိုင်းစွန့်လွှတ်လိုက်ပြီဖြစ်သည်။

    မိမိ၏ဗီဇဆိုးအပေါ် အစ္စလာမ်က အကောင်းမြင်ဝါဒဖြင့် သြဇာလွှမ်းမိုးသွားကြောင်း ကယ်လီက သူ၏အားလပ်ရက်များတွင် လိုက်လံရှင်းပြသည်။
    “အစ္စလာမ်က ကျွန်တော့် နှလုံးသားထဲ ရောက်ခဲ့ပါပြီ။ တကယ်လို့ ကျွန်တော့်မှာ သေနတ်တစ်လက်ရှိနေပြီး ရန်သူကို ဆုံတွေ့ရင်လည်း သူ့ကို လွှတ်လိုက်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပစ်လိုက်ရင် အကြီးစားမကောင်းမှုတစ်ရပ်ကို ကျူးလွန်မိမှာမို့လို့ဖြစ်ပါတယ်။ ဂိုဏ်းစတားတစ်ဦးဆိုတဲ့ အတွေးမျိုး ကျွန်တော် လုံးဝ မစဉ်းစားတော့သလို သေနတ်ကိုကောက်ကိုင်တာမျိုးလည်း လုံးဝ လုပ်တော့မှာ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ပြန်လည်ထူထောင်ရေးစခန်းသွင်းအစီအစဉ်ဟာ ရမဿွာန်လ ပထမရက်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဥပုသ်ထွက်ပြီးရင်တော့ ကျွန်တော်ဟာ ပြောင်းလဲသွားပြီဖြစ်ပြီး အဲ့ဒီအပြောင်းအလဲအတိုင်း ဘ၀ရပ်တည်သွားတော့မှာပါ”။

    သို့တစေ ဂိုဏ်းစတား ဘ၀အား စွန့်လွှတ်ကျောခိုင်းခြင်းဟူသည် ထင်သလောက် မလွယ်ကူလှပါ။

    “ဂိုဏ်းတွေရဲ့အစဉ်အလာအရ ဘာသာရေးလို ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ နှုတ်ထွက်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော့် သာသနာက ကျွန်တော့် အတွက် အုတ်မြစ်ကြီး ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဂိုဏ်းက ခွာထွက်နိုင်တဲ့အကြောင်း ဖြစ်ပါတယ်” ဟု ကယ်လီက ပြောပါသည်။

    အလုပ်အကိုင်အခွင့်အလမ်းရှားပါးလွန်းသည့် လူမှုအသိုင်းအ၀ိုင်းတွင် သာသနာရေးသည် မရှိသလောက်နည်းပါးလှသည့် လူမှုအရင်းအမြစ်များ အနက် အပါအ၀င် တစ်ခုလည်း ဖြစ်သည်။ ဤအကြောင်းရပ်နှင့်စပ်လျဉ်း၍ အစ္စလာမ်က ဂိုဏ်းသားဘ၀ပြင်ပတွင် ယုံကြည်ချက်စနစ်တစ်ရပ်ကိုသာမက အသိုင်းအ၀ိုင်းနှင့်ကိုယ်ပိုင်လက္ခဏာကိုလည်း ပေးစွမ်းလျက်ရှိသည်။

    ဘာသာရေး၏အရေးပါမှု အထူးသဖြင့် အစ္စလာမ်သာသနာသည် အကြမ်းဖက်မှုကို ထိထိရောက်ရောက်ဟန့်တားနိုင်ကြောင်း အပစ်အခတ်ကင်းစင်ရေးဆိုင်ရာစာရင်းညွှန်းကိန်းများက ထပ်မံ သုံးသပ်ထားသည်။

    “သောကြာနေ့ဟာ မွတ်စ်လင်မ်တွေအတွက် ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ဟာ ဘာသာရေးနေ့(သောကြာ)အတွက် စတင်ပြင်ဆင်မှုအဖြစ် လက်ခံထားကြတယ်။ လက်တွေ့အားဖြင့် ဒီနှစ်ရက်မှာ ဘာမှပစ်ခတ်မှုမရှိကြောင်း တွေ့နေရပါတယ်” ဟု ဘုန်းတော်ကြီး Engel က ဆိုပါသည်။

    ယုံကြည်ချက်စွမ်းအားဝတ်ရုံ၊ ပစ်ခတ်မှုကင်းစင်ရေးသင်တန်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့် အဘီနှင့် ဖရေးတို့မှ Hanover Park ဂိုဏ်း(အုပ်စုဖွဲ့)အကြမ်းဖက်ခြင်းများ လျော့ကျအောင် ဆောင်ရွက်နေကြသည်။ ကယ်လီလိုမျိုး မိမိတို့၏လူနေမှုဘ၀ အလှည့်အပြောင်းဖြစ်လာအောင် လူငယ်များကို ယင်းသို့ကူညီခြင်းအားဖြင့် ၎င်းတို့၏လူမှုအသိုင်းအ၀န်းတွင် အပြောင်းအလဲဖြစ်လာမည်ဟု သူတို့မျှော်လင့်ထားကြသည်။

    “ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို လူအဖြစ် ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့်ပါပဲ” ဟု အဘီက ဆိုသလို၊ ဖရေးကလည်း မွတ်စ်လင်မ်တို့၏ယုံကြည်ချက်သည် ယင်းသို့အသွင်ကူးပြောင်းမှု၌ အခြေခံကျသည့်အခန်းကဏ္ဍတစ်ရပ်ထဲ ရှိနေကြောင်း အောက်ပါအတိုင်း ပြောပါသည်။

    “အစ္စလာမ်(စနစ်)ဟာ လူ့အဖွဲ့အစည်း(အားလုံး)အတွက် အကောင်းဆုံးစံနမူနာဖြစ်ပါတယ်။ ဒီ(လမ်းစဉ်)ကို နည်းမှန်လမ်းမှန်ကျင့်သုံးမယ်၊ ယုံကြည်မယ်ဆိုရင် အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သန့်စင်တဲ့ နှလုံးသား၊ အတွေးအမြင်နဲ့ဆိုရင် အပြောင်းအလဲလုပ်နိုင်တယ်ဆိုတဲ့အပေါ် ယုံကြည်ထားရပါလိမ့်မယ်”။

    xxxxxxxxxxxxxxxxxxxxxxxx

    မူရင်း – Dariusz Dziewanski ၏ South Africa: Escaping gangland through Islam ဆောင်းပါး (Al Jazeera)
    ဘာသာပြန် – သြရသ ရေချမ်း

  • စနစ်တကျ ဖိနှိပ်မှုများအောက်မှ ၀မ်းတစ်ထွာကို ဖြေရှင်းနေရသည့် ဂါဇာမှ ငါးဖမ်းလုပ်သားများ

    စနစ်တကျ ဖိနှိပ်မှုများအောက်မှ ၀မ်းတစ်ထွာကို ဖြေရှင်းနေရသည့် ဂါဇာမှ ငါးဖမ်းလုပ်သားများ

    မတ် ၁၇ ၊ ၂၀၁၅
    M-Media
    150310063729681768_8
    -အဘူ မိုဟာမက် အလ်-ဟစ်စီတစ်ယောက် ၎င်း၏ ဘ၀တစ်သက်တာကို ငါးဖမ်းလှေများပေါ်တွင် ကုန်ဆုံးခဲ့ပြီး  နောက်ဆုံးတွင် ဂါဇာအခြေစိုက် ပါလက်စတိုင်း ငါးဖမ်းလုပ်သားများအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

    အစ္စရေးနှင့် အီဂျစ်တို့၏ ဂါဇာအား ၈ နှစ်ကြာပိတ်ဆို့ထားမှုကြောင့် ပါလက်စတိုင်း ငါးဖမ်းသမားများအနေဖြင့် သင့်တော်သည့်လူမှုဘ၀ကို မရရှိနိုင်တော့ဟု အသက် ၇၀ အရွယ် ဟစ်စီက ဆိုသည်။

    “ဒီအလုပ်က မိသားစုအတွက် လုံလောက်အောင် မထောက်ပံ့နိုင်ပါဘူး”

    ငါးများများ ဖမ်းရသည်ဖြစ်စေ၊ မဖမ်းရသည်ဖြစ်စေ ငါးဖမ်းလှေအား တစ်နေ့တာ အသုံးပြုရန်အတွက် လောင်စာဆီ လီတာ ၈၀၀ လိုအပ်သည်။

    “အဲဒီအတွက် ငါးဖမ်းသမားတွေဟာ ရှက်ကဲလ်ငွေ ၄၂၀၀ (ကန်ဒေါ်လာ ၁၀၈၀) လောက် သုံးရပါတယ်။ တစ်ခါတစ်လေကျရင် သူတို့ဟာ ဒီကုန်ကျစားရိတ်ကို ကာမိအောင်တောင် ငါးမရပါဘူး” ဟု ဟစ်စီက ဖွင့်ဟခဲ့သည်။

    အစ္စရေးက ဂါဇာဒေသအား ၅၁ ရက်ကြာ တိုက်ခိုက်မှုကို အဆုံးသတ်သွားစေသည့် သြဂုတ်လ ၂၆ ရက်နေ့ အပစ်ရပ်ရေး သဘောတူညီချက်တွင် ငါးဖမ်းဇုန်ကို ရေမိုင် ၆ မိုင်အဖြစ် ပေးသွားမည်ဟု အစ္စရေးက သဘောတူညီခဲ့သော်လည်း ငါးဖမ်းလုပ်သားများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးမှာ ထိုသဘောတူညီချက်ကို ပုံမှန်လိုလို ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

    အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ငါးဖမ်းလုပ်သားများအား ခွဲဝေပေးသော နေရာပမာဏကို ဂါဇာသို့ ဦးတည်သည့် လက်နက်ပို့ဆောင်ခြင်းကဲ့သို့ လုံခြုံရေးခြိမ်းခြောက်မှုဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ပြီးခဲ့တဲ့ သီတင်းပတ်က ဟားမက်စ်တွေ ဒုံးကျည်တည်ဆောက်နိုင်စေမယ့် ပစ္စည်းတွေ ဂါဇာကို ဦးတည်ပေးပို့မှုကို တားဆီးလိုက်တယ်လို့ ကျွန်တော်တို့ ကြေငြာခဲ့ပါတယ်။ ရေတပ်က ပိတ်ဆို့တားဆီးမှုဟာ တရားဝင်ပြီး အစ္စရေးရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    150310063732994952_8

