ဇန်န၀ါရီ ၁၆၊ ၂၀၁၈
M-Media
Tag: India
-
ကလေးသတို့သမီးဘ၀မှ နိုင်ငံကျော် အားကစားသမားဝသို့ တက်လှမ်းခဲ့သည့် နီတူး(မြန်မာစာတမ်းထိုး)
-
အိန္ဒိယတွင် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရပြန်
ဇန်န၀ါရီ ၁၅၊ ၂၀၁၈
M-Media– အိန္ဒိယနိုင်ငံတွင် အသက် ၁၅ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့်အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဟာရ်ယာနာပြည်နယ်မှ အဆိုပါ အမျိုးသမီးငယ်မှာ ဇန်န၀ါရီ ၉ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ယခုတစ်ပတ်တွင် မြို့တော်ဒေလီ၏ အနောက်ဖက် ဂျင်ဒ်ခရိုင်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ဆရာဝန်များက မိန်းကလေးငယ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရကာ ကိုယ်လက်အင်္ဂါလည်း ဖြတ်တောက်ခံထားရသည်ဟု ပြောကြားခဲ့သည်။
“သူမဟာ ၂ ဦးထက်မကတဲ့ လူတွေရဲ့ လိင်စော်ကားမှုကို ခံထားရပုံရပါတယ်။ အဲဒီလူတွေဟာ သူမရဲ့ မိန်းမကိုယ်ထဲကို အရာဝတ္ထုတစ်ချို့ ထည့်ဖို့ ကြိုးစားထားတယ်။ အသည်းကလည်း ပေါက်ထွက်နေပါတယ်။ ခန္ဓာကိုယ်၊ မျက်နှာ၊ လည်ပင်း၊ နှုတ်ခမ်းနဲ့ ရင်ပတ် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပရပွရှိနေပါတယ်။ သေဆုံးသူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကနေ လွတ်မြောက်အောင် အတင်းရုန်းကန်ထားပုံ ရပါတယ်” ဟု အလောင်းစစ်ဆေးမှုလုပ်ခဲ့သည့် ဒေါက်တာ အက်စ်ကေ ဒတ္တာဝါလ်က ပြောကြားခဲ့သည်။
ဖခင်ဖြစ်သူက ၎င်း၏ သမီးမှာ ပုံမှန်အတိုင်း ကျူရှင်သွားခဲ့ပြီး ၎င်းက ညဘက်တွင် သွားကြိုသည့်အခါတွင် ဆရာမက သမီးငယ်မှာ ကျူရှင်သို့ လာရောက်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ထို့နောက် ည ၁၀ နာရီတွင် ရဲစခန်း၌ အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော့်သမီးပျောက်တဲ့နေ့မှာ ရဲတွေကသာ သူတို့အလုပ် သူတို့လုပ်ခဲ့ရင် ကျွန်တော့်သမီးလေး အသက်ရှင်ကောင်း ရှင်ပြီး၊ ဆိုးဆိုးရွားရွားတွေလည်း ဖြစ်မှာမဟုတ်ပါဘူး”
ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ရှိတွင် လူများအပြားကို ထိန်းသိမ်းကာ စစ်ဆေးမှုပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယတွင် အရွယ်မရောက်သေးသူများနှင့် မိန်းကလေးငယ်များကို အဓမ္မကျင့်မှုမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက နိုင်ငံတွင် အဓမ္မကျင့်ရောဂါ စွဲကပ်နေသည်ဟုပြောဆိုကြသည်။
၂၀၁၂ ခုနှစ်က ဒေလီတွင် ဖြစ်ပွားခဲ့သည့် ဆေးကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်မှုမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ နိုင်ငံတစ်ဝှမ်းလည်း လူထုအုံကြွမှု ဖြစ်လာကာ ထိထိရောက်ရောက် အရေးယူရန်၊ ဥပဒေကို ပိုမိုတင်းကြပ်ရန်၊ ကျူးလွန်သူကို ဒဏ်ပေးရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ အဖြစ်အပျက်များမှာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဆက်လက် ဖြစ်ပွားလျက် ရှိနေဆဲဖြစ်သည်။
Ref: Aljazeera
-
ဒေလီရောက် နေတန်ယာဟုကို အိန္ဒိယပြည်သူများ ဆန္ဒပြ
ဇန်န၀ါရီ ၁၄၊ ၂၀၁၈