    သို့သော်လည်း ၁၉၉၃ ခုနှစ်က အော်စလိုတွင် အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များအကြား လက်မှတ်ရေးထိုးခဲ့သော အော်စလိုသဘောတူညီချက်အရ ငါးဖမ်းလုပ်သားများကို အနည်းဆုံး ရေမိုင် ၂၀ ခန့် ခွဲဝေပေးရမည်ဟု ပါရှိသည်။ အစ္စရေးအာဏာပိုင်များမှာ မကြာသေးမီနှစ်များအတွင်း ငါးဖမ်းဇုန်၏ အကျယ်အ၀န်းကို ချုံ့ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့်နှစ် ဂါဇာကမ်းမြှောင်အား တိုက်ခိုက်ပြီးနောက်တွင်ဖြစ်သည်ဟု အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’Tselem ၏ ဒါရိုက်တာဖြစ်သူ ဆာရစ်မီခေလီက ပြောကြားခဲ့သည်။

    “အရေးကြီးဆုံး သက်ရောက်မှုက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သက်တာပါ။ တကယ်လို့ အစ္စရေးက တစ်ဖက်မှာ ဒါဟာ လုံခြုံရေး အန္တရာယ်လို့ပြောရင် (ငါးဖမ်းလုပ်သားတွေကို) အခြားရွေးချယ်မှုတစ်ခုတော့ ပေးရပါမယ်” ဟု မီခေလီက ဆိုသည်။

    ဂါဇာမှ ငါးဖမ်းလုပ်သားများမှာ ယခင်က အိမ်နီးချင်းနိုင်ငံများသို့ သွားလာ ရောင်းချနိုင်ခဲ့သည်။ သို့သော် ယနေ့အချိန်တွင်တော့ ထိုကဲ့သို့ မဟုတ်တော့။

    150310063731353323_8

    “ငါးဖမ်းသမားတွေဟာ အီဂျစ်၊ လစ်ဗျား၊ လက်ဘနွန်နိုင်ငံတွေကို အရင်က သွားနိုင်ပါတယ်။ အခုအချိန်မှာတော့ မသွားနိုင်တော့ပါဘူး။ ဂါဇာအကျဉ်းထောင်ထဲမှာတောင် ငါးဖမ်းလုပ်သားတွေ ရှိပါတယ်။ ကျွန်တော်တို့ လုပ်သမျှအရာတိုင်းကို အစ္စရေးက ကန့်သတ်ချုပ်ချယ်ထားပါတယ်။ ကျွန်တော်တို့ တောင်ဘက်မှာ အလုပ်လုပ်နေတဲ့အခါ အီဂျစ်ကလည်း ကျွန်တော်တို့ကို ပိုလို့တောင် ခြိမ်းခြောက်ပါတယ်” ဟု အလ်-ဟစ်စီက ပြောကြားခဲ့သည်။

    အသက် ၅၁ နှစ်အရွယ်ရှိပြီး ငါးဖမ်းလှေပိုင်ရှင်ဖြစ်သူ ခါမစ် အဘူ ဆက်ဒက်က ငါးဖမ်းလုပ်သားများမှာ ရေမိုင် ၆ မိုင် အစွန်းသို့ ကပ်သွားလျှင် အစ္စရေးရေတပ်က မကြာခဏ ဖမ်းဆီးပြီး အချို့ကို အမြောက်များ၊ သေနတ်များဖြင့် ပစ်ခတ်သည်ဟု ပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် တစ်ကြိမ် အဖမ်းခံခဲ့ရပါတယ်။ သူတို့ အက်ရှ်ဒေါ့ (အစ္စရေးတောင်ဘက်ပိုင်းမြို့) ကို ခေါ်သွားပြီး ကျွန်တော့်ကို စစ်လားဆေးလား လုပ်ပါတယ်။ ကျွန်တော့်ရဲ့ ငါးဖမ်းလှေကို ၆ လလောက်ဖမ်းထားပြီးမှ ပြန်ပေးပါတယ်” ဟု ဆက်ဒက်က ဆိုသည်။

    ငါးဖမ်းလုပ်သားများတွင် မိသားစုဝန်ထုပ်ဝန်ပိုးကြီးများကို ထမ်းထားရသူများရှိပြီး အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရလေသည်။

    “ပါလက်စတိုင်းက ငါးဖမ်းလုပ်သားတွေကလည်း ကမ္ဘာ့ရဲ့ အခြားနေရာက ငါးဖမ်းလုပ်သားတွေလိုပဲဆိုတာကို ကမ္ဘာကြီးက နားလည်ရပါမယ်။ ကျွန်တော့်မှာ ကလေး ၈ ယောက်ရှိပြီး ၃ ယောက်က တက္ကသိုလ်တက်နေပါတယ်။ ကျွန်တော် သူတို့အတွက် ထောက်ပံ့ရပြီး ဒီငါးဖမ်းအလုပ်ဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အလုပ်ပါပဲ” ဟု ဆက်ဒက်က ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီ အစ္စရေးက ဂါဇာအား တိုက်ခိုက်ခြင်းမပြုခင်က အစ္စရေးရေတပ်မှာ ငါးဖမ်းခွင့်ပေးထားသည့် ရေမိုင် ၆ မိုင်အတွင်း ပါလက်စတိုင်းများအား ပစ်ခတ်မှုပေါင်း အနည်းဆုံး ၁၇၇ ကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံးတွင် ပစ်ခတ်ခဲ့သည့် ပမာဏနီးပါးရှိနေသည်ဟု Oxfam လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် ဇန်န၀ါရီနှောင်းပိုင်းတွင်မူ အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်း ငါးဖမ်းလှေတစ်စင်းအား နှစ်မြှုပ်ခဲ့ပြီး လှေပေါ်တွင်ပါလာသူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

    မကြာသေးမီက လက်ထပ်ထားသည့် အသက် ၂၀ အရွယ် မဟ်မူးဒ် အလ် ဟစ်စီက ရေမိုင် ၉ မိုင်ခန့် ငါးဖမ်းခွင့်ရလျှင်ပင် ဂါဇာမှ ငါးဖမ်းလုပ်သားများမှား ချမ်းသာမည်ဟုဆိုပြီး ၎င်းကတော့ ပင်လယ်ပြင်တွင် ၃ ရက်တာ ငါးဖမ်းမှ ၇၅ ရှက်ကဲလ် (၁၉ ဒေါ်လာ) ရရှိသည်ဟု ဆိုသည်။

    “ဒါပေမယ့် ငါးတွေသိပ်မရှိတော့တာကြောင့် အခုတစ်လော ဒီထက်ဝင်ငွေနည်းပါတယ်”

    150310063732259936_8

    အဘူ မိုဟာမက် အလ်-ဟစ်စီ၏ သားတစ်ဦးဖြစ်သူ မိုဟာမက်ကတော့ ၎င်းတို့ငါးဖမ်းလှေ၏ ပဲ့ကိုင်ဖြစ်သည်။

    “ကျွန်တော် ဒီလှေမှာလုပ်လာတာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ကြုံတွေ့ခဲ့ရသမျှထဲမှာ အခုအခြေအနေက အဆိုးဆုံးပါပဲ” ဟု မိုဟာမက်က ပြောကြားခဲ့သည်။

    ဂါဇာမှ ငါးဖမ်းလုပ်သားအများစုမှာ ၎င်းတို့၏ နေ့စဉ်ဝမ်းရေးကိုဖြေရှင်းရန်အတွက် နိုင်ငံတကာမှ အကူအညီကို မှီခိုနေရသည်။

    ထိုကဲ့သို့အခက်အခဲများကြားတွင် အစ္စရေးစစ်တပ်ကိုလည်း ကြောက်ရသေးသည်။ ဇန်န၀ါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ အစ္စရေးရေတပ်မှာ ရေမိုင် ၆ မိုင်ဇုန်အတွင်း အလုပ်လုပ်နေသည့် ငါးဖမ်းသမားများကို ပစ်ခတ်မှု ၁၇ ကြိမ်ရှိခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ရုံးက ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့လအနည်းငယ်က သူတို့တွေ (အစ္စရေးစစ်သားများ) ဟာ ကျွန်တော်တို့ကို သေနတ်နဲ့ချိန် အ၀တ်တွေချွတ်ခိုင်းပြီး ရေထဲ ခုန်ဆင်းခိုင်းပါတယ်။ အရမ်းအေးတာပဲဗျာ” ဟု အဟ်မဒ် အလ် ဟစ်စီက ဆိုသည်။

    အချို့ငါးဖမ်းလုပ်သားများမှာ နှစ်ဦးသုံးဦးပေါင်း၍ လှေတစ်စင်းဖြင့် ငါးဖမ်းထွက်ကြရပြီး ဖမ်းဆီးရမိသမျှကို ခွဲယူကြကာ ဈေးတွင် ပြန်ရောင်းကြရသည်။ သို့သော်လည်း ကန့်သတ်ချက်များအကြားတွင် ဆောင်ရွက်ရသည့်အတွက်ကြောင့် ၎င်းတို့၏ အခြေအနေက တိုးတက်ခြင်းမရှိ။

    “ကျွန်တော်တို့ရဲ့ငါးတွေကို အစ္စရေးနဲ့ အီဂျစ်ဈေးတွေမှာ အရင်က သွားရောင်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နယ်စပ်တွေကို ပိတ်လိုက်ပြီး ပင်လယ်စာတွေရဲ့ဈေးကလည်း တော်တော်လေး ကျသွားခဲ့ပါတယ်။ အရင်က အနောက်ဘက်ကမ်းမှာ သွားရောင်းသလိုမျိုးလည်း ရောင်းလို့မရတော့ပါဘူး” ဟု နာမည်ကြီး အလ်-ဆလာမ် ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီး ပင်လယ်စာ ဖြန့်ဖြူးရောင်းချသူ မွန်နာရ် အဘူ ဟက်ဆီရာက ပြောကြားခဲ့သည်။

    ဆင်းရဲလှသည့်ဘ၀တွင် မိသားစုအနာဂတ်အတွက် ဂါဇာရှိ ငါးဖမ်းလုပ်သားများက ခေါင်းခြောက်ရသည်။

    “ကျွန်တော်တို့ ဟစ်စီမိသားစုကပါ။ တစ်ယောက်နဲ့တစ်ယောက် ဖေးမကြပေမယ့်လည်း ပိုက်ဆံရအောင်တော့ မလုပ်နိုင်ကြပါဘူး။ ကျွန်တော့်မှာ ကလေးငါးယောက်ရှိပြီး အကြီးဆုံးက အထက်တန်းပြီးတော့မှာပါ။ သူက သိပ်တော်တဲ့ကလေးဖြစ်ပြီး ကောလိပ်တက်သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်တတ်နိုင်မှာလဲဗျာ”

    မိသားစုပြဿနာနှင့်ပတ်သက်၍ ဖခင်တစ်ဦးဖြစ်သူ ဆမီဟ်က ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

    ဂါဇာဒေသရှိ ငါးဖမ်းလုပ်သားများအား နည်းမျိုးစုံနှင့် အစ္စရေးက ကန့်သတ်မှုမှာ ပါလက်စတိုင်းတို့၏ စီးပွားရေးကို ချွတ်ခြုံကျစေရန် ဆောင်ရွက်သည့် နည်းဗျူဟာများထဲမှ တစ်ခုဟု ပါလက်စတိုင်း ပေါ်လစီကွန်ယက် အလ်-ရှာဘာကာမှ ဒါရိုက်တာဖြစ်သူ အလ်အာ တာတီရန်က ဆိုသည်။

    “ဂါဇာပြည်သူတွေရဲ့ အဓိကအလုပ်အကိုင်ဖြစ်ပြီး ပုံမှန်ဝင်ငွေရတဲ့ ငါးဖမ်းလုပ်ငန်းဟာ ခြိမ်းခြောက်မှုတစ်ခုလို့ အစ္စရေးက သတ်မှတ်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းနဲ့ ငါးဖမ်းလုပ်သားတွေဟာ အမြဲတမ်း ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရတာပါပဲ”

    source:aljazeera

    ဘာသာပြန်- လေးမောင်

  • ရေးပန်းစားခြင်း မရှိသည့် ခေတ်သစ်၏ ပါဝါအရှိဆုံး မာဖီးယား

    ရေးပန်းစားခြင်း မရှိသည့် ခေတ်သစ်၏ ပါဝါအရှိဆုံး မာဖီးယား

    မတ် ၇ ၊ ၂၀၁၅
    M-Media
    4ba1d5b0a31a46e6a9aa1a6551c52d53_18
    – အီတလီတောင်ပိုင်း ကာလာဘရီယာ ဒေသတွင် အခြေစိုက်သည့် ‘Ndrangheta ရာဇ၀တ်ဂိုဏ်းမှာစစ္စလီကျွန်းတွင်း အခြေစိုက်သည့် Cosa Nostra ကဲ့သို့ နာမည်မကြီး။ သို့သော်လည်း Ndrangheta က ပို၍ ကြွယ်ဝပြီး ပိုအားကောင်းသည်။ ၎င်းတို့၏ လက်တံက ကာလာဘရီယာမှ ကိုလံဘီယာအထိ၊ ထိုမျှမကကမ္ဘာ့အရှေ့ခြမ်း သြစေတေးလျအထိ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားသည်။

    အီတလီတတ်သိပညာရှင်များအဖွဲ့ Demoskopika ၏ အဆိုအရ Ndrangheta ၏ လှုပ်ရှားမှုများမှ ရရှိသည့် အကျိုးအမြတ်မှာ ၂၀၁၃ ခုနှစ်တွင်ပင် ကန်ဒေါ်လာ ၆၀ ဘီလီယံရှိသည်ဟုဆိုပြီး ထိုပမာဏက McDonald’s နှင့် Deutsche Bank တို့ နှစ်ခုပေါင်း၏ အကျိုးအမြတ်ထက်ပင် ပိုများကာ အီတလီ GDP ၏ ၃ ရာခိုင်နှုန်းနီးပါး ရှိလေသည်။

    Ndrangheta အဖွဲ့က ဥရောပ ကိုကင်းဈေးကွက်လမ်းကြောင်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အီတလီ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်နှင့် ဂျာမနီတို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်ဟု ယုံကြည်ရသည်။

    “Ndrangheta က တစ်ကမ္ဘာလုံးဖြန့်ကျက်ထားတဲ့ ရာဇ၀တ်မှုကွန်ယက်ရဲ့ အကောင်းဆုံး ဥပမာပါပဲ။ သူတို့ဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ဂျာမနီ၊ အမေရိကန်၊ သြစေတးလျ၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာနဲ့ ပြင်သစ်နိုင်ငံတွေကို ဦးတည်ထွက်ခွာမယ့် ကာလာဘရီယန် ပြောင်းရွှေ့အခြေချသူတွေကို အောင်မြင်စွာ အသုံးချနိုင်ခဲ့ပါတယ်။ ပြီးတော့ အဆက်အသွယ်အသစ်တွေကို ဖန်တီးဖို့ သူတို့ဟာ မိသားစု ဆက်ဆံရေးကို အသုံးပြုပြီး သူတို့ရဲ့ လွှမ်းမိုးမှုကို ကမ္ဘာတစ်ဝှမ်းမှာ ဖြန့်ကျက်ပါတယ်” ဟု အဆိုပါ ရာဇ၀တ်အဖွဲ့ဆိုင်ရာ ကျွမ်းကျင်သူ အန်တိုနီယို နီကာဆိုက ပြောသည်။

    ပြန်ပေးမှသည့် ကိုကင်းအထိ
    ———————————-
    Ndrangheta အဖွဲ့၏ လှုပ်ရှားမှုများကို ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များက စတင်ခဲ့ပြီး ပြန်ပေးငွေရရေး အတွက် ပြန်ပေးဆွဲမှုများကို အဓိကထားလုပ်သည်။

    “ဒါက ဒီရာဇ၀တ်အဖွဲ့အတွက် အရင်းအနှီးရစေပြီး ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ ကိုကင်းရောင်းဝယ်ရေးမှာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က Ndrangheta အတွက် ပထမဆုံး အလှည်အပြောင်းဖြစ်စေပြီး မူးယစ်ဈေးကွက်ရဲ့ အရေးပါတဲ့ အပြောင်းအလဲမှာ နားလည်မှုနဲ့ အသုံးချမှုတွေမှာ Cosa Nostra ထက် ပိုပြီး ခြေလှမ်းသွက်ခဲ့တယ်ဆိုတဲ့ သက်သေလည်းဖြစ်ပါတယ်” ဟု မီလန်မြို့ Statale တက္ကသိုလ် အုပ်စုဖွဲ့ရာဇ၀တ်မှုဆိုင်ရာ စူးစမ်းလေ့လာရေးဌာနမှ သုတေသနပညာရှင် အီလာရီယာ မေလီက ဆိုသည်။

    ထိုနည်းဗျူဟာကြောင့် Ndrangheta အဖွဲ့၏ ဘဏ္ဍာတိုက်ထဲသို့ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရောက်ရှိလာခဲ့လေသည်။

    “ဒီအချိန်မှာ ပြဿနာက သူတို့သုံးနိုင်တာထက်ပိုပြီး သူတို့မှာ ငွေသားတွေရှိနေတာပါ” ဟု စုံစမ်းစစ်ဆးမှုဆိုင်ရာ သတင်းထောက်ဖြစ်ပြီး ရာဇ၀တ်မှုအဖွဲ့များနှင့် ပတ်သက်၍ စာအုပ်ပေါင်းမြောက်များစွာကို ရေးသားခဲ့သူ ဂူဆက်ပီ ကာတိုဇဲလာက ပြောကြားခဲ့သည်။

    Ndrangheta အဖွဲ့အကြောင်း ရေးသားထားပြီး ပြီးခဲ့သည့်နှစ်က ထုတ်ဝေခဲ့သော ကာတိုဇဲလာ၏ Alveare စာအုပ်တွင် ထိုအဖွဲ့ဝင်နှစ်ဦး၏ ဖုန်းပြောဆိုမှုကို ကြားဖြတ်ဖမ်းယူထားမှုအား ထည့်သွင်းဖော်ပြခဲ့သည်။ တောတစ်ခုအတွင်းရှိ ပိုက်ဆံဝှက်ထားသောနေရာ၌ တူးနေသူတစ်ယောက်က အစိုပြန်မှုကြောင့် ငွေ သန်းနှင့်ချီ၍ ပျက်ဆီးသွားသည်ဟု အခြားတစ်ဦးအား အသိပေးနေသော ပြောဆိုမှုဖြစ်သည်။

    အသိပေးခံရသူ ပြန်ပြောသည်က “အဲဒါတွေကို လွှင့်ပစ်လိုက်ပေါ့ကွာ” ဟူ၍သာ ဖြစ်သည်။

    Ndrangheta အဖွဲ့ ထောင်တက်သွားခြင်းတွင် စစ္စလီယန် မာဖီးယားအဖွဲ့ Cosa Nostra ၏ မဟာဗျူဟာအမှားတစ်ခုကလည်း အထောက်အကူဖြစ်စေခဲ့သည်။
    6bebdd67c4c847bb9a10b3bcd0d887dc_18
    ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းတွင် Cosa Nostra မှာ အစိုးရအား ဆန့်ကျင်သည့် ပေါ်လစီကို စတင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မာဖီးယားဆန့်ကျင်သည့် တရားသူကြီးများဖြစ်သော ဂျီယိုဗာနီ ဖဲလ်ကိုနီနှင့် ပါအိုလို ဘောဆဲလ်လီနိုတို့ကို သတ်ပစ်လိုက်ပြီးနောက် အဆိုပါ ပေါ်လစီကို ထိပ်ဆုံးရောက်စေခဲ့သည်။

    ထို့နောက် အစိုးရက စစ္စလီကျွန်းတွင် စစ်တပ်ကိုချထားလိုက်ပြီး မာဖီးယားနှင့် ဆက်သွယ်သူများကို အကျဉ်းချထားနိုင်သည့် ဥပဒေသစ်တစ်ခုကိုလည်း ပြဌာန်းခဲ့သည်။

    “အဲဒီနှစ်တွေကတော့ စစ္စလီရဲ့ အပြင်ဘက်မှာ Cosa Nostra ရဲ့ အကျိုးစီးပွားတွေဟာ မရှုနိုင် မကယ်နိုင် ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ သူတို့ရဲ့အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ မကြာသေးမီက DIA (အီတလီ ရာဇ၀တ်မှုဆန့်ကျင်ရေး အဖွဲ့) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်” ဟု မဲလီက ပြောကြားခဲ့သည်။

    အီတလီအာဏာပိုင်များနှင့် မီဒီယာများက စစ္စလီကျွန်းသားများပေါ်သို့ အာရုံရောက်နေသည့်အချိန်တွင် ကာလာဘရီယန်များက မြောက်ပိုင်းတွင် ၎င်းတို့၏ ကြွယ်ဝမှုကို ဖြည်းဖြည်းနှင့်မှန်မှန် ချဲ့ထွင်ခဲ့သည်။

    ၁၉၉၄ ခုနှစ်တွင် အဓိက မာဖီးယားဂိုဏ်းများမှ ခေါင်းဆောင် ၄ ဦးက Lake Como တွင်တွေ့ဆုံကာ မြောက်ပိုင်းရှိ ဈေးကွက်ကို ဖြိုခွဲရန် ဆွေးနွေးခဲ့ကြသည်ဟု ကာတော့ဇဲလာက ရှင်းပြခဲ့သည်။