M-Media– ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သောအားဖြင့် အစ္စရေ၀န်ကြီးချုပ် နေတန်ယာဟုကို မြို့တော် နယူးဒေလီတွင် အိန္ဒိယပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
ယနေ့တွင် ရောက်ရှိလာသည့် နေတန်ယာဟု အိန္ဒိယတွင် ၆ ရက်ကြာမြင့်မည်ဖြစ်ပြီး ၁၅ နှစ်အတွင်း ပထမဆုံးလာရောက်သည့် အစ္စရေးဝန်ကြီးချုပ်ဖြစ်သည်။
ဆန္ဒပြသူများမှာ နေတန်ယာဟု၏ ဓာတ်ပုံကို ကြက်ခြေခတ်ခြစ်ထားကာ ‘ပြန်တော့ နေတန်ယာဟု’ ဟု ဟင်ဒီ၊ အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။ ထို့ပြင် အစ္စရေးဆန့်ကျင်ရေး ကြွေးကျော်သံများ ကြွေးကျော်ခြင်း၊ နေတန်ယာဟု၏ ဓာတ်ပုံအား မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီမှာ နေတန်ယာဟုအား လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး ‘သမိုင်းဝင်သော အထူးလည်ပတ်မှု’ ဟု ကင်ပွန်းတက်ခဲ့သည်။
နေတန်ယာဟု၏ ခရီးစဉ်အတွင်း ဆိုက်ဘာလုံခြုံရေး၊ စွမ်းအင်နှင့် အာကာသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးဖွယ် ရှိနေသည်။
အိန္ဒိယမှာ ၁၉၉၂ ခုနှစ်ကမှ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ပါလက်စတိုင်းများအား ထောက်ခံသောအနေဖြင့် အစ္စရေးနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။
ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်၏ ကြေငြာမှုကို ဆန့်ကျင်သော ကုလ၏ ဆုံးဖြတ်ချက်အား ထောက်ခံမဲပေးခဲ့သည့် ၁၂၇ နိုင်ငံထဲတွင် အိန္ဒိယလည်း ပါဝင်ခဲ့သည်။
Ref: RT
-
အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များကို ဆန့်ကျင်သည့် ဒါလစ်ဇာတ်နိမ့် ရာနှင့်ချီ အဖမ်းခံရ
ဇန်န၀ါရီ ၁၁၊ ၂၀၁၈
M-Mediaဒါလစ်ဇာတ်နိမ့်များ၏ ဆန္ဒပြမှု – ဟိန္ဒူအစွန်းရောက်များ၏ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကို မကျေနပ်၍ ပြုလုပ်သော ဆန္ဒပြမှုတွင် ပါဝင်သည့် ဒါလစ်ဇာတ်နိမ့် အများအပြားကို အိန္ဒိယအစိုးရက ဥပဒေပ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။
ဇာတ်မြင့်များ၏ ညှင်းပမ်းနှိပ်စက်မှုများကို ဗြိတိသျှနှင့် ပူးပေါင်းကာ တွန်းလှန်နိုင်ခဲ့သည့် နှစ် ၂၀၀ ပြည့် အခမ်းအနားကို ဇန်န၀ါရီ ၁ ရက်နေ့တွင် ဒါလစ်များက မဟာရက်ရှ်ထရာပြည်နယ် ပူနေးမြို့တွင် ပြုလုပ်ရာ၌ ဟိန္ဒူဇာတ်မြင့် အစွန်းရောက်များက တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။
ထိုလုပ်ရပ်ကို ဆန့်ကျင်သောအားဖြင့် ဒါလစ်များမှာ ပြည်နယ်တစ်ဝှမ်းတွင် ရက်အတော်ကြာ ဆန္ဒပြခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးနှိမ်နှင်းခဲ့သည်။
ရဲတပ်ဖွဲ့ကမူ အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ ကလေးငယ် ၂ ဦးအပါအ၀င် ၄၃ ဦးကို ဖမ်းဆီးထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
သို့သော်လည်း ဒါလစ်အဖွဲ့အစည်းများက ဖမ်းဆီးထားသူများမှာ ၁၀၀ ကျော်ရှိပြီး ကလေးငယ် ၁၆ ဦး ပါဝင်သည်ဟု ဆိုသည်။
အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဗိသုကာဖြစ်သည့် နာမည်ကျော် ဒါလစ်ခေါင်းဆောင် Bhimao Ambedkar ၏ မြေးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးသူ ပရာကက်ရှ် အမ်ဘဒ်ကာရ်က ဒါလစ်ထောင်ပေါင်များစွာ ဥပဒေပ ဖမ်းဆီးခံရမည်ကို စိုးရိမ်သည်ဟု ပြောကြားခဲ့သည်။