    “Ndrangheta က ဒီဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရယူပိုင်ဆိုင်ထားပြီး ဆယ်စုနှစ် ၂ လောက်နဲ့ အာဏာ၊ လွှမ်းမိုးမှုတွေကို သူတို့ ရယူနိုင်ခဲ့တယ်ဆိုတဲ့ ရလဒ်ပါပဲ”

    အခွင့်အရေးများအား အမြတ်ထုတ်ပြီ
    —————————————–
    အီတလီမြောက်ပိုင်းတွင်ရှိသည့် မီလန်မြို့မှာ ဥရောပ၏ ကျန်ရှိဒေသများနှင့် ကီလိုမီတာ ရာချီအကွာတွင်သာ ရှိနေသည်။ ၂၀၀၀ ပြည့်နှစ်များတွင် ဖြစ်ပေါ်လာသည့် အခြေအနေများကို Ndrangheta က အသုံးချနိုင်ခဲ့သည်။

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးနောက် အီတလီအစိုးရက ၎င်ုးတို့၏ ရင်းမြစ်များကို အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးအတွက် ပြောင်းလဲသုံးစွဲခဲ့ပြီး ထိုသို့ ဆောင်ရွက်ခြင်းက ကာလာဘရီယန်မှ ရာဇ၀တ်အဖွဲ့အစည်းကို ပိုမိုလွတ်မြောက်စေခဲ့သည်။

    ထိုဆယ်စုနှစ်နှောင်းပိုင်း ဥရောတောင်ပိုင်းတွင် ရိုက်ခတ်ခဲ့သည့် စီးပွားရေး အကြပ်အတည်းကလည်း ကာလာဘရီယန်အဖွဲ့ကို တရားမ၀င်အကျိုးအမြတ်လုပ်ငန်းများသို့ ပုံအော၍ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းဖြစ်စေခဲ့သည်။

    ဥရောပတောင်ပိုင်းတစ်ဝှမ်း ထောင်ပေါင်းများစွာသော ငွေသားများနှင့် ငွေပေါ်လွယ်သည့် လုပ်ငန်းများကို ရှာဖွေခြင်းနှင့်အတူ Ndrangheta အဖွဲ့၏ အဓိကပြဿနာက မည်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံမှု ပြလုပ်ရမည်ဆိုခြင်းပင် ဖြစ်သည်။

    ထို့နောက်တွင်တော့ ကာလာဘရီယန် မာဖီးယားအနေဖြင့် နဒ်ရင်းတွင် အခြေစိုက်ရန် ဖြစ်လာခဲ့ပြီး အဖွဲ့ငယ်လေးများကို စတင်ဖွဲ့စည်းလေသည်။

    အဆိုပါ နဒ်ရင်းအဖွဲ့များက ကာလာဘရီယာမှသည် သြစတေးလျအထိ နေရာတိုင်းတွင် တည်ရှိကာ လှုပ်ရှားနေပြီး အဆိုပါ နဒ်ရင်းအဖွဲ့အားလုံးမှာ လိုကာလီ ဟုခေါ်သည့် အဖွဲ့တွင် ပါဝင်သည်ဟု ယုံကြည်ရသည်။ အဆိုပါ လိုကာလီအဖွဲ့မှာ ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် မတူညီသော နဒ်ရင်းအဖွဲ့များအကြား ပူးပေါင်းဆေင်ရွက်စေမှုနှင့် ကြားဝင်ညှိနှိုင်းပေးမှုများကို ပြုလုပ်လေသည်။

    အဆိုပါ လိုကာလီအဖွဲ့၏ အထက်တွင်တော့ Il Crimine သို့မဟုတ် La Provincia အဖွဲ့ဟုခေါ်သည့် အဖွဲ့ရှိပြီး ထိုအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းများကို ဆောင်ရွက်သည်။ La Provincia အဖွဲ့မှာ ကာလာဘရီယာတွင် အခြေစိုက်ပြီး အဖွဲ့၏ ထိပ်တန်း ဆုံးဖြတ်ချက်များကို ချမှတ်ပေးလေသည်။

    La Provincia အဖွဲ့ဝင်များမှာ တစ်နှစ်လျှင်တစ်ကြိမ်  သြဂုတ်လနှောင်းပိုင်း၌ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည့် ပိုလ်စီတွင် တွေ့ဆုံသည်။ ထိုနေရာတွင် အခမ်အနားကျင်းပကြပြီး လာမည့်နှစ်အတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

    ကာလာဘရီယာအပြင်ဘက်တွင် လှုပ်ရှားသော နဒ်ရင်းနှင့် လိုကာလီအဖွဲ့များမှာ ကာလာဘရီရှိ နဒ်ရင်းနှင့် လိုကာလီအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ယုံကြည်ရသည်။ ဥပမာအားဖြင့် သြစတေးလျအနောက်ပိုင်း စတာလင်ရှိ လိုကာလီအဖွဲ့မှာ ကာလာဘရီရှိ လိုကာလီအဖွဲ့မှလာသော အမိန့်အောက်တွင် လှုပ်ရှားရသည်ဟု စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

    တည်ဆောက်ပုံမှာ အစဉ်လိုက်ရှိနေသော်လည်း စီးပွားရေးဆောင်ရွက်ရာတွင်တော့ လိုကာလီက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အာဏာကို ပိုရသည်။

    သို့သော်လည်း  Ndrangheta ၏ အဖွဲ့အဆင့်ဆင့် တည်ဆောက်မှုပုံစံကို ညှိနှိုင်းပြောင်းလဲ၍ မရ။

    လွန်ဘာဒီဒေသ  Ndrangheta အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကာမယ်လို နိုဗဲလ်လာက လွတ်လွတ်လပ်လပ် လှုပ်ရှားရန် ကြိုးစားသည့်အခါ ၂၀၀၈ ခုနှစ်တွင် ကာလာဘရီယာမှ  Ndrangheta  ခေါင်းဆောင်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

    အီတလီ၏ ပြဿနာသာမဟုတ်
    ————————————–
    ယခင်က Ndrangheta အဖွဲ့မှာ အီတလီနှင့် ဥရောပ အာဏာပိုင်များ၏ စောင့်ကြည့်မှုအောက်တွင် လှုပ်ရှားနိုင်ခြင်းမှ အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ် ရောက်သည့်အခါ ထိုအချိန်က မီလန်အုပ်ချုပ်ရေးမှူး လက်တီဇီယာ မိုရက်တီက နှစ်ပေါင်း ၃၀ ကြာ ရှိနေခဲ့သော ရာဇ၀တ်အဖွဲ့များအား မြို့အတွင်းလှုပ်ရှားခြင်းကို ငြင်းပယ်ခဲ့သည်။

    “အီတလီမြောက်ပိုင်းမှာ အစီအစဉ်တကျ ကျူးလွန်ကြတဲ့ ရာဇ၀တ်မှုဟာ တောင်ပိုင်းပြဿနာအဖြစ် ရှိနေပြီး ဥရောပမြောက်ပိုင်းမှာတော့ အီတလီပြဿနာအဖြစ် ရှိနေပါတယ်” ဟု မဲလီက ဆိုသည်။

    ၂၀၀၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဒူစ်ဘာ့ဂ်မြို့တွင်ဖြစ်ပွားသည့် သေနတ်ဖြင့်ပစ်ခတ်မှုက  Ndrangheta အဖွဲ့နှင့် ဆက်စပ်နေပြီး ဂျာမနီနှင့် ဥရောပအာဏာပိုင်များက အီတလီအပြင်ဘက်တွင် ကာလာဘရီယန် ရာဇ၀တ်အဖွဲ့ တည်ရှိနေခြင်းနှင့်ပတ်သက်၍ စတင်စုံစမ်းခဲ့သည်။

    မာဖီယားအဖွဲ့များနှင့် ပတ်သက်၍ ဥရောပ၏ ဥပဒေစနစ်များအကြား ကွဲလွဲမှုများက  Ndrangheta ကဲ့သို့ အဖွဲ့များကို တွန်းလှန်ရာတွင် ကြုံတွေ့ရသော အဓိကအခက်အခဲများမှ တစ်ခုဖြစ်နေသည်။

    ၁၉၉၄ ခုနှစ်တွင် မာဖီးယားအဖွဲ့များနှင့် ဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် အီတလီက သတ်မှတ်ထားသည်။ သို့သော်လည်း ထိုကဲ့သို့သော ဥပဒေအမျိုး အခြားဥရောပနိုင်ငံများတွင် မရှိ။

    အကယ်၍ ဥပမာအားဖြင့် မာဖီးယားသံသယရှိသူကို ဖမ်းဆီးရန်အတွက် အီတလီရဲတပ်ဖွဲ့က အိမ်နီးချင်းနိုင်ငံရှိ ရဲတပ်ဖွဲ့သို့ တောင်းဆိုမည်ဆိုလျှင် ထိုရဲတပ်ဖွဲ့က တရားဝင်ဖမ်းဆီးခွင့်မရှိ။

    “Ndrangheta အဖွဲ့ဟာ ဥရောပရဲ့ ပြဿနာလို့ လက်ခံဖို့ စိတ်ဆန္ဒ သိပ်မရှိကြပါဘူး” ဟု မဲလီက ဆိုသည်။

    Ndrangheta အဖွဲ့အနေဖြင့် အာဏာပိုင်များ၏ သတိထားမှုကို ကြာကြာရှောင်ရှားနိုင်မည်မဟုတ်။ သို့သော်လည်း အီတလီအပြင်ဘက် ထိုအဖွဲ့၏ ချဲ့ထွင်မှုကို ဟန့်တားရန်ဆိုလျှင် ဥရောပတစ်ဝှမ်းရှိ အာဏာပိုင်များက တစ်ဦးနှင်တစ်ဦး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြလေသည်။

    “Ndrangheta ဟာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့ ဖြစ်လာခဲ့ပါပြီ။ (ဒါပေမယ့်) ဒီအဖွဲ့ကို တွန်းလှန်ဖို့ နည်းလမ်းတွေကတော့ အမျိုးသားရေးအဖြစ် ဆက်ရှိနေပါတယ်။ ဒါဟာ အလျင်အမြန် ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာပါပဲ”

    နီကာဆိုက နိဂုံးချုပ်ခဲ့လေသည်။

    Source: Al Jazeera

    လေးမောင် ဘာသာပြန်သည်။

  • ပိုးသတ်ဆေး၊ ကင်ဆာရထားနှင့် အိန္ဒိယပြည်သူများ

    ပိုးသတ်ဆေး၊ ကင်ဆာရထားနှင့် အိန္ဒိယပြည်သူများ

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၄
    M-Media
    Cancer train_4C--621x414
    – ဒစ်ဂျစ်တယ်နာရီမှ ည ၉ နာရီတိတိကို ဖော်ပြလိုက်သည့်အချိန်တွင် ပလက်ဖောင်းပေါ်၌ တိုးဝှေ့နေကြသည့်၊ `ကင်ဆာရထားကြီး´ ပေါ်တွင် ထိုင်ခုံရရန် စုပြုံ တက်နေကြသည့် ချည့်နဲ့နေသော လူနာများဖြင့် မီးရောင်မှိန်ပြပြနှင့် မသတီစရာကောင်းသည့် ဘာသင်ဒါ ဘူတာရုံမှာ သက်ဝင်လှုပ်ရှားလာသည်။

    အသက်ကို မနည်းရှုနေရပြီး ချောင်းများလည်း အဆက်မပြတ်ဆိုးနေသည့် အသက် ၅၀ အရွယ် ရမ်ကစ်ရှန်တစ်ယောက် လူအုပ်ကြီး ငြိမ်သွားသည့်တိုင်အောင် ပလက်ဖောင်းပေါ်တွင် ထိုင်နေ၏။ ထို့နောက်တွင်မှ ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့် အထူးတွဲရှိ ပြတင်းပေါက်ဘေး ထိုင်ခုံ၌ ၀င်ထိုင်လိုက်သည်။

    `ကျွန်တော် ဘီကာနာ ဆေးရုံကို သွားမလို့ပါ။ ကျွန်တော်ဟာ နောက်ဆုံးအဆင့် ကင်ဆာရောဂါကို ခံစားနေရတယ်လို့ ဆရာဝန်တွေက ပြောတယ်။ ဒီခရီးဟာ ကျွန်တော့်ရဲ့ နောက်ဆုံးခရီးဖြစ်မယ်လို့ ကျွန်တော်သိနေတယ်ဗျာ´ ဟု ရမ်ကစ်ရှန်က အသက်မဲ့စွာ ပြောလေ၏။

    အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ကင်ဆာရောဂါဖြစ်ပွားမှု ရုတ်တရတ်မြင့်မားလာပြီး ရောဂါသည် အများစု ဆေးရုံသွားရန် အတွက် တစ်ခုတည်းသော အားထားစရာ အစီးအနင်း ဖြစ်လာသောကြောင့် ၁၂ တွဲပါသည့် အဆိုပါ ရထားမှာ `ကင်ဆာရထား´ ဟု အမည်တွင်ခဲ့သည်။ ကင်ဆာရောဂါဖြစ်ပွားမှု များလာခြင်းမှာ လေထုညစ်ညမ်းမှုနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း များပြားလာသည့် အတွက်ကြောင့်ဖြစ်သည်ဟု ပြည်သူများက စောဒကတက်ကြသည်။ သို့ရာတွင် တာဝန်ရှိသူများကတော့ မည်သည်ကိုမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။

    ပန်ဂျပ်နယ်တစ်ဝိုက်မှ ဆင်းရဲချို့တဲ့သည့် လူနာများက ကန္တရာမြို့ဖြစ်သော ဘီကာနာမြို့တွင် သွားရောက်ဆေးကုသရန်အတွက် ည ၉ နာရီခွဲရထားကို မှီအောင်လိုက်ကြရသည်။ ၇ နာရီကြာသော ခရီးစဉ်ဖြစ်သောကြောင့် နောက်နေ့မနက်စောစော ဆေးရုံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုအခါမျိုးတွင် ခရီးသည် ၇၂ ဦး လိုက်ပါစီးနင်းနိုင်သည့် ရထား၏ အထူးတွဲမှ ထိုင်ခုံ ၃၀ မှာ ကင်ဆာရောဂါသည်များနှင့် ပြည့်နေသည်။

    `အရင်ကတော့ ဒီရထားကို (တီဘီရောဂါသည်များ ဆေးကုသရန်သွားသည့်အခါ အသုံးပြုသောကြောင့်)`တီဘီရထား´ လို့ ခေါ်ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး `ကင်ဆာရထား´ လို့ ပြောင်းခေါ်လာကြတယ်´ ဟု ထိုရထားတွင် ၂၅ နှစ်ကြာ တွဲစောင့်လုပ်လာခဲ့သည့် ဒီပီ ကက်ထရီယာက ဆိုသည်။

    အမည်မဖေါ်လိုသည့် လက်မှတ်စစ်တစ်ဦးကလည်း ကက်ထရီယာ၏ စကားကို ထောက်ခံသည်။

    `ဒီရထားဟာ ကင်ဆာရောဂါသည်တွေအတွက် လိုပါပဲ။ ရထားရဲ့ ၆၀ ရာခိုင်နှုန်းသော ထိုင်ခုံတွေက ဘီကာနာနဲ့ ပတ်သက်နေတဲ့ လူနာတွေနဲ့ပဲ ပြည့်နေပါတယ်။ အခြား ရောဂါသည်တွေကတော့ အထူးတွဲအတွက် မတတ်နိုင်တာကြောင့် ရိုးရိုးတွဲမှာပဲ ပြွတ်သိပ် ကျပ်ညပ်နေပါတယ်´ ဟု ၎င်းက ပြောကြားခဲ့လေသည်။

    ထိုရထားတွဲတွင် လိုက်ပါလာသည့် အသက် ၅၀ အရွယ် ကျောင်းဆရာ ဆီမာရ်ပဲလ် ကူးရ်က ကင်ဆာရောဂါဖြစ်ပွားမှု မြင့်တက် လာခြင်းမှာ မသန့်ရှင်းသော သောက်သုံးရေနှင့် အသီးအနှံများတွင် အသုံးပြုသော ပိုးသတ်ဆေး များကြောင့်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

    ကင်ဆာရောဂါ မြင့်တက်လာခြင်း
    —————————————–
    ထိုပြဿနာကို ဖြေရှင်းရန် ပန်ဂျပ်ပြည်နယ်အစိုးရက `ကင်ဆာရွာ´ ဟု အမည်တွင်သည့် ဘူသီဝါလာကဲ့သို့ ကင်ဆာရောဂါဖြစ်ပွားသော ရွာငယ်များတွင် ရေသန့်စက်များကို တပ်ဆင်ပေးသည်။ သို့သော်လည်း ထိုစက်များက ရေများကို ထိထိရောက်ရောက် မသန့်စင်နိုင်ဟု ဒေသခံများက ဆိုကြသည်။

    `ပန်ဂျပ်မှာ ကင်ဆာရောဂါ ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ စစ်တမ်းကောက်ယူမှုတွေ မရှိပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး အချက်အလက် တိတိကျကျလည်း မရှိပါဘူး´ ဟု  ကျန်းမာရေး အဖွဲ့တစ်ခုဖြစ်သည့် Baba Farid Centre for Special Children မှ ဒေါက်တာ ပရစ်ပါလ် ဆင်းက ပြောကြားခဲ့သည်။

    `ပုတ်ခတ်ပြောဆိုခံရမှာ ကြောက်တာကြောင့် အိမ်မှာ တစ်ယောက်ယောက်က ကင်ဆာဖြစ်နေရင် အိမ်သားတွေက ဖွင့်မပြောကြပါဘူး။ ဒါ့ကြောင့် အများစုက နောက်ဆုံးအဆင့်လောက်ရောက်မှ ရောက်ရောက်လာကြပါတယ်´ဟု

    ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    201514125311737734_20
    လွန်ခဲ့သည့် ၈ လခန့်က ဘူသီဝါလာရွာလေးတွင် ကင်ဆာရောဂါသည် ၂၀ ဦးခန့်ရှိသည်ဟု Baba Farid Centre က စစ်တမ်းကောက်ယူထားသည်။ သို့သော်လည်း မိမိတို့က ၎င်းတို့နှင့် တွေ့ဆုံရန် သွားရောက်ရာတွင်တော့ ထိုအထဲမှ ၁၈ ယောက်က ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ပြီ ဖြစ်၏။

    ယူကေရှိ Exeter တက္ကသိုလ်မှ သိပ္ပံပညာရှင်များ သုတေသနပြုလုပ်ကာ ထုတ်ပြန်သော Greenpeace အစီရင်ခံစာတွင် နမူနာစစ်ဆေးခဲ့သည့် ရေတွင်း ၂၀ ရှိ ရေများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတ်မှတ်ထားသော သောက်သုံးရေ၌ နိုက်ထရိတ်ပါဝင်မှု သတ်မှတ်ချက် ၁ လီတာ ၅၀ မီလီဂရမ်ထက် ကျော်လွန်နေကြောင်း တွေ့ခဲ့ရသည်။ သောက်သုံးရေများတွင် နိုက်ထရိတ်ပါဝင်မှု မြင့်မားခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်သည်။

    ၂၀၁၀ ခုနှစ်တွင် Baba Farid Centre မှာ ဂျာမနီမှ Micro Trace Minerals Laboratory အဖွဲ့နှင့် ပူးပေါင်း၍ လေ့လာမှုတစ်ခု လုပ်ခဲ့ရာ ပန်ဂျပ်ဒေသတွင်ရှိသည့် အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ်ရှိ ကလေးများတွင် ဘေရီယမ်၊ ကာဒီယမ်၊ မန်းဂနီးစ်၊ ခဲ၊ ယူရေနီယံ စသည့် သတ္တုဓာတ်များ လွန်စွာများပြားနေသည်ကို အံ့သြဖွယ် တွေ့ရှိခဲ့ရလေသည်။

    ထိုတွေ့ရှိမှုက ဆိုးရွားသည့် ကိစ္စဖြစ်ပြီး အရေးတယူဆောင်ရွက်ရန် အာဏာပိုင်များအား သတိပေးနေခြင်း ဖြစ်သော်လည်း တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များက အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ဒေါက်တာဆင်းက ပြောကြားခဲ့သည်။

    ထို့ပြင် မွေးရာပါ ခန္ဓာကိုယ် ချို့ယွင်းနေသော ကလေးများ၊ စိတ်ဝေဒနာနှင့် ဥာဏ်ရည်မပြည့်ဝသည့်ရောဂါ စသည့် ရောဂါများသစ်များကို ခံစားနေရသည့် ကလေးငယ်များမှာ ၃၀ ခန့် ရှိလာသည်ကိုလည်း တွေ့ရသည်ဟု ၎င်းက ဆိုသည်။