“ပြည်နယ်ရဲတပ်ဖွဲ့က အခုလုပ်နေတဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေဟာ တရားမ၀င်ပါဘူး။ မတည်ငြိမ်တဲ့ဒေသဖြစ်တယ်လို့ ကြေငြာပြီးမှသာ ဒီလို ဖော်ထုတ်ဖမ်းဆီးမှုတွေကို လုပ်ရတာဖြစ်ပါတယ်။ မွမ်ဘိုင်းကိစ္စက ဒီလိုမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါဟာ တရားမ၀င်တဲ့လုပ်ရပ်ပါ။ ဒီလို ဥပဒေပလုပ်ရပ်မျိုး တိုင်းပြည်မှာ ဖြစ်စေချင်တာလား၊ ဒါမှမဟုတ် ဥပဒေစိုးမိုးချင်တာလားဆိုတာ ပြည်သူက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်”
ဒါလစ်များကို တိုက်ခိုက်မှုအတွက် ရဲတပ်ဖွဲ့က ဟိန္ဒူအစွန်းရောက် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မီလင် အက်ဘိုတီနှင့် ဆမ်ဘာဂျီ ဘိုင်ဒီတို့ကို အမှုဖွင့်ထားပြီး ဘိုင်ဒီမှာ အာဏာရ BJP ပါတီနှင့် နီးစပ်ပတ်သက်သူဖြစ်သည်။ ထို့ပြင် ၎င်းမှာ ယခင်က ဟိန္ဒူအမျိုးသားရေး လက်ယာစွန်းအဖွဲ့ RSS ၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်သည်။
ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုကို မကျေနပ်၍ ဆန္ဒပြသူ ဒါလစ်များမှ အချို့မှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရမည်စိုး၍ ပုန်းအောင်နေမှုများလည်း ရှိနေသည်။
Ref: Aljazeera
-
ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်
ဇန်န၀ါရီ ၉၊ ၂၀၁၇
M-Mediaဟဂ်ျသွားရောက်မည့် သားဖြစ်သူကို နှုတ်ဆက်နေသော အိန္ဒိယအဘွားအို – ဟဂ်ျဘုရားဖူးခရီးစဉ်ကို စားရိတ် သက်သက်သာသာနဲ့ ရေလမ်းကြောင်းကနေ သွားရောက်နိုင်မယ့် အစီအစဉ်တစ်ခုကို အိန္ဒိယက စီစဉ်နေပြီး ဆော်ဒီအာရေဗျကလည်း ဒီအစီအစဉ်ကို သဘောတူလိုက်ပါတယ်။
အိန္ဒိယမွတ်စလင်တွေဟာ အရင်က ဟဂ်ျပြုဖို့အတွက် ဆော်ဒီအာရေဗျကို သွားတဲ့အခါ မွမ်ဘိုင်းကနေ ဂျစ်ဒါကို သင်္ဘောနဲ့ သွားရောက်ခဲ့ကြတာပါ။
၁၀ ရက်နေက ၁၂ ရက်အထိ ကြာမြင့်လေ့ရှိတဲ့ ဒီလမ်းကြောင်းကို ၁၉၉၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံပိုင် သင်္ဘောတွေရဲ့ ကြံ့ခိုင်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာ လေယာဉ်နဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။
ဒီနှစ်ကနေစပြီး အိန္ဒိယအစိုးရဟာ ခေတ်မီသင်္ဘောကြီးတွေနဲ့ မွတ်စလင်တွေကို မွမ်ဘိုင်း၊ ကိုလ်ကတားနဲ့ ကိုချီတို့ကတစ်ဆင့် ဆော်ဒီကို ပို့ဆောင်ပေး စီစဉ်နေပါတယ်။ သင်္ဘောတစ်စီးကို လူပေါင်း ၅၀၀၀ ၀န်းကျင် စီးနိုင်မှာဖြစ်ပြီး ၂ ရက်ကနေ ၃ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
အိန္ဒိယ လူနည်းစုရေးရာဝန်ကြီး မွခ်တာရ် အဘတ်စ် နက်ဗီက ဒီလို ရေကြောင်းခရီးစဉ်ကြောင့် ဟဂ်ျပြုသူတွေဟာ ကုန်ကျစားရိတ် ၅၀ ရာခိုင်နှုန်းကျော်လောက် သက်သာမှာဖြစ်ကြောင်း၊ ဟဂ်ျသွားမယ့်သူတွေအနေနဲ့ သူတို့ရဲ့ တတ်နိုင်မှုကိုလိုက်ပြီး လေယာဉ် ဒါမှမဟုတ် သင်္ဘောနဲ့ သွားမလားဆိုတာကို ချိန်ဆနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဟဂ်ျသွားမယ့်သူတွေအတွက် နိုင်ငံပိုင် Air India က မြို့ ၂၃ မြို့ကနေ ဂျစ်ဒါကို တိုက်ရိုက်ပျံသန်းပေးနေတာ ဖြစ်ပါတယ်။
Ref: Alarabiya