    `ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး လှုပ်ရှားမှုအဖြစ် ပန်ဂျပ်အစိုးရက ရေသန့်စက်တွေကို တပ်ဆင်ပေးခဲ့ပါတယ်။  ဒါပေမယ့် အစိတ်အပိုင်း တော်တော်များများက အလုပ်မလုပ်တာကြောင့် ဒီပစ္စည်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် စက်မှုဇုန်တွေက မဆင်မခြင် စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေပါနေတဲ့ ချောင်းတွေ၊ မြောင်းတွေက ရေတွေကိုယူကာ ဖြန့်ဖြူးနေတဲ့ ဒီပိုက်ရေကို သောက်ရုံ၊ သုံးရုံမှတစ်ပါး ပြည်သူတွေမှာ ရွေးစရာမရှိပါဘူး။ နောက်ပြီး စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာ၊ ရေသွင်းစိုက်ပျိုးမှု အတွက် မြေအောက်ရေတွေကို အလွန်အကျွံသုံးစွဲတာတွေက မြေအောက်ရေ ညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ဒါဟာ ပန်ဂျပ်က မြေဆီ၊ ရေနဲ့ အစားအသောက်ညစ်ညမ်းမှုတွေ ဆိုးရွားစွာ ဖြစ်နေမှုပါပဲ´

    1591697774

    အစိမ်းရောင်တော်လှန်ရေး
    —————————
    မြေဆီ၊ ရေနှင့် လေထုတို့ ပြန်လည်သန့်စင်၍ မရအောင် ပျက်ဆီးခြင်းအတွက် `အစိမ်းရောင် တော်လှန်ရေး´ ကို ဆင်းက ပြစ်တင်ပြောဆိုခဲ့သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၅၆၀ ပြည့်နှစ်များက ထိုတော်လှန်ရေးကို ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ဓာတုဗေဒပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများ များပြားခြင်းကြောင့် ပန်ဂျပ်က `အိန္ဒိယ၏ ပေါင်မုန့်ခြင်း´ ဖြစ်ခဲ့လေသည်။

    `ပန်ဂျပ်က အခြေအနေဆိုးဟာ အစိမ်းရောင်တော်လှန်ရေးကို အင်အားဖြစ်စေဖို့အတွက် ပိုးသတ်ဆေးတွေကို မဆင်မခြင် သုံးစွဲခဲ့ခြင်းမှာ တာဝန်ရှိနေပါတယ်´ ဟု ဆင်းက ထပ်လောင်းပြောကြားခဲ့၏။

    သို့သော်လည်း စာရေးဆရာနှင့် လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အဗာတာ ဂွန်ဒါရီက အိန္ဒိယ၏ သန်း ၁၀၀၀ ကျော်သော လူဦးရေအား လုံလောက်အောင် ကျွေးမွေးရန် လယ်ယာစိုက်ပျိုးမှုကဏ္ဍ တော်လှန်ပြောင်းလဲရေးမှာ လိုအပ်သည်ဟု ထောက်ပြခဲ့သည်။

    `အစိမ်းရောင်တော်လှန်ရေးဟာ ပန်ဂျပ်ကပြည်သူတွေရဲ့ လူနေမှုဘ၀ကို မြှင့်တင်ပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပန်ဂျပ်ရဲ့ ဘယ်နေရာကိုပဲ သွားကြည့်သွားကြည့် တဲပုတ်တွေကို တွေ့ရမှာမဟုတ်ပါဘူ။ ဒီဒေသမှာ လယ်သမားတွေတောင်မှ တိုက်နဲ့တာနဲ့ နေနိုင်တယ်။ ကားစီးနိုင်တယ်။ အမှန်အကန် အ၀တ်အစားတွေ ၀တ်နိုင်ကြပါတယ်။ အစိမ်းရောင်တော်လှန်ရေးက အချိန်တိုင်းလိုအပ်နေတဲ့ အရာတစ်ခုပါပဲ။ ဒါမျိုးမရှိခဲ့ဘူးဆိုရင်တော့ တိုးတက်လာနေတဲ့ ကျွန်တော်တို့ရဲ့လူဦးရေကို ကျွေးမွေးနိုင်မှာ မဟုတ်ပါဘူး´

    တာဝန်ရှိသူများမှာ ထိုညစ်ညမ်းမှုပြဿနာကို လစ်လျူရှုထားဆဲဟု ဝေဖန်သူများက ဆို၏။ အန်ဒိုဆာလ်ဖန်နှင့် DDT ကဲ့သို့သော ပိုးသတ်ဆေးများကို ကမ္ဘာတစ်ဝှမ်းတွင် တားမြစ် ပိတ်ပင်ထားသော်လည်း အိန္ဒိယတွင်တော့ အဆိုပါ ပိုးသတ်ဆေးများက လွယ်လွယ်ကူကူ ၀ယ်လို့ရနေသည်။

    ပန်ဂျပ်အစိုးရမှ ၂၀၁၀ ခုနှစ်တွင် ပြုလုပ်သော ကင်ဆာရောဂါ စစ်တမ်းကောက်ယူမှုတွင် ပန်ဂျပ်ပြည်နယ်၌ လူ ၁ သိန်းတွင် ကင်ဆာရောဂါသည် ၁၃၀ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုစစ်တမ်းကောက်ယူမှုတွင် အသုံးပြုခဲ့သောနည်းလမ်းကို ဆင်းက ဝေဖန်ခဲ့ပြီး ကင်ဆာ စစ်တမ်းကောက်ယူမှုတွင် ပျက်ရယ်ပြုစရာကောင်းနေသည်ဟု ပြောကြားခဲ့သည်။

    စိုးရိမ်မှုများ ကြီးထွားလာ
    ————————–
    ပန်ဂျပ် ကျန်းမာရေးဒါရိုက်တာ ဒေါက်တာ ကန်ဂျစ်ဆင်းက ပြည်နယ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားမှုကို အထောက်အကူပြုသော အကြောင်းအရင်းများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    `အသည်းရောင်အသားဝါ B ပိုးလို ဗိုင်းရပ်စ်ကူးစက်မှုလို၊ ဆေးလိပ်သောက်ခြင်းလို အကြောင်းအရင်းများစွာလည်း ရှိနေပါသေးတယ်။ ပိုးသတ်ဆေး အဆိပ်သင့်ခြင်း တစ်ခုတည်းက ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းလို့ ပြောရင်တော့ မှားပါလိ့မ်မယ်´ ဟု ၎င်းက ပြောကြားခဲ့သည်။

    အိန္ဒိယ ဗဟိုအစိုးရကတော့ ပိုးသတ်ဆေး အဆိပ်သင့်မှုနှင့်ပတ်သက်၍ စိုးရိမ်သည်ဟု ပြောကြားခဲ့ပြီး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး သုံးစွဲမှုနှင့်ပတ်သက်၍ ဥပဒေများကို ပြင်ဆင်ရန်လည်း စီစဉ်နေသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ပါက ထုနှင့်ထည်နှင့် ရှိနေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူများ၏ ဆန့်ကျင်ခြင်းကိုတော့ ခံရနိုင်ဖွယ်ရှိနေသည်။

    သို့သော်လည်း အစိုးရကတော့ ထိုလော်ဘီအုပ်စုများ၏ ဖိအားများနှင့် ပတ်သက်၍ ငြင်းဆိုသည်။

    `တကယ်လို့ လော်ဘီတွေရှိမယ်ဆိုရင် အဲဒီလော်ဘီတွေက လယ်သမားတွေအတွက်ပဲ ဖြစ်ပါတယ်´ ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဆန်ဂျီးဗ် ကူးမာရ် ဘာလီယန်က ပြောကြားခဲ့သည်။

    အန်ဒိုဆာလ်ဖန် ပိုးသတ်ဆေးသုံးစွဲမှုနှင့် ရက်လွန် ပိုးသတ်ဆေး သုံးစွဲမှု လုံးဝရပ်တန့်ရေးကို  ၂၀၁၇ ခုနှစ်တွင် နောက်ဆုံး ထား၍ ဆောင်ရွက်ရန် အိန္ဒိယ အစိုးရက သဘောတူထားသည်။

    ပိုးသတ်ဆေးများသုံးစွဲမှုနှင့် ပတ်သက်၍ လုံးဝဥဿုံ ပိတ်ပင်လိုက်ရေး အစိုးရက မဆောင်ရွက်နိုင်ဟု ဘာလီယန်က ၀န်ခံခဲ့ပြီး အော်ဂဲနစ် စိုက်ပျိုးရေးကဲ့သို့ ရွေးချယ်စရာ တစ်ခုခုကို ရှာဖွေနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    `ကောက်ပဲသီးနှံတွေကို ပိုးကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ပိုးသတ်ဆေးတွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့် အဲဒီပိုးသတ်ဆေးမှာ အဆိပ်ဓာတ်တွေလည်း ရှိနေတယ်။ ဒါ့ကြောင့် သူတို့ကို လှည့်သုံးဖို့ လိုအပ်ပါတယ်။ အောဂဲနစ်စိုက်ပျိုးရေးကို မြှင့်တင်ပေးဖို့အတွက် တတ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်´

    Aljazeera တွင် ဖော်ပြခဲ့သည့် Sanjay Pandey ၏ On the ‘Cancer Train’ of India’s pesticides ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • သောကများနှင့် ခရစ္စမတ် (သို့) ဖိအားများအောက်မှ အိန္ဒိယ ခရစ်ယာန်များ

    သောကများနှင့် ခရစ္စမတ် (သို့) ဖိအားများအောက်မှ အိန္ဒိယ ခရစ်ယာန်များ

    ဒီဇင်ဘာ ၃၁ ၊ ၂၀၁၄
    M-Media
    2014122713171782734_20
    – အိန္ဒိယရှိ ဘာသာရေးလူနည်းစုများအား ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့များက `အစုအလိုက်အပြုံလိုက် ဘာသာပြောင်းစေခြင်း´ နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွက် အိန္ဒိယရှိ ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ္စမတ် ပွဲတော်အပေါ်လည်း ထိုအရိပ်ဆိုးကြီးက ကျရောက်ခဲ့လေသည်။

    လက်ယာစွန်းရောက် ဟိန္ဒူအဖွဲ့များမှာ နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်တွင် ဘာသာကူးပြောင်းမှုအခမ်းအနားများကို အများအပြားကျင်းပခဲ့ကြပြီး ခရစ္စမတ်နေ့တွင်လည်း အစုလိုက်အပြုံလိုက် ဘာသာပြောင်းပွဲ ကျင်းပပြုလုပ်ရန် စီစဉ် ထားသည်ဟု ကြေညာခဲ့သည်။

    အလီဂါမြို့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ထိုအခမ်းအနားအား ရပ်ဆိုင်းထားပြီး ရက်အသစ်ကို မသတ်မှတ်ရသေးသော်လည်း ထိုဘာသာကူးပြောင်းပွဲအစီအစဉ်က နိုင်ငံအတွင်းရှိ လူနည်စုများအကြား မကျေနပ်ဖြစ်စေပြီး လူမျိုးစုတိုက်ခိုက်မှု အဖြစ်သို့ ရောက်ရှိနိုင်မည့် အလားအလာပင် ရှိနေလေ၏။

    BJP ပါတီမှ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကတော့ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဘာသာကူးပြောင်းစေမှုနှင့် ပတ်သက်၍ ယခုအချိန်အထိ နှုတ်ဆိတ်နေသည်။ အတိုက်အခံများကမူ မိုဒီအနေဖြင့် ထိုကိစ္စအတွက် ပါလီမန်တွင် ကြေညာချက် ထုတ်ရန် တောင်းဆိုခဲ့သည်။

    `အဲဒီလိုလှုပ်ရှားမှုတွေကို လစ်လျူရှုလိမ့်မယ်လို့ ခံစားနေရတာကြောင့် အစိုးရဟာ အဓိကနေရာကနေ ပါဝင်နေလား ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေက စိုးရိမ်နေကြပါတယ်´ ဟု အလီဂါရှိ ခရစ်ယာန်လူ့အဖွဲ့အစည်းမှ အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်သူ ဥပဒပညာရှင် အော်စမွန် ချားလ်စ်က ပြောကြားခဲ့သည်။ အလီဂါမြို့မှာ စက်မှုလုပ်ငန်းနှင့် နာမည်ကျော် အလီဂါရ် မွတ်စလင် တက္ကသိုလ်တို့ကြောင့် ထင်ရှားသည့်မြို့လည်း ဖြစ်သည်။

    ယုံကြည်သက်ဝင်မှု

    ဟိန္ဒူအမျိုးသားရေး အဖွဲ့ဟု လူသိများသည့် RSS နှင့် ချိတ်ဆက်မှုများရှိနေသည့် Dharam Jagran Manch အဖွဲ့မှ အစုလိုက်အပြုံလိုက် ဘာသာကူးပြောင်းပွဲကို ကျင်းပရန် စီစဉ်ထားသော်လည်း မြူခိုးမြူငွေ့များ အုပ်ဆိုင်းနေသည့် ခရစ္စမတ်နေ့ နံနက်စောစောတွင် အလီဂါရှိ ခရစ်ယာန်ဘုရားကျောင်းများ၌ ယုံကြည်ချက်ပြင်းထန်မှုနှင့် စိတ်ချမ်းသာမှုတို့ကို တွေ့မြင်နေရသည်။

    ၁၈၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး သေးငယ်သော်လည်း လှပစွာ ဆင်ယင်ချယ်ထားသည့် Christ Church ဘုရားကျောင်းသို့ ခရစ်ယာန်ဘာသာဝင် ၅၀ ခန့်က ဝေလီဝေလင်းအချိန်တွင်ရောက်ရှိလာခဲ့ကြသည်။ ထိုအထဲတွင် နဗ်နိ ကေဒါရ်ဟုခေါ်သည့် အမျိုးသားတစ်ဦးနှင့် ၎င်း၏ မိသားစုလည်း ပါဝင်လာခဲ့သည်။

    `အိမ်မှာနေ့ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ဒါဟာပွဲတော်ရက်ပါ´ ဟု ကေဒါရ်က ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

    ဂီတပညာရှင်တစ်ဦးဖြစ်သည့် ၎င်းက ကလေးဘ၀ထဲကပင် အဆိုပါဘုရားကျောင်းသို့ တစ်စိုက်မတ်မတ် တက်ရောက်လာခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ် ဘုရားကျောင်းအား ပြုပြင်မွမ်းမံပြီးသည့် အခါတွင်တော့ ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုသူများ တိုးပွားလာရေး အတွက် ကေဒါရ် တစ်ယောက် ရှေ့ဆုံးမှ စွမ်းစွမ်းတမံ အကျိုးတော်ဆောင်ခဲ့လေသည်။

    `ကျွန်တော်နဲ့ ကျွန်တော့် ဇနီးက ၀တ်ပြုမှုရဲ့ အစိတ်အပိုင်းအဖြစ် ဓမ္မတေးသီကျူးမှုကို လွမ်းဆွတ်ခဲ့ပါတယ်။ ဒါ့ကြောင်ပဲ ဒီဘုရားကျောင်းမှာ ကွိုင်ယာအဖွဲ့ (ခရစ်ယာန်ဓမ္မတေး သီကျူးသည့်အဖွဲ့) ကို ဒီမှာ ဖွဲ့စည်းခဲ့တာပါ´

    အလီဂါမြို့တွင်းရှိ ပိုမိုကြီးမားသည့် Church of Ascension ဘုရားကျောင်းတွင်တော့ ပင်စင်စား ပရင် တဂ်ျ မာစီတို့ကဲ့သို့ ၀တ်ပြုသူများက အခြားသောအယူဝါဒမှ သူများနှင့် ရောနှောနေသည်။

    `ဘုရားကျောင်းကိုလာတဲ့သူတွေကို ကျွန်တော်တို့ ကြိုဆိုနေပါတယ်။ ကျွန်တော့်ရဲ့ ဘိုးဘေးတွေကလည်း ၁၈၆၈ ခုနှစ် ဒီဘုရားကျောင်း တည်ဆောက်တည်းက ဘုရားကျောင်းကို တက်ခဲ့ကြတာပါ။ ဟိန္ဒူလူအုပ်ကို ကြောက်ရွံ့စိတ် မရှိပါဘူး´ ဟု မာစီက ပြောခဲ့သည်။

    ဘုရားကျောင်း၏ အပြင်တွင်တော့ သစ်လွင်တောက်ပစွာ ၀တ်စားဆင်ယင်ထားကြသည့် လူအုပ်ကြီးက အပြန်အလှန် နှုတ်ဆက်နေကြပြီး အခြားသောဘာသာဝင်များနှင့်အတူ ဓာတ်ပုံများလည်း တွဲရိုက်နေကြလေသည်။ ထိုအထဲတွင် ခရစ်ယာန်မဟုတ်သည့် ကောလိပ်ကျောင်းသူ ဆူဘီ ဘန်ဆဲလ်နှင့် ယာရှိ ဂျိန်းတို့လည်း ပါဝင်သည်။

    `ကျွန်မတို့ သီလရှင်ကျောင်းတွေကို သွားခဲ့ကြပြီး ကျွန်မတို့ရဲ့သူငယ်ချင်းတွေနဲ့အတူ ရှိခဲ့တဲ့ ပျော်ရွှင်စရာအချိန်ကို ပြန်ရချင်ပါတယ်´ ဟု ဂျိန်းက ဆိုလေသည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ ၀တ်ပြုရန်လာရောက်ကြသည့် လူအုပ်စုကြီးအတွင်း ပျော်ရွှင်နေပြီး ကွိုင်ယာအဖွဲ့၏ ဓမ္မတေးသီဆိုမှုတွင်ပင် ၎င်းတို့က ပါဝင်ခဲ့ကြသည်။

    `ဘာသာရေးပွဲတော်မျိုးစုံကို ကျွန်မတို့သွားပါတယ်။ ဘာသာအယူဝါဒအားလုံးကို လေးစားတာဟာ သိပ်ကောင်းပါတယ်´ ဟု ဘန်ဆဲလ်က ဆိုလေ၏။

    စီးပွားရေးသမားတစ်ဦးဖြစ်သူ အန်နီလ်ဂျာကော့ဘ်ကတော့ ဘာသာရေးအဖွဲ့များနှင့် ရောနှောပါဝင်မှုမှာ သာမန်မဟုတ်သည့် ကိစ္စရပ်မျိုးမဟုတ်ဟု ဆိုသည်။

    `တနင်္ဂနွေနေ့တိုင်း လူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုစားမှုကိုပြဖို့ ဒီကို လာကြပါတယ်။ တစ်ခါတစ်ရံမှာ ခရစ်ယာန်ဘာသာဝင်တွေထက် အခြားသော အယူဝါဒတွေက လူတွေလည်း ပါလာတတ်ကြပါတယ်။ ဒါဆို ဘာလို့ ကျွန်တော်တို့ကို ခွာပြေစေတဲ့ စကားမျိုးတွေ ဘာကြောင့် ရောက်လာတာလဲ´ ဟု ဂျာကော့ဘ်က မေးခွန်းထုတ်ခဲ့သည်။

    မွတ်စလင်များလည်း ခံရ

    Dharam Jagran Manch အဖွဲ့ကမူ ၎င်းတို့အနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့အား ဘာသာကူးပြောင်းပွဲအခမ်းအနား ပြုလုပ်မည့်နေ့အဖြစ် လွန်ခဲ့သည့်သီတင်းပတ် အနည်းငယ်က ရွေးချယ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ghar wapsi (ဇာတိသို့ပြန်ခြင်း) ဟု ခေါ်သည်။

    အဆိုပါ အခမ်းအနားကို စီစဉ်ဆောင်ရွက်သူ ဆက်ယာပရာခါ နဗ်မန်က `မိမိတို့အနေဖြင့် ဘာသာကူးပြောင်ခြင်းဆိုသည့် စကားလုံးနှင့် မတူညီသောအရာကို ပြုလုပ်ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာသို့ လူများအား ကူးပြောင်းစေခြင်းအားဖြင့် နဂိုမူလအယူဝါဆီသို့ ပြန်လည် သွတ်သွင်းခြင်း´ ဖြစ်သည်ဟု ပြောခဲ့လေသည်။

    ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်နေ့ကို ရွေးချယ်ခဲ့ခြင်းက ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသူများကို နှစ်ခြင်းခံရန်အတွက် ထိုနေ့တွင် ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခြင်းကြောင့်ဖြစ်ပြီး မိမိတို့၏ ပြည်သူများအား မူလအယူဝါဒသို့ ပြန်လည်သွတ်သွင်းရန် ထိုနေ့ကိုပင် မိမိတို့က အသုံးပြုချင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့လေသည်။

    ခရိုင်အုပ်ချုပ်ရေးဌာနကမူ အဆိုပါအခမ်းအနားကျင်းပရန် စီစဉ်မှုအား ဖျက်သိမ်းခဲ့ပြီး မြို့အတွင်းတွင်လည်း လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။ ခရစ္စမတ်နေ့တွင်တော့ အလီဂါရှိ ခရစ်ယာန်ဘုရားကျောင်းများ၏ အပြင်ဘက်တွင် ရဲအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာယူခဲ့ကြသည်။

    ထိုကဲ့သို့ ရပ်ဆိုင်းထားသော်လည်း နဗ်မန်ကမူ အာခံလျက်ပင်ရှိနေသည်။

    `ဒီအခမ်းအနားကို ရပ်ဆိုင်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အတွင်းပိုင်းက ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့ဗျာ´ ဟု ခပ်ပေါ့ပေါ့ပင်ပြောလေ၏။

    အိန္ဒိယရှိ အခြားသောဒေသများတွင် ပြုလုပ်သည့် ထိုကဲ့သို့ ဘာသာကူးပြောင်းခြင်း အခမ်းအနားများက ပြည်သူများအကြား စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ အူတာပရာဒက်ရှ်ပြည်နယ် အဂ္ဂရာတွင် ဒီဇင်ဘာလ အစောပိုင်းက အစ္စလာမ်ဘာသာဝင် ၂၀၀ အား ဟိန္ဒူဘာသာသို့ ကူးပြောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ကန့်ကွက်သံများလည်း ပေါ်လာခဲ့သည်။

    အတင်းအဓ္ဓမ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်သည်ဟု တွင်တွင်ပြေနေသော အာဏာရ BJP ပါတီကတော့ ထိုအခမ်းအနားများနှင့် ဝေးဝေးမှာနေသည်။ သို့ရာတွင် သဘောထားတင်းမာသူများကမူ မိုဒီရွေးကောက်ပွဲကတည်းက နိုင်ငံအား ဟိန္ဒူနိုင်ငံအဖြစ် ပြောင်းလဲသွားမည်ဆိုသည့်အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သည်။

    BJP အစိုးရသက်တမ်း ရက်ပေါင်း ၂၀၀ အတွင်းမှာပင် နိုင်ငံအတွင်းရှိ ခရစ်ယာန် ဘာသာဝင်များအပေါ် တိုက်ခိုက်မှု၊ ဖမ်းဆီးမှု၊ ၎င်းတို့၏ ဘာသာရေးအဆောက်အဦးများအား မီးရှို့မှု၊ ဖျက်ဆီးမှု၊ နှောက်ယှက်မှု၊ ဓားမြတိုက်မှုနှင့် မြေယာများသိမ်းပိုက်မှု စုစုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့သည်ဟု ခရစ်ယာန်အဖွဲ့တစ်ခုမှ ယခုလစောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် နယူးဒေလီမြို့ရှီ စိန့် စီဘက်စတီယန် ခရစ်ယာန် ဘုရားကျောင်းမှာ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

    အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ လောကီရေးရာကို အခြေခံသော်လည်း နိုင်ငံခြားရေးဝန်ကြီး ရှူမာ ဆွာရက်ဂ်ျကမူ ဟိန္ဒူဘာသာ၏ ကျမ်းစာတစ်အုပ်ဖြစ်သော Bhagwad Gita ကျမ်းအား နိုင်ငံတော်ကျမ်းအဖြစ် သတ်မှတ်သည်ဟု ဒီဇင်ဘာလအစောပိုင်းတွင် ကြေညာခဲ့သည်။

    ဘာသာကူးပြောင်းစေခြင်းနှင့်ပတ်သက်၍ ၀န်ကြီးချုပ်အနေဖြင့် ရှင်းရှင်းလင်းလင်း ဆောင်ရွက်ရမည်ဟု ပါလီမန်တွင် အတိုက်အခံများက တောင်းဆိုမှုများ ရှိနေသော်လည်း ဟိန္ဒူအမျိုးသားရေး RSS ၏ အမာခံအဖွဲ့ဝင်ဖြစ်သော မိုဒီ၏ နှုတ်ဆိတ်နေမှုက စိုးရိမ်ပူပန်မှုများကို မီးထိုးပေးသကဲ့သို့ ဖြစနေသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ပြောကြားများ ရှိနေသည့်အချိန်တွင် အထက်လွှတ်တော် အစည်းဝေးကို ခရစ္စမတ်မတိုင်ခင် အကြိမ်ကြိမ်အခါခါ ရွှေ့ဆိုင်းခဲ့ပြီး အဓိက ဥပဒေပြုမှုများနှင့်ပတ်သက်၍ အားနည်းစေခဲ့သည်။

    လက်ရှိ အိန္ဒိယ၏ဥပဒေအရ မသမာသောနည်းလမ်းဖြင့် ဘာသာပြောင်းစေခြင်း၊ သို့မဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းစေခြင်းကို တရားမ၀င်ဟု သတ်မှတ်ထားသည် သို့သော်လည်း အဂ္ဂရာမြို့တွင် ဘာသာပြောင်းခံလိုက်ရသည့် မွတ်စလင်များက ၎င်းတို့မှာ ကြောက်ရွံ့မှုကြောင့် ဘာသာပြောင်းခဲ့ရခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

    လုံခြုံရေးအရ စိုးရိမ်မှုများ

    အိန္ဒိယလူဦးရေ သန်း ၁၂၀၀ ကျော်တွင် ခရစ်ယာန် ဘာသာဝင်အရေအတွက်က ၂ ရာခိုင်နှုန်းသာ ရှိလေသည်။ အလီဂါရှိ ခရစ်ယာန်လူ့အဖွဲ့အစည်းမှာ သေးငယ်သော်လည်း နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်လာကြသူများဖြစ်ပြီး အခြားသော ဘာသာတရားများနှင့်လည်း သဟဇာတဖြစ်သည်ဟု ချားလ်စ်က ပြောကြားခဲ့သည်။

    `ဒီနိုင်ငံက ပြည်သူတွေခံစားရတဲ့ သာမန်ပြဿနာမျိုးကို ကျွန်တော်တို့လည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့မှာ ပညာရေး အခက်အခဲတွေရှိတယ်။ အလုပ်အကိုင်နဲ့ အခြေခံရပ်တည်မှုအခြေအနေနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိနေပါတယ်´ ဟု ၎င်းကဆိုပြီး ထိုပြဿနာများမှာ နိုင်ငံရေး အမှတ်သညာအနောက်တွင် ဖယ်ကျဉ်ခြင်းခံထားရကြောင်း၊ မိမိတို့၏ မျိုးနွယ်တွင်ပင် အယူဝါပေါင်းစုံ ပါဝင်သည့် ကြွယ်ဝသော အမွေအနှစ်များရှိကြောင်း ထည့်သွင်းပြောကြားခဲ့လေသည်။

    `ကျွန်တော့်အဖိုးက ကိုဟက်ဒေသက ပရှက်တန် အမျိုးအနွယ်ပါ။ ကျွန်တော့်ရဲ့ မျိုးရိုးထဲမှာ မွတ်စလင်တွေ၊ ဟိန္ဒူတွေရှိပါတယ်။ ကျွန်တော့်ရဲ့ မိသားစုမှာ ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေပါတယ်´

    ခရစ်ယာန်ဘာသာဝင်အချို့က ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်မှုများ တိုးလာချိန်တွင် အချို့ကတော့ ဆုံးဖြတ်ရန် စောလွန်းသေးသည်ဟု ဆိုသည်။ Network အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဆာချင် ဆာဟေက

    `အခုအချိန်ထိတော့ မလုံခြုံဘူးလို့ ကျွန်တော် မခံစားရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အယူဝါဒကို လွတ်လပ်စွာ လိုက်နာကျင့်သုံးခွင့် ရှိသင့်ပါတယ်´ ဟု ၎င်း၏ စိုးရိမ်မှုမကင်းသောအမြင်ကို ဖွင့်ဟခဲ့သည်။

    အမည်မဖော်လိုသည့် ခရစ်ယာန်အမျိုးသမီး တစ်ဦးကလည်း `နိုင်ငံရေးသမားတွေမှာ ဘာသာတရား မရှိပါဘူး။ ကိုယ်ကျိုးပဲ ကြည့်ကြတာပါ။ သူတို့ဟာ ပြဿနာရှာနေကြတဲ့ သူတွေပါပဲ´ ဟု ပြောကြားခဲ့သည်။

    ခရစ္စမတ်နေ့တွင် ဘာသာကူးပြောင်းမှုအခမ်းအနား ဆောင်ရွက်မည်ဟု DJM က ကြေညာခဲ့ချိန်တွင် ဒေသခံ မွတ်စလင်နှင့် ခရစ်ယာန်ကိုယ်စားလှယ်များက ဒေသတွင်း နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    `အုပ်ချုပ်ရေးပိုင်းက ကျွန်တော်တို့ကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စိတ်သက်သာရာရစေဖို့ သူတို့ ရှေ့ထွက် လာတယ်။ ပြီးတော့ သူတို့ရဲ့ အားထုတ်မှုကြောင့်ပဲ အဲဒီနေ့ဟာ အေးဆေးဆေးနဲ့ ကုန်ဆုံးခဲ့ပါတယ်´ ဟု Church of Ascension နှင့် Christ Church ဘုရားကျောင်းတို့မှ ဆရာတော် ဆူနီလ် လုကေးက ပြောကြားခဲ့သည်။

    သို့သော်လည်း ခရစ်ယာန်လူငယ်များ အတွက် တစ်နှစ်တာ၏ အကြီးမြတ်ဆုံးသောနေ့အား ဆင်နွှဲခြင်းကို ထိုပြဿနာက အနှောက်အယှက်ဖြစ်စေခဲ့သည်။

    `ကျွန်တော့ရဲ့ ကွိုင်ယာအဖွဲ့ကို သူငယ်ချင်းတွေက ၀င်ရောက်လာကြပြီး ခရစ္စမတ်အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ ဆိုတာကို သိချင်ကြပါတယ်။ ကျောင်းမှာ ဒီပြဿနာကို ကျွန်တော်တို့ လုံးဝ မပြောကြပါဘူး´ ဟု အသက် ၁၂ နှစ်အရွက် ဂါနစ်ရှ်ကာ ကေဒါရ်က ပြောကြားခဲ့၏။

    အသက် ၂၅ နှစ်အရွယ်ရှိ အေဗရာဟမ် ဗာ့ဂ်ဟီစီ၏ မိသားစုကတော့ အလီဂါမှ အခြားသော ခရစ်ယာန်မိသားစုများကဲ့သို့ပင် မွတ်စလင်သူငယ်ချင်းများ လွယ်ကူစွာပါဝင်ဆင်နွှဲနိုင်ရန် ရမ်အရက်၊ သို့မဟုတ် ၀ိုင်အရက်တို့မပါသည့် စားသောက်ပွဲများကို ပြင်ဆင်နေကြလေသည်။

    `(ဟိန္ဒိုအဖွဲ့ကသုံးသည့်) `ဇာတိသို့ပြန်ခြင်း´ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဇာတိမြေမှာ ရှိနေကြပြီပဲ´ ဟု ခြိမ်းခြောက်မှုတစ်ဝက်ပါသည့် ဟိန္ဒူအဖွဲ့၏ အသုံးအနှုန်းအတွက် တုံ့ပြန်ပြောကြားခဲ့လေသည်။

    Al Jazeera မှာ ဖော်ပြထားတဲ့ “Uneasy Christmas for India’s Christians ” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